Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 13, 2015

ချင်းမိုင်ရောက် မြန်မာနိုင်ငံသားများအား ထိုင်းဘာသာစကားနှင့် ထိုင်းဥပဒေ အကြောင်းများကို (၂)လ အခမဲ့ သင်တန်းပို့ချပေးမည်




ထိုင်းနိုင်ငံ ဇင်းမယ်တက္ကသိုလ် မြန်မာစင်တာ၊ အာဆီယံစင်တာ နှင့် ဇင်းမယ်မြို့ မြန်မာကောင်စစ်ဝန်ရုံးတို့ ပူးပေါင်းဆောင်ရွက်သည့် ထိုင်းဘာသာစကား၊ ယဉ်ကျေးမှုနှင့် ထိုင်းနိုင်ငံဥပဒေ အကြောင်းအရာ သင်တန်းကို ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအား အခမဲ့ ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ၂၀၁၅ခုနှစ် ဒီဇင်ဘာလ(၂၀)ရက်နေ့မှ ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလ (၂၈)ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး တစ်ရက်လျှင် (၃)နာရီကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"သင်ကြားပေးမှာကတော့ ချင်းမိုင်တက္ကသိုလ်က မြန်မာလိုတတ်တဲ့ ဆရာ၊ဆရာမတွေက လာသင်ပေးမှာပါ။ အဓိက ရည်ရွယ်ချက်ကတော့ ထိုင်းနိုင်ငံ ချင်းမိုင်မှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားများကို ထိုင်းဥပဒေအကြောင်းတွေ၊ ယဉ်ကျေးမှုတွေ၊ ဘာသာစကားတွေ သိရှိသွားအောင်လို့ အခမဲ့ သင်ပေးမှာပါ"ဟု ချင်မိုင်းမြို့ ၀ပ်ဆိုင်းမွန်း မြန်မာဘုန်းကြီးကျောင်းတိုက်မှ လက်ထောက်ဆရာတော် ဦးပဏ္ဍိတက မိန့်သည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ မြန်မာဘုန်းကြီးကျောင်းဖြစ်သည့် ၀ပ်ဆိုင်းမွန်းဘုန်းကြီးကျောင်းတွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း သင်တန်းပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

"သင်ကြားပေးမှာကတော့ ဦးဇင်းတို့ ကျောင်းမှာပါပဲ။ လာရောက်သင်ယူချင်တဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ လက်မှတ်ရှိရင် ကောင်းတာပေါ့။ လက်မှတ်မရှိ အထောက်အထားမရှိဘဲ လာသင်ယူလို့ လမ်းမှာ ရဲဖမ်းခံရရင် မကောင်းဘူးပေါ့"ဟု ဆရာတော် ဦးပဏ္ဍိတက မိန့်သည်။

သင်တန်းတက်ရောက်လိုသူများ အနေဖြင့် ဇင်းမယ်တက္ကသိုလ် မြန်မာစင်တာနှင့် ၀ပ်ဆိုင်းမွန်း မြန်မာဘုန်းကြီးကျောင်းတို့တွင် ဆက်သွယ် စုံစမ်းနိုင်ပြီး 053-943276 ၊ 083-5665761 နှင့် 089-5610007 သို့လည်း ဆက်သွယ်ကာ မေးမြန်းနိုင်ကြောင်း သိရသည်။

TachileikNewsAgency #TachileikOnlineNews www.tachileik.net

Tachileik News Agency

......................................................


 
ခ်င်းမိုင်ရောက်ျမန္မာနိုင်ငံသားမ်ားအား ထိုင်းဘာသာစကားနွင့် ထိုင်းဥပေဒ အေကြာင်းမ်ားကို (၂)လ အခမဲ့ သင္တန်းပို့ခ်ပေးမည်

ထိုင်းနိုင်ငံ ဇင်းမယ္တက္ကသိုလ်ျမန္မာစင္တာ၊ အာဆီယံစင္တာ နွင့် ဇင်းမယ်မြိျု့မန္မာကောင္စစ်ဝန်ရုံးတို့ ပူးပေါင်းဆောင်ြရက်သည့် ထိုင်းဘာသာစကား၊ ယဉ်ကေ်းမှုနွင့် ထိုင်းနိုင်ငံဥပေဒ အေကြာင်းအရာ သင္တန်းကို ထိုင်းနိုင်ငံရောက်ျမန္မာရွှေ့ျေပာင်းလုပ်သားမ်ားအား အခမဲ့ ပို့ခ်ပေးသြားမည်ျဖစ်ကြောင်း သိရသည်။

အဆိုပါ သင္တန်းကို ၂၀၁၅ခုနွစ် ဒီဇင္ဘာလ(၂၀)ရက်နေ့မွ ၂၀၁၆ခုနွစ် ဖေဖ်ာဝါရီလ (၂၈)ရက်နေ့အထိ ဖြင့်လွစ္မည်ျဖစ်ပြီး တစ်ရက္လ်ွင် (၃)နာရီကြာ သင်ကြားပေးသြားမည်ျဖစ်ကြောင်း သိရသည်။

"သင်ကြားပေးမွာကေတာ့ ခ်င်းမိုင္တက္ကသိုလ္ကျမန္မာလိုတတ္တဲ့ ဆရာ၊ဆရာမေတြက လာသင်ပေးမွာပါ။ အဓိက ရည်ြရယ္ခ်က္ကေတာ့ ထိုင်းနိုင်ငံ ခ်င်းမိုင္မွာ ရောက်နေတျဲ့မန္မာနိုင်ငံသားမ်ားကို ထိုင်းဥပေဒအေကြာင်းတြေ၊ ယဉ်ကေ်းမှုတြေ၊ ဘာသာစကားတြေ သိရွိသြားအောင္လို့ အခမဲ့ သင်ပေးမွာပါ"ဟု ခ်င္မိုင်းမြို့ ၀ပ္ဆိုင်းမြန်ျးမန္မာဘုန်းကြီးကော်င်းတိုက္မွ လက်ထောက္ဆရာတော် ဦးပဏ္ဍိတက မိန့်သည်။

ထိုင်းနိုင်ငံ ခ်င်းမိုင်မြို့ရျွိမန္မာဘုန်းကြီးကော်င်ျးဖစ်သည့် ၀ပ္ဆိုင်းမြန်းဘုန်းကြီးကော်င်းတြင် အပတ္စဉ် တနင်္ဂနေနြေ့တိုင်း သင္တန်းပို့ခ်ပေးမည်ျဖစ်ကြောင်း သိရသည်။

"သင်ကြားပေးမွာကေတာ့ ဦးဇင်းတို့ ကော်င်းမွာပါပဲ။ လာရောက်သင်ယူခ်င္တျဲ့မန္မာနိုင်ငံသားတြေ အေနနဲ့ လက္မွတ်ရွိရင် ကောင်းတာပေါ့။ လက္မွတ္မရွိ အေထာက်အထားမရွိဘဲ လာသင်ယူလို့ လမ်းမွာ ရဲဖမ်းခံရရင် မေကာင်းဘူးပေါ့"ဟု ဆရာတော် ဦးပဏ္ဍိတက မိန့်သည်။

သင္တန်းတက်ရောက္လိုသူမ်ား အေနျဖင့် ဇင်းမယ္တက္ကသိုလ်ျမန္မာစင္တာနွင့် ၀ပ္ဆိုင်းမြန်ျးမန္မာဘုန်းကြီးကော်င်းတို့တြင် ဆက်ြသယ် စုံစမ်းနိုင်ပြီး 053-943276 ၊ 083-5665761 နွင့် 089-5610007 သို့လည်း ဆက်ြသယ္ကာ မေျးမန်းနိုင်ကြောင်း သိရသည်။

TachileikNewsAgency #TachileikOnlineNews www.tachileik.net 

Tachileik News Agency




No comments:

Post a Comment