ရာသက္ပန္ ႐ိုးေျမက် ေပါင္းဖက္သြားဖို႔ ဆႏၵရွိေနသည့္ မည္သည့္စံုတြဲကိုမဆို ၄င္းတို႔၏ အိပ္မက္ လက္ထပ္ႏိုင္ရန္အတြက္ စြန္႔ဦးကုမၸဏီတစ္ခုက သႏၷိဌာန္ကို ဆုခ်သည့္အေနျဖင့္ အတိုးမဲ့ေငြေခ်းသြားမည္ဟု ကမ္းလွမ္းထားသည္။
ဆီယက္တဲၿမိဳ႕တြင္ အေျခစိုက္သည့္ SwanLuv ကုမၸဏီက ထာ၀ရၿမဲၿမံသည့္ လက္ထပ္ေပါင္းသင္းမႈကို ဆုခ်သည္ဟု ယံုၾကည္ေသာေၾကာင့္ စံုတြဲမ်ား ၄င္းတို႔၏ အိပ္မက္ လက္ထပ္ႏိုင္ရန္အတြက္ ကန္ေဒၚလာ ၁၀၀၀၀ ေခ်းရန္ ကမ္းလွမ္းထားသည္။ ေခ်းေငြကို စံုတြဲမ်ား ေပါင္းဖက္ေနေသးသေရြ႕ ျပန္ဆပ္စရာမလိုဘဲ၊ လမ္းခြဲသြားလွ်င္မူ ေခ်းေငြကို အတိုးႏႈန္းႏွင့္ အျပည့္အ၀ ျပန္ဆပ္ရမည္ျဖစ္သည္။
ကုမၸဏီက လြႊင့္တင္ထားသည့္ ၀ဘ္ဆိုက္တြင္ ေဖာ္ျပထားခ်က္မ်ားအရ ေအာင္ႏိုင္သူ ေလွ်ာက္လႊာရွင္မ်ားကို အြန္လိုင္း အခ်က္အလက္ အကဲျဖတ္မႈအေပၚတြင္ အေျခခံထားေသာ အယ္ဂိုရစ္သမ္ကို အသံုးျပဳၿပီး ေရြးခ်ယ္မည္ဟု ဆုိသည္။
SwanLuv၏ စီအီးအုိ စေကာ့ အာဗီ၏ ေျပာၾကားခ်က္အရ ေလွ်ုာက္လႊာရွင္မ်ားကို ေရြးခ်ယ္ရာတြင္ ေတြ႕ရွိရသည့္ အခ်က္အလက္မ်ားအရ ေခ်းေငြ အတိုးႏႈန္းကို သတ္မွတ္မည္ျဖစ္သည္ဟု ဆိုသည္။
ဆက္ဆံေရးျပတ္ေတာက္သြားသ၀ည့္ စံုတြဲမ်ားထံမွ စုေဆာင္းရရွိသည့္ ရံပံုေငြမ်ားကို ေလွ်ာက္လႊာရွင္အသစ္မ်ား၏ မဂၤလာပြဲမ်ားကို မတည္ေပးရာတြင္ အသံုးျပဳမည္ျဖစ္သည္ဟု ဆိုသည္။
ေခ်းေငြ ကန္ေဒၚလာ ၁၀၀၀၀အျပင္ စံုတြဲမ်ား အတူတကြေနထိုင္ႏိုင္ေစရန္ အခမဲ့ေဆြးေႏြး အႀကံေပးျခင္းလည္း ၀န္ေဆာင္မႈေပးမည္ဟု SwanLuvက ကတိေပးထားသည္။ ကုမၸဏီကို ေဖေဖာ္၀ါရီလ လယ္တြင္မွ စတင္ဖြင့္လွစ္မည္ျဖစ္ေသာ္လည္း ယခုကတည္းက ေလွ်ာက္လႊာမ်ားကို စတင္လက္ခံေနၿပီျဖစ္သည္ဟု ဆိုသည္။
ေလွ်ာက္ထားရန္ စိတ္၀င္စားသည့္ စံုတြဲမ်ားအေနျဖင့္ ၄င္းတို႔၏ ဆက္ဆံေရးကို အခ်ိန္ယူအကဲျဖတ္သင့္သည္ဟုလည္း ကုမၸဏီ၏ စီအီးအို စေကာ့အာဗီက အႀကံျပဳထားသည္။
‘ဒါက ဆက္ဆံေရးမွာ ကိုယ္က ဘယ္ေနရာမွာရွိေနလဲဆိုတဲ့အေပၚမွာ မူတည္ပါတယ္။ က်ေနာ္ကေတာ့ က်ေနာ့ရဲ႕ လက္တြဲေဖာ္နဲ႔ က်ေနာ္ထူေထာင္ထားတဲ့ ဆက္ဆံေရးအပၚမွာ ပုံေအာထားပါတယ္။ ဆက္ဆံေရးကို တန္ဖိုးထားသူေတြအတြက္ေတာ့ သိပ္စဥ္းစားစရာမလိုပါဘူး’ဟု အာဗီက ေျပာၾကားခဲ့သည္။
- See more at: Mizzima Burmese
............................
ရိုးမြေကျပေါင်းဖက်သွားမည့် စုံတွဲများကို စွန့်ဦးကုမ္ပဏီတစ်ခုက ကန်ဒေါ်လာ တစ်သောင်း အတိုးမဲ့ချေးမည်
ရာသက်ပန် ရိုးမြေကျ ပေါင်းဖက်သွားဖို့ ဆန္ဒရှိနေသည့် မည်သည့်စုံတွဲကိုမဆို ၄င်းတို့၏ အိပ်မက် လက်ထပ်နိုင်ရန်အတွက် စွန့်ဦးကုမ္ပဏီတစ်ခုက သန္နိဌာန်ကို ဆုချသည့်အနေဖြင့် အတိုးမဲ့ငွေချေးသွားမည်ဟု ကမ်းလှမ်းထားသည်။
ဆီယက်တဲမြို့တွင် အခြေစိုက်သည့် SwanLuv ကုမ္ပဏီက ထာဝရမြဲမြံသည့် လက်ထပ်ပေါင်းသင်းမှုကို ဆုချသည်ဟု ယုံကြည်သောကြောင့် စုံတွဲများ ၄င်းတို့၏ အိပ်မက် လက်ထပ်နိုင်ရန်အတွက် ကန်ဒေါ်လာ ၁၀၀၀၀ ချေးရန် ကမ်းလှမ်းထားသည်။ ချေးငွေကို စုံတွဲများ ပေါင်းဖက်နေသေးသရွေ့ ပြန်ဆပ်စရာမလိုဘဲ၊ လမ်းခွဲသွားလျှင်မူ ချေးငွေကို အတိုးနှုန်းနှင့် အပြည့်အဝ ပြန်ဆပ်ရမည်ဖြစ်သည်။
ကုမ္ပဏီက လွွှင့်တင်ထားသည့် ၀ဘ်ဆိုက်တွင် ဖော်ပြထားချက်များအရ အောင်နိုင်သူ လျှောက်လွှာရှင်များကို အွန်လိုင်း အချက်အလက် အကဲဖြတ်မှုအပေါ်တွင် အခြေခံထားသော အယ်ဂိုရစ်သမ်ကို အသုံးပြုပြီး ရွေးချယ်မည်ဟု ဆိုသည်။
SwanLuv၏ စီအီးအို စကော့ အာဗီ၏ ပြောကြားချက်အရ လျှေုာက်လွှာရှင်များကို ရွေးချယ်ရာတွင် တွေ့ရှိရသည့် အချက်အလက်များအရ ချေးငွေ အတိုးနှုန်းကို သတ်မှတ်မည်ဖြစ်သည်ဟု ဆိုသည်။
ဆက်ဆံရေးပြတ်တောက်သွားသဝည့် စုံတွဲများထံမှ စုဆောင်းရရှိသည့် ရံပုံငွေများကို လျှောက်လွှာရှင်အသစ်များ၏ မင်္ဂလာပွဲများကို မတည်ပေးရာတွင် အသုံးပြုမည်ဖြစ်သည်ဟု ဆိုသည်။
ချေးငွေ ကန်ဒေါ်လာ ၁၀၀၀၀အပြင် စုံတွဲများ အတူတကွနေထိုင်နိုင်စေရန် အခမဲ့ဆွေးနွေး အကြံပေးခြင်းလည်း ၀န်ဆောင်မှုပေးမည်ဟု SwanLuvက ကတိပေးထားသည်။ ကုမ္ပဏီကို ဖေဖော်ဝါရီလ လယ်တွင်မှ စတင်ဖွင့်လှစ်မည်ဖြစ်သော်လည်း ယခုကတည်းက လျှောက်လွှာများကို စတင်လက်ခံနေပြီဖြစ်သည်ဟု ဆိုသည်။
လျှောက်ထားရန် စိတ်ဝင်စားသည့် စုံတွဲများအနေဖြင့် ၄င်းတို့၏ ဆက်ဆံရေးကို အချိန်ယူအကဲဖြတ်သင့်သည်ဟုလည်း ကုမ္ပဏီ၏ စီအီးအို စကော့အာဗီက အကြံပြုထားသည်။
‘ဒါက ဆက်ဆံရေးမှာ ကိုယ်က ဘယ်နေရာမှာရှိနေလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ကျနော်ကတော့ ကျနော့ရဲ့ လက်တွဲဖော်နဲ့ ကျနော်ထူထောင်ထားတဲ့ ဆက်ဆံရေးအပါ်မှာ ပုံအောထားပါတယ်။ ဆက်ဆံရေးကို တန်ဖိုးထားသူတွေအတွက်တော့ သိပ်စဉ်းစားစရာမလိုပါဘူး’ဟု အာဗီက ပြောကြားခဲ့သည်။
- See more at: Mizzima Burmese
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Monday, December 14, 2015
႐ိုးေျမက်ေပါင္းဖက္သြားမည့္ စံုတြဲမ်ားကို စြန္႔ဦးကုမၸဏီတစ္ခုက ကန္ေဒၚလာ တစ္ေသာင္း အတိုးမဲ့ေခ်းမည္
႐ိုးေျမက်ေပါင္းဖက္သြားမည့္ စံုတြဲမ်ားကို စြန္႔ဦးကုမၸဏီတစ္ခုက ကန္ေဒၚလာ တစ္ေသာင္း အတိုးမဲ့ေခ်းမည္
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
December 14, 2015
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
December 14, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment