The Ladies News Journal
Sexy Model ဇွန်သဉ္ဖာက နိုဝင်ဘာလ ၁ ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ပြောဆိုသည်။
အနုပညာကြေး ယူတယ်” ဟု ဇွန်သဉ္ဖာက ပြောသည်။
အဆိုပါ ဖျော်ဖြေပွဲတွင် ဇွန်သဉ္ဖာ၏ ဖျော်ဖြေမှုနှင့် ပတ်သက်ပြီး ဝေဖန်မှုများ
ဟု ဇွန်သဉ္ဖာက ဆိုသည်။
မကြာမီကျင်းပတောမည့် အထွေထွေရွေးကောက်ပွဲတွက် နိုင်ငံရေးပါတီများ
အောင်နိုင်ရေး မဲဆွယ်ရာ၌ အနုပညာရှင်များသည် မိမိစိတ်ကြိုက် ဝန်းရံကြရာတွင်
သတင်း - MMK
........................
The Ladies News Journal added 3 new photos.
အနုပညာကြေး ၁၀ သိန်းရသောကြောင့် ပြည်ခိုင်ဖြိုးပါတီ မဲဆွယ်စည်းရုံးရေးပွဲတွင်
ဖျော်ဖြေခြင်းဖြစ်ဟု Sexy Model ဇွန်သဥ္ဖာဆို
-------- -------- ----------
Sexy Model ဇွန်သဥ္ဖာက နိုဝင်ဘာလ ၁ ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ၏ ကမ်းလှမ်းမှုဖြင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဲဆွယ်
စည်းရုံးရေးပွဲတွင် အနုပညာကြေး ၁၀ သိန်းရ၍ ပါဝင်သီဆိုပေးခြင်း ဖြစ်ကြောင်း၊
မည်သည့်ပါတီမဆို အနုပညာကြေးရရှိပါက ဖျော်ဖြေသွားမည်ကြောင်း
ပြောဆိုသည်။
“ပြည်ခိုင်းဖြိုးပါတီက မဲဆွယ်စည်းရုံးရေးပွဲမှာ ဖျော်ဖြေပေးပါဆိုပြီး လာကမ်းလှမ်း
တယ်။ အနုပညာကြေး ၁၀ သိန်းရတယ်။ ဒါကြောင့် ပါဝင်ပေးဖြစ်တယ်၊ ဇွန့်အနေနဲ့
ကတော့ ဘယ်ပါတီမှ မဟုတ်ပါဘူး၊ လာကမ်းလှမ်းရင်တော့ သီဆိုပေးမှာပါ။
အနုပညာကြေး ယူတယ်ဆိုတာကလည်း တချို့ ငွေကြေးအဆင်ပြေတဲ့
အနုပညာရှင်က ငွေကြေးနဲ့ပတ်သက်ပြီး ပြဿနာမရှိပေမယ့် ညီမတို့လို
Underground က လူတွေက စားဝတ်နေရေးဆိုတာ ရှိသေးတယ်၊ ဒါကြောင့်
အနုပညာကြေး ယူတယ်” ဟု ဇွန်သဥ္ဖာက ပြောသည်။
အဆိုပါ ဖျော်ဖြေပွဲတွင် ဇွန်သဥ္ဖာ၏ ဖျော်ဖြေမှုနှင့် ပတ်သက်ပြီး ဝေဖန်မှုများ
ရှိခဲ့သော်လည်း သူမအနေဖြင့် ဝေဖန်မှုကို ဂရုမစိုက်တော့ကြောင်း၊ ဝေဖန်မှုသည်
သူမနာမည်ကို ပိုကျော်ကြားစေကြောင်း ဆိုသည်။
“တခြားပွဲတွေဆို ဇွန်အတိုအပြတ်နဲ့ လည်ဟိုက်အင်္ကျ ီတွေ ဝတ်တယ်၊ ဒီပွဲမှာတော့
လုံလုံခြုံခြံု အရှည်တွေပဲ ဝတ်ထားတာပါတယ်။ သီချင်းတွေလည်း ကလို့ကောင်း
မယ့် သီချင်းတွေဆိုပြီး ကခဲ့တာပဲ၊ အုန်းအုန်းထ အားပေးနေကြတာ တွေ့ရတယ်။
ဒါပေမဲ့ ဇွန်ဘာပဲလုပ်လုပ် ဝေဖန်ချင်သူတွေက စောင့်ပြီး ဝေဖန်နေတာ ဆိုတော့
ဇွန်အတွက် ရိုးသွားပြီ။ ဒါပေမဲ့ ဝေဖန်တာတွေက ဇွန့်ကိုပိုပြီး အောင်မြင်စေပါတယ်”
ဟု ဇွန်သဥ္ဖာက ဆိုသည်။
မကြာမီကျင်းပတောမည့် အထွေထေ ွရွေးကောက်ပွဲတွက် နိုင်ငံရေးပါတီများ
အောင်နို်င်ရေး မဲဆွယ်ရာ၌ အနုပညာရှင်များသည် မိမိစိတ်ကြိုက် ဝန်းရံကြရာတွင်
အနုပညာကြေးယူသည့် မဲဆွယ်မှုများရှိသလို မယူဘဲ မဲဆွယ်စည်းရုံးရေးတွင်
ပါဝင်ခဲ့သူများ ရှိကြောင်း သိရသည်။
သတင်း - MMK
The Ladies News Journal
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, November 3, 2015
အနုပညာကြေး ၁၀ သိန်းရသောကြောင့် ပြည်ခိုင်ဖြိုးပါတီ မဲဆွယ်စည်းရုံးရေးပွဲတွင် ဖျော်ဖြေခြင်းဖြစ်ဟု Sexy Model ဇွန်သဉ္ဖာဆို
အနုပညာကြေး ၁၀ သိန်းရသောကြောင့် ပြည်ခိုင်ဖြိုးပါတီ မဲဆွယ်စည်းရုံးရေးပွဲတွင် ဖျော်ဖြေခြင်းဖြစ်ဟု Sexy Model ဇွန်သဉ္ဖာဆို
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 03, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 03, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment