#Election News Update:
NLD အစိုးရဖွဲ့နိုင်ရန် အမတ် ၅၇နေရာသာ အနိုင်ရရန် လိုအပ်တော့
မဇ္ဈိမသတင်းဌာန
နိုဝင်ဘာ ၁၁ရက်၊ ညနေ ၆နာရီအချိန်ထိ UECထုတ်ပြန်ချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တွင် အမတ်လောင်း ၂၇၂ဦး အနိုင်ရရှိထားသည်။
အစိုးရဖွဲ့နိုင်ရန် လွှတ်တော် ၂ရပ်ပေါင်း အမတ်လောင်း ၃၂၉ဦး အနိုင်ရရန်လိုအပ်ပြီး လက်ရှိတွင် NLDပါတီက ၂၇၂ဦး အနိုင်ရထားသည့်အတွက် ထပ်မံအနိုင်ရရန် ၅၇ဦးသာ လိုအပ်တော့သည့် သဘောဖြစ်သည်။
အနိုင်ရအမတ်လောင်းစာရင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၄၅ဒဿမ ၁ရာခိုင်နှုန်း ကြေငြာပြီးဖြစ်သည်ဟု UECအဖွဲ့ဝင် ဦးမြင့်နိုင်က နိုဝင်ဘာ ၁၁၊ ညနေ ၄နာရီ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။
(မင်းမင်း/မဇ္ဈိမသတင်းဌာန)
Mizzima - News in Burmese
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, November 11, 2015
NLD အစိုးရဖွဲ့နိုင်ရန် အမတ် ၅၇နေရာသာ အနိုင်ရရန် လိုအပ်တော့
NLD အစိုးရဖွဲ့နိုင်ရန် အမတ် ၅၇နေရာသာ အနိုင်ရရန် လိုအပ်တော့
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 11, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 11, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment