ႀကံ႕ခုိင္ေရးပါတီအား ယခုအခါ အတုိက္အခံပါတီအျဖစ္ ႐ႈျမင္ထားျခင္း ရွိမရွိ ေမးျမန္းသည့္အခါ ပါတီပူးတြဲဥကၠ႒ ဦးေဌးဦးက “အျခားသူေတြက အဲဒီလုိ ေျပာေနေပမယ့္ ကၽြန္ေတာ္တုိ႔ ကုိယ့္ကုိယ္ကုိယ္ အတုိက္အခံလုိ႔ မေခၚပါဘူး။ ကၽြန္ေတာ္တုိ႔က လုပ္ေဖာ္ကုိင္ဖက္ေတြလုိ႔ပဲ ျမင္ပါတယ္။ ေကာင္းမြန္တဲ့ ရလဒ္ေတြရဖုိ႔ ကၽြန္ေတာ္တုိ႔ ပူးေပါင္း ေဆာင္ရြက္သြားမွာပါ။ မတူညီတဲ့ ကိစၥရပ္ေတြမွာ ကၽြန္ေတာ္တုိ႔ကုိယ္တုိင္ ေဆာင္ရြက္သြားႏုိင္မွာပါ” ဟု ေျဖၾကားခဲ့သည္။
NLD သည္ ေရြးေကာက္ပြဲအႏုိင္ရပါတီ ျဖစ္ေသာ္လည္း အာဏာရပါတီ မဟုတ္ဟု ဦးေဌးဦးက ဆုိသည္။
“အေျခခံဥပေဒက လႊတ္ေတာ္နဲ႔ အစုိးရကုိ ခြဲျခားထားပါတယ္။ ႀကံ႕ခုိင္ေရး အႏုိင္ရခဲ့တုန္းကလည္း အစုိးရကုိ ဟုိဟာလုပ္ပါ။ ဒီဟာလုပ္ပါလုိ႔ အမိန္႔မေပးခဲ့ပါဘူး” ဟု ဦးေဌးဦးက ေျပာၾကားခဲ့သည္။ သမၼတကုိ လႊတ္ေတာ္က တင္ေျမွာက္ၿပီး သမၼတက အစုိးရဖြဲ႕စည္းသည့္ အေျခခံဥပေဒ၏ စစ္ေဆးထိန္းညိွမႈပံုစံကုိ ဦးေဌးဦးက ရည္ညႊန္းေျပာၾကားခဲ့သည္။
ဦးေဌးဦးက ႀကံ႕ခုိင္ေရးပါတီ ႐ံႈးနိမ့္ခဲ့ရျခင္းမွာ ပါတီက ျပဳလုပ္ေနသည့္ ျပဳျပင္ေျပာင္းလဲမႈမ်ားကုိ လူအမ်ား သိရွိလာေအာင္ ေဆာင္ရြက္ႏုိင္မႈ မရွိျခင္းေၾကာင့္ဟု ေျပာၾကားခဲ့သည္။ “ႀကံ႕ခုိင္ေရးပါတီ လုပ္ခဲ့တဲ့ တကယ့္အလုပ္ေတြကုိ လူေတြမသိဘူးလုိ႔ ထင္ပါတယ္” ဟု ဦးေဌးဦးက ဆုိသည္။
NLD ပါတီက “လက္ရွိ ႏုိင္ငံမွာ ေျပာင္းလဲမႈ မရွိဟု ေျပာၾကားခဲ့ၿပီး မဲဆႏၵရွင္မ်ားအေနျဖင့္ လူကုိ မၾကည့္ဘဲ ပါတီကုိ ၾကည့္၍ မဲေပးရန္ ေျပာၾကားခဲ့သျဖင့္ အခ်ဳိ႕ မဲဆႏၵရွင္မ်ားမွာ ကုိယ္စားလွယ္ေလာင္း မည္သူျဖစ္သည္ကုိပင္ မသိဘဲ မဲေပးခဲ့သည္ဟု ဦးေဌးဦးက ေျပာၾကားခဲ့သည္။
KHTun
The Ladies News Journal
.....................
NLD သည် အာဏာရပါတီ မဟုတ်သကဲ့သို့ USDP သည် အတိုကအခံပါတီ ဖြစ်လာရန် အကြောင်းမရှိဟု ဦးဌေးဦး ပြောကြား
ကြံ့ခိုင်ရေးပါတီအား ယခုအခါ အတိုက်အခံပါတီအဖြစ် ရှုမြင်ထားခြင်း ရှိမရှိ မေးမြန်းသည့်အခါ ပါတီပူးတွဲဥက္ကဋ္ဌ ဦးဌေးဦးက “အခြားသူတွေက အဲဒီလို ပြောနေပေမယ့် ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် အတိုက်အခံလို့ မခေါ်ပါဘူး။ ကျွန်တော်တို့က လုပ်ဖော်ကိုင်ဖက်တွေလို့ပဲ မြင်ပါတယ်။ ကောင်းမွန်တဲ့ ရလဒ်တွေရဖို့ ကျွန်တော်တို့ ပူးပေါင်း ဆောင်ရွက်သွားမှာပါ။ မတူညီတဲ့ ကိစ္စရပ်တွေမှာ ကျွန်တော်တို့ကိုယ်တိုင် ဆောင်ရွက်သွားနိုင်မှာပါ” ဟု ဖြေကြားခဲ့သည်။
NLD သည် ရွေးကောက်ပွဲအနိုင်ရပါတီ ဖြစ်သော်လည်း အာဏာရပါတီ မဟုတ်ဟု ဦးဌေးဦးက ဆိုသည်။
“အခြေခံဥပဒေက လွှတ်တော်နဲ့ အစိုးရကို ခွဲခြားထားပါတယ်။ ကြံ့ခိုင်ရေး အနိုင်ရခဲ့တုန်းကလည်း အစိုးရကို ဟိုဟာလုပ်ပါ။ ဒီဟာလုပ်ပါလို့ အမိန့်မပေးခဲ့ပါဘူး” ဟု ဦးဌေးဦးက ပြောကြားခဲ့သည်။ သမ္မတကို လွှတ်တော်က တင်မြှောက်ပြီး သမ္မတက အစိုးရဖွဲ့စည်းသည့် အခြေခံဥပဒေ၏ စစ်ဆေးထိန်းညှိမှုပုံစံကို ဦးဌေးဦးက ရည်ညွှန်းပြောကြားခဲ့သည်။
ဦးဌေးဦးက ကြံ့ခိုင်ရေးပါတီ ရှုံးနိမ့်ခဲ့ရခြင်းမှာ ပါတီက ပြုလုပ်နေသည့် ပြုပြင်ပြောင်းလဲမှုများကို လူအများ သိရှိလာအောင် ဆောင်ရွက်နိုင်မှု မရှိခြင်းကြောင့်ဟု ပြောကြားခဲ့သည်။ “ကြံ့ခိုင်ရေးပါတီ လုပ်ခဲ့တဲ့ တကယ့်အလုပ်တွေကို လူတွေမသိဘူးလို့ ထင်ပါတယ်” ဟု ဦးဌေးဦးက ဆိုသည်။
NLD ပါတီက “လက်ရှိ နိုင်ငံမှာ ပြောင်းလဲမှု မရှိဟု ပြောကြားခဲ့ပြီး မဲဆန္ဒရှင်များအနေဖြင့် လူကို မကြည့်ဘဲ ပါတီကို ကြည့်၍ မဲပေးရန် ပြောကြားခဲ့သဖြင့် အချို့ မဲဆန္ဒရှင်များမှာ ကိုယ်စားလှယ်လောင်း မည်သူဖြစ်သည်ကိုပင် မသိဘဲ မဲပေးခဲ့သည်ဟု ဦးဌေးဦးက ပြောကြားခဲ့သည်။
KHTun
The Ladies News Journal
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Friday, November 20, 2015
NLD သည္ အာဏာရပါတီ မဟုတ္သကဲ့သုိ႔ USDP သည္ အတုိကအခံပါတီ ျဖစ္လာရန္ အေၾကာင္းမရွိဟု ဦးေဌးဦး ေျပာၾကား
NLD သည္ အာဏာရပါတီ မဟုတ္သကဲ့သုိ႔ USDP သည္ အတုိကအခံပါတီ ျဖစ္လာရန္ အေၾကာင္းမရွိဟု ဦးေဌးဦး ေျပာၾကား
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
November 20, 2015
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
November 20, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment