Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, November 28, 2015

ဘိတ္ (ျမိတ္) ျမိဳ႔မွာ ျဖစ္ေနတဲ့ network marketing လို႔ ေခၚတဲ့ multi level marketing အဖြဲ႔ အေၾကာင္း

ဘိတ္ (ျမိတ္) ျမိဳ႔မွာ ျဖစ္ေနတဲ့ network marketing လို႔ ေခၚတဲ့ multi level marketing အဖြဲ႔ အေၾကာင္း ေျပာျပ ခ်င္လို႔ပါ
အရမ္း အေရးၾကီးလို႔ ပထမဆံုးအေနနဲ႔ ကၽြန္မ ေရးထားတဲ့ Post ကိုျပီးေအာင္ ဖတ္ေစခ်င္ပါတယ္။ ကၽြန္မ့သူငယ္ခ်င္းေတြ အားလံုးကို Tag လိုက္ရတဲ့အတြက္ လည္း ေတာင္းပန္ပါတယ္ ရွင္။ အခုဆိုရင္ ကၽြန္မ ေနထိုင္တဲ့ ဘိတ္ (ျမိတ္) ျမိဳ႔မွာ ျဖစ္ေနတဲ့ network marketing လို႔ ေခၚတဲ့ multi level marketing အဖြဲ႔ အေၾကာင္း ေျပာျပ ခ်င္လို႔ပါ အတြက္ လည္း ေတာင္းပန္ပါတယ္ ရွင္။ အခုဆိုရင္ ကၽြန္မ ေနထိုင္တဲ့ ဘိတ္ (ျမိတ္) ျမိဳ႔မွာ ျဖစ္ေနတဲ့ network marketing လို႔ ေခၚတဲ့ multi level marketing အဖြဲ႔ အေၾကာင္း ေျပာျပ ခ်င္လို႔ပါ။

သူတို႔ အဖြဲ႔ ေပၚလာတာ အခု ဆိုရင္ သံုးေလးလ ေလာက္ရွိပါျပီ။ အရင္ကလည္း ဘိတ္မွာ တျခား တျခား ေသာ multi level marketing အဖြဲ႔ေတြ ေပၚဖူးပါတယ္။ ဒါေပမယ့္ အခု ေပၚလာတဲ့ သူတို႔အဖြဲ႔က ဘိတ္
 ျမိဳ႔သူ ျမိဳ႔သားေတြကို အခ်ဥ္ဖမ္းလို႔ရမွန္း သိလာေတာ့ သူတို႔ ရဲ႔ လုပ္ေဆာင္ မွဳေတြကို ျမန္ျမန္ ဆန္ဆန္ နဲ႔
တစ္ဆင့္တိုးျပီး လုပ္ ေဆာင္လာပါတယ္။ ( အခုဆိုရင္ သိန္း တစ္ေထာင္ နီးပါး ေလာက္ အထိ လည္း
ဘိတ္ ျမိဳ႔သူ ျမိဳ႔သား မ်ားဆီ မွ သူတို႔ လက္၀ါးၾကီး အုပ္ ျပီးပါျပီ)။ အမွန္ေတာ့ ကၽြန္မ ဒီစာကို ေရးခ်င္တာ
 ၾကာပါျပီ ။ ကၽြန္မ ကိုယ္တိုင္ သူတို႔ ရဲ႔ သားေကာင္ ျဖစ္ခဲ့ယံုမက တျခားတျခားေသာ ငဲ့ညွာစရာေလးေတြ ေၾကာင့္ ကၽြန္မ မေရးျဖစ္ခဲ့ပါဘူး။ ကၽြန္မ ကိုယ္တိုင္လည္း အယံုလြယ္ခဲ့ျပီး ေလာဘ သားေကာင္ ျဖစ္ခဲ့ပါ
တယ္။

ကၽြန္မ ကို ဆြယ္ တုန္းက ဆိုရင္ အရင္းအႏွီးကို သံုးလ ေလာက္လုပ္တာနဲ႔ ျပန္ေက်ႏိုင္ျပီး ေငြ မ်ားကို လြယ္လြယ္နဲ႔ ရႏိုင္တဲ့ အလုပ္ ျဖစ္ေၾကာင္း ဆိုျပီး ကၽြန္မ့ ေယာက်ၤား ရဲ႔သူငယ္ခ်င္းက လာဆြယ္ပါ တယ္။
သူတို႔ ေျပာတဲ့ အလုပ္ ကို လုပ္ဖို႔အတြက္ ပထမ ဆံုး ေငြ ဆယ္သိန္းဖိုး ပစၥည္း တစ္ခု ၀ယ္ျပီး ရင္းႏွီး ျမဳပ္ႏွံ ရပါတယ္။ ဆယ္သိန္း ဆိုတဲ့ ေငြ ပမဏာ က မ်ားလြန္းတဲ့အတြက္ ကၽြန္မ မွာ ပိုက္ဆံ မရွိခဲ့ပါဘူး။ ကၽြန္မနဲ႔ ကၽြန္မ့ ေယာက်ၤား ကို လာဆြယ္တဲ့လူက သူေတာင္မွ ပိုက္ဆံ ေခ်းျပီး လုပ္ေၾကာင္းနဲ႔ ကၽြန္မ တို႔ကို လည္း
ပိုက္ဆံ ေခ်းျပီး လုပ္သင့္ေၾကာင္း အမ်ိဳးမ်ိဳး ေျပာျပီး လာဆြယ္ပါတယ္။ ေလာဘသားေကာင္ ကၽြန္မတို႔လင္မယား လည္း ငါးစာ သာျမင္ျပီး ငါးမွ်ားခ်ိတ္ကို မျမင္ခဲ့တဲ့အတြက္ ပိုက္ဆံ ဆယ္သိန္း မရ ရေအာင္ ေခ်းျပီး သူတို႔အဖြဲ႔ထဲ ၀င္ခဲ့ပါတယ္။

network marketing အမည္ခံ သူတို႔ company ဟာ ကမာၻ မွာ ထိပ္ဆံုး မွာ ေျပးေနျပီး ေဘာလံုး
အသင္းၾကီး ကို လည္း Sponsor ေပးထားေၾကာင္း၊ ပညာေရးနဲ႔ ပတ္သက္ျပီး လည္း တကၠသိုလ္ ၾကီးေတြ သူတို႔ ဖြင့္ထား တဲ့အတြက္ ကုမၸဏီ ခိုင္မာ မွဳ ရွိ ေၾကာင္း သူတို႔ ေျပာျပီး စည္းရံုးပါတယ္။ တျခားေသာ multi level marketing ေတြ လိုလည္း ခဏ ခဏ ပစၥည္း ၀ယ္စရာ မလိုဘဲ တစ္သက္မွ တစ္ခါ
ဆယ္သိန္းဖိုး၀ယ္ယံုနဲ႔ ႏွစ္ဘ၀စာ အထိ ခံစားခြင့္ ရွိပါတယ္ ဆိုတဲ့ အေၾကာင္းေတြ ေျပာပါတယ္။ သူတို႔အဖြဲ႔ဟာ တျခားေသာ multi level marketing ကုမၸဏီ ေတြ ရဲ႔ အားနည္း ခ်က္ ကိုျဖည့္စြက္ ျပီး ဘိတ္သူ
ဘိတ္သားေတြ ရဲ႔ ရိုးသားမွဳ ကို အသံုးခ် ဖို႔ ၾကိဳးစားေနၾကပါတယ္။ သူတို႔ေရာင္းခ်တဲ့ ပစၥည္းေတြက ေတာ့ က်န္းမာေရးနဲ႔ ဆိုင္တဲ့ ပစၥည္းေတြ၊ နာရီေတြ၊ ေရသန္႔စက္ေတြ ၊ ခရီးသြား အစီအစဥ္ေတြ၊ ဆယ္သိန္းဖိုး
မတန္တဲ့ လက္၀တ္လက္စားေတြ ( ဒီဇိုင္း ဆန္းတဲ့အတြက္ ေစ်းၾကီးေၾကာင္း သူတို႔ ေျပာပါလိမ့္မည္)။
ကၽြန္မ လည္း သူတို႔ ေျပာတဲ့ ပစၥည္းေတြထဲ က က်န္းမာေရးနဲ႔ ဆိုင္တဲ့ ဖန္ျပား တစ္ျပားကို ဆယ္သိန္း
 ေပးျပီး အရင္းအႏွီး လုပ္ ဖို႔အတြက္ ၀ယ္လိုက္ပါတယ္(ေနာက္ပိုင္းက်မွ ျပန္သိရတာ က ကၽြန္မ ၀ယ္
လိုက္တဲ့ ပစၥည္းေလးက တစ္သိန္း ပင္ မတန္ ေၾကာင္း ျပန္သိရပါတယ္။)

ဆယ္သိန္း ဖိုး ၀ယ္ျပီး ယံုနဲ႔လည္း မျပီးေသးပါဘူး ။ ကၽြန္မ အေနနဲ႔ ေနာက္ထပ္ ကၽြန္မ အသိႏွစ္ေယာက္ ကို သူတို႔ အဖြဲ႔ထဲ ၀င္ လာေအာင္ လုပ္ ေပးျပီးမွ ကၽြန္မ က တရား၀င္ သူတို႔ အဖြဲ႔၀င္ ျဖစ္ပါတယ္။
လူႏွစ္ေယာက္ ကို ၀င္ေအာင္ လုပ္ေပးႏုိင္တဲ့အတြက္ ကၽြန္မ ဟာ တစ္ေယာက္ကို ေဒၚလာ ၅၀
နဲ႔ ႏွစ္ေယာက္ျဖစ္တဲ့အတြက္ ေဒၚလာ တစ္ရာ ခံစားခြင့္ရွိပါတယ္။ ျပီးေတာ့မွ သူတို႔ အေျပာ ၃ း ၃ လို႔ ေခၚတဲ့ ကၽြန္မ လက္ေအာက္မွာ လူေျခာက္ေယာက္ ရမွ ကၽြန္မ က ေဒၚလာ ႏွစ္ရာ ကို ခံစားခြင့္ ရွိပါတယ္။
 ကၽြန္မ အပါအ၀င္ ေနာက္ထပ္လူေျခာက္ ေယာက္ ပါ မွ သိန္း ၇၀ ဖိုး သူတို႔ ကုမၸဏီ အတြက္ ရွာေပးႏိုင္မွ ကၽြန္မ ကို ႏွစ္သိန္း ေပးတာပါ။ ငါးၾကင္းဆီ နဲ႔ ငါးၾကင္း ျပန္ေၾကာ္ တာျဖစ္ပါတယ္။ တိုက္ရိုက္ ေရာင္းခ်တဲ့
စနစ္ ျဖစ္တဲ့အတြက္ ေၾကာ္ျငာခ ေတြ ၀န္ေဆာင္ခေတြကို ကုမၸဏီက မသံုးဘဲ သိမ္းထားျပီး ကၽြန္မ တို႔ လို အဖြဲ႔၀င္ေတြကို ျပန္ေပးတာ ျဖစ္ေၾကာင္း ၊ အဲသည္ေငြ ေတြကို ဆင့္ပြားေရာင္းေပးတဲ့ လူေတြ ခြဲယူၾက ရတာ ျဖစ္ေၾကာင္း ဆြယ္ျပီး စိန္အဆင့္ ဘာအဆင့္ ထိ ေရာက္ ေအာင္ တက္လွမ္း သြားၾကပါတယ္။
 တန္ေၾကး ထက္ အဆမတန္ ပိုေပးျပီး ပစၥည္းေတြကို ၀ယ္ရ ပါတယ္။ ပိုက္ဆံ အရမ္းလို ေနျပီး ျမန္ျမန္
ခ်မ္းသာခ်င္တဲ့ အေျခခံ လူတန္းစားေတြရဲ႔ ေလာဘကို အသံုးျပဳျပီး ဘယ္သူ ဘာျဖစ္ျဖစ္ သူတို႔ အဆင္ေျပ
ရင္ ျပီးေရာ့ ဆိုျပီး စည္းရံုးၾကပါတယ္။

သူတို႔ System ဟာ ကၽြန္မ တို႔ အေပၚက လူေတြ ေကာင္းဖိုးအတြက္ပဲ ျဖစ္ပါတယ္။ သူတို႔ အဖြဲ႔မွာ
တစ္ပတ္ကို သိန္း ေလးဆယ္ ၀င္ေနတဲ့လူေတြ၊ သိန္းရွစ္ဆယ္၊ သိန္းရွစ္ရာ ၀င္ေနတဲ့လူေတြ ရွိေၾကာင္း
စသည့္ျဖင့္ ဆြယ္ပါတယ္။ သူတို႔ လည္း ဒီအလုပ္ကို ေငြေခ်းျပီး လုပ္တဲ့ အေၾကာင္း၊ တစ္လ တည္း နဲ႔ သူတို႔ အရင္းေၾကသြားေၾကာင္းေျပာ ျပီး အယံုလြယ္လာေအာင္ လုပ္ပါတယ္။ ေသခ်ာရမယ့္ သိန္း တစ္ရာ၊
သိန္းတစ္ေထာင္ ရဖို႔ အတြက္ ဆယ္သိန္းကို ရင္းႏွီး သင့္ေၾကာင္း အမ်ိဳးမ်ိဳးေျပာျပီး ဆြယ္ပါတယ္။ လြန္ခဲ့တဲ့ ရက္အနည္းငယ္က ဘိတ္ျမိဳ႔က ဟိုတယ္ ၾကီး တစ္ခုမွ ပြဲလုပ္ေတာ့လည္း ကၽြန္မတို႔ အဖြဲ႔၀င္ေတြကပဲ ပိုက္ဆံ စိုက္ေပးျပီး ပြဲ လုပ္ရပါတယ္။ ကုမၸဏီ က ပြဲလုပ္ဖို႔အတြက္လည္း ေငြေၾကး ဘာမွ မစိုက္ေပးပါဘူး။
ရလာတဲ့ လူေတြက ကၽြန္မ တို႔အတြက္ပဲ လို႔ေျပာျပီး ပိုက္ဆံ ထပ္သြားေခ်းရပါတယ္။ ကၽြန္မ အခုဆိုရင္ သူတို႔အဖြဲ႔ထဲ ၀င္တာ သံုးလ နီးပါး ေလာက္ရွိပါျပီ။ ကၽြန္မ အေနနဲ႔ ပိုက္ဆံ တစ္သိန္းေအာက္ပဲ ခံစားဖူးပါေသးတယ္။ သူတို႔ေျပာသလို မဟုတ္ဘဲ အရင္းေက်ဖို႔ေတာင္ မလြယ္တဲ့ဘ၀ ျဖစ္ေနပါတယ္။ ကၽြန္မ ဒီအလုပ္
လုပ္ျပီးကတည္းက လူ လိုက္ဆြယ္ရတဲ့အတြက္ ကၽြန္မ နဲ႔သိတဲ့သူငယ္ခ်င္းေတြ ေတာင္ ကၽြန္မ ကိုေတြ႔ရင္ မေခၚခ်င္မေျပာခ်င္ ျဖစ္လာပါတယ္။ အခ်ိန္ နည္းနည္း ေပးယံုနဲ႔ သူတို႔ အလုပ္ လုပ္လို႔ရတယ္ ေျပာျပီး အခု ဆိုရင္ ေတြ႔သမွ် လူကို သူတို႔ အဖြဲ႔ထဲ ၀င္လာေအာင္ တစ္ေန႔မွာ ရွိတဲ့အခ်ိန္ ေတြ အကုန္ေပးျပီး နည္းအမ်ိဳးမ်ိဳးနဲ႔ ပိုက္ဆံ ဆယ္သိန္း ရ ေအာင္ လုပ္ရပါတယ္။

သူတို႔ဆီမွာလည္း လူေတြကို ဆြယ္တဲ့အခါ တစ္ႏွစ္ လွ်င္ ေဒၚလာ ႏွစ္သိန္း (ျမန္မာေငြ သိန္းႏွစ္ေထာင္) ကို အသာေလး ရႏိုင္ေၾကာင္း အာေဘာင္အာရင္းသန္သန္ျဖင့္ဆြယ္ျပီး ေခၚပါတယ္။ သူတို႔ အဖြဲ႔ဟာ လူေတြကို အခြင့္အလမ္း တစ္ခု ကို မိတ္ ဆက္ေပးေနတာ ျဖစ္ျပီး လူေတြကို ေခၚေနတာ မဟုတ္ေၾကာင္း ယံုၾကည္မွဳ ရလာေအာင္ လုပ္ျပီး ဆြယ္ပါလိမ့္မယ္။ စစခ်င္း သူတို႔ေျပာတဲ့ ESBI လို႔ေခၚတဲ့ လုပ္ငန္းအမ်ိဳအစား
အေၾကာင္းကို ရွင္းျပ ပါလိမ့္မယ္။ ျပီးေတာ့ စာရြက္ေပၚမွာ ေရးခ်ျပျပီး အမ်ိဳးမ်ိဳး ဆြယ္ပါလိမ့္မယ္။ အခုဆိုရင္ ေခ်းထားတဲ့ ပိုက္ဆံလည္း မဆပ္ႏိုင္၊ အခ်ိန္ လည္းကုန္ ၊ သူတို႔ဆီက ဆယ္သိန္း ေပးျပီး ၀ယ္ထားတဲ့
ပစၥည္းက ျပန္ေရာင္းရင္ တစ္သိန္း ျပန္ရေအာင္ ေတာင္ မနည္းလုပ္ရမယ္ တဲ့ ။ တကယ္ ကို အေျခခံ
လူတန္းစားေတြကို ခ်ိန္ ရြယ္ျပီး ေၾကြးႏြံၾကားမွာ နစ္သထက္ နစ္မွာ ျဖစ္ပါတယ္။

အနည္းငယ္ ေသာ လူတန္းစားေကာင္းစားဖို႔အတြက္ အေသခံ ၾကရမယ့္ဘ၀ေတြ ျဖစ္ပါတယ္။ ပိုက္ဆံ ခ်မ္းသာေသာ လူအဖို႔ ပိုက္ဆံ ဆယ္သိန္းက ဘာမွ မဟုတ္ေပမယ့္ ကၽြန္မ တို႔လို လူတန္းစားေတြ အတြက္ ကေတာ့ ဘ၀ပ်က္လုနီး ခံစားရတာျဖစ္ပါတယ္။
အခုဆိုရင္ ကၽြန္မ နဲ႔ ကၽြန္မ့ ခင္ပြန္း လည္း ကေတာက္ကဆ ခဏခဏ ျဖစ္ျပီး ကြဲဖို႔ကြာဖို႔အထိကို ျဖစ္ရပါတယ္။ အခုလို ကၽြန္မ သူတို႔အဖြဲ႔ အေၾကာင္းေဖာ္ထုတ္ျပရတာက ကၽြန္မ အတြက္ ကုိယ့္ေသတြင္း ကိုယ္တူးတာျဖစ္မယ္ ဆိုတာ သိပါတယ္။ ဒါေပမယ့္ ၀ဋ္ေၾကြး ရွိသမွ် ေၾကရပါလို ၏ ဆိုေသာ စိတ္တစ္ခု
တည္းျဖင့္ ကၽြန္မ လို မ်ိဳး အျဖစ္ဆိုး နဲ႔ ထပ္ မၾကံဳ ရေစဖို႔ အားလံုးကို ေျပာျပျခင္း ျဖစ္ပါတယ္။
ဘိတ္ ျမိဳ႔သား ျမိဳ႔သား မ်ားသာမက ျမန္မာ ႏိုင္ငံမွာ ေနထိုင္ ေသာ လူတန္းစားအကုန္ network marketing လို႔ ေခၚတဲ့ multi level marketing ရဲ႔ သားေကာင္ ဘ၀မွ ရုန္းထြက္ႏိုင္ၾကပါေစရွင္။ တတ္ႏိုင္သမွ် မိမိ သူငယ္ခ်င္း၊ မိဘ ၊ေဆြမ်ိဳးမ်ားသိေအာင္ ဒီ post ေလးကို Share ေပးျခင္း ျဖင့္ ကုသိုလ္ယူႏိုင္ၾကပါေစရွင္။
ဘယ္သူမျပဳ မိမိမူ ဆိုေပမယ့္ မသိတဲ့လူေတြအတြက္ အခု ကၽြန္မ ေရးထားတဲ့ post ဟာ multi level marketing (network marketing ) မလုပ္ခင္ စဥ္းစား ရမယ့္ အခ်က္ေလးေတြပါ။

ကၽြန္မ အေနနဲ႔ ကုမၸဏီ နာမည္ ေဖာ္ျပခ်က္ မျပဳႏိုင္တာကို နားလည္ေပးပါရွင္။ လူငယ္ေလးေတြကို ဦးတည္ ျပီး ဆြယ္တဲ့အတြက္ လူငယ္ေလးေတြ အားလံုးလည္း ေလာဘ ေနာက္ လိုက္ျပီး နစ္မယ့္ အျဖစ္မွ ကင္းေ၀ ႏိုင္ၾကပါေစရွင္။ မည္သူ တစ္ဦး တစ္ေယာက္ကို မွ တိုက္ခိုက္ထားျခင္း မဟုတ္ဘဲ မွန္ကန္တဲ့ စီးပြားေရး ေလး လုပ္ျပီး ေလာဘသားေကာင္ အျဖစ္ မွ လြတ္ကင္းႏိုင္ၾကပါေစ ရွင္။
(Thiri May Thu)
...................
ဘိတ် (မြိတ်) မြို့မှာ ဖြစ်နေတဲ့ network marketing လို့ ခေါ်တဲ့ multi level marketing အဖွဲ့ အကြောင်း ပြောပြ ချင်လို့ပါ
အရမ်း အရေးကြီးလို့ ပထမဆုံးအနေနဲ့ ကျွန်မ ရေးထားတဲ့ Post ကိုပြီးအောင် ဖတ်စေချင်ပါတယ်။ ကျွန်မ့သူငယ်ချင်းတွေ အားလုံးကို Tag လိုက်ရတဲ့အတွက် လည်း တောင်းပန်ပါတယ် ရှင်။ အခုဆိုရင် ကျွန်မ နေထိုင်တဲ့ ဘိတ် (မြိတ်) မြို့မှာ ဖြစ်နေတဲ့ network marketing လို့ ခေါ်တဲ့ multi level marketing အဖွဲ့ အကြောင်း ပြောပြ ချင်လို့ပါ အတွက် လည်း တောင်းပန်ပါတယ် ရှင်။ အခုဆိုရင် ကျွန်မ နေထိုင်တဲ့ ဘိတ် (မြိတ်) မြို့မှာ ဖြစ်နေတဲ့ network marketing လို့ ခေါ်တဲ့ multi level marketing အဖွဲ့ အကြောင်း ပြောပြ ချင်လို့ပါ။

သူတို့ အဖွဲ့ ပေါ်လာတာ အခု ဆိုရင် သုံးလေးလ လောက်ရှိပါပြီ။ အရင်ကလည်း ဘိတ်မှာ တခြား တခြား သော multi level marketing အဖွဲ့တွေ ပေါ်ဖူးပါတယ်။ ဒါပေမယ့် အခု ပေါ်လာတဲ့ သူတို့အဖွဲ့က ဘိတ်
 မြို့သူ မြို့သားတွေကို အချဉ်ဖမ်းလို့ရမှန်း သိလာတော့ သူတို့ ရဲ့ လုပ်ဆောင် မှုတွေကို မြန်မြန် ဆန်ဆန် နဲ့
တစ်ဆင့်တိုးပြီး လုပ် ဆောင်လာပါတယ်။ ( အခုဆိုရင် သိန်း တစ်ထောင် နီးပါး လောက် အထိ လည်း
ဘိတ် မြို့သူ မြို့သား များဆီ မှ သူတို့ လက်ဝါးကြီး အုပ် ပြီးပါပြီ)။ အမှန်တော့ ကျွန်မ ဒီစာကို ရေးချင်တာ
 ကြာပါပြီ ။ ကျွန်မ ကိုယ်တိုင် သူတို့ ရဲ့ သားကောင် ဖြစ်ခဲ့ယုံမက တခြားတခြားသော ငဲ့ညှာစရာလေးတွေ ကြောင့် ကျွန်မ မရေးဖြစ်ခဲ့ပါဘူး။ ကျွန်မ ကိုယ်တိုင်လည်း အယုံလွယ်ခဲ့ပြီး လောဘ သားကောင် ဖြစ်ခဲ့ပါ
တယ်။

ကျွန်မ ကို ဆွယ် တုန်းက ဆိုရင် အရင်းအနှီးကို သုံးလ လောက်လုပ်တာနဲ့ ပြန်ကျေနိုင်ပြီး ငွေ များကို လွယ်လွယ်နဲ့ ရနိုင်တဲ့ အလုပ် ဖြစ်ကြောင်း ဆိုပြီး ကျွန်မ့ ယောကျင်္ား ရဲ့သူငယ်ချင်းက လာဆွယ်ပါ တယ်။
သူတို့ ပြောတဲ့ အလုပ် ကို လုပ်ဖို့အတွက် ပထမ ဆုံး ငွေ ဆယ်သိန်းဖိုး ပစ္စည်း တစ်ခု ၀ယ်ပြီး ရင်းနှီး မြုပ်နှံ ရပါတယ်။ ဆယ်သိန်း ဆိုတဲ့ ငွေ ပမဏာ က များလွန်းတဲ့အတွက် ကျွန်မ မှာ ပိုက်ဆံ မရှိခဲ့ပါဘူး။ ကျွန်မနဲ့ ကျွန်မ့ ယောကျင်္ား ကို လာဆွယ်တဲ့လူက သူတောင်မှ ပိုက်ဆံ ချေးပြီး လုပ်ကြောင်းနဲ့ ကျွန်မ တို့ကို လည်း
ပိုက်ဆံ ချေးပြီး လုပ်သင့်ကြောင်း အမျိုးမျိုး ပြောပြီး လာဆွယ်ပါတယ်။ လောဘသားကောင် ကျွန်မတို့လင်မယား လည်း ငါးစာ သာမြင်ပြီး ငါးမျှားချိတ်ကို မမြင်ခဲ့တဲ့အတွက် ပိုက်ဆံ ဆယ်သိန်း မရ ရအောင် ချေးပြီး သူတို့အဖွဲ့ထဲ ၀င်ခဲ့ပါတယ်။

network marketing အမည်ခံ သူတို့ company ဟာ ကမ္ဘာ မှာ ထိပ်ဆုံး မှာ ပြေးနေပြီး ဘောလုံး
အသင်းကြီး ကို လည်း Sponsor ပေးထားကြောင်း၊ ပညာရေးနဲ့ ပတ်သက်ပြီး လည်း တက္ကသိုလ် ကြီးတွေ သူတို့ ဖွင့်ထား တဲ့အတွက် ကုမ္ပဏီ ခိုင်မာ မှု ရှိ ကြောင်း သူတို့ ပြောပြီး စည်းရုံးပါတယ်။ တခြားသော multi level marketing တွေ လိုလည်း ခဏ ခဏ ပစ္စည်း ၀ယ်စရာ မလိုဘဲ တစ်သက်မှ တစ်ခါ
ဆယ်သိန်းဖိုးဝယ်ယုံနဲ့ နှစ်ဘဝစာ အထိ ခံစားခွင့် ရှိပါတယ် ဆိုတဲ့ အကြောင်းတွေ ပြောပါတယ်။ သူတို့အဖွဲ့ဟာ တခြားသော multi level marketing ကုမ္ပဏီ တွေ ရဲ့ အားနည်း ချက် ကိုဖြည့်စွက် ပြီး ဘိတ်သူ
ဘိတ်သားတွေ ရဲ့ ရိုးသားမှု ကို အသုံးချ ဖို့ ကြိုးစားနေကြပါတယ်။ သူတို့ရောင်းချတဲ့ ပစ္စည်းတွေက တော့ ကျန်းမာရေးနဲ့ ဆိုင်တဲ့ ပစ္စည်းတွေ၊ နာရီတွေ၊ ရေသန့်စက်တွေ ၊ ခရီးသွား အစီအစဉ်တွေ၊ ဆယ်သိန်းဖိုး
မတန်တဲ့ လက်ဝတ်လက်စားတွေ ( ဒီဇိုင်း ဆန်းတဲ့အတွက် စျေးကြီးကြောင်း သူတို့ ပြောပါလိမ့်မည်)။
ကျွန်မ လည်း သူတို့ ပြောတဲ့ ပစ္စည်းတွေထဲ က ကျန်းမာရေးနဲ့ ဆိုင်တဲ့ ဖန်ပြား တစ်ပြားကို ဆယ်သိန်း
 ပေးပြီး အရင်းအနှီး လုပ် ဖို့အတွက် ၀ယ်လိုက်ပါတယ်(နောက်ပိုင်းကျမှ ပြန်သိရတာ က ကျွန်မ ၀ယ်
လိုက်တဲ့ ပစ္စည်းလေးက တစ်သိန်း ပင် မတန် ကြောင်း ပြန်သိရပါတယ်။)

ဆယ်သိန်း ဖိုး ၀ယ်ပြီး ယုံနဲ့လည်း မပြီးသေးပါဘူး ။ ကျွန်မ အနေနဲ့ နောက်ထပ် ကျွန်မ အသိနှစ်ယောက် ကို သူတို့ အဖွဲ့ထဲ ၀င် လာအောင် လုပ် ပေးပြီးမှ ကျွန်မ က တရားဝင် သူတို့ အဖွဲ့ဝင် ဖြစ်ပါတယ်။
လူနှစ်ယောက် ကို ၀င်အောင် လုပ်ပေးနိုင်တဲ့အတွက် ကျွန်မ ဟာ တစ်ယောက်ကို ဒေါ်လာ ၅၀
နဲ့ နှစ်ယောက်ဖြစ်တဲ့အတွက် ဒေါ်လာ တစ်ရာ ခံစားခွင့်ရှိပါတယ်။ ပြီးတော့မှ သူတို့ အပြော ၃ း ၃ လို့ ခေါ်တဲ့ ကျွန်မ လက်အောက်မှာ လူခြောက်ယောက် ရမှ ကျွန်မ က ဒေါ်လာ နှစ်ရာ ကို ခံစားခွင့် ရှိပါတယ်။
 ကျွန်မ အပါအဝင် နောက်ထပ်လူခြောက် ယောက် ပါ မှ သိန်း ရ၀ ဖိုး သူတို့ ကုမ္ပဏီ အတွက် ရှာပေးနိုင်မှ ကျွန်မ ကို နှစ်သိန်း ပေးတာပါ။ ငါးကြင်းဆီ နဲ့ ငါးကြင်း ပြန်ကြော် တာဖြစ်ပါတယ်။ တိုက်ရိုက် ရောင်းချတဲ့
စနစ် ဖြစ်တဲ့အတွက် ကြော်ငြာခ တွေ ၀န်ဆောင်ခတွေကို ကုမ္ပဏီက မသုံးဘဲ သိမ်းထားပြီး ကျွန်မ တို့ လို အဖွဲ့ဝင်တွေကို ပြန်ပေးတာ ဖြစ်ကြောင်း ၊ အဲသည်ငွေ တွေကို ဆင့်ပွားရောင်းပေးတဲ့ လူတွေ ခွဲယူကြ ရတာ ဖြစ်ကြောင်း ဆွယ်ပြီး စိန်အဆင့် ဘာအဆင့် ထိ ရောက် အောင် တက်လှမ်း သွားကြပါတယ်။
 တန်ကြေး ထက် အဆမတန် ပိုပေးပြီး ပစ္စည်းတွေကို ၀ယ်ရ ပါတယ်။ ပိုက်ဆံ အရမ်းလို နေပြီး မြန်မြန်
ချမ်းသာချင်တဲ့ အခြေခံ လူတန်းစားတွေရဲ့ လောဘကို အသုံးပြုပြီး ဘယ်သူ ဘာဖြစ်ဖြစ် သူတို့ အဆင်ပြေ
ရင် ပြီးရော့ ဆိုပြီး စည်းရုံးကြပါတယ်။

သူတို့ System ဟာ ကျွန်မ တို့ အပေါ်က လူတွေ ကောင်းဖိုးအတွက်ပဲ ဖြစ်ပါတယ်။ သူတို့ အဖွဲ့မှာ
တစ်ပတ်ကို သိန်း လေးဆယ် ၀င်နေတဲ့လူတွေ၊ သိန်းရှစ်ဆယ်၊ သိန်းရှစ်ရာ ၀င်နေတဲ့လူတွေ ရှိကြောင်း
စသည့်ဖြင့် ဆွယ်ပါတယ်။ သူတို့ လည်း ဒီအလုပ်ကို ငွေချေးပြီး လုပ်တဲ့ အကြောင်း၊ တစ်လ တည်း နဲ့ သူတို့ အရင်းကြေသွားကြောင်းပြော ပြီး အယုံလွယ်လာအောင် လုပ်ပါတယ်။ သေချာရမယ့် သိန်း တစ်ရာ၊
သိန်းတစ်ထောင် ရဖို့ အတွက် ဆယ်သိန်းကို ရင်းနှီး သင့်ကြောင်း အမျိုးမျိုးပြောပြီး ဆွယ်ပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဘိတ်မြို့က ဟိုတယ် ကြီး တစ်ခုမှ ပွဲလုပ်တော့လည်း ကျွန်မတို့ အဖွဲ့ဝင်တွေကပဲ ပိုက်ဆံ စိုက်ပေးပြီး ပွဲ လုပ်ရပါတယ်။ ကုမ္ပဏီ က ပွဲလုပ်ဖို့အတွက်လည်း ငွေကြေး ဘာမှ မစိုက်ပေးပါဘူး။
ရလာတဲ့ လူတွေက ကျွန်မ တို့အတွက်ပဲ လို့ပြောပြီး ပိုက်ဆံ ထပ်သွားချေးရပါတယ်။ ကျွန်မ အခုဆိုရင် သူတို့အဖွဲ့ထဲ ၀င်တာ သုံးလ နီးပါး လောက်ရှိပါပြီ။ ကျွန်မ အနေနဲ့ ပိုက်ဆံ တစ်သိန်းအောက်ပဲ ခံစားဖူးပါသေးတယ်။ သူတို့ပြောသလို မဟုတ်ဘဲ အရင်းကျေဖို့တောင် မလွယ်တဲ့ဘဝ ဖြစ်နေပါတယ်။ ကျွန်မ ဒီအလုပ်
လုပ်ပြီးကတည်းက လူ လိုက်ဆွယ်ရတဲ့အတွက် ကျွန်မ နဲ့သိတဲ့သူငယ်ချင်းတွေ တောင် ကျွန်မ ကိုတွေ့ရင် မခေါ်ချင်မပြောချင် ဖြစ်လာပါတယ်။ အချိန် နည်းနည်း ပေးယုံနဲ့ သူတို့ အလုပ် လုပ်လို့ရတယ် ပြောပြီး အခု ဆိုရင် တွေ့သမျှ လူကို သူတို့ အဖွဲ့ထဲ ၀င်လာအောင် တစ်နေ့မှာ ရှိတဲ့အချိန် တွေ အကုန်ပေးပြီး နည်းအမျိုးမျိုးနဲ့ ပိုက်ဆံ ဆယ်သိန်း ရ အောင် လုပ်ရပါတယ်။

သူတို့ဆီမှာလည်း လူတွေကို ဆွယ်တဲ့အခါ တစ်နှစ် လျှင် ဒေါ်လာ နှစ်သိန်း (မြန်မာငွေ သိန်းနှစ်ထောင်) ကို အသာလေး ရနိုင်ကြောင်း အာဘောင်အာရင်းသန်သန်ဖြင့်ဆွယ်ပြီး ခေါ်ပါတယ်။ သူတို့ အဖွဲ့ဟာ လူတွေကို အခွင့်အလမ်း တစ်ခု ကို မိတ် ဆက်ပေးနေတာ ဖြစ်ပြီး လူတွေကို ခေါ်နေတာ မဟုတ်ကြောင်း ယုံကြည်မှု ရလာအောင် လုပ်ပြီး ဆွယ်ပါလိမ့်မယ်။ စစချင်း သူတို့ပြောတဲ့ ESBI လို့ခေါ်တဲ့ လုပ်ငန်းအမျိုအစား
အကြောင်းကို ရှင်းပြ ပါလိမ့်မယ်။ ပြီးတော့ စာရွက်ပေါ်မှာ ရေးချပြပြီး အမျိုးမျိုး ဆွယ်ပါလိမ့်မယ်။ အခုဆိုရင် ချေးထားတဲ့ ပိုက်ဆံလည်း မဆပ်နိုင်၊ အချိန် လည်းကုန် ၊ သူတို့ဆီက ဆယ်သိန်း ပေးပြီး ၀ယ်ထားတဲ့
ပစ္စည်းက ပြန်ရောင်းရင် တစ်သိန်း ပြန်ရအောင် တောင် မနည်းလုပ်ရမယ် တဲ့ ။ တကယ် ကို အခြေခံ
လူတန်းစားတွေကို ချိန် ရွယ်ပြီး ကြွေးနွံကြားမှာ နစ်သထက် နစ်မှာ ဖြစ်ပါတယ်။

အနည်းငယ် သော လူတန်းစားကောင်းစားဖို့အတွက် အသေခံ ကြရမယ့်ဘဝတွေ ဖြစ်ပါတယ်။ ပိုက်ဆံ ချမ်းသာသော လူအဖို့ ပိုက်ဆံ ဆယ်သိန်းက ဘာမှ မဟုတ်ပေမယ့် ကျွန်မ တို့လို လူတန်းစားတွေ အတွက် ကတော့ ဘဝပျက်လုနီး ခံစားရတာဖြစ်ပါတယ်။
အခုဆိုရင် ကျွန်မ နဲ့ ကျွန်မ့ ခင်ပွန်း လည်း ကတောက်ကဆ ခဏခဏ ဖြစ်ပြီး ကွဲဖို့ကွာဖို့အထိကို ဖြစ်ရပါတယ်။ အခုလို ကျွန်မ သူတို့အဖွဲ့ အကြောင်းဖော်ထုတ်ပြရတာက ကျွန်မ အတွက် ကိုယ့်သေတွင်း ကိုယ်တူးတာဖြစ်မယ် ဆိုတာ သိပါတယ်။ ဒါပေမယ့် ၀ဋ်ကြွေး ရှိသမျှ ကြေရပါလို ၏ ဆိုသော စိတ်တစ်ခု
တည်းဖြင့် ကျွန်မ လို မျိုး အဖြစ်ဆိုး နဲ့ ထပ် မကြုံ ရစေဖို့ အားလုံးကို ပြောပြခြင်း ဖြစ်ပါတယ်။
ဘိတ် မြို့သား မြို့သား များသာမက မြန်မာ နိုင်ငံမှာ နေထိုင် သော လူတန်းစားအကုန် network marketing လို့ ခေါ်တဲ့ multi level marketing ရဲ့ သားကောင် ဘဝမှ ရုန်းထွက်နိုင်ကြပါစေရှင်။ တတ်နိုင်သမျှ မိမိ သူငယ်ချင်း၊ မိဘ ၊ဆွေမျိုးများသိအောင် ဒီ post လေးကို Share ပေးခြင်း ဖြင့် ကုသိုလ်ယူနိုင်ကြပါစေရှင်။
ဘယ်သူမပြု မိမိမူ ဆိုပေမယ့် မသိတဲ့လူတွေအတွက် အခု ကျွန်မ ရေးထားတဲ့ post ဟာ multi level marketing (network marketing ) မလုပ်ခင် စဉ်းစား ရမယ့် အချက်လေးတွေပါ။

ကျွန်မ အနေနဲ့ ကုမ္ပဏီ နာမည် ဖော်ပြချက် မပြုနိုင်တာကို နားလည်ပေးပါရှင်။ လူငယ်လေးတွေကို ဦးတည် ပြီး ဆွယ်တဲ့အတွက် လူငယ်လေးတွေ အားလုံးလည်း လောဘ နောက် လိုက်ပြီး နစ်မယ့် အဖြစ်မှ ကင်းဝေ နိုင်ကြပါစေရှင်။ မည်သူ တစ်ဦး တစ်ယောက်ကို မှ တိုက်ခိုက်ထားခြင်း မဟုတ်ဘဲ မှန်ကန်တဲ့ စီးပွားရေး လေး လုပ်ပြီး လောဘသားကောင် အဖြစ် မှ လွတ်ကင်းနိုင်ကြပါစေ ရှင်။
(Thiri May Thu)

No comments:

Post a Comment