CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Thursday, November 19, 2015
ပါရီ အၾကမ္းဖက္ တိုက္ခိုက္မႈ ကို ေနာက္ကြယ္က ႀကိဳးကိုင္ခဲ့တဲ့ ISIS အဖြဲ႕၀င္ တစ္ဦးအေၾကာင္း
ပါရီ အၾကမ္းဖက္ တိုက္ခိုက္မႈ ကို ဦးေဆာင္ ႀကိဳးကိုင္ခဲ့သူ အျဖစ္ ယံုၾကည္ထားခဲ့သူဟာ ISIS မဂၢဇင္းျဖစ္တဲ့ Allah ကို ေျပာျပခဲ့တာကေတာ့ သူအခုလို ႀကိဳးကိုင္သူ တစ္ေယာက္ အျဖစ္ အေရြးခ်ယ္ခံရျခင္းဟာ "မြတ္စလင္ေတြအတြက္ စစ္ပြဲေတြကို သယ္ေဆာင္လာတဲ့ Crusader ေတြကို အၾကမ္းဖက္ ဖို႔အတြက္" လုိ႔ ေျပာျပခဲ့ပါတယ္။
အသက္ ၂၇ ႏွစ္အရြယ္ Abdelhami Abaaoud ဟာ ျပင္သစ္ႏိုင္ငံရဲ႕ ၿမိဳ႕ေတာ္ ပါရီမွာရွိတဲ့ ေဘာလံုးကြင္းတစ္ကြင္း ၊ ေဖ်ာ္ေျဖေရး ခန္းမ တစ္ခု နဲ႔ စားေသာက္ဆိုင္ေပါင္း မ်ားစြာ တို႔ကို အေသခံ ဗံုးခြဲတိုက္ခိုက္မႈ နဲ႔ ေသနတ္နဲ႔ အၾကမ္းဖက္ ပစ္ခတ္မႈတို႔ကို ေနာက္ကြယ္က ႀကိဳးကိုင္ ခဲ့သူ ျဖစ္တယ္လို႔ သတ္မွတ္ခံထားရသူပါ.
သူဟာ ဥေရာပ တိုက္အတြင္းက အျခားႏိုင္ငံေတြကိုလည္း တိုက္ခုိက္သြားဖို႔ အစီအစဥ္ဆဲြထားၿပီး ျဖစ္တယ္လို႔ သံသယ ရွိခံေနရပါတယ္။ Abaaaoud ဟာ ဥေရာပ ရဲ႕ ဂ်ီဟတ္ဒီ ၿမိဳ႕ လို႔တင္စားေခၚေ၀ၚခံရတဲ့ ဘယ္လ္ဂ်ီယံ ႏိုင္ငံ ၊ Brussels ၿမိဳ႕ ၊ Molenbeek ခရိုင္မွာေနထိုင္ႀကီးျပင္းခဲ့သူျဖစ္ပါတယ္။ လက္ရွိမွာေတာ့ သူဟာ ဆီးရီးယား ႏိုင္ငံအတြင္း မွာေနထိုင္ေနတယ္လို႕ သိရပါတယ္။
ၾသဂုတ္လ တုန္းကလည္း ျပင္သစ္ျပည္တြင္းအျမန္ရထားကို တိုက္ခိုက္ခဲ့မႈ နဲ႔ ဇန္န၀ါရီလတုန္းက ဘယ္လ္ဂ်ီယံ ရဲအရာရွိေတြကို တိုက္ခိုက္ခဲ့မႈ ေတြမွာလည္း Abaaoud က ပါ၀င္ပတ္သတ္ေနတယ္လို႔ သံသယရွိခံရသူပဲ ျဖစ္ပါတယ္။
"သူဟာ ဥေရာပ တိုက္အတြင္း ျဖစ္ပြားခဲ့တဲ့ အၾကမ္းဖက္ တိုက္ခိုက္မႈ ေတြကို ေနာက္ကြယ္က ႀကိဳးကိုင္ေနသူတစ္ေယာက္ျဖစ္တယ္" လုိ႔ Reuters သတင္းဌာနကို သတင္းအရင္းအျမစ္တစ္ဦးက ေျပာျပခဲ့ပါတယ္။ ေသာၾကာၤေန႔က ျဖစ္ပြားခဲ့တဲ့ လူအေယာက္ ၁၂၉ ေယာက္ စေတးခဲ့ရတဲ့ ပါရီအၾကမ္းဖက္တိုက္ခိုက္မႈကိုလည္း သူပဲ ဦးေဆာင္ခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။
Abaaoud ဟာ ၂၀၁၃ ခုႏွစ္မွာ ဆီးရီးယားကို သူ႔အစ္ကို ျဖစ္သူ Younes နဲ႔အတူ ေရာက္ရွိလာခဲ့ၿပီး ထိုစဥ္က သူဟာ ၁၃ ႏွစ္သာ ရွိပါေသးတယ္။ ဘယ္လ္ဂ်ီယံ သတင္းဌာနက ေဖာ္ျပခဲ့တာကေတာ့ သူတို႔ ညီအစ္ကို ဟာ လြန္ခဲ့တဲ့ ႏွစ္ ၄၀ တုန္းက ေမာ္ရိုကို ႏိုင္ငံကေန ဘယ္လ္ဂ်ီယံ ႏိုင္ငံအတြင္း ေျပာင္းေရႊ႕လာတဲ့ Omar ဆိုသူ ဆိုင္ပိုင္ရွင္တစ္ေယာက္ရဲ႕ သားေတြပဲ ျဖစ္ပါတယ္တဲ့။
( Mario )
#သစ္ထူးလြင္(ဗဟုသုတႏွင့္ထူးဆန္းေထြလာ)
#knowledge.thithtoolwin.com
Ref : Mirror
..............................................
ပါရီ အကြမ်းဖက် တိုက်ခိုက်မှု ကို နောက်ကွယ်က ကြိုးကိုင်ခဲ့တဲ့ ISIS အဖွဲ့ဝင် တစ်ဦးအကြောင်း
ပါရီ အကြမ်းဖက် တိုက်ခိုက်မှု ကို ဦးဆောင် ကြိုးကိုင်ခဲ့သူ အဖြစ် ယုံကြည်ထားခဲ့သူဟာ ISIS မဂ္ဂဇင်းဖြစ်တဲ့ Allah ကို ပြောပြခဲ့တာကတော့ သူအခုလို ကြိုးကိုင်သူ တစ်ယောက် အဖြစ် အရွေးချယ်ခံရခြင်းဟာ "မွတ်စလင်တွေအတွက် စစ်ပွဲတွေကို သယ်ဆောင်လာတဲ့ Crusader တွေကို အကြမ်းဖက် ဖို့အတွက်" လို့ ပြောပြခဲ့ပါတယ်။
အသက် ၂၇ နှစ်အရွယ် Abdelhami Abaaoud ဟာ ပြင်သစ်နိုင်ငံရဲ့ မြို့တော် ပါရီမှာရှိတဲ့ ဘောလုံးကွင်းတစ်ကွင်း ၊ ဖျော်ဖြေရေး ခန်းမ တစ်ခု နဲ့ စားသောက်ဆိုင်ပေါင်း များစွာ တို့ကို အသေခံ ဗုံးခွဲတိုက်ခိုက်မှု နဲ့ သေနတ်နဲ့ အကြမ်းဖက် ပစ်ခတ်မှုတို့ကို နောက်ကွယ်က ကြိုးကိုင် ခဲ့သူ ဖြစ်တယ်လို့ သတ်မှတ်ခံထားရသူပါ.
သူဟာ ဥရောပ တိုက်အတွင်းက အခြားနိုင်ငံတွေကိုလည်း တိုက်ခိုက်သွားဖို့ အစီအစဉ်ဆွဲထားပြီး ဖြစ်တယ်လို့ သံသယ ရှိခံနေရပါတယ်။ Abaaaoud ဟာ ဥရောပ ရဲ့ ဂျီဟတ်ဒီ မြို့ လို့တင်စားခေါ်ဝေါ်ခံရတဲ့ ဘယ်လ်ဂျီယံ နိုင်ငံ ၊ Brussels မြို့ ၊ Molenbeek ခရိုင်မှာနေထိုင်ကြီးပြင်းခဲ့သူဖြစ်ပါတယ်။ လက်ရှိမှာတော့ သူဟာ ဆီးရီးယား နိုင်ငံအတွင်း မှာနေထိုင်နေတယ်လို့ သိရပါတယ်။
သြဂုတ်လ တုန်းကလည်း ပြင်သစ်ပြည်တွင်းအမြန်ရထားကို တိုက်ခိုက်ခဲ့မှု နဲ့ ဇန်နဝါရီလတုန်းက ဘယ်လ်ဂျီယံ ရဲအရာရှိတွေကို တိုက်ခိုက်ခဲ့မှု တွေမှာလည်း Abaaoud က ပါ၀င်ပတ်သတ်နေတယ်လို့ သံသယရှိခံရသူပဲ ဖြစ်ပါတယ်။
"သူဟာ ဥရောပ တိုက်အတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှု တွေကို နောက်ကွယ်က ကြိုးကိုင်နေသူတစ်ယောက်ဖြစ်တယ်" လို့ Reuters သတင်းဌာနကို သတင်းအရင်းအမြစ်တစ်ဦးက ပြောပြခဲ့ပါတယ်။ သောကြာင်္နေ့က ဖြစ်ပွားခဲ့တဲ့ လူအယောက် ၁၂၉ ယောက် စတေးခဲ့ရတဲ့ ပါရီအကြမ်းဖက်တိုက်ခိုက်မှုကိုလည်း သူပဲ ဦးဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
Abaaoud ဟာ ၂၀၁၃ ခုနှစ်မှာ ဆီးရီးယားကို သူ့အစ်ကို ဖြစ်သူ Younes နဲ့အတူ ရောက်ရှိလာခဲ့ပြီး ထိုစဉ်က သူဟာ ၁၃ နှစ်သာ ရှိပါသေးတယ်။ ဘယ်လ်ဂျီယံ သတင်းဌာနက ဖော်ပြခဲ့တာကတော့ သူတို့ ညီအစ်ကို ဟာ လွန်ခဲ့တဲ့ နှစ် ၄၀ တုန်းက မော်ရိုကို နိုင်ငံကနေ ဘယ်လ်ဂျီယံ နိုင်ငံအတွင်း ပြောင်းရွှေ့လာတဲ့ Omar ဆိုသူ ဆိုင်ပိုင်ရှင်တစ်ယောက်ရဲ့ သားတွေပဲ ဖြစ်ပါတယ်တဲ့။
( Mario )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref : Mirror
ပါရီ အၾကမ္းဖက္ တိုက္ခိုက္မႈ ကို ေနာက္ကြယ္က ႀကိဳးကိုင္ခဲ့တဲ့ ISIS အဖြဲ႕၀င္ တစ္ဦးအေၾကာင္း
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
November 19, 2015
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
November 19, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment