Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, November 23, 2015

ISIS စစ္ဆင္ေရးတြင္ ၄င္းတုိ႔အေပၚ မည္သည့္အခါမွ် သနားညႇာတာသြားမည္ မဟုတ္ေၾကာင္း အုိဘားမား ေျပာၾကား


ကြာလာလမ္ပူ ၊ ၂၃-၁၁-၂၀၁၅

ကမၻာ့ျပည္သူ လူထုတစ္ရပ္လံုး က အၾကမ္းဖက္ သမားမ်ား အျဖစ္ သတ္မွတ္ကာ မည္သို႔မွ် လက္ခံႏိုင္စြမ္း မရွိေသာ ISIS အစၥလာမ္မစ္ စစ္ေသြးၾကြ အဖြဲ႕အေပၚ အေမရိကန္ ႏွင့္မဟာမိတ္ ႏုိင္ငံမ်ားက ျပဳလုပ္လ်က္ ရွိသည့္ စစ္ဆင္ေရး တြင္ ၄င္းတုိ႔အေပၚ မည္သည့္ အခါမွ် သနားညႇာတာ သြားမည္ မဟုတ္ေၾကာင္း အေမရိကန္ သမၼတ ဘားရက္ အုိဘားမား က ႏိုဝင္ဘာ ၂၂ ရက္တြင္ ကတိျပဳ ေျပာၾကား ထားသည္။

''ဖ်က္အားျပင္း လက္နက္ေတြ ကြၽန္ေတာ္တို႔ ဆီမွာ ရွိေနျခင္းရဲ႕အဓိပၸာယ္က သူတို႔ကုိ မည္သည့္ အခါမွ် အေလွ်ာ့ေပး သြားမွာ မဟုတ္ဘူးလုိ႔ ဆုိလုိျခင္း ျဖစ္ပါတယ္'' ဟု တူရကီႏွင့္ အာရွႏိုင္ငံ မ်ားသို႔ ကိုးရက္ၾကာ
အလည္အပတ္ ခရီးစဥ္ ေနာက္ဆံုးေန႔တြင္ အိုဘားမားက ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

ထို႔ျပင္ ၿပီးခဲ့သည့္လက ႐ုရွား ခရီးသည္တင္ ေလယာဥ္ကို ISIS အစၥလာမ္မစ္ စစ္ေသြးၾကြ တို႔ကဗံုးေထာင္ တုိက္ခိုက္ ခဲ့ၿပီးေနာက္ ႐ုရွားသမၼတ ဗလာဒီမာပူတင္ အေနျဖင့္ အေမရိကန္ ဦးေဆာင္ေသာ ISIS ေခ်မႈန္းေရး စစ္ဆင္ေရး တြင္ ပူးေပါင္း ပါဝင္သင့္ေၾကာင္း အိုဘားမား က တိုက္တြန္း ေျပာၾကား ထားသည္။

႐ုရွား အစိုးရသည္ ဆီးရီးယား ႏုိင္ငံအတြင္းရွိ ISIS အစၥလာမ္မစ္ စစ္ေသြးၾကြ မ်ားအား ေလေၾကာင္းမွ တိုက္ခိုက္မႈမ်ားကို ပိုမိုတိုးျမႇင့္ လုပ္ေဆာင္ေနစဥ္ ယင္း တိုက္ခိုက္မႈ မ်ားသည္ ဆီးရီးယား သမၼတ ဘာရွာအယ္လ္ အာဆတ္ အစိုးရကို တိုက္ခိုက္လ်က္ ရွိေသာ အတုိက္အခံ သူပုန္မ်ားကို ေခ်မႈန္းရန္ ရည္ရြယ္ျခင္း ျဖစ္ေၾကာင္း အိုဘားမား က ေျပာၾကား ထားသည္။

သမၼတ အိုဘားမား သည္ ႏိုဝင္ဘာ ၂၄ ရက္တြင္ အိမ္ျဖဴေတာ္၌ ျပင္သစ္ သမၼတ ဖရန္ဆြာေဟာ္လန္ဒ္ ႏွင့္ ေတြ႕ဆံု၍ ISIS အစၥလာမ္မစ္ စစ္ေသြးၾကြ အဖဲြ႕အေပၚ ႏုိင္ငံတကာမွ တိုက္ခိုက္မႈ မ်ားကို တိုးျမႇင့္ လုပ္ေဆာင္ရန္ ကိစၥရပ္မ်ားႏွင့္ ပတ္သက္၍ ေဆြးေႏြး သြားမည္ ျဖစ္သည္။ ထို႔ေနာက္ ေဟာ္လန္ဒ္ သည္ ႐ုရွားႏိုင္ငံ သို႔သြားေရာက္ကာ သမၼတပူတင္ႏွင့္ ေတြ႕ဆံု၍ ၄င္း အၾကမ္းဖက္ အဖဲြ႕အား ေခ်မႈန္းေရး အတြက္ ေဆြးေႏြးမႈမ်ား ျပဳလုပ္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

ျပင္သစ္ႏုိင္ငံ သည္ ႏိုဝင္ဘာ ၁၃ ရက္ညက ပဲရစ္ၿမိဳ႕ တစ္ဝန္း၌ ISIS အစၥလာမ္မစ္ စစ္ေသြးၾကြ မ်ား၏ အၾကမ္းဖက္ တိုက္ခိုက္မႈ မ်ားကို ခံခဲ့ရၿပီး ယင္း တိုက္ခိုက္ခံရမႈ အတြင္း ျပင္သစ္ျပည္သူ ၁၆ဝ ခန္႔ ေသဆံုးခဲ့ ရေၾကာင္း သိရသည္။

#PyiChitThar

.......................................................

ISIS စစ်ဆင်ရေးတွင် ၄င်းတို့အပေါ် မည်သည့်အခါမျှ သနားညှာတာသွားမည် မဟုတ်ကြောင်း အိုဘားမား ပြောကြား



ကွာလာလမ်ပူ ၊ ၂၃-၁၁-၂၀၁၅

ကမ္ဘာ့ပြည်သူ လူထုတစ်ရပ်လုံး က အကြမ်းဖက် သမားများ အဖြစ် သတ်မှတ်ကာ မည်သို့မျှ လက်ခံနိုင်စွမ်း မရှိသော ISIS အစ္စလာမ်မစ် စစ်သွေးကြွ အဖွဲ့အပေါ် အမေရိကန် နှင့်မဟာမိတ် နိုင်ငံများက ပြုလုပ်လျက် ရှိသည့် စစ်ဆင်ရေး တွင် ၄င်းတို့အပေါ် မည်သည့် အခါမျှ သနားညှာတာ သွားမည် မဟုတ်ကြောင်း အမေရိကန် သမ္မတ ဘားရက် အိုဘားမား က နိုဝင်ဘာ ၂၂ ရက်တွင် ကတိပြု ပြောကြား ထားသည်။

''ဖျက်အားပြင်း လက်နက်တွေ ကျွန်တော်တို့ ဆီမှာ ရှိနေခြင်းရဲ့အဓိပ္ပာယ်က သူတို့ကို မည်သည့် အခါမျှ အလျှော့ပေး သွားမှာ မဟုတ်ဘူးလို့ ဆိုလိုခြင်း ဖြစ်ပါတယ်'' ဟု တူရကီနှင့် အာရှနိုင်ငံ များသို့ ကိုးရက်ကြာ
အလည်အပတ် ခရီးစဉ် နောက်ဆုံးနေ့တွင် အိုဘားမားက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ပြီးခဲ့သည့်လက ရုရှား ခရီးသည်တင် လေယာဉ်ကို ISIS အစ္စလာမ်မစ် စစ်သွေးကြွ တို့ကဗုံးထောင် တိုက်ခိုက် ခဲ့ပြီးနောက် ရုရှားသမ္မတ ဗလာဒီမာပူတင် အနေဖြင့် အမေရိကန် ဦးဆောင်သော ISIS ချေမှုန်းရေး စစ်ဆင်ရေး တွင် ပူးပေါင်း ပါဝင်သင့်ကြောင်း အိုဘားမား က တိုက်တွန်း ပြောကြား ထားသည်။

ရုရှား အစိုးရသည် ဆီးရီးယား နိုင်ငံအတွင်းရှိ ISIS အစ္စလာမ်မစ် စစ်သွေးကြွ များအား လေကြောင်းမှ တိုက်ခိုက်မှုများကို ပိုမိုတိုးမြှင့် လုပ်ဆောင်နေစဉ် ယင်း တိုက်ခိုက်မှု များသည် ဆီးရီးယား သမ္မတ ဘာရှာအယ်လ် အာဆတ် အစိုးရကို တိုက်ခိုက်လျက် ရှိသော အတိုက်အခံ သူပုန်များကို ချေမှုန်းရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း အိုဘားမား က ပြောကြား ထားသည်။

သမ္မတ အိုဘားမား သည် နိုဝင်ဘာ ၂၄ ရက်တွင် အိမ်ဖြူတော်၌ ပြင်သစ် သမ္မတ ဖရန်ဆွာဟော်လန်ဒ် နှင့် တွေ့ဆုံ၍ ISIS အစ္စလာမ်မစ် စစ်သွေးကြွ အဖွဲ့အပေါ် နိုင်ငံတကာမှ တိုက်ခိုက်မှု များကို တိုးမြှင့် လုပ်ဆောင်ရန် ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေး သွားမည် ဖြစ်သည်။ ထို့နောက် ဟော်လန်ဒ် သည် ရုရှားနိုင်ငံ သို့သွားရောက်ကာ သမ္မတပူတင်နှင့် တွေ့ဆုံ၍ ၄င်း အကြမ်းဖက် အဖွဲ့အား ချေမှုန်းရေး အတွက် ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ပြင်သစ်နိုင်ငံ သည် နိုဝင်ဘာ ၁၃ ရက်ညက ပဲရစ်မြို့ တစ်ဝန်း၌ ISIS အစ္စလာမ်မစ် စစ်သွေးကြွ များ၏ အကြမ်းဖက် တိုက်ခိုက်မှု များကို ခံခဲ့ရပြီး ယင်း တိုက်ခိုက်ခံရမှု အတွင်း ပြင်သစ်ပြည်သူ ၁၆ဝ ခန့် သေဆုံးခဲ့ ရကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment