Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, November 21, 2015

အာဖဂန္နစၥတန္ႏုိင္ငံ အတြင္းရွိ မ်ိဳးႏြယ္စု၀င္ ၂၀ ဦးကုိ ISIS စစ္ေသြးၾကြမ်ား ဖမ္းဆီး ျပန္ေပးဆဲြ

ကဘူးလ္ ၊ ၂၂-၁၁-၂၀၁၅

ISIS အစၥလာမ္မစ္ စစ္ေသြးၾကြ မ်ားသည္ အာဖဂန္နစၥတန္ ႏုိင္ငံအတြင္းရွိ မ်ဳိးႏြယ္စုဝင္၂ဝ ဦးကုိ ယမန္ေန႔တြင္ ဖမ္းဆီး ျပန္ေပးဆြဲ သြားခဲ့ေၾကာင္း ယင္း ႏုိင္ငံ အာဏာပုိင္မ်ား၏ ထုတ္ျပန္ခ်က္ အရ သိရသည္။

ISIS အစၥလာမ္မစ္ စစ္ေသြးၾကြ မ်ားသည္ ရွီးယုိက္ မ်ဳိးႏြယ္စုဝင္ မ်ားကုိ ကဘူးလ္ၿမိဳ႕ ေတာ္ႏွင့္ ႏုိင္ငံေတာင္ပုိင္း ကန္ဒါဟာ ျပည္နယ္သုိ႔ ဆက္သြယ္ ေဖာက္လုပ္ ထားသည့္ အေဝးေျပး လမ္းမႀကီး တစ္ေနရာရွိ ဘတ္စ္ကား တစ္စီးေပၚမွ ဖမ္းဆီး ျပန္ေပးဆြဲ သြားခဲ့ျခင္း ျဖစ္သည္။ ဖမ္းဆီး ျပန္ေပးဆြဲ ခံရသူမ်ားသည္ ဟာဇာရာ မ်ဳိးႏြယ္စု အဖြဲ႕မွ ျဖစ္ၿပီး ယခုကဲ့သုိ႔ ဖမ္းဆီး ျပန္ေပးဆြဲ ခံရမႈေၾကာင့္ ေဒသအတြင္း၌ ထိတ္လန္႔ တုန္လႈပ္မႈမ်ား ျဖစ္ပြား ခဲ့ရေၾကာင္း သိရသည္။

ယခုအခါ အဆုိပါ ဓားစာခံမ်ားကုိ ျပန္လည္ ကယ္ဆယ္ႏုိင္ေရး အတြက္ အာဖဂန္ အစိုးရက အျပင္းအထန္ ႀကိဳးပမ္းလ်က္ ရွိေၾကာင္း အာဏာပုိင္ အဖြဲ႕က ေျပာၾကားခဲ့သည္။

အာဖဂန္နစၥတန္ ႏုိင္ငံအတြင္း ရွိ ရွီးယုိက္ မ်ဳိးႏြယ္စု မ်ားမွာ အၾကမ္းဖက္ တုိက္ခုိက္မႈ အႏၲရာယ္ကုိ မၾကာခဏ ရင္ဆုိင္ႀကံဳေတြ႕ ရလ်က္ရွိၿပီး ယခုႏွစ္ အေစာပုိင္း ကလည္း ရွီးယုိက္ မ်ဳိးႏြယ္စုဝင္ အမ်ဳိးသား ေလးဦး၊ အမ်ဳိးသမီး ႏွစ္ဦး ႏွင့္ ကေလးငယ္ တစ္ဦးတုိ႔သည္ ႏိုင္ငံေတာင္ပုိင္း ဇာဘူးလ္ျပည္နယ္ အတြင္း၌ ေခါင္းျဖတ္ သတ္ျဖတ္ျခင္း ခံထား ရေၾကာင္းကုိ အာဏာပုိင္ မ်ားက ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။

#PyiChitThar
..........................
အာဖဂန်နစ္စတန်နိုင်ငံ အတွင်းရှိ မျိုးနွယ်စုဝင် ၂၀ ဦးကို ISIS စစ်သွေးကြွများ ဖမ်းဆီး ပြန်ပေးဆွဲ

ကဘူးလ် ၊ ၂၂-၁၁-၂၀၁၅

ISIS အစ္စလာမ်မစ် စစ်သွေးကြွ များသည် အာဖဂန်နစ္စတန် နိုင်ငံအတွင်းရှိ မျိုးနွယ်စုဝင်၂ဝ ဦးကို ယမန်နေ့တွင် ဖမ်းဆီး ပြန်ပေးဆွဲ သွားခဲ့ကြောင်း ယင်း နိုင်ငံ အာဏာပိုင်များ၏ ထုတ်ပြန်ချက် အရ သိရသည်။

ISIS အစ္စလာမ်မစ် စစ်သွေးကြွ များသည် ရှီးယိုက် မျိုးနွယ်စုဝင် များကို ကဘူးလ်မြို့ တော်နှင့် နိုင်ငံတောင်ပိုင်း ကန်ဒါဟာ ပြည်နယ်သို့ ဆက်သွယ် ဖောက်လုပ် ထားသည့် အဝေးပြေး လမ်းမကြီး တစ်နေရာရှိ ဘတ်စ်ကား တစ်စီးပေါ်မှ ဖမ်းဆီး ပြန်ပေးဆွဲ သွားခဲ့ခြင်း ဖြစ်သည်။ ဖမ်းဆီး ပြန်ပေးဆွဲ ခံရသူများသည် ဟာဇာရာ မျိုးနွယ်စု အဖွဲ့မှ ဖြစ်ပြီး ယခုကဲ့သို့ ဖမ်းဆီး ပြန်ပေးဆွဲ ခံရမှုကြောင့် ဒေသအတွင်း၌ ထိတ်လန့် တုန်လှုပ်မှုများ ဖြစ်ပွား ခဲ့ရကြောင်း သိရသည်။

ယခုအခါ အဆိုပါ ဓားစာခံများကို ပြန်လည် ကယ်ဆယ်နိုင်ရေး အတွက် အာဖဂန် အစိုးရက အပြင်းအထန် ကြိုးပမ်းလျက် ရှိကြောင်း အာဏာပိုင် အဖွဲ့က ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန် နိုင်ငံအတွင်း ရှိ ရှီးယိုက် မျိုးနွယ်စု များမှာ အကြမ်းဖက် တိုက်ခိုက်မှု အန္တရာယ်ကို မကြာခဏ ရင်ဆိုင်ကြုံတွေ့ ရလျက်ရှိပြီး ယခုနှစ် အစောပိုင်း ကလည်း ရှီးယိုက် မျိုးနွယ်စုဝင် အမျိုးသား လေးဦး၊ အမျိုးသမီး နှစ်ဦး နှင့် ကလေးငယ် တစ်ဦးတို့သည် နိုင်ငံတောင်ပိုင်း ဇာဘူးလ်ပြည်နယ် အတွင်း၌ ခေါင်းဖြတ် သတ်ဖြတ်ခြင်း ခံထား ရကြောင်းကို အာဏာပိုင် များက တွေ့ရှိခဲ့ကြောင်း သိရသည်။

#PyiChitThar
You might also l

No comments:

Post a Comment