Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, November 13, 2015

ဒီနေ့ သဘောကျတဲ့ နိုင်ငံရေး ဟာသ(ဘူးလက်လှဆွေအကြောင်း)

ဦးလှဆွေတစ်ယောက် ဂန့်ဂေါမြို့. ထဲလျောက်ကြည့်လေ့လာနေသတဲ့
တစ်နေရာရောက်တော့ ကလေးတစ်ယောက်အိမ်ရှေ့မြေကွက်လပ်မှာ နောက်ဆုံးပေါ်ရီမုကွန်ထရိုးကား နဲ့ဆော့နေတာတွေ့တယ်
"ဟေ့ ကောင်လေး မင်းဘာလုပ်နေတာတုန်း"

"နောက်ဆုံးပေါ်ရီမုကွန်ထရိုးကားနဲ့ဆော့နေတာလေ "
"မင်းအဖေရော"
"အဖေက ဆိုင်ကယ်အသစ်စီးပြီး အလုပ်ကိုသွားပြီ ... "
"အမေကရော "
"ဆိုင်ကယ်အသစ်နောက်တစ်စီးနဲ့ ဈေးသွားတယ်"
"ဒါဆိုအိမ်မှာဘယ်သူမှမရှိကြဘူးလား "
"ရှိတာပေါ့ ဦးလေးရဲ့ ..... ဒေါ်လေး က အိမ်ထဲမှာ ကိုကာကိုလာသောက်ရင်း LED TV အသစ်နဲ့ စကိုင်းနက်ကြည့်နေတယ်....

မမကတော့ အိပ်ခန်းထဲမှာ အဲကွန်းဖွင့်ပြီး နောက်ဆုံးပေါ်ဟန်းဆက်နဲ့ အင်တာနက်သုံးနေမယ်ထင်တယ် ...ပြီးရင် တော့ အကောင်းစားခေါင်းလျော်ရည်နဲ့ ခေါင်းလျော်မယ်....တဲ့

သားလည်းခဏကစားပြီးရင် အကောင်းစားဆပ်ပြာတုံးနဲ့ရေချိုးမလို့ "
ဦးလှဆွေအင်မတန်သဘောကျသွားပြီး ပြုံးပြုံးကြီးနဲ့ခေါင်းတငြိမ့်ငြိမ့်လုပ်တယ်

ပြီးမှ ကလေးကို

" သားသား ဦးကိုသိသလားကွ"
"ဟင့်အင်းမသိဘူးလေ"
" အေး .... ငါက မင်းတို့ခုလိုနေနိုင်စားနိုင်အောင် လုပ်ပေးနေတဲ့ သူပဲကွ မှတ်ထား"
အဲ့လိုပြောလိုက်တယ်ဆိုရင်ပဲ ကလေးက အိမ်ဘက်ကိုလှညိ့ပြီးအားရပါးရကုန်းအော်တယ်

" ဒေါ်လေးရေ စင်ကာပူမှာ အလုပ်သွားလုပ်နေတဲ့ ဦးလေး ပြန်လာပြီ"
တဲ့လေ

ကဲ

(ဆရာမောင်ကောင်းထိုက် ၏ ဆိုဗီယက်လက်ထက် ကရူးယှက် ၏ဟာသတစ်ခုအား အနည်းငယ်ပြုပြင်ရေးသားပါသည်)
Creditးးး Aung Kyaw Moe (Facebook )
ချမ်း အေး ဇော်'s photo

No comments:

Post a Comment