Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, November 18, 2015

စစ္ဗုိလ္ခ်ဳပ္ေဟာင္းတစ္ဦးကို အလဲထုိးခဲ့သည့္ ကဗ်ာဆရာ



Byထားထားျမင့္On  Wed, 2015-11-18 14:51Issue No.

ဦးရည္မြန္ (ကဗ်ာဆရာေမာင္တင္သစ္) ကို ၎း၏ က်ည္ေတာင္ကန္ေက်းရြာရွိ ၎း၏ေနအိမ္တြင္ေတြ႕ရစဥ္။ ဓာတ္ပုံ - နယူးေယာက္တိုင္းမ္
သည္ျဖစ္ရပ္သည္ ကဗ်ာဆရာတစ္ဦးႏွင့္ စစ္သားတစ္ဦးတို႔ ရင္ဆုိင္ထိပ္တိုက္ေတြ႕ၾကသည့္ပြဲတစ္ခုျဖစ္၍ ကဗ်ာဆရာက အႏုိင္ရခဲ့သည္။

ျပႆနာအေတာ္မ်ားမ်ားရွိ ေနသည့္ ျမန္မာႏိုင္ငံ၏ ဒီမိုကေရ စီလႈပ္ရွားမႈ ေအာင္ပြဲျဖစ္ေသာ ေရြးေကာက္ပြဲက ရင္ခုန္စရာေရြး ေကာက္ပြဲရလဒ္မ်ားတြင္ ကဗ်ာ ဆရာႏိုင္ငံေရး အက်ဥ္းသား ေဟာင္း ဦးရည္မြန္ (ေမာင္တင္ သစ္) အႏိုင္ရခဲ့သကဲ့သို႔ေသာ ေျပာစမွတ္ျပဳရမည့္ ေအာင္ျမင္မႈမ်ဳိးက ရွိလိမ့္မည္မထင္ေပ။

ေရြးေကာက္ပြဲ ကိုယ္စားလွယ္ေလာင္းမ်ားတြင္ အင္အားအသာဆံုး၊ လြန္ခဲ့သည့္လ အနည္းငယ္ကမွ ႏိုင္ငံ၏ကာကြယ္ေရးဝန္ႀကီးျဖစ္ခဲ့သူ အၿငိမ္းစား  စစ္ဗိုလ္ခ်ဳပ္တစ္ဦးကို အမ်ဳိးသားဒီမုိကေရစီအဖြဲ႕ခ်ဳပ္ ကိုယ္စားလွယ္ေလာင္း ဦးရည္မြန္(ေမာင္တင္သစ္)ကအႏိုင္ရခဲ့ျခင္းျဖစ္၏။

ဦးရည္မြန္ (ေမာင္တင္သစ္) အႏုိင္ရခဲ့သည့္ ေရြးေကာက္ပြဲသည္ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္ ေသာ အမ်ဳိးသားဒီမိုကေရစီအဖြဲ႕ ခ်ဳပ္၏ ႏိုဝင္ဘာ ၈ ရက္ေရြး ေကာက္ပြဲအျပတ္အသတ္ ေအာင္ပြဲခံမႈ၏ တစ္စိတ္တစ္ပိုင္းျဖစ္ သည္။ သည္တစ္ပတ္စေနေန႔ ေရြးေကာက္ပြဲရလဒ္ေၾကညာမႈအရ စစ္တပ္ေနာက္ခံ ျပည္ခိုင္ၿဖိဳးပါတီက လႊတ္ေတာ္ထဲမွာ ၄၂ ေနရာသာရေနခ်ိန္တြင္ အမ်ဳိးသားဒီမုိကေရစီအဖြဲ႕ခ်ဳပ္က အမတ္ေနရာ ၃၈၇ ေနရာရရွိထားသည္။

‘‘မဲတစ္ျပားက က်ည္ဆန္ ထက္ျပင္းပါတယ္’’ဟု ေဒသခံ အိမ္ရွင္တစ္ဦးက ေရြးေကာက္ပြဲ လႈပ္ရွားမႈဌာနခ်ဳပ္အျဖစ္ အသံုးျပဳခြင့္ေပးထားေသာ ကိုလိုနီ အေဆာက္အအံုႀကီးထဲတြင္ ထုိင္ ေနသူ ဦးရည္မြန္(ေမာင္တင္သစ္) ကဆိုသည္။

ေရြးေကာက္ပြဲေၾကာင့္ စိတ္ ထိခိုက္ရသူအာဏာရွိသူလူတန္း စားမ်ား အေရအတြက္ရာခ်ီရွိခဲ့ သည္။ သို႔ေသာ္ ဦးရည္မြန္ (ေမာင္တင္သစ္)ကေတာ့ သည္ အခ်က္ကို သံသယရွိေနသည္။ ျမန္မာႏိုင္ငံ၏ၿမိဳ႕ေတာ္ ေနျပည္ ေတာ္၏ တစ္စိတ္တစ္ပိုင္းျဖစ္ သည့္ သူတို႔ပုဗၺသီရီၿမိဳ႕နယ္မွာ စစ္သား ၇,၀၀၀ ေက်ာ္ႏွင့္ရဲအရာ ရွိ ၂,၀၀၀ တို႔က ေဒသခံအျဖစ္ရွိ ေနၾကသည္။ သူတို႔သည္ ကာ ကြယ္ေရးဝန္ႀကီးေဟာင္း ဦးေဝ လြင္ကိုသာ မဲေပးမည့္သူမ်ားဟု ယူဆစရာ ရွိသည္။

သို႔ေသာ္ မဲမ်ားစတင္ေရ တြက္သည့္အခ်ိန္တြင္ ဦးရည္မြန္ (ေမာင္တင္သစ္)သတိထားမိသည္က မဲ႐ံုမ်ားသည္ စစ္တန္းလ်ားႏွင့္ ရဲတန္းလ်ားမ်ား၏ အျပင္ဘက္တြင္ရွိေနျခင္းက သူတို႔ကိုအားေပးသည့္အရာတစ္ခုျဖစ္လာျခင္းပင္။ မဲစာရင္းမွာ ဦးရည္မြန္(ေမာင္တင္သစ္)က ၂၇,၃၂၁ မဲရခဲ့ၿပီး ဦးေဝလြင္ထက္ ၁၇၆ မဲအသာျဖင့္ ႏွာတစ္ဖ်ားသာကာ သူ႔ကိုေအာင္ႏိုင္ခြင့္ေပးလိုက္ပါသည္။

 သို႔ေသာ္ သည္ေနရာမွာ ဇာတ္လမ္းကမၿပီးေသးပါ။ သူ၏ ၿပိဳင္ဘက္ ဗိုလ္ခ်ဳပ္ႀကီး (ၿငိမ္း)ဦးေဝလြင္က ေရြးေကာက္ပြဲ ေကာ္မရွင္ဥကၠ႒ကို မဲမ်ားျပန္လည္ ေရတြက္ရန္ ေတာင္းဆိုိခဲ့၏။

သည္အခါတြင္ေတာ့ ဦးရည္မြန္ (ေမာင္တင္သစ္)၏ စိုးရိမ္စိတ္က ငယ္ထိပ္သို႔ ေရာက္ခဲ့သည္။ သူ႔ကို ေရွ႕ေနႏွစ္ေယာက္က အကူအညီေပးခဲ့သည္။ ျမန္မာႏိုင္ငံ ေရြးေကာက္ပြဲဥပေဒအရ ၿပိဳင္ ဘက္ႏွစ္ဦး မဲအေရအတြက္ အတူတူျဖစ္ေနျခင္းမရွိဘဲ ျပန္လည္ေရတြက္ခြင့္မရွိဟု သူတို႔က ဦးရည္မြန္(ေမာင္တင္သစ္) ဘက္ကေန ေျပာၾကားခဲ့သည္။

ေကာ္မရွင္၏ ဆံုးျဖတ္ခ်က္ ကို နာရီေပါင္းမ်ားစြာ ေစာင့္ေနခဲ့ ရသည္။ ၾကည့္ရသည္မွာ ေရြး ေကာက္ပြဲေကာ္မရွင္ကို ျပန္လည္ ေရတြက္ခိုင္းမည့္ပံုစံရွိသည္။ ထုိ႔ ေနာက္မွာေတာ့ ဆံုးျဖတ္ခ်က္ကုိ ေကာ္မရွင္က ေၾကညာခဲ့သည္။ လက္ရွိရလဒ္သာ ေနာက္ဆံုး အတည္ပဲျဖစ္ခဲ့သည္။

ဦးရည္မြန္(ေမာင္တင္သစ္) ကို ေထာက္ခံအားေပးသူမ်ားက ကဗ်ာဆရာ၏ တရားစီရင္မႈဟု ေျပာေကာင္းေျပာၾကေပမည္။

အသက္ (၄၉)ႏွစ္ရွိ ဦးရည္ မြန္(ေခၚ) ေမာင္တင္သစ္ အက်ဥ္းေထာင္ကေန လႊတ္ေတာ္ဆီသို႔ ေရာက္ရွိလာသည့္အျဖစ္က ခရီး လမ္းရွည္ႀကီးျဖစ္၏။ ၁၉၈၈ အ ေရးေတာ္ပံုေၾကာင့္ သူက ေဆးေက်ာင္းကို တစ္ဝက္တစ္ပ်က္ျဖင့္ ထြက္ခဲ့ရသည္။ ဒီမိုကေရစီအေရး အခင္းတြင္ ပါဝင္ခဲ့ၿပီး အျခား ေထာင္ႏွင့္ခ်ီသည့္ ေက်ာင္းသား လႈပ္ရွားသူမ်ားႏွင့္အတူ အဖမ္းခံ ခဲ့ရၿပီး ေထာင္အတြင္း ခုနစ္ႏွစ္ခန္႔ ေနခဲ့ရသည္။

သူက အႏုအရြအလွအပ ခ်ည္းခံစားသူေတာ့မဟုတ္။ ျမန္မာႏိုင္ငံ၏ အေရးပါေသာ သဘာဝအရင္းအျမစ္မ်ားကို မွန္ကန္စြာအသံုးခ်ဖို႔အေရး ေလ့လာၿပီး  ၿပီးခဲ့သည့္ငါးႏွစ္အတြင္း သဘာဝပတ္ဝန္းက်င္လႈပ္ရွားသူတစ္ဦးအျဖစ္ လႈပ္ရွားေဆာင္ရြက္ ခဲ့သည္။

သူက စကားေျပာေကာင္းသူ တစ္ဦးျဖစ္ၿပီး ဗိုလ္ခ်ဳပ္တစ္ဦးကိုေက်ာ္လြန္ကာ မဲဆႏၵရွင္မ်ားက သူ႔ကို ေရြးခ်ယ္သည့္အေၾကာင္းကို သူကေျပာျပသည္။

‘‘လူသားဂုဏ္သိကၡာေတြ မရွိေတာ့တာ အႏွစ္ငါးဆယ္ရွိၿပီ။ သူတို႔က ဒါကိုျပန္လိုခ်င္လို႔ပါဗ်ာ’’ဟု တစ္ႏိုင္ငံလံုးတြင္ ကဗ်ာဆရာဆယ္ဦးခန္႔က အမ်ဳိးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ကိုယ္စားလွယ္ေလာင္းမ်ားအျဖစ္ မွတ္ပံုတင္ခဲ့သည္။ ပါတီေခါင္းေဆာင္ပိုင္းက အလြန္ကြဲျပားျခားနားသည့္ေနာက္ခံရွိေသာ ကိုယ္စားလွယ္ေလာင္းမ်ားျဖင့္ ဖြဲ႕စည္းထားသည္။ သူတို႔ထဲမွာ လယ္သမား ၅၄ဦး၊ ေက်ာင္းဆရာ ၂၂ ဦး၊ေစ်းေရာင္းသူ ၄၃ ဦး၊ ဆရာဝန္ ၃၃ ဦး၊ အုပ္ခ်ဳပ္သူေလးဦး၊ အလုပ္မလုပ္ဘဲေနသူေလးဦး၊ သတင္းစာပို႔သူႏွစ္ဦး၊ ေရလုပ္ငန္းလုပ္ ကိုင္သူတစ္ဦး၊ ေန႔ပိုင္းလုပ္သားတစ္ဦး၊ ေရခဲစက္ပိုင္ရွင္တစ္ဦး၊ ပန္းထိမ္ဆရာတစ္ဦးႏွင့္ ပန္းခ်ီဆရာတစ္ဦးတို႔ ပါဝင္သည္။

ပါတီဝင္ ၁၃ ဦးကသာ သူတုိ႔၏ အလုပ္အကိုင္ကို ႏိုင္ငံေရးသမားဟု ေရြးေကာက္ပြဲေကာ္မရွင္ဆီမွာ မွတ္ပံုတင္ခဲ့သည္။ တကယ္တမ္းတြင္ ကဗ်ာဆရာကေန ႏိုင္ငံေရးသမားျဖစ္လာျခင္းက သိပ္အဆန္းတၾကယ္ေတာ့ မဟုတ္ဟု ဦးရည္မြန္ (ေမာင္တင္သစ္)က ရွင္းျပခဲ့သည္။

ျမန္မာျပည္တြင္ ႏိုင္ငံေရးႏွင့္ ကဗ်ာစာေပအၾကားမွာ ခုိင္မာ သည့္ ဆက္သြယ္မႈရွိခဲ့သည္။ တိုင္းျပည္မွာ ေရးသားထုတ္ေဝသမွ်ကို ဖုန္းစာအုပ္ကအစ စစ္အစိုးရက စိစစ္ျဖတ္ေတာက္သည့္ စစ္အုပ္ ခ်ဳပ္ေရးကာလ အႏွစ္ ၅၀ အတြင္းမွာ ကဗ်ာလကၤာေတြက မရွိမျဖစ္ အေရးပါေသာ အရာတစ္ခုျဖစ္ခဲ့ သည္။

‘‘ကြၽန္ေတာ္တို႔ ဆုိလုိခ်င္တဲ့ အဓိပၸာယ္ကို တိမ္ျမဳပ္ၿပီး ကြၽန္ ေတာ္တို႔ ကဗ်ာေတြ စီကံုးခဲ့ၾကတယ္’’

၂၀၁၁ မွာ အာဏာရလာ သည့္ လက္ရွိျမန္မာအစိုးရသည္ စာေပစိစစ္ေရးအဖြဲ႕ကို ပယ္ဖ်က္ ခဲ့ပါသည္။ သို႔ေသာ္လည္း ဦးရည္ မြန္ (ေမာင္တင္သစ္)သည္ သူ၏ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာမွာ တင္ ထားသည့္ ကာရန္ကဗ်ာေတြကို မၾကာခဏ ေရးဖြဲ႕ျဖစ္ေနတုန္းပင္။

သူက ေလာေလာလတ္ လတ္ကဗ်ာတစ္ပုဒ္ျဖစ္သည့္ ဒီမုိကေရစီဆႏၵကဗ်ာကို ေရြးေကာက္ပြဲမဲဆြယ္လႈပ္ရွားေရး ကာလအတြင္းက ေရးဖြဲ႕ခဲ့ျခင္း ျဖစ္သည္။

ဒီည

လဟာ တစ္စင္းတည္းပါလား

ငါေမ့သြားေလာက္ေအာင္

ညဟာ လွလြန္းေတာ့

အိမ္အမိုးအားလံုးအေပၚ

ဒီည လျပည့္ပါေစေၾကာင္း

မေတာင္းဘဲ ဒီဆုျပည့္ခဲ့ေပါ့။

ဦးရည္မြန္(ေမာင္တင္သစ္) ၏ ပုဗၺသီရိၿမိဳ႕နယ္ က်ည္ေတာင္ ကန္ေဒသသည္ တစ္ခ်ိန္က ႀကံ ခင္းႀကီးမ်ားႏွင့္ စပါးခင္းမ်ားျဖင့္ လႊမ္းမိုးဝန္းရံထားေသာ အရပ္ ေဒသတစ္ခုျဖစ္ခဲ့သည္။ သို႔ေသာ္ လြန္ခဲ့ေသာ ဆယ္ႏွစ္ေက်ာ္က
ေနျပည္ေတာ္ကို တည္ေထာင္ရာ တြင္ စစ္အစိုးရက လယ္ယာေျမ မ်ားကို သိမ္းယူၿပီး လယ္သမား မိသားစုမ်ားကို ဖယ္ရွားခဲ့သည္။ ထုိလယ္သမားမ်ားသည္ ဦးရည္မြန္(ေမာင္တင္သစ္)ကို ေထာက္ခံသူမ်ားထဲမွာပါဝင္ၿပီး သူတို႔၏ လယ္ယာေျမပိုင္ဆုိင္မႈကို ကူညီရန္ အတိုက္အခံကို အားေပးျခင္းျဖစ္သည္။

ၿပီးခဲ့သည့္ သီတင္းပတ္က ေမာင္တင္သစ္ ၿမိဳ႕ထဲ  ေလွ်ာက္သြားေသာအခါ ၿမိဳ႕ခံေတြက သူ႔ကိုေအာ္ဟစ္ဂုဏ္ျပဳခဲ့ၾက၏။ လမ္းေဘးမွာ ကုန္စိမ္းေရာင္းေနေသာ အမ်ဳိးသမီးမ်ားက လိႈက္လိႈက္လွဲလွဲၿပံဳးျပၾကသည္။
ေမာ္ေတာ္ဆိုင္ကယ္ စီးလာေသာ ေဆာက္လုပ္ေရးသမားတစ္ဦးက သူ႔ကိုဂုဏ္ျပဳစကားဆို ေပြ႕ဖက္ဖို႔ ဆုိင္ကယ္ကို ခ်က္ခ်င္းရပ္လိုက္သည္။ ထုိအလုပ္သမားက သူ႔ကိုဂုဏ္ျပဳစကားဆုိေနစဥ္မွာ မ်က္ရည္ေတြက သူ၏ဘယ္ဘက္မ်က္လံုးအိမ္ကေန စီးလာၿပီး ပါးျပင္ေပၚသို႔ လိမ့္ဆင္းလာ၏။ ထုိလူက ဦးရည္မြန္(ေမာင္တင္သစ္)၏ ေအာင္ပြဲကို တစ္ေန႔ကမွ သိခဲ့သူျဖစ္၏။

‘‘မေန႔ကအထိ ေပ်ာ္တယ္ဆုိ တာ ကြၽန္ေတာ္ ဘာမွန္းမသိခဲ့ ဘူး။ ကြၽန္ေတာ္ေပးခဲ့တဲ့မဲ အခုလို အရာေရာက္တယ္ဆိုတာ သိရေတာ့ ေပ်ာ္လိုက္တာဗ်ာ’’

ျမန္မာႏိုင္ငံက လူအမ်ားစုလိုပင္ ဦးရည္မြန္(ေမာင္တင္သစ္) တို႔၏ ၿမိဳ႕ခံေတြကလည္း ဆင္းရဲမြဲ ေတမႈကို သူတို႔၏ အဓိကျပႆ နာအျဖစ္ ႐ႈျမင္ၾကသည္။ အနည္းဆံုး သူတို႔ၿမိဳ႕ခံ ၄၀ ရာခိုင္ႏႈန္းခန္႔မွာ အလုပ္လက္မဲ့ႏွင့္ ပံုမွန္ အလုပ္မရွိသူမ်ား ျဖစ္ၾကသည္ဟု သူကခန္႔မွန္းသည္။

သို႔ေသာ္လည္း ကာကြယ္ ေရးဝန္ႀကီးေဟာင္း ဦးေဝလြင္အတြက္ေတာ့ သည္ေလာက္ဆင္းရဲမႈက ျပႆနာမဟုတ္ပါ။ သူက ေနျပည္ေတာ္က အိမ္ႀကီးအိမ္ ေကာင္းေတြရွိသည့္ လူေနရပ္ ကြက္ထဲက သံုးထပ္အိမ္ႀကီး တစ္ အိမ္မွာ
ေနထိုင္သည္။ သူ႔အိမ္ကို အုတ္တံတိုင္းအျမင့္ႀကီး ကာရံ ထားၿပီး ၿခံစည္း႐ုိးဂိတ္အေပၚမွာ သံဆူးႀကိဳးေတြကို ပတ္ေခြၿပီးကာ ထားသည္။ အိမ္အဝင္ကားလမ္း မွာေတာ့ တိုယိုတာလန္ခ႐ူဇာ ကားတစ္စီးက ရပ္လ်က္သား။

ဦးေဝလြင္ႏွင့္ ေတြ႕ဆံုေမး ျမန္းခန္းမွာ ေရြးေကာက္ပြဲတြင္ သူ ႐ံႈးခဲ့သည့္အတြက္ စိတ္မေကာင္း ျဖစ္ပါသည္ဟုဆိုသည္။ သို႔ေသာ္ လည္း သူ႔အ႐ံႈးကို ဝန္ခံေျပာၾကား ခဲ့သည္။ မဲေတြကို ျပန္ေရတြက္ဖို႔ သူကေတာင္းဆို
ခဲ့ေၾကာင္းလည္း ဦးေဝလြင္က အတည္ျပဳသည္။ သို႔ေသာ္ ေရြးေကာက္ပြဲေကာ္မရွင္ ဥကၠ႒ကိုမူ သူ ဘယ္တုန္းကမွ တုိက္႐ိုက္မဆက္သြယ္ခဲ့ဟု ေျပာ သည္။

‘‘ကြၽန္ေတာ္စိတ္မဆိုးပါဘူး။ ကြၽန္ေတာ္ မဲျပန္ေရခိုင္းတာကို ဥပေဒနဲ႔အညီ သူတုိ႔က ျငင္းပယ္ခဲ့ ၾကတာပဲ’’

သူက လက္ကိုင္ဖုန္းႏွစ္လံုး ကိုကိုင္ထားၿပီး ႐ိုးလက္စ္နာရီကို လက္မွာပတ္ထား၏။ ႀကီးမားေသာ ျမႀကီးတစ္လံုးကို စိန္မ်ား ျဖင့္ ျခယ္ထားသည့္ ေရႊလက္စြပ္ တစ္ကြင္းကိုလည္း ဝတ္ဆင္ထားသည္။

‘‘စစ္သားေတြနဲ႔ ရဲသားေတြ ရဲ႕မဲေတြအားလံုးကို ကြၽန္ေတာ္ ရခဲ့တယ္လို႔ ထင္ပါတယ္။ ကြၽန္ ေတာ္ ႐ံႈးသြားတာကေတာ့ လူထုရဲ႕မဲပါ’’

(နယူးေယာက္တိုင္းမ္သတင္းစာပါ Apoet's Election Victory Over a Former General Speaks of a New Myanmar ကို ေဆာင္းပါးရွင္ Thomas Fuller ကေရးသားၿပီး ေနျပည္ေတာ္မွ Adam Dean ႏွင့္ Saw Nang ၊ ရန္ကုန္မွ အိမ့္သီရိသူတို႔က အားျဖည့္ကူညီထားသည္။ အဆုိပါေဆာင္းပါးကို ထားထားျမင့္ ဘာသာျပန္ပါသည္။)
7DayDaily
......................................
စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးကို အလဲထိုးခဲ့သည့် ကဗျာဆရာ

Byထားထားမြင့်On  Wed, 2015-11-18 14:51Issue No.

ဦးရည်မွန် (ကဗျာဆရာမောင်တင်သစ်) ကို ၎င်းး၏ ကျည်တောင်ကန်ကျေးရွာရှိ ၎င်းး၏နေအိမ်တွင်တွေ့ရစဉ်။ ဓာတ်ပုံ - နယူးယောက်တိုင်းမ်
သည်ဖြစ်ရပ်သည် ကဗျာဆရာတစ်ဦးနှင့် စစ်သားတစ်ဦးတို့ ရင်ဆိုင်ထိပ်တိုက်တွေ့ကြသည့်ပွဲတစ်ခုဖြစ်၍ ကဗျာဆရာက အနိုင်ရခဲ့သည်။

ပြဿနာအတော်များများရှိ နေသည့် မြန်မာနိုင်ငံ၏ ဒီမိုကရေ စီလှုပ်ရှားမှု အောင်ပွဲဖြစ်သော ရွေးကောက်ပွဲက ရင်ခုန်စရာရွေး ကောက်ပွဲရလဒ်များတွင် ကဗျာ ဆရာနိုင်ငံရေး အကျဉ်းသား ဟောင်း ဦးရည်မွန် (မောင်တင် သစ်) အနိုင်ရခဲ့သကဲ့သို့သော ပြောစမှတ်ပြုရမည့် အောင်မြင်မှုမျိုးက ရှိလိမ့်မည်မထင်ပေ။

ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများတွင် အင်အားအသာဆုံး၊ လွန်ခဲ့သည့်လ အနည်းငယ်ကမှ နိုင်ငံ၏ကာကွယ်ရေးဝန်ကြီးဖြစ်ခဲ့သူ အငြိမ်းစား  စစ်ဗိုလ်ချုပ်တစ်ဦးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ဦးရည်မွန်(မောင်တင်သစ်)ကအနိုင်ရခဲ့ခြင်းဖြစ်၏။

ဦးရည်မွန် (မောင်တင်သစ်) အနိုင်ရခဲ့သည့် ရွေးကောက်ပွဲသည်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင် သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ နိုဝင်ဘာ ၈ ရက်ရွေး ကောက်ပွဲအပြတ်အသတ် အောင်ပွဲခံမှု၏ တစ်စိတ်တစ်ပိုင်းဖြစ် သည်။ သည်တစ်ပတ်စနေနေ့ ရွေးကောက်ပွဲရလဒ်ကြေညာမှုအရ စစ်တပ်နောက်ခံ ပြည်ခိုင်ဖြိုးပါတီက လွှတ်တော်ထဲမှာ ၄၂ နေရာသာရနေချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမတ်နေရာ ၃၈၇ နေရာရရှိထားသည်။

‘‘မဲတစ်ပြားက ကျည်ဆန် ထက်ပြင်းပါတယ်’’ဟု ဒေသခံ အိမ်ရှင်တစ်ဦးက ရွေးကောက်ပွဲ လှုပ်ရှားမှုဌာနချုပ်အဖြစ် အသုံးပြုခွင့်ပေးထားသော ကိုလိုနီ အဆောက်အအုံကြီးထဲတွင် ထိုင် နေသူ ဦးရည်မွန်(မောင်တင်သစ်) ကဆိုသည်။

ရွေးကောက်ပွဲကြောင့် စိတ် ထိခိုက်ရသူအာဏာရှိသူလူတန်း စားများ အရေအတွက်ရာချီရှိခဲ့ သည်။ သို့သော် ဦးရည်မွန် (မောင်တင်သစ်)ကတော့ သည် အချက်ကို သံသယရှိနေသည်။ မြန်မာနိုင်ငံ၏မြို့တော် နေပြည် တော်၏ တစ်စိတ်တစ်ပိုင်းဖြစ် သည့် သူတို့ပုဗ္ဗသီရီမြို့နယ်မှာ စစ်သား ရ,၀၀၀ ကျော်နှင့်ရဲအရာ ရှိ ၂,၀၀၀ တို့က ဒေသခံအဖြစ်ရှိ နေကြသည်။ သူတို့သည် ကာ ကွယ်ရေးဝန်ကြီးဟောင်း ဦးဝေ လွင်ကိုသာ မဲပေးမည့်သူများဟု ယူဆစရာ ရှိသည်။

သို့သော် မဲများစတင်ရေ တွက်သည့်အချိန်တွင် ဦးရည်မွန် (မောင်တင်သစ်)သတိထားမိသည်က မဲရုံများသည် စစ်တန်းလျားနှင့် ရဲတန်းလျားများ၏ အပြင်ဘက်တွင်ရှိနေခြင်းက သူတို့ကိုအားပေးသည့်အရာတစ်ခုဖြစ်လာခြင်းပင်။ မဲစာရင်းမှာ ဦးရည်မွန်(မောင်တင်သစ်)က ၂၇,၃၂၁ မဲရခဲ့ပြီး ဦးဝေလွင်ထက် ၁၇၆ မဲအသာဖြင့် နှာတစ်ဖျားသာကာ သူ့ကိုအောင်နိုင်ခွင့်ပေးလိုက်ပါသည်။

 သို့သော် သည်နေရာမှာ ဇာတ်လမ်းကမပြီးသေးပါ။ သူ၏ ပြိုင်ဘက် ဗိုလ်ချုပ်ကြီး (ငြိမ်း)ဦးဝေလွင်က ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌကို မဲများပြန်လည် ရေတွက်ရန် တောင်းဆိိုခဲ့၏။

သည်အခါတွင်တော့ ဦးရည်မွန် (မောင်တင်သစ်)၏ စိုးရိမ်စိတ်က ငယ်ထိပ်သို့ ရောက်ခဲ့သည်။ သူ့ကို ရှေ့နေနှစ်ယောက်က အကူအညီပေးခဲ့သည်။ မြန်မာနိုင်ငံ ရွေးကောက်ပွဲဥပဒေအရ ပြိုင် ဘက်နှစ်ဦး မဲအရေအတွက် အတူတူဖြစ်နေခြင်းမရှိဘဲ ပြန်လည်ရေတွက်ခွင့်မရှိဟု သူတို့က ဦးရည်မွန်(မောင်တင်သစ်) ဘက်ကနေ ပြောကြားခဲ့သည်။

ကော်မရှင်၏ ဆုံးဖြတ်ချက် ကို နာရီပေါင်းများစွာ စောင့်နေခဲ့ ရသည်။ ကြည့်ရသည်မှာ ရွေး ကောက်ပွဲကော်မရှင်ကို ပြန်လည် ရေတွက်ခိုင်းမည့်ပုံစံရှိသည်။ ထို့ နောက်မှာတော့ ဆုံးဖြတ်ချက်ကို ကော်မရှင်က ကြေညာခဲ့သည်။ လက်ရှိရလဒ်သာ နောက်ဆုံး အတည်ပဲဖြစ်ခဲ့သည်။

ဦးရည်မွန်(မောင်တင်သစ်) ကို ထောက်ခံအားပေးသူများက ကဗျာဆရာ၏ တရားစီရင်မှုဟု ပြောကောင်းပြောကြပေမည်။

အသက် (၄၉)နှစ်ရှိ ဦးရည် မွန်(ခေါ်) မောင်တင်သစ် အကျဉ်းထောင်ကနေ လွှတ်တော်ဆီသို့ ရောက်ရှိလာသည့်အဖြစ်က ခရီး လမ်းရှည်ကြီးဖြစ်၏။ ၁၉၈၈ အ ရေးတော်ပုံကြောင့် သူက ဆေးကျောင်းကို တစ်ဝက်တစ်ပျက်ဖြင့် ထွက်ခဲ့ရသည်။ ဒီမိုကရေစီအရေး အခင်းတွင် ပါဝင်ခဲ့ပြီး အခြား ထောင်နှင့်ချီသည့် ကျောင်းသား လှုပ်ရှားသူများနှင့်အတူ အဖမ်းခံ ခဲ့ရပြီး ထောင်အတွင်း ခုနစ်နှစ်ခန့် နေခဲ့ရသည်။

သူက အနုအရွအလှအပ ချည်းခံစားသူတော့မဟုတ်။ မြန်မာနိုင်ငံ၏ အရေးပါသော သဘာဝအရင်းအမြစ်များကို မှန်ကန်စွာအသုံးချဖို့အရေး လေ့လာပြီး  ပြီးခဲ့သည့်ငါးနှစ်အတွင်း သဘာဝပတ်ဝန်းကျင်လှုပ်ရှားသူတစ်ဦးအဖြစ် လှုပ်ရှားဆောင်ရွက် ခဲ့သည်။

သူက စကားပြောကောင်းသူ တစ်ဦးဖြစ်ပြီး ဗိုလ်ချုပ်တစ်ဦးကိုကျော်လွန်ကာ မဲဆန္ဒရှင်များက သူ့ကို ရွေးချယ်သည့်အကြောင်းကို သူကပြောပြသည်။

‘‘လူသားဂုဏ်သိက္ခာတွေ မရှိတော့တာ အနှစ်ငါးဆယ်ရှိပြီ။ သူတို့က ဒါကိုပြန်လိုချင်လို့ပါဗျာ’’ဟု တစ်နိုင်ငံလုံးတွင် ကဗျာဆရာဆယ်ဦးခန့်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းများအဖြစ် မှတ်ပုံတင်ခဲ့သည်။ ပါတီခေါင်းဆောင်ပိုင်းက အလွန်ကွဲပြားခြားနားသည့်နောက်ခံရှိသော ကိုယ်စားလှယ်လောင်းများဖြင့် ဖွဲ့စည်းထားသည်။ သူတို့ထဲမှာ လယ်သမား ၅၄ဦး၊ ကျောင်းဆရာ ၂၂ ဦး၊စျေးရောင်းသူ ၄၃ ဦး၊ ဆရာဝန် ၃၃ ဦး၊ အုပ်ချုပ်သူလေးဦး၊ အလုပ်မလုပ်ဘဲနေသူလေးဦး၊ သတင်းစာပို့သူနှစ်ဦး၊ ရေလုပ်ငန်းလုပ် ကိုင်သူတစ်ဦး၊ နေ့ပိုင်းလုပ်သားတစ်ဦး၊ ရေခဲစက်ပိုင်ရှင်တစ်ဦး၊ ပန်းထိမ်ဆရာတစ်ဦးနှင့် ပန်းချီဆရာတစ်ဦးတို့ ပါဝင်သည်။

ပါတီဝင် ၁၃ ဦးကသာ သူတို့၏ အလုပ်အကိုင်ကို နိုင်ငံရေးသမားဟု ရွေးကောက်ပွဲကော်မရှင်ဆီမှာ မှတ်ပုံတင်ခဲ့သည်။ တကယ်တမ်းတွင် ကဗျာဆရာကနေ နိုင်ငံရေးသမားဖြစ်လာခြင်းက သိပ်အဆန်းတကြယ်တော့ မဟုတ်ဟု ဦးရည်မွန် (မောင်တင်သစ်)က ရှင်းပြခဲ့သည်။

မြန်မာပြည်တွင် နိုင်ငံရေးနှင့် ကဗျာစာပေအကြားမှာ ခိုင်မာ သည့် ဆက်သွယ်မှုရှိခဲ့သည်။ တိုင်းပြည်မှာ ရေးသားထုတ်ဝေသမျှကို ဖုန်းစာအုပ်ကအစ စစ်အစိုးရက စိစစ်ဖြတ်တောက်သည့် စစ်အုပ် ချုပ်ရေးကာလ အနှစ် ၅၀ အတွင်းမှာ ကဗျာလင်္ကာတွေက မရှိမဖြစ် အရေးပါသော အရာတစ်ခုဖြစ်ခဲ့ သည်။

‘‘ကျွန်တော်တို့ ဆိုလိုချင်တဲ့ အဓိပ္ပာယ်ကို တိမ်မြုပ်ပြီး ကျွန် တော်တို့ ကဗျာတွေ စီကုံးခဲ့ကြတယ်’’

၂၀၁၁ မှာ အာဏာရလာ သည့် လက်ရှိမြန်မာအစိုးရသည် စာပေစိစစ်ရေးအဖွဲ့ကို ပယ်ဖျက် ခဲ့ပါသည်။ သို့သော်လည်း ဦးရည် မွန် (မောင်တင်သစ်)သည် သူ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ တင် ထားသည့် ကာရန်ကဗျာတွေကို မကြာခဏ ရေးဖွဲ့ဖြစ်နေတုန်းပင်။

သူက လောလောလတ် လတ်ကဗျာတစ်ပုဒ်ဖြစ်သည့် ဒီမိုကရေစီဆန္ဒကဗျာကို ရွေးကောက်ပွဲမဲဆွယ်လှုပ်ရှားရေး ကာလအတွင်းက ရေးဖွဲ့ခဲ့ခြင်း ဖြစ်သည်။

ဒီည

လဟာ တစ်စင်းတည်းပါလား

ငါမေ့သွားလောက်အောင်

ညဟာ လှလွန်းတော့

အိမ်အမိုးအားလုံးအပေါ်

ဒီည လပြည့်ပါစေကြောင်း

မတောင်းဘဲ ဒီဆုပြည့်ခဲ့ပေါ့။

ဦးရည်မွန်(မောင်တင်သစ်) ၏ ပုဗ္ဗသီရိမြို့နယ် ကျည်တောင် ကန်ဒေသသည် တစ်ချိန်က ကြံ ခင်းကြီးများနှင့် စပါးခင်းများဖြင့် လွှမ်းမိုးဝန်းရံထားသော အရပ် ဒေသတစ်ခုဖြစ်ခဲ့သည်။ သို့သော် လွန်ခဲ့သော ဆယ်နှစ်ကျော်က
နေပြည်တော်ကို တည်ထောင်ရာ တွင် စစ်အစိုးရက လယ်ယာမြေ များကို သိမ်းယူပြီး လယ်သမား မိသားစုများကို ဖယ်ရှားခဲ့သည်။ ထိုလယ်သမားများသည် ဦးရည်မွန်(မောင်တင်သစ်)ကို ထောက်ခံသူများထဲမှာပါဝင်ပြီး သူတို့၏ လယ်ယာမြေပိုင်ဆိုင်မှုကို ကူညီရန် အတိုက်အခံကို အားပေးခြင်းဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်က မောင်တင်သစ် မြို့ထဲ  လျှောက်သွားသောအခါ မြို့ခံတွေက သူ့ကိုအော်ဟစ်ဂုဏ်ပြုခဲ့ကြ၏။ လမ်းဘေးမှာ ကုန်စိမ်းရောင်းနေသော အမျိုးသမီးများက လှိုက်လှိုက်လှဲလှဲပြုံးပြကြသည်။
မော်တော်ဆိုင်ကယ် စီးလာသော ဆောက်လုပ်ရေးသမားတစ်ဦးက သူ့ကိုဂုဏ်ပြုစကားဆို ပွေ့ဖက်ဖို့ ဆိုင်ကယ်ကို ချက်ချင်းရပ်လိုက်သည်။ ထိုအလုပ်သမားက သူ့ကိုဂုဏ်ပြုစကားဆိုနေစဉ်မှာ မျက်ရည်တွေက သူ၏ဘယ်ဘက်မျက်လုံးအိမ်ကနေ စီးလာပြီး ပါးပြင်ပေါ်သို့ လိမ့်ဆင်းလာ၏။ ထိုလူက ဦးရည်မွန်(မောင်တင်သစ်)၏ အောင်ပွဲကို တစ်နေ့ကမှ သိခဲ့သူဖြစ်၏။

‘‘မနေ့ကအထိ ပျော်တယ်ဆို တာ ကျွန်တော် ဘာမှန်းမသိခဲ့ ဘူး။ ကျွန်တော်ပေးခဲ့တဲ့မဲ အခုလို အရာရောက်တယ်ဆိုတာ သိရတော့ ပျော်လိုက်တာဗျာ’’

မြန်မာနိုင်ငံက လူအများစုလိုပင် ဦးရည်မွန်(မောင်တင်သစ်) တို့၏ မြို့ခံတွေကလည်း ဆင်းရဲမွဲ တေမှုကို သူတို့၏ အဓိကပြဿ နာအဖြစ် ရှုမြင်ကြသည်။ အနည်းဆုံး သူတို့မြို့ခံ ၄၀ ရာခိုင်နှုန်းခန့်မှာ အလုပ်လက်မဲ့နှင့် ပုံမှန် အလုပ်မရှိသူများ ဖြစ်ကြသည်ဟု သူကခန့်မှန်းသည်။

သို့သော်လည်း ကာကွယ် ရေးဝန်ကြီးဟောင်း ဦးဝေလွင်အတွက်တော့ သည်လောက်ဆင်းရဲမှုက ပြဿနာမဟုတ်ပါ။ သူက နေပြည်တော်က အိမ်ကြီးအိမ် ကောင်းတွေရှိသည့် လူနေရပ် ကွက်ထဲက သုံးထပ်အိမ်ကြီး တစ် အိမ်မှာ
နေထိုင်သည်။ သူ့အိမ်ကို အုတ်တံတိုင်းအမြင့်ကြီး ကာရံ ထားပြီး ခြံစည်းရိုးဂိတ်အပေါ်မှာ သံဆူးကြိုးတွေကို ပတ်ခွေပြီးကာ ထားသည်။ အိမ်အဝင်ကားလမ်း မှာတော့ တိုယိုတာလန်ခရူဇာ ကားတစ်စီးက ရပ်လျက်သား။

ဦးဝေလွင်နှင့် တွေ့ဆုံမေး မြန်းခန်းမှာ ရွေးကောက်ပွဲတွင် သူ ရှုံးခဲ့သည့်အတွက် စိတ်မကောင်း ဖြစ်ပါသည်ဟုဆိုသည်။ သို့သော် လည်း သူ့အရှုံးကို ဝန်ခံပြောကြား ခဲ့သည်။ မဲတွေကို ပြန်ရေတွက်ဖို့ သူကတောင်းဆို
ခဲ့ကြောင်းလည်း ဦးဝေလွင်က အတည်ပြုသည်။ သို့သော် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကိုမူ သူ ဘယ်တုန်းကမှ တိုက်ရိုက်မဆက်သွယ်ခဲ့ဟု ပြော သည်။

‘‘ကျွန်တော်စိတ်မဆိုးပါဘူး။ ကျွန်တော် မဲပြန်ရေခိုင်းတာကို ဥပဒေနဲ့အညီ သူတို့က ငြင်းပယ်ခဲ့ ကြတာပဲ’’

သူက လက်ကိုင်ဖုန်းနှစ်လုံး ကိုကိုင်ထားပြီး ရိုးလက်စ်နာရီကို လက်မှာပတ်ထား၏။ ကြီးမားသော မြကြီးတစ်လုံးကို စိန်များ ဖြင့် ခြယ်ထားသည့် ရွှေလက်စွပ် တစ်ကွင်းကိုလည်း ဝတ်ဆင်ထားသည်။

‘‘စစ်သားတွေနဲ့ ရဲသားတွေ ရဲ့မဲတွေအားလုံးကို ကျွန်တော် ရခဲ့တယ်လို့ ထင်ပါတယ်။ ကျွန် တော် ရှုံးသွားတာကတော့ လူထုရဲ့မဲပါ’’

(နယူးယောက်တိုင်းမ်သတင်းစာပါ Apoet's Election Victory Over a Former General Speaks of a New Myanmar ကို ဆောင်းပါးရှင် Thomas Fuller ကရေးသားပြီး နေပြည်တော်မှ Adam Dean နှင့် Saw Nang ၊ ရန်ကုန်မှ အိမ့်သီရိသူတို့က အားဖြည့်ကူညီထားသည်။ အဆိုပါဆောင်းပါးကို ထားထားမြင့် ဘာသာပြန်ပါသည်။)


No comments:

Post a Comment