Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, November 9, 2015

ျမန္မာ့အေရး ကြ်မ္းက်င္သူ ဘာေတးလ္ လင့္တနာ၏ ေရြးေကာက္ပြဲ အေတြ႔အႀကံဳနဲ႔ အျမင္ ေရြးေကာက္ပြဲ ရလဒ္ေတြကို ဘယ္လို ကိုင္တြယ္မလဲ

က်ေနာ္တို႔ အားလံုး သိထားသလိုပဲ အေရးႀကီးတဲ့ ၀န္ႀကီးဌာန ၃ခု ျဖစ္တဲ့ ကာကြယ္ေရး၊ ျပည္ထဲေရးနဲ႔ နယ္စပ္ေရးရာ ၀န္ႀကီး ဌာနေတြကို စစ္တပ္က ခန္႔အပ္တာ ျဖစ္ပါတယ္။ ၿပီးေတာ့ သမၼတ ေရြးခ်ယ္တဲ့ နည္းကလည္း ကြဲျပားျခားနားပါတယ္။
by ဧရာဝတီ

ႏို၀င္ဘာလ ၈ ရက္ေန႔တြင္ ျမန္မာႏိုင္ငံ၌ ကာလၾကာရွည္စြာ ေစာင့္ဆိုင္းခဲ့ရေသာ ေရြးေကာက္ပြဲက တႏိုင္ငံလံုးမွ မဲ႐ံုမ်ားတြင္ ေခ်ာေခ်ာေမြ႔ေမြ႔ ၿပီးဆံုးသြားပါသည္။ သို႔ေသာ္ ဇာတ္လမ္းက မၿပီးေသးပါ။ ရလဒ္မ်ားကို ဆက္တိုက္ ထုတ္ျပန္ေပးလိမ့္မည္ဟု ေမွ်ာ္လင့္ရၿပီး အသစ္ေရြးေကာက္ခံခဲ့ရသည့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက ဦးေဆာင္၍ အစိုးရသစ္တခု ဖြဲ႔စည္းႏိုင္ေရးကေတာ့ လႏွင့္ခ်ီ၍ ၾကာျမင့္လိမ့္မည္ျဖစ္သည္။

၂၅ ႏွစ္အတြင္း ျမန္မာႏိုင္ငံတြင္ လြတ္လပ္ၿပီး တရားမွ်တမႈ အရွိဆံုးဟု ယူဆႏိုင္ဖြယ္ရွိသည့္ သမိုင္း၀င္ေရြးေကာက္ပြဲ က်င္းပေနသည့္ အခ်ိန္တြင္ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္ေသာ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ (NLD) က ၁၉၉၀ တြင္ အျပတ္အသတ္ အႏိုင္ရရွိခဲ့ေသာ္လည္း လ်စ္လ်ဴ႐ႈျခင္းခံခဲ့ရသည့္ ေရြးေကာက္ပြဲ အေၾကာင္းကို ၀ါရင့္စာနယ္ဇင္းသမား တဦးျဖစ္သည့္ ဘာေတးလ္ လင့္တနာ (Bertil Lintner) ႏွင့္ ဧရာ၀တီက ေဆြးေႏြးခဲ့ပါသည္။ ျမန္မာႏိုင္ငံႏွင့္ ပတ္သက္သည့္ သတင္းမ်ားကို ဆယ္စုႏွစ္မ်ားစြာ ေရးသားခဲ့သည့္ ဘာေတးလ္ လင့္တနာက ႏိုင္ငံေရး အေျပာင္းအလဲ အတြက္ ခက္ခဲေသာ သင္ခန္းစာမ်ားႏွင့္ သူ၏ အျမင္မ်ားကို ေျပာျပခဲ့ပါသည္။

ေမး။ ။ ေဒၚေအာင္ဆန္းစုၾကည္ မဲလာေပးတဲ့ မဲ႐ံုမွာ ခင္ဗ်ားကို ဒီမနက္ ေတြ႔ခဲ့ရပါတယ္။ သူေရာက္လာတဲ့အခါ ၀ိုင္းၿပီး ႀကိဳဆို ေထာက္ခံၾကတဲ့သူေတြ အမ်ားႀကီးကိုလည္း ေတြ႔ရမွာပါ။ ဘယ္လိုျမင္ပါသလဲ။

ေျဖ။ ။ ခုခ်ိန္အထိေတာ့ အရမ္းေကာင္းတယ္လို႔ က်ေနာ္ေျပာရမွာ ျဖစ္ပါတယ္။ ေရာက္လာတဲ့ လူအုပ္ႀကီးက အရမ္း ႀကီးမားတယ္လို႔ ထင္ရပါတယ္။ က်ေနာ္ျမင္ခဲ့ရ၊ ၾကားခဲ့ရတာေတြအရ ေျပာရမယ္ဆိုရင္ NLD တကယ္ ေကာင္းမြန္စြာ လုပ္ႏိုင္ေတာ့မယ္လို႔ ယူဆလို႔ရပါတယ္။ အဲဒါက ရန္ကုန္မွာတင္ မဟုတ္ပါဘူး။ ဒီညေနပိုင္းမွာ တိုင္းျပည္ရဲ႕ တျခားေနရာက လူေတြနဲ႔လည္း က်ေနာ္ေတြ႔ခဲ့ပါတယ္။ အေျခအေနက တူတူပါပဲ။

ေမး။ ။ ရန္ကုန္ၿမိဳ႕ ၀န္းက်င္က တျခားမဲ႐ံုေတြကိုေရာ သြားဖို႔ အခြင့္အေရး ရခဲ့ပါသလား။

ေျဖ။ ။ မရခဲ့ပါဘူး။ ဒါေပမယ့္ ဒီက တျခားမဲ႐ံုေတြအျပင္ အထက္ျမန္မာႏိုင္ငံက မဲ႐ံုေတြမွာရွိတဲ့ ျပည္သူေတြနဲ႔ က်ေနာ္ ဆက္သြယ္ႏိုင္ခဲ့ပါတယ္။ ေတာင္ႀကီးကေတာ့ NLD ဘယ္ေလာက္ မဲေတြရမယ္၊ ကိုယ္စားလွယ္ေနရာ ဘယ္ေလာက္ ရမယ္ဆိုတာ တိတိက်က် မသိရေသးပါ။ ဒါေပမယ့္ ဒီကနဦး ေလ့လာမႈေတြအရ တကယ္လို႔ သူတို႔ (NLD) က လႊတ္ေတာ္ အတြင္းမွာ ေနရာအမ်ားစု သို႔မဟုတ္ အမ်ားစုနီးပါး ရမယ္ဆိုရင္လည္း က်ေနာ္ အံ့ၾသမွာ မဟုတ္ပါဘူး။ ဒါေပမယ့္ က်ေနာ္တို႔ အေနနဲ႔ အမွတ္ရသင့္တာက သူတို႔အတြက္ လက္ရွိ အစိုးရနဲ႔ အလားတူ အာဏာမ်ိဳးရွိတဲ့ အစိုးရတခု ဖြဲ႔စည္းဖို႔ အရမ္းကို ခက္ခဲလိမ့္မယ္ ဆိုတာပါပဲ။ က်ေနာ္တို႔ အားလံုး သိထားသလိုပဲ အေရးႀကီးတဲ့ ၀န္ႀကီးဌာန ၃ခု ျဖစ္တဲ့ ကာကြယ္ေရး၊ ျပည္ထဲေရးနဲ႔ နယ္စပ္ေရးရာ ၀န္ႀကီး ဌာနေတြကို စစ္တပ္က ခန္႔အပ္တာ ျဖစ္ပါတယ္။ ၿပီးေတာ့ သမၼတ ေရြးခ်ယ္တဲ့ နည္းကလည္း ကြဲျပားျခားနားပါတယ္။ လူမ်ားစုမဲနဲ႔ ေရြးခ်ယ္တာ မဟုတ္ပါဘူး။ ဒါေၾကာင့္ စစ္တပ္က ဒီႏိုင္ငံမွာ အာဏာ အျပင္းဆံုး အဖြဲ႔အစည္းတခုအျဖစ္ ကာလရွည္ၾကာစြာ ရွိေနဦးမွာပဲ။ ဒါေၾကာင့္ တကယ္လို႔ NLD က အစိုးရျဖစ္လာခဲ့ရင္ေတာင္၊ က်ေနာ္ အခုထိ မသိေသးပါဘူး။

ေမး။ ။ ဒီေန႔ အေျခအေနအရဆိုရင္ NLD အႏိုင္ရမယ္လို႔ ထင္ပါသလား။

ေျဖ။ ။ က်ေနာ္က ေဗဒင္ဆရာ မဟုတ္ပါဘူး။ ဒါေၾကာင့္ မေျပာႏိုင္ပါဘူး။ ဒါက ေအာင္ျမင္မႈကို ခင္ဗ်ား ဘယ္လုိ အဓိပၸါယ္ဖြင့္သလဲ ဆိုတာေပၚမွာ မူတာ္ပါတယ္။ တကယ္လို႔ NLD က ႀကံ့ခိုင္ေရးထက္ အမတ္ေနရာပိုရရင္၊ မဲပိုရရင္ က်ေနာ္ အံ့ၾသမွာ မဟုတ္ပါဘူး။ ျပည္သူေတြနဲ႔ စကားေျပာျခင္း သူတို႔ေျပာတာေတြ နားေထာင္ျခင္း အားျဖင့္ ဘယ္ကို သြားေနတယ္ဆိုတာကို သိရပါတယ္။ ႏိုင္ငံ ေနရာ အေတာ္မ်ားမ်ားက သတင္းေတြ က်ေနာ္တို႔ရပါတယ္။ ဒါေပမယ့္ တကယ္လို႔ NLD က ေနရာအမ်ားစု အႏိုင္မရခဲ့ဘူးဆိုရင္ လႊတ္ေတာ္ထဲမွာ စစ္တပ္အတြက္ ၂၅ ရာခိုင္ႏႈန္း ေနရာ ရွိေနတယ္ ဆိုတာကို က်ေနာ္တို႔ အမွတ္ရသင့္ပါတယ္။ ဥပမာ တိုင္းရင္းသား ျပည္နယ္ေတြမွာ ဘာေတြျဖစ္ေနတယ္ ဆို တာကို က်ေနာ္တို႔ မသိေသးပါဘူး။ ေတာင္ႀကီးကေတာ့ ခၽြင္းခ်က္ေပါ့။ ေတာင္ႀကီးက ရွမ္းျပည္နယ္ရဲ႕ ၿမိဳ႕ေတာ္ပါ။ ေနရာ အနည္းစုကို ကိုယ္စားျပဳတာ မဟုတ္ပါဘူး။

ေမး။ ။ ကခ်င္ သို႔မဟုတ္ ရခိုင္ျပည္နယ္က ျပည္သူေတြနဲ႔ေရာ ဒီေန႔ စကားေျပာဖို႔ အခြင့္အေရး ရခဲ့ပါသလဲ။

ေျဖ။ ။ ကခ်င္နဲ႔ ရခိုင္ ျပည္နယ္ေတြနဲ႔ စကားမေျပာခဲ့ရပါဘူး။ ရွမ္းျပည္နယ္ တခုပါပဲ။

ေမး။ ။ မဲ႐ံုေတြ မပိတ္ခင္ ဘာေတြကို အဓိက စိတ္ပူမိပါသလဲ။

ေျဖ။ ။ ဒီမနက္ မဲ႐ံုအျပင္ဘက္မွာ က်ေနာ္စကားေျပာခဲ့ရတဲ့ ျပည္သူ အမ်ားအျပားက သူတို႔ အလိမ္ခံရေတာ့မယ္လို႔ ယံုၾကည္ေနၾကပါတယ္။ အာဏာပိုင္ေတြကေပါ့။ အဓိက ျပႆနာကေတာ့ အစိုးရကို ဘယ္သူမွ မယံုဘူး။ ဒါေၾကာင့္ တ ကယ္လို႔ အစိုးရက မွန္ကန္တာ တစံုတခုလုပ္ရင္ေတာင္ ျပည္သူေတြက မယံုၾကဘူး။ အဲဒီေနာက္ကြယ္မွာ မ႐ိုးသားတဲ့ အစီအစဥ္ တခုခုရွိရမယ္လို႔ ထင္ၾကတယ္။ ဒါေပမယ့္ သူတို႔ (အစိုးရ) က လိမ္ေတာ့မယ္လို႔ေတာ့ က်ေနာ္ တကယ္မယံု ၾကည္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ စြန္႔စားမႈႀကီးလို႔ပါ။ ႏိုင္ငံတကာရဲ႕ အသိအမွတ္ျပဳမႈနဲ႔ တရား၀င္မႈလိုပါတယ္။ ျမန္မာ ႏိုင္ငံက ႏိုင္ငံတကာရဲ႕ အလယ္မွာ ရပ္တည္ေနရတာပါ။ ဒါေၾကာင့္ က်ေနာ္ သက္ေသမျပႏိုင္ေပမယ့္ အစိုးရက ဒီေန႔ကို တတ္ႏိုင္သမွ် လြတ္လပ္ၿပီး ပြင့္လင္းျမင္သာမႈ ရွိေစခ်င္မယ္လို႔ က်ေနာ္ထင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အႏၲရယ္ မ်ားလို႔ပါ။ သူတို႔ အေနနဲ႔ မဲေပးတဲ့ေနရာမွာ လိမ္ညာျခင္း သို႔မဟုတ္ မ႐ိုးသားမႈေတြနဲ႔ စြန္႔စားလို႔ မျဖစ္ႏိုင္ပါဘူး။ ဒါေပမယ့္ ေစာင့္ၾကည့္ရမွာက ေရြးေကာက္ပြဲရလဒ္ေတြကို ဘယ္လို ကိုင္တြယ္မလဲ ဆိုတာပါပဲ။ ေျပာရမယ္ဆိုရင္ ဒီဇင္ဘာလကုန္ ဒါမွမဟုတ္ ဇန္န၀ါရီ လေလာက္အထိ က်ေနာ္တို႔ သိႏိုင္မွာ မဟုတ္ပါဘူး။ အဲဒီ အခ်ိန္ေလာက္ဆိုရင္ ႏိုင္ငံျခား စာနယ္ဇင္း သမားေတြလည္း ျပန္သြားၾကပါၿပီ။ တျခားသတင္းေတြ ေျပာင္းေရးေနၾကပါၿပီ။ အခုအခ်ိန္မွာ ျမန္မာႏိုင္ငံကို လာတဲ့သူတိုင္းက လြတ္လပ္တယ္၊ ဒီမိုကေရစီ ျဖစ္တယ္လို႔ သံုးသပ္ၿပီးသြားပါၿပီ။ ဘာေတြျဖစ္လာမယ္ဆိုတာကို က်ေနာ္တို႔ ဂ႐ုတစိုက္ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

တကယ္လို႔ ၁၉၉၀ ကို မွတ္မိမယ္ဆိုရင္ အဲဒါက အခုအတိုင္းပါပဲ။ ေမလ ၂၇ ရက္မွာ အရမ္းေပ်ာ္ခဲ့ၾကတယ္။ ေပ်ာ္ပြဲရႊင္ပြဲေတြ က်င္းပခဲ့ၾကတယ္။ တကယ္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီ။ အားလံုး အမွန္တကယ္ ေျပာင္းလဲေတာ့မယ္လို႔ ျပည္သူေတြ တကယ္ထင္ခဲ့ၾကတယ္။ ၂ လၾကာတဲ့အခါ၊ ၂ လ တိတိၾကာတဲ့အခါ၊ န၀တ အစိုးရက ပါတီတခုကို အာဏာလႊဲေျပာင္း မေပးႏိုင္ဘူး၊ တျခားပါတီေတြလည္း အေျမာက္အမ်ားရွိေသးတယ္။ သူတို႔ အတြက္လည္း ထည့္သြင္းစဥ္းစားရမယ္လို႔ သေဘာရတဲ့ ထုတ္ျပန္ခ်က္တခုကို ထုတ္ျပန္ခဲ့တယ္။ ဒါေၾကာင့္ အဲဒီအခ်ိန္က ၄၈၅ ဦးရွိတဲ့ ေရြးေကာက္ခံ လႊတ္ေတာ္အစား ေရြးေကာက္ခံကိုယ္စားလွယ္ ၁၀၀ နဲ႔ သူတို႔စိတ္ႀကိဳက္ ေရြးခ်ယ္ထားသူ ၆၀၀ ပါ၀င္တဲ့ အမ်ိဳးသား ညီလာခံကို က်င္းပခဲ့တယ္။ ၿပီးေတာ့ ျပည္သူေတြ စိတ္ပ်က္ ေဒါသ ျဖစ္ခဲ့ရတာကို က်ေနာ္ မွတ္မိေနပါေသးတယ္။ ဒါေပမယ့္ သူတို႔ကို ဘာမွ မလုပ္ႏိုင္ခဲ့ဘူး။ အခု အခ်ိန္မွာေတာ့ ဒီလိုျဖစ္လိမ့္မယ္လို႔ေတာ့ က်ေနာ္ မထင္ပါဘူး။ ဒီေန႔ ေခတ္အခါမွာ အဲဒါက အလုပ္ျဖစ္မွာ မဟုတ္ဘူး။ မိုဘိုင္းဖုန္းေတြ၊ Facebook နဲ႔ လူမႈကြန္ရက္ေတြနဲ႔ ၁၉၉၀ ခုႏွစ္ကထက္စာရင္ အမ်ားႀကီး ပြင့္လင္းလာပါၿပီ။ က်ေနာ္တို႔ ေစာင့္ၾကည့္ရမွာက တကယ္လို႔ ဒီေရြးေကာက္ပြဲမွာ NLD အမွန္တကယ္ အႏိုင္ရရွိခဲ့မယ္ဆိုရင္ သူတို႔က NLD ရဲ႕ ေအာင္ျမင္မႈကို ဘယ္လို ကိုင္တြယ္မလဲဆိုတာကို က်ေနာ္တို႔ ေစာင့္ၾကည့္ဖို႔ က်န္ေနပါေသးတယ္။

ေမး။ ။ ၁၉၉၀ ေရြးေကာက္ပြဲတုန္းက ျမန္မာႏိုင္ငံမွာ ရွိေနခဲ့ပါသလား။

ေျဖ။ ။ မရွိပါဘူး။ က်ေနာ္က ႏိုင္ငံျခားသား စာနယ္ဇင္းသမား တေယာက္ ျဖစ္တဲ့အတြက္ ေရြးေကာက္ပြဲကို သတင္းယူခြင့္ မရခဲ့ပါဘူး။ ဒါေပမယ့္ အဲဒါက ျပႆနာတခု မဟုတ္ခဲ့ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ အဲဒီ အခ်ိန္က က်ေနာ္တို႔မွာ မိုဘိုင္းဖုန္းေတြ မရွိဘူး။ အင္တာနက္ မရွိဘူး။ က်ေနာ္တို႔မွာ ႐ိုး႐ိုးဖုန္းေတြပဲ ရွိပါတယ္။ ဒါေပမယ့္ အဲဒီအခ်ိန္တုန္းက ရန္ကုန္က သတင္းေတြကို တေန႔တည္းမွာ အႀကိမ္ႀကိမ္ ရႏိုင္ခဲ့ပါတယ္။ အဲဒီအခ်ိန္က ဘန္ေကာက္မွာ ဆိုရင္ ဒါက ျပႆနာ မဟုတ္ပါဘူး။ ဒါေၾကာင့္ က်ေနာ္ ဘန္ေကာက္မွာေနခဲ့ရပါတယ္။

(ဧရာဝတီ အဂၤလိပ္ပိုုင္းတြင္ ေဖာ္ျပထားေသာ Bertil Lintner on Burma’s Poll: ‘They Can’t Really Risk It by Cheating’ ကိုု ႏိုုင္မင္းသြင္ ဘာသာျပန္သည္။)
....................
“ရွေးကောက်ပွဲ ရလဒ်တွေကို ဘယ်လို ကိုင်တွယ်မလဲ”
ကျနော်တို့ အားလုံး သိထားသလိုပဲ အရေးကြီးတဲ့ ၀န်ကြီးဌာန ၃ခု ဖြစ်တဲ့ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီး ဌာနတွေကို စစ်တပ်က ခန့်အပ်တာ ဖြစ်ပါတယ်။ ပြီးတော့ သမ္မတ ရွေးချယ်တဲ့ နည်းကလည်း ကွဲပြားခြားနားပါတယ်။
by ဧရာဝတီ | 09 Nov 2015 | Hits:1

နိုဝင်ဘာလ ၈ ရက်နေ့တွင် မြန်မာနိုင်ငံ၌ ကာလကြာရှည်စွာ စောင့်ဆိုင်းခဲ့ရသော ရွေးကောက်ပွဲက တနိုင်ငံလုံးမှ မဲရုံများတွင် ချောချောမွေ့မွေ့ ပြီးဆုံးသွားပါသည်။ သို့သော် ဇာတ်လမ်းက မပြီးသေးပါ။ ရလဒ်များကို ဆက်တိုက် ထုတ်ပြန်ပေးလိမ့်မည်ဟု မျှော်လင့်ရပြီး အသစ်ရွေးကောက်ခံခဲ့ရသည့် လွှတ်တော်ကိုယ်စားလှယ်များက ဦးဆောင်၍ အစိုးရသစ်တခု ဖွဲ့စည်းနိုင်ရေးကတော့ လနှင့်ချီ၍ ကြာမြင့်လိမ့်မည်ဖြစ်သည်။

၂၅ နှစ်အတွင်း မြန်မာနိုင်ငံတွင် လွတ်လပ်ပြီး တရားမျှတမှု အရှိဆုံးဟု ယူဆနိုင်ဖွယ်ရှိသည့် သမိုင်းဝင်ရွေးကောက်ပွဲ ကျင်းပနေသည့် အချိန်တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ၁၉၉၀ တွင် အပြတ်အသတ် အနိုင်ရရှိခဲ့သော်လည်း လျစ်လျူရှုခြင်းခံခဲ့ရသည့် ရွေးကောက်ပွဲ အကြောင်းကို ၀ါရင့်စာနယ်ဇင်းသမား တဦးဖြစ်သည့် ဘာတေးလ် လင့်တနာ (Bertil Lintner) နှင့် ဧရာဝတီက ဆွေးနွေးခဲ့ပါသည်။ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် သတင်းများကို ဆယ်စုနှစ်များစွာ ရေးသားခဲ့သည့် ဘာတေးလ် လင့်တနာက နိုင်ငံရေး အပြောင်းအလဲ အတွက် ခက်ခဲသော သင်ခန်းစာများနှင့် သူ၏ အမြင်များကို ပြောပြခဲ့ပါသည်။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည် မဲလာပေးတဲ့ မဲရုံမှာ ခင်ဗျားကို ဒီမနက် တွေ့ခဲ့ရပါတယ်။ သူရောက်လာတဲ့အခါ ၀ိုင်းပြီး ကြိုဆို ထောက်ခံကြတဲ့သူတွေ အများကြီးကိုလည်း တွေ့ရမှာပါ။ ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ခုချိန်အထိတော့ အရမ်းကောင်းတယ်လို့ ကျနော်ပြောရမှာ ဖြစ်ပါတယ်။ ရောက်လာတဲ့ လူအုပ်ကြီးက အရမ်း ကြီးမားတယ်လို့ ထင်ရပါတယ်။ ကျနော်မြင်ခဲ့ရ၊ ကြားခဲ့ရတာတွေအရ ပြောရမယ်ဆိုရင် NLD တကယ် ကောင်းမွန်စွာ လုပ်နိုင်တော့မယ်လို့ ယူဆလို့ရပါတယ်။ အဲဒါက ရန်ကုန်မှာတင် မဟုတ်ပါဘူး။ ဒီညနေပိုင်းမှာ တိုင်းပြည်ရဲ့ တခြားနေရာက လူတွေနဲ့လည်း ကျနော်တွေ့ခဲ့ပါတယ်။ အခြေအနေက တူတူပါပဲ။

မေး။ ။ ရန်ကုန်မြို့ ၀န်းကျင်က တခြားမဲရုံတွေကိုရော သွားဖို့ အခွင့်အရေး ရခဲ့ပါသလား။

ဖြေ။ ။ မရခဲ့ပါဘူး။ ဒါပေမယ့် ဒီက တခြားမဲရုံတွေအပြင် အထက်မြန်မာနိုင်ငံက မဲရုံတွေမှာရှိတဲ့ ပြည်သူတွေနဲ့ ကျနော် ဆက်သွယ်နိုင်ခဲ့ပါတယ်။ တောင်ကြီးကတော့ NLD ဘယ်လောက် မဲတွေရမယ်၊ ကိုယ်စားလှယ်နေရာ ဘယ်လောက် ရမယ်ဆိုတာ တိတိကျကျ မသိရသေးပါ။ ဒါပေမယ့် ဒီကနဦး လေ့လာမှုတွေအရ တကယ်လို့ သူတို့ (NLD) က လွှတ်တော် အတွင်းမှာ နေရာအများစု သို့မဟုတ် အများစုနီးပါး ရမယ်ဆိုရင်လည်း ကျနော် အံ့သြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့ အနေနဲ့ အမှတ်ရသင့်တာက သူတို့အတွက် လက်ရှိ အစိုးရနဲ့ အလားတူ အာဏာမျိုးရှိတဲ့ အစိုးရတခု ဖွဲ့စည်းဖို့ အရမ်းကို ခက်ခဲလိမ့်မယ် ဆိုတာပါပဲ။ ကျနော်တို့ အားလုံး သိထားသလိုပဲ အရေးကြီးတဲ့ ၀န်ကြီးဌာန ၃ခု ဖြစ်တဲ့ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီး ဌာနတွေကို စစ်တပ်က ခန့်အပ်တာ ဖြစ်ပါတယ်။ ပြီးတော့ သမ္မတ ရွေးချယ်တဲ့ နည်းကလည်း ကွဲပြားခြားနားပါတယ်။ လူများစုမဲနဲ့ ရွေးချယ်တာ မဟုတ်ပါဘူး။ ဒါကြောင့် စစ်တပ်က ဒီနိုင်ငံမှာ အာဏာ အပြင်းဆုံး အဖွဲ့အစည်းတခုအဖြစ် ကာလရှည်ကြာစွာ ရှိနေဦးမှာပဲ။ ဒါကြောင့် တကယ်လို့ NLD က အစိုးရဖြစ်လာခဲ့ရင်တောင်၊ ကျနော် အခုထိ မသိသေးပါဘူး။

မေး။ ။ ဒီနေ့ အခြေအနေအရဆိုရင် NLD အနိုင်ရမယ်လို့ ထင်ပါသလား။

ဖြေ။ ။ ကျနော်က ဗေဒင်ဆရာ မဟုတ်ပါဘူး။ ဒါကြောင့် မပြောနိုင်ပါဘူး။ ဒါက အောင်မြင်မှုကို ခင်ဗျား ဘယ်လို အဓိပ္ပါယ်ဖွင့်သလဲ ဆိုတာပေါ်မှာ မူတာ်ပါတယ်။ တကယ်လို့ NLD က ကြံ့ခိုင်ရေးထက် အမတ်နေရာပိုရရင်၊ မဲပိုရရင် ကျနော် အံ့သြမှာ မဟုတ်ပါဘူး။ ပြည်သူတွေနဲ့ စကားပြောခြင်း သူတို့ပြောတာတွေ နားထောင်ခြင်း အားဖြင့် ဘယ်ကို သွားနေတယ်ဆိုတာကို သိရပါတယ်။ နိုင်ငံ နေရာ အတော်များများက သတင်းတွေ ကျနော်တို့ရပါတယ်။ ဒါပေမယ့် တကယ်လို့ NLD က နေရာအများစု အနိုင်မရခဲ့ဘူးဆိုရင် လွှတ်တော်ထဲမှာ စစ်တပ်အတွက် ၂၅ ရာခိုင်နှုန်း နေရာ ရှိနေတယ် ဆိုတာကို ကျနော်တို့ အမှတ်ရသင့်ပါတယ်။ ဥပမာ တိုင်းရင်းသား ပြည်နယ်တွေမှာ ဘာတွေဖြစ်နေတယ် ဆို တာကို ကျနော်တို့ မသိသေးပါဘူး။ တောင်ကြီးကတော့ ချွင်းချက်ပေါ့။ တောင်ကြီးက ရှမ်းပြည်နယ်ရဲ့ မြို့တော်ပါ။ နေရာ အနည်းစုကို ကိုယ်စားပြုတာ မဟုတ်ပါဘူး။

မေး။ ။ ကချင် သို့မဟုတ် ရခိုင်ပြည်နယ်က ပြည်သူတွေနဲ့ရော ဒီနေ့ စကားပြောဖို့ အခွင့်အရေး ရခဲ့ပါသလဲ။

ဖြေ။ ။ ကချင်နဲ့ ရခိုင် ပြည်နယ်တွေနဲ့ စကားမပြောခဲ့ရပါဘူး။ ရှမ်းပြည်နယ် တခုပါပဲ။

မေး။ ။ မဲရုံတွေ မပိတ်ခင် ဘာတွေကို အဓိက စိတ်ပူမိပါသလဲ။

ဖြေ။ ။ ဒီမနက် မဲရုံအပြင်ဘက်မှာ ကျနော်စကားပြောခဲ့ရတဲ့ ပြည်သူ အများအပြားက သူတို့ အလိမ်ခံရတော့မယ်လို့ ယုံကြည်နေကြပါတယ်။ အာဏာပိုင်တွေကပေါ့။ အဓိက ပြဿနာကတော့ အစိုးရကို ဘယ်သူမှ မယုံဘူး။ ဒါကြောင့် တ ကယ်လို့ အစိုးရက မှန်ကန်တာ တစုံတခုလုပ်ရင်တောင် ပြည်သူတွေက မယုံကြဘူး။ အဲဒီနောက်ကွယ်မှာ မရိုးသားတဲ့ အစီအစဉ် တခုခုရှိရမယ်လို့ ထင်ကြတယ်။ ဒါပေမယ့် သူတို့ (အစိုးရ) က လိမ်တော့မယ်လို့တော့ ကျနော် တကယ်မယုံ ကြည်ပါဘူး။ ဘာကြောင့်လဲဆိုတော့ စွန့်စားမှုကြီးလို့ပါ။ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုနဲ့ တရားဝင်မှုလိုပါတယ်။ မြန်မာ နိုင်ငံက နိုင်ငံတကာရဲ့ အလယ်မှာ ရပ်တည်နေရတာပါ။ ဒါကြောင့် ကျနော် သက်သေမပြနိုင်ပေမယ့် အစိုးရက ဒီနေ့ကို တတ်နိုင်သမျှ လွတ်လပ်ပြီး ပွင့်လင်းမြင်သာမှု ရှိစေချင်မယ်လို့ ကျနော်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အန္တရယ် များလို့ပါ။ သူတို့ အနေနဲ့ မဲပေးတဲ့နေရာမှာ လိမ်ညာခြင်း သို့မဟုတ် မရိုးသားမှုတွေနဲ့ စွန့်စားလို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် စောင့်ကြည့်ရမှာက ရွေးကောက်ပွဲရလဒ်တွေကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတာပါပဲ။ ပြောရမယ်ဆိုရင် ဒီဇင်ဘာလကုန် ဒါမှမဟုတ် ဇန်နဝါရီ လလောက်အထိ ကျနော်တို့ သိနိုင်မှာ မဟုတ်ပါဘူး။ အဲဒီ အချိန်လောက်ဆိုရင် နိုင်ငံခြား စာနယ်ဇင်း သမားတွေလည်း ပြန်သွားကြပါပြီ။ တခြားသတင်းတွေ ပြောင်းရေးနေကြပါပြီ။ အခုအချိန်မှာ မြန်မာနိုင်ငံကို လာတဲ့သူတိုင်းက လွတ်လပ်တယ်၊ ဒီမိုကရေစီ ဖြစ်တယ်လို့ သုံးသပ်ပြီးသွားပါပြီ။ ဘာတွေဖြစ်လာမယ်ဆိုတာကို ကျနော်တို့ ဂရုတစိုက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

တကယ်လို့ ၁၉၉၀ ကို မှတ်မိမယ်ဆိုရင် အဲဒါက အခုအတိုင်းပါပဲ။ မေလ ၂၇ ရက်မှာ အရမ်းပျော်ခဲ့ကြတယ်။ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပခဲ့ကြတယ်။ တကယ်ကို ကျော်ဖြတ်နိုင်ခဲ့ပြီ။ အားလုံး အမှန်တကယ် ပြောင်းလဲတော့မယ်လို့ ပြည်သူတွေ တကယ်ထင်ခဲ့ကြတယ်။ ၂ လကြာတဲ့အခါ၊ ၂ လ တိတိကြာတဲ့အခါ၊ နဝတ အစိုးရက ပါတီတခုကို အာဏာလွှဲပြောင်း မပေးနိုင်ဘူး၊ တခြားပါတီတွေလည်း အမြောက်အများရှိသေးတယ်။ သူတို့ အတွက်လည်း ထည့်သွင်းစဉ်းစားရမယ်လို့ သဘောရတဲ့ ထုတ်ပြန်ချက်တခုကို ထုတ်ပြန်ခဲ့တယ်။ ဒါကြောင့် အဲဒီအချိန်က ၄၈၅ ဦးရှိတဲ့ ရွေးကောက်ခံ လွှတ်တော်အစား ရွေးကောက်ခံကိုယ်စားလှယ် ၁၀၀ နဲ့ သူတို့စိတ်ကြိုက် ရွေးချယ်ထားသူ ၆၀၀ ပါ၀င်တဲ့ အမျိုးသား ညီလာခံကို ကျင်းပခဲ့တယ်။ ပြီးတော့ ပြည်သူတွေ စိတ်ပျက် ဒေါသ ဖြစ်ခဲ့ရတာကို ကျနော် မှတ်မိနေပါသေးတယ်။ ဒါပေမယ့် သူတို့ကို ဘာမှ မလုပ်နိုင်ခဲ့ဘူး။ အခု အချိန်မှာတော့ ဒီလိုဖြစ်လိမ့်မယ်လို့တော့ ကျနော် မထင်ပါဘူး။ ဒီနေ့ ခေတ်အခါမှာ အဲဒါက အလုပ်ဖြစ်မှာ မဟုတ်ဘူး။ မိုဘိုင်းဖုန်းတွေ၊ Facebook နဲ့ လူမှုကွန်ရက်တွေနဲ့ ၁၉၉၀ ခုနှစ်ကထက်စာရင် အများကြီး ပွင့်လင်းလာပါပြီ။ ကျနော်တို့ စောင့်ကြည့်ရမှာက တကယ်လို့ ဒီရွေးကောက်ပွဲမှာ NLD အမှန်တကယ် အနိုင်ရရှိခဲ့မယ်ဆိုရင် သူတို့က NLD ရဲ့ အောင်မြင်မှုကို ဘယ်လို ကိုင်တွယ်မလဲဆိုတာကို ကျနော်တို့ စောင့်ကြည့်ဖို့ ကျန်နေပါသေးတယ်။

မေး။ ။ ၁၉၉၀ ရွေးကောက်ပွဲတုန်းက မြန်မာနိုင်ငံမှာ ရှိနေခဲ့ပါသလား။

ဖြေ။ ။ မရှိပါဘူး။ ကျနော်က နိုင်ငံခြားသား စာနယ်ဇင်းသမား တယောက် ဖြစ်တဲ့အတွက် ရွေးကောက်ပွဲကို သတင်းယူခွင့် မရခဲ့ပါဘူး။ ဒါပေမယ့် အဲဒါက ပြဿနာတခု မဟုတ်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီ အချိန်က ကျနော်တို့မှာ မိုဘိုင်းဖုန်းတွေ မရှိဘူး။ အင်တာနက် မရှိဘူး။ ကျနော်တို့မှာ ရိုးရိုးဖုန်းတွေပဲ ရှိပါတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက ရန်ကုန်က သတင်းတွေကို တနေ့တည်းမှာ အကြိမ်ကြိမ် ရနိုင်ခဲ့ပါတယ်။ အဲဒီအချိန်က ဘန်ကောက်မှာ ဆိုရင် ဒါက ပြဿနာ မဟုတ်ပါဘူး။ ဒါကြောင့် ကျနော် ဘန်ကောက်မှာနေခဲ့ရပါတယ်။

(ဧရာဝတီ အင်္ဂလိပ်ပိုုင်းတွင် ဖော်ပြထားသော Bertil Lintner on Burma’s Poll: ‘They Can’t Really Risk It by Cheating’ ကိုု နိုုင်မင်းသွင် ဘာသာပြန်သည်။)
http://www.themeltingpot4u.com/2015/11/blog-post_610.html

ျမန္မာ့အေရး ကြ်မ္းက်င္သူ ဘာေတးလ္ လင့္တနာ၏ ေရြးေကာက္ပြဲ အေတြ႔အႀကံဳနဲ႔ အျမင္ေရြးေကာက္ပြဲ ရလဒ္ေတြကို ဘယ္လို ကိုင္တြယ္မလဲ...
Posted by The Melting Pot 4 U on Monday, 9 November 2015

No comments:

Post a Comment