Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, November 14, 2015

လိင္ေျပာင္း အမ်ိဳးသမီးတစ္ဦး ထူးဆန္းစြာ ကိုယ္ဝန္ရ

ကိုယ္ဝန္ရွိလို႔ ဗိုက္ပူလာတာကို မွန္ထဲမွာ ေငးၾကည္႔ရင္း၊ မိဘျဖစ္လာေတာ႔မယ္ဆိုၿပီး ဂုဏ္ယူေနသူေတြဟာ စိတ္လႈပ္ရွားခဲ႔ၾကရပါတယ္။ တျခား အေဖ၊ အေမေတြလိုပဲ၊ ကေလးေလးတစ္ေယာက္ကို ေလာကထဲေခၚေဆာင္ လာရမယ္ဆိုတဲ႔ စိတ္က အရမ္းကို ျပင္းျပခဲ႔ၾကရပါတယ္။

ဒါေပမဲ႔ ဒါက သာမန္ကိုယ္ဝန္တစ္ခုေတာ႔ ဘယ္ေတာ႔မွျဖစ္လာမွာ မဟုတ္ပါဘူး။ Kayden Coleman ဆိုသူက ဆယ္စုႏွစ္တစ္စု နီးပါး ေယာက်ာ္းတစ္ေယာက္အေနနဲ႔ ေနထိုင္လာခဲ႔ရလို႔ပါ။

သူဟာ လိင္ေျပာင္းလဲခဲ႔သူတစ္ဦးပါ ဆိုၿပီး သူ႔သူငယ္ခ်င္းေတြနဲ႔ သူ႔မိသားစုကို ေျပာျပခဲ႔ရံုသာမက၊ testosterone လို႔ေခၚတဲ႔ ေဝးေစွ႔ကထြက္တဲ႔ ေယာက်ာ္းေဟာ္မုန္းေတြကိုလည္း ငါးႏွစ္ေလာက္ထိုးခဲ႔သူပါ။ မုတ္ဆိတ္ေမႊး၊ ပါသိုင္းေမႊးေတြလဲ ေပါက္လာခဲ႔ၿပီး၊ ရင္သားႏွစ္ခုလံုးကိုလည္း ျဖတ္ထုတ္ခဲ႔သူပါ။

ဒါေပမဲ႔ သဘာဝတရားႀကီးက ကေသာင္းကနင္း အေျခအေနတစ္ရပ္ကို ျဖစ္ေပၚလာေစခဲ႔ပါတယ္။ ေယာက်ာ္း ေဟာ္မုန္းေတြ ထိုးလာတာ ႏွစ္ေပါင္းမ်ားစြာၾကာခဲ႔ေပမဲ႔ Kayden ဟာ ကိုယ္ဝန္ရလာခဲ႔ပါတယ္။

ခုေတာ႔ သူနဲ႔ သူ႔အမ်ိဳးသား Elijah တို႔ဟာ ၁ႏွစ္နဲ႔ ၁၀လ အရြယ္ရွိတဲ႔ Azaelia (သမီးမိန္းကေလး) ၅ႏွစ္အရြယ္ေရာက္တဲ႔အခ်ိန္က်ရင္ Kayden ရဲ႕ သာမန္မဟုတ္တဲ႔ မိသားစုအေၾကာင္း အားလံုးကို ေျပာျပဖို႔ အစီအစဥ္ဆြဲေနပါတယ္။

Kayden ရဲ႕ ဗိုက္က တျဖည္းျဖည္းပူလာေတာ႔ ေလ႔က်င္႔ခန္းမလုပ္လို႔ ဗိုက္ပူေနတာ မဟုတ္ေတာ႔ပဲ ကေလးျဖစ္ေနတယ္ဆိုတာကို စသိလိုက္ရတဲ႔အခ်ိန္ အံ႔အားသင္႔သြားပါတယ္။

“ကြ်န္ေတာ္ ကိုယ္ဝန္ရလိမ္႔မယ္လို႔ ဘယ္တုန္းကမွ မေတြးခဲ႔မိဘူး။ ေယာက်ာ္းေဟာ္မုန္းေတြ ေၾကာင္႔ ဒီလိုမ်ိဳး ျဖစ္ႏိုင္လိမ္႔မယ္လို႔လည္း မထင္တာ။ တကယ္႔ကို အံ႔အားသင္႔စရာပါပဲ။” လို႔ Kayden က ျပံဳးၿဖီးၿပီးေတာ႔ ေျပာခဲ႔ပါတယ္။

သုတ္ေလးနည္းနည္းက သူ႔လိုလူအတြက္ ကိုယ္ဝန္မရႏုိင္ဘူးဆိုတဲ႔ အေတြးက မွားယြင္းခဲ႔တာျဖစ္ပါတယ္။

( Skyler )
#သစ္ထူးလြင္(ဗဟုသုတႏွင့္ထူးဆန္းေထြလာ)

#knowledge.thithtoolwin.com

Ref: Mirror
.....................................
လိင်ပြောင်း အမျိုးသမီးတစ်ဦး ထူးဆန်းစွာ ကိုယ်ဝန်ရ

ကိုယ်ဝန်ရှိလို့ ဗိုက်ပူလာတာကို မှန်ထဲမှာ ငေးကြည့်ရင်း၊ မိဘဖြစ်လာတော့မယ်ဆိုပြီး ဂုဏ်ယူနေသူတွေဟာ စိတ်လှုပ်ရှားခဲ့ကြရပါတယ်။ တခြား အဖေ၊ အမေတွေလိုပဲ၊ ကလေးလေးတစ်ယောက်ကို လောကထဲခေါ်ဆောင် လာရမယ်ဆိုတဲ့ စိတ်က အရမ်းကို ပြင်းပြခဲ့ကြရပါတယ်။

ဒါပေမဲ့ ဒါက သာမန်ကိုယ်ဝန်တစ်ခုတော့ ဘယ်တော့မှဖြစ်လာမှာ မဟုတ်ပါဘူး။ Kayden Coleman ဆိုသူက ဆယ်စုနှစ်တစ်စု နီးပါး ယောကျာ်းတစ်ယောက်အနေနဲ့ နေထိုင်လာခဲ့ရလို့ပါ။

သူဟာ လိင်ပြောင်းလဲခဲ့သူတစ်ဦးပါ ဆိုပြီး သူ့သူငယ်ချင်းတွေနဲ့ သူ့မိသားစုကို ပြောပြခဲ့ရုံသာမက၊ testosterone လို့ခေါ်တဲ့ ဝေးစှေ့ကထွက်တဲ့ ယောကျာ်းဟော်မုန်းတွေကိုလည်း ငါးနှစ်လောက်ထိုးခဲ့သူပါ။ မုတ်ဆိတ်မွှေး၊ ပါသိုင်းမွှေးတွေလဲ ပေါက်လာခဲ့ပြီး၊ ရင်သားနှစ်ခုလုံးကိုလည်း ဖြတ်ထုတ်ခဲ့သူပါ။

ဒါပေမဲ့ သဘာဝတရားကြီးက ကသောင်းကနင်း အခြေအနေတစ်ရပ်ကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။ ယောကျာ်း ဟော်မုန်းတွေ ထိုးလာတာ နှစ်ပေါင်းများစွာကြာခဲ့ပေမဲ့ Kayden ဟာ ကိုယ်ဝန်ရလာခဲ့ပါတယ်။

ခုတော့ သူနဲ့ သူ့အမျိုးသား Elijah တို့ဟာ ၁နှစ်နဲ့ ၁၀လ အရွယ်ရှိတဲ့ Azaelia (သမီးမိန်းကလေး) ၅နှစ်အရွယ်ရောက်တဲ့အချိန်ကျရင် Kayden ရဲ့ သာမန်မဟုတ်တဲ့ မိသားစုအကြောင်း အားလုံးကို ပြောပြဖို့ အစီအစဉ်ဆွဲနေပါတယ်။

Kayden ရဲ့ ဗိုက်က တဖြည်းဖြည်းပူလာတော့ လေ့ကျင့်ခန်းမလုပ်လို့ ဗိုက်ပူနေတာ မဟုတ်တော့ပဲ ကလေးဖြစ်နေတယ်ဆိုတာကို စသိလိုက်ရတဲ့အချိန် အံ့အားသင့်သွားပါတယ်။

“ကျွန်တော် ကိုယ်ဝန်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး။ ယောကျာ်းဟော်မုန်းတွေ ကြောင့် ဒီလိုမျိုး ဖြစ်နိုင်လိမ့်မယ်လို့လည်း မထင်တာ။ တကယ့်ကို အံ့အားသင့်စရာပါပဲ။” လို့ Kayden က ပြုံးဖြီးပြီးတော့ ပြောခဲ့ပါတယ်။

သုတ်လေးနည်းနည်းက သူ့လိုလူအတွက် ကိုယ်ဝန်မရနိုင်ဘူးဆိုတဲ့ အတွေးက မှားယွင်းခဲ့တာဖြစ်ပါတယ်။

( Skyler ) #သစ္ထူးလြင္(ဗဟုသုတႏွင့္ထူးဆန္းေထြလာ) #knowledge.thithtoolwin.com Ref: Mirror

No comments:

Post a Comment