Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, November 19, 2015

ဆႏၵထုတ္ေဖာ္ရင္း ကိုယ့္ကိုကိုယ္ မီးရိႈ႕လိုက္မိတဲ့ မြန္ဂိုးလီးယား အလုပ္သမားေခါင္းေဆာင္



ဒါဟာ ညြန္႔ေပါင္း အဖြဲ႕ေခါင္းေဆာင္တစ္ဦး က ပုဂၢလိကပိုင္ျပဳလုပ္လိုက္တဲ့ စီးပြားေရးတစ္ခုကို ဆန္႔က်င္ဆႏၵျပရင္း ကိုယ့္ကိုကိုယ္ မီးရိႈ႕လိုက္မိတဲ့ ျမင္ကြင္းပါပဲ။

အလုပ္သမား ေခါင္းေဆာင္တစ္ဦးဟာ မြန္ဂိုးလီးယား ရဲ႕ ေက်ာက္မီးေသြး တူးေဖာ္မႈ လုပ္ငန္းကို တရုတ္ႏိုင္ငံ သို႔ လက္၀ါးႀကီးအုပ္ခြင့္ေပးလိုက္တဲ့အေပၚ ဆန္႔က်င္တဲ့ ပါေဖာမန္႔တစ္ခု ျပဳလုပ္တာျဖစ္ပါတယ္။ ထို လုပ္ရပ္ကို ဆန္႔က်င္ေၾကာင္း သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ေနစဥ္အတြင္းမွာ အလုပ္သမားေခါင္းေဆာင္ျဖစ္သူက မီဒီယာေတြကို ေက်ာက္မီးေသြးတြင္း အလုပ္သမားေတြအေနနဲ႔ မိသားစု ကို ေထာက္ပံ့ႏိုင္ဖို႔ ရုန္းကန္ေနရေၾကာင္း စတင္ရွင္းျပခဲ့ပါတယ္။

ႏိုင္ငံတစ္၀ွမ္းက ေက်ာက္မီးေသြးစက္ရံု ၃၉ ခုကို ေမာင္းႏွင္ေနတဲ့ Erdenes Tavan Tolgoi ကုမၼဏီ ကို တရုတ္ ပုဂၢိလိက ကုမၼဏီ ျဖစ္တဲ့ TTJVCo က ၀ယ္ယူလိုက္တဲ့အတြက္ အေျခအေနေတြပိုဆိုးလာတဲ့အေၾကာင္းကို သူက ထည့္သြင္းေျပာျပခဲ့ပါတယ္။ သူ အဓိက စိုးရိမ္ခဲ့တာကေတာ့ တရုတ္ ကုမၼဏီ ဟာ ေက်ာက္မီးေသြးတြင္းေတြမွာ အလုပ္လုပ္ဖို႔ ၀န္ထမ္းေတြ သီးသန္႔ေခၚယူလာမွာကိုပါ။

သပ္ရပ္တဲ့ ၀တ္စံုကို ၀တ္ဆင္ထားတဲ့ အလုပ္သမားေခါင္းေဆာင္က စကားေျပာေနရင္းနဲ႔ သူ႔ကိုယ္သူ ေလာင္ကၽြမ္းႏုိင္တဲ့အရည္ေတြ ေလာင္းခ်ေနပါတယ္။ ခဏေနေတာ့ သူက " အစိုးရကလည္း ကၽြႏ္ုပ္တို႔ ကုမၼဏီ ကို အေထာက္အပ့ံ မေပးခဲ့ပါဘူး။ အလုပ္သမား မိသားစုေတြကို အငတ္ေဘး သင့္ေစခ်င္ေနပါတယ္။ ဒါေၾကာင့္ မြန္ဂိုလီးယား ျပည္သူေတြနဲ႔ ကေလးေတြအတြက္ ကၽြႏ္ုပ္ကို ကၽြႏ္ုပ္ အေလာင္ကၽြမ္းခံပါမယ္" လို႔ ေျပာကာ သူ႔ကိုယ္သူ မီးရိႈ႕ပါေတာ့တယ္။

အဲဒီေနာက္ တည္ၿငိမ္ေအာင္ႀကိဳးစားၿပီး သူ ထိုင္ေနေပမယ့္ စကၠန္႔အနည္းငယ္ အၾကာမွာေတာ့ နာက်င္မႈေတြ ကို ခံစားရင္း ေအာ္ဟစ္ကာ ၾကမ္းျပင္ေပၚလဲက်သြားပါတယ္။ သူ႔ေနာက္မွာ ရပ္ေနတဲ့ က်န္အလုပ္သမားေတြလည္း ရုန္းရင္းဆန္ခတ္ ေတြျဖစ္ကုန္ၿပီး သတင္းစာ ရွင္းလင္းပြဲကို တက္ေရာက္လာတဲ့ မီဒီယာ ေတြကေတာ့ ဓါတ္ပံု အလ်င္အျမန္ ရိုက္ကူးၾကပါတယ္။ မီးသတ္ေဆးဘူးေတြ အသံုးျပဳေပမယ့္လည္း အလုပ္သမား ေခါင္းေဆာင္ကေတာ့ မီးေလာင္ကၽြမ္းမႈ ဒဏ္ရာေတြ မ်ားျပားခဲ့တဲ့အတြက္ ေဆးရံုကို အလ်င္အျမန္ပို႔ခဲ့ရပါတယ္။ လက္ရွိမွာေတာ့ သူဟာ အသက္ရွင္ေနေသးတယ္လို႔ သိရပါတယ္။

Erdenes Tavan Tolgoi ကုမၼဏီဟာ ေက်ာက္မီးေသြး ၁.၄ ထရီလီယံ တန္ခ်ိန္ကို ရယူ ထုတ္လုပ္ေနၿပီး တိုင္းျပည္ရဲ႕ သယံဇာတ လုပ္ငန္းကို တရုတ္ ကုမၼဏီ တစ္ခုကို ေရာင္းခ်ခဲ့တဲ့အတြက္ လည္း ေ၀ဖန္ခံေနရပါေသးတယ္။


( Mario )

#သစ္ထူးလြင္(ဗဟုသုတႏွင့္ထူးဆန္းေထြလာ)
#knowledge.thithtoolwin.com

Ref : Mirror

.............................................

ဆန္ဒထုတ်ဖော်ရင်း ကိုယ့်ကိုကိုယ် မီးရှို့လိုက်မိတဲ့ မွန်ဂိုးလီးယား အလုပ်သမားခေါင်းဆောင်

ဒါဟာ ညွန့်ပေါင်း အဖွဲ့ခေါင်းဆောင်တစ်ဦး က ပုဂ္ဂလိကပိုင်ပြုလုပ်လိုက်တဲ့ စီးပွားရေးတစ်ခုကို ဆန့်ကျင်ဆန္ဒပြရင်း ကိုယ့်ကိုကိုယ် မီးရှို့လိုက်မိတဲ့ မြင်ကွင်းပါပဲ။

အလုပ်သမား ခေါင်းဆောင်တစ်ဦးဟာ မွန်ဂိုးလီးယား ရဲ့ ကျောက်မီးသွေး တူးဖော်မှု လုပ်ငန်းကို တရုတ်နိုင်ငံ သို့ လက်ဝါးကြီးအုပ်ခွင့်ပေးလိုက်တဲ့အပေါ် ဆန့်ကျင်တဲ့ ပါဖောမန့်တစ်ခု ပြုလုပ်တာဖြစ်ပါတယ်။ ထို လုပ်ရပ်ကို ဆန့်ကျင်ကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်အတွင်းမှာ အလုပ်သမားခေါင်းဆောင်ဖြစ်သူက မီဒီယာတွေကို ကျောက်မီးသွေးတွင်း အလုပ်သမားတွေအနေနဲ့ မိသားစု ကို ထောက်ပံ့နိုင်ဖို့ ရုန်းကန်နေရကြောင်း စတင်ရှင်းပြခဲ့ပါတယ်။

နိုင်ငံတစ်ဝှမ်းက ကျောက်မီးသွေးစက်ရုံ ၃၉ ခုကို မောင်းနှင်နေတဲ့ Erdenes Tavan Tolgoi ကုမ္မဏီ ကို တရုတ် ပုဂ္ဂိလိက ကုမ္မဏီ ဖြစ်တဲ့ TTJVCo က ၀ယ်ယူလိုက်တဲ့အတွက် အခြေအနေတွေပိုဆိုးလာတဲ့အကြောင်းကို သူက ထည့်သွင်းပြောပြခဲ့ပါတယ်။ သူ အဓိက စိုးရိမ်ခဲ့တာကတော့ တရုတ် ကုမ္မဏီ ဟာ ကျောက်မီးသွေးတွင်းတွေမှာ အလုပ်လုပ်ဖို့ ၀န်ထမ်းတွေ သီးသန့်ခေါ်ယူလာမှာကိုပါ။

သပ်ရပ်တဲ့ ၀တ်စုံကို ၀တ်ဆင်ထားတဲ့ အလုပ်သမားခေါင်းဆောင်က စကားပြောနေရင်းနဲ့ သူ့ကိုယ်သူ လောင်ကျွမ်းနိုင်တဲ့အရည်တွေ လောင်းချနေပါတယ်။ ခဏနေတော့ သူက " အစိုးရကလည်း ကျွန်ုပ်တို့ ကုမ္မဏီ ကို အထောက်အပ့ံ မပေးခဲ့ပါဘူး။ အလုပ်သမား မိသားစုတွေကို အငတ်ဘေး သင့်စေချင်နေပါတယ်။ ဒါကြောင့် မွန်ဂိုလီးယား ပြည်သူတွေနဲ့ ကလေးတွေအတွက် ကျွန်ုပ်ကို ကျွန်ုပ် အလောင်ကျွမ်းခံပါမယ်" လို့ ပြောကာ သူ့ကိုယ်သူ မီးရှို့ပါတော့တယ်။

အဲဒီနောက် တည်ငြိမ်အောင်ကြိုးစားပြီး သူ ထိုင်နေပေမယ့် စက္ကန့်အနည်းငယ် အကြာမှာတော့ နာကျင်မှုတွေ ကို ခံစားရင်း အော်ဟစ်ကာ ကြမ်းပြင်ပေါ်လဲကျသွားပါတယ်။ သူ့နောက်မှာ ရပ်နေတဲ့ ကျန်အလုပ်သမားတွေလည်း ရုန်းရင်းဆန်ခတ် တွေဖြစ်ကုန်ပြီး သတင်းစာ ရှင်းလင်းပွဲကို တက်ရောက်လာတဲ့ မီဒီယာ တွေကတော့ ဓါတ်ပုံ အလျင်အမြန် ရိုက်ကူးကြပါတယ်။ မီးသတ်ဆေးဘူးတွေ အသုံးပြုပေမယ့်လည်း အလုပ်သမား ခေါင်းဆောင်ကတော့ မီးလောင်ကျွမ်းမှု ဒဏ်ရာတွေ များပြားခဲ့တဲ့အတွက် ဆေးရုံကို အလျင်အမြန်ပို့ခဲ့ရပါတယ်။ လက်ရှိမှာတော့ သူဟာ အသက်ရှင်နေသေးတယ်လို့ သိရပါတယ်။

Erdenes Tavan Tolgoi ကုမ္မဏီဟာ ကျောက်မီးသွေး ၁.၄ ထရီလီယံ တန်ချိန်ကို ရယူ ထုတ်လုပ်နေပြီး တိုင်းပြည်ရဲ့ သယံဇာတ လုပ်ငန်းကို တရုတ် ကုမ္မဏီ တစ်ခုကို ရောင်းချခဲ့တဲ့အတွက် လည်း ဝေဖန်ခံနေရပါသေးတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

No comments:

Post a Comment