Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, November 10, 2015

မဲစာရင်းကြေညာမှု ကြန့်ကြာနေ၍ မဲဆန္ဒရှင်များ စိုးရိမ်ပူပန်နေ


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲရလဒ်များကြေညာနေစဉ်(ဓာတ်ပုံ-ကျော်ဇင်သန်း)


ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ ကော်မရှင်၏ ထုတ် ပြန်ကြေညာမှု ကြန့်ကြာနေခြင်း အပေါ် မဲဆန္ဒရှင်အချို့ စိုးရိမ်ပူ ပန်မှုများဖြစ်ပေါ်နေကြောင်း သ တင်းရရှိသည်။
နိုဝင်ဘာ ၈ရက်တွင် ပြုလုပ် ခဲ့သော ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ ပါတီအချို့ကဖြစ်နိုင် ခြေရှိသော ရလဒ်များကိုထုတ်ပြန် ကြေညာမှုပြုလုပ်လာကြသော် လည်း ရွေးကောက်ပွဲကော်မရှင်၏ အတည်ပြုချက်တွင် ရလဒ်ပြောင်း လဲမှုရှိလာမည်ကို စိုးရိမ်မှုများရှိ နေခြင်းဖြစ်ပြီး ကော်မရှင်၏ထုတ် ပြန်ချက်အမြန်ဆုံးထွက်ပေါ်ရန် ၎င်းတို့က မျှော်လင့်နေကြခြင်းဖြစ် သည်။
‘‘လက်ရှိ ရထားတဲ့စာရင်းအ ရတော့ ကျွန်တော်တို့ မဲထည့်ထား တဲ့ NLD ပါတီက နိုင်နေတာပေါ့။ နေရာအနှံ့မှာလည်း မဲစာရင်းနဲ့ ပတ်သက်ပြီး အမှားအယွင်းတွေ၊ ပြင်ဆင်ချက်တွေကြားလာရတဲ့ အတွက် ကော်မရှင်က အတည်မ ပြုသေးမချင်းတော့ စိတ်ပူနေတာ တော့အမှန်ပဲ’’ဟု ပဲခူးမြို့ ကျွန်း သာယာရပ်ကွက်နေ မဲဆန္ဒရှင် ဦးဝင်းကိုက ပြောသည်။
ပဲခူးမြို့ပေါ်တွင် မဲရေတွက်  စဉ်ရရှိထားသော စာရင်းအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက မဲအပြတ်အသတ်ဖြင့်အ နိုင်ရရှိထားသည်ဟု ပဲခူးတိုင်းဒေ သကြီး အောင်နိုင်ရေးအဖွဲ့တာဝန် ရှိသူတစ်ဦးက ဆိုသည်။

ယင်းရလဒ်မှာ ဖြစ်နိုင်ခြေ များသော်လည်း အဓိကဆုံးဖြတ် ကြေညာခွင့်ရှိသည့် ရွေးကောက် ပွဲကော်မရှင်၏ အတည်ပြုချက် သည်သာ အဆုံးအဖြတ်ဖြစ်၍ အပြည့်အ၀ပျော်ရွှင်မှုမရကြောင်း ပဲခူးမြို့ လိပ်ပြာကန်ရပ်ကွက်နေ မဲဆန္ဒရှင်တစ်ဦးက ဆိုသည်။
‘‘ဦးတင်အေးက ကန့်ကွက် မှုရှိရင် မဲရလဒ်ပြောင်းနိုင်တယ်လို့ ပြောထားတော့အခု ကိုယ်အား ပေးတဲ့ပါတီနိုင်ပေမယ့် စိတ်မချ ရသေးဘူး’’ဟု ၎င်းကပြောသည်။
ပဲခူးမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ကမူ လက်ရှိထုတ်ပြန် ကြေညာထားသူများမှာ ပါတီများ ၏ ခန့်မှန်းချက်များသာဖြစ်ပြီး မှန် ကန်မှုရှိသည်ဟု အာမမခံနိုင် ကြောင်း ဆိုသည်။
ပဲခူးမြို့နယ် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် အောင်နိုင်ရေး အဖွဲ့ ထုတ်ပြန်ချက်အရ ယင်းမြို့ နယ်တွင် ဒီချုပ်ပါတီက လွှတ် တော်နေရာသုံးခုတွင် အပြတ်အ သတ်အနိုင်ရရှိသည်ဟု ကနဦး သတင်းထုတ်ပြန်ထားသည်။
‘‘သူတို့က မဲရုံတွေက ရေ တွက်တဲ့အဖြေကို အခြေခံပြီး တွက်ထားတာ။ အဲဒါကိုပေါင်းပြီး ထုတ်ပြန်နေကြတာပေါ့။ ဒါကကော်မရှင်က ဆုံးဖြတ်တဲ့အဖြေမဟုတ်တော့ အမှန်လို့ မပြောနိုင်ဘူး။ အခုထိ မြို့နယ်အဆင့်က စာရင်းအပြည့်မရသေးဘူး။ ရ လာခဲ့ရင်လည်း တိုင်းကိုတင် မယ်။ ပြီးရင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ကိုတင်ပြီး မှန်ကန်စိတ်ချရပြီဆိုမှ စာရင်းက အတည်ပြုမှာပါ။ အခုထုတ်ပြန် ချက်တွေကိုတော့ မှန်တယ်လို့မ ဆိုနိုင်ဘူး’’ဟု ပဲခူးခရိုင်ရွေး ကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးမြင့် သူရက ပြောသည်။
ပဲခူးမြို့တွင် မဲရုံပေါင်း နှစ် ရာကျော်ရှိပြီး ယင်းမဲရုံများ၏ ရွေးကောက်ပွဲရလဒ်ထုတ်ပြန်နိုင် မှုကို ရွေးကောက်ပွဲကော်မရှင်က ပြောကြားနိုင်ခြင်းမရှိသေးပေ။


http://www.7daydaily.com/story/50613


.....................................................................


မဲစာရင်းကြေညာမှု ကြန့်ကြာနေ၍ မဲဆန္ဒရွင္မ်ား စိုးရိမ္ပူပန်နေ


ရြေးကောက္ပဲရြလဒ်နွင့် ပတ်သက်၍ က္မောရွင်၏ ထုတ်ျပန်ကြေညာမှု ကြန့်ကြာနျေခင်း အေပါ် မဲဆန္ဒရွင်အခို့ စိုးရိမ္ပူ ပန္မှုမ်ာျးဖစ်ပေါ်နေကြာင်း သ တင်းရရွိသည်။

နိုဝင္ဘာ ၈ရက္တြင်ျပုလုပ် ခဲ့သော ရြေးကောက္ပြဲရလဒ်နွင့် ပတ်သက်၍ ပါတီအခို့ကျဖစ်နိုင်ျေခရွိသော ရလဒ္မ်ားကိုထုတ်ျပန် ကြေညာမျှုပုလုပ္လာကြေသာ် လည်း ရြေးကောက္ပဲကြေ္မာရွင်၏ အတည်ျပုခ်က္တြင် ရလဒ်ျေပာင်း လဲမှုရွိလာမည္ကို စိုးရိမ္မှုမ်ားရွိ နျေခင်ျးဖစ်ပြီး က္မောရွင်၏ထုတ်ျပန္ခ်က်အျမန္ဆုံးထြက်ပေါ်ရန် ၎င်းတို့က မွေ်္လာင့်နေကျြခင်ျးဖစ် သည်။

‘‘လက်ရွိ ရထားတဲ့စာရင်းအ ရေတာ့ ကျန်ြတ္တောို့ မဲထည့်ထား တဲ့ NLD ပါတီက နိုင်နေတာပေါ့။ နေရာအနွံ့မွာလည်း မဲစာရင်းနဲ့ ပတ်သက်ပြီး အမွားအယြင်းတြေ၊ျပင္ဆင္ခ်က်တြေကြားလာရတဲ့ အတြက် က္မောရွင္က အတည္မျပုသေးမခ်င်းတော့ စိတ္ပူနေတာ တော့အမွန္ပဲ’’ဟု ပဲခူးမြို့ ကျနြ်း သာယာရပ္ကြက်နေ မဲဆန္ဒရွင် ဦးဝင်းကိုကျေပာသည်။

ပဲခူးမြို့ပေါ်တြင် မဲရေတြက်  စဉ်ရရွိထားသော စာရင်းအရ အမိုးသားဒီမိုကေရစီအဖြဲ့ခ်ုပ် ပါတီက မဲအျပတ်အသတ်ျဖင့်အ နိုင်ရရွိထားသည်ဟု ပဲခူးတိုင်းဒေ သကြီး အောင်နိုင်ရေးအဖြဲ့တာဝန် ရွိသူတစ်ဦးက ဆိုသည်။


ယင်းရလဒ္မျွာဖစ်နိုင်ျေခ မ်ားသ္လောည်း အဓိကဆုံျးဖတ် ကြေညာခြင့်ရွိသည့် ရြေးကောက် ပဲကြေ္မာရွင်၏ အတည်ျပုခ်က် သည်သာ အဆုံးအျဖတ်ျဖစ်၍ အျပည့်အ၀ပော််ရွှင္မှုမရေကြာင်း ပဲခူးမြို့ လိပ်ျပာကန်ရပ္ကြက်နေ မဲဆန္ဒရွင္တစ်ဦးက ဆိုသည်။

‘‘ဦးတင်အေးက ကန့်ကြက် မှုရွိရင် မဲရလဒ်ျေပာင်းနိုင္တယ္လို့ျေပာထားတော့အခု ကိုယ်အား ပေးတဲ့ပါတီနိုင်ပေမယ့် စိတ္မခ် ရေသးဘူး’’ဟု ၎င်းကျေပာသည်။

ပဲခူးမြို့နယ်ရြေးကောက္ပြဲ က္မောရွင္ကမူ လက်ရွိထုတ်ျပန် ကြေညာထားသူမ်ားမွာ ပါတီမ်ား ၏ ခန့်မွန်းခ်က္မ်ားသျာဖစ်ပြီး မွန် ကန္မှုရွိသည်ဟု အာမမခံနိုင် ကြောင်း ဆိုသည်။

ပဲခူးမြို့နယ် အမိုးသားဒီမို ကေရစီအဖြဲ့ခ်ုပ် အောင်နိုင်ရေး အဖြဲ့ ထုတ်ျပန္ခ်က်အရ ယင်းမြို့ နယ္တြင် ဒီခ်ုပ္ပါတီက လွှတ် တော်နေရာသုံးခုတြင် အျပတ်အ သတ်အနိုင်ရရွိသည်ဟု ကနဦး သတင်းထုတ်ျပန္ထားသည်။

‘‘သူတို့က မဲရုံတြေက ရေ တြက္တဲ့အျေဖကို အျေခခံပြီး တြက္ထားတာ။ အဲဒါကိုပေါင်းပြီး ထုတ်ျပန်နေကြတာပေါ့။ ဒါကေက္မာရွင္က ဆုံျးဖတ္တဲ့အျေဖမဟုတ်တော့ အမွန္လို့ မျေပာနိုင္ဘူး။ အခုထိ မြို့နယ်အဆင့္က စာရင်းအျပည့်မရေသးဘူး။ ရ လာခဲ့ရင္လည်း တိုင်းကိုတင် မယ်။ ပြီးရင်ျပည်ထောင္စုရြေး ကောက္ပဲကြေ္မာရွင္ကိုတင်ပြီး မွန္ကန္စိတ္ခ်ရပြီဆိုမွ စာရင်းက အတည်ျပုမွာပါ။ အခုထုတ်ျပန် ခ်က်တြေကိုတော့ မွန္တယ္လို့မ ဆိုနိုင္ဘူး’’ဟု ပဲခူးခရိုင်ရြေး ကောက္ပဲကြေ္မာရွင် ဥက္ကဋ္ဌဦျးမင့် သူရကျေပာသည်။

ပဲခူးမြို့တြင် မဲရုံပေါင်း နွစ် ရာကော််ရွိပြီး ယင်းမဲရုံမ်ား၏ ရြေးကောက္ပဲရြလဒ္ထုတ်ျပန်နိုင် မှုကို ရြေးကောက္ပဲကြေ္မာရွင္ကျေပာကြားနိုင်ျခင်းမရွိသေးပေ။

http://www.7daydaily.com/story/50613

No comments:

Post a Comment