ၿပီးခဲ့သည့္ သီတင္းပတ္ကုန္ပိုင္းကအေမရိကန္ႏုိင္ငံ၊ ေကာ္လိုရာဒို ျပည္နယ္ရွိ ဘရက္ကန္ရစ္ဂ်္မွ ေဒသခံမ်ားသည္ ေရလိႈင္းမ်ား ႐ိုက္ခတ္ေနသည့္ အသြင္မ်ိဳး တိမ္စိုင္တိမ္လိပ္မ်ားကို ေတြ႕ျမင္ခဲ့ရသည္။ ပံုသ႑န္ ထူးျခားလွပေနသည့္ အဆိုပါ တိမ္စိုင္မ်ားသည္ ညေနပိုင္း ေနေရာင္ႏွင့္အတူ နီျမန္း ေတာက္ပေနခဲ့သည္။ အပန္းေျဖ ၿမိဳ႕ေလးတြင္ ေနထုိင္သူမ်ားက အဆိုပါ တိမ္မ်ားကို ေတြ႕ျမင္ရသည့္ေနာက္ ပေဟဠိမ်ားစြာျဖင့္ အံ့ဩခဲ့ၾကသည္။ ဘ႐ူနဲလ္ တကၠသိုလ္မွ မိုးေလဝသ ပညာရွင္ တစ္ဦးျဖစ္သည့္ အန္ဒီရက္ဆဲလ္က အဆိုပါ တိမ္စိုင္မ်ားကို Kelvin-Helmholtz Billowမ်ားဟု ေခၚေဝၚၿပီး ေလထု တည္ၿငိမ္မႈ မရွိျခင္းကို ညႊန္ျပသည့္ သြင္ျပင္ လကၡဏာ တစ္ရပ္ဟု ရွင္းျပခဲ့သည္။ ပိုမိုေႏြးေထြးသည့္ ေလထုအလႊာ ေအာက္ဘက္တြင္ တိမ္စိုင္မ်ား ျဖစ္ထြန္းၿပီးေနာက္ ကြဲျပားသည့္ ဦးတည္ခ်က္ အသီးသီးသို႔ ေ႐ြ႕လ်ားၾကရာမွာ အဆိုပါ လိႈင္းပံုစံ တိမ္လိပ္မ်ား ျဖစ္ေပၚလာျခင္းဟု သိရသည္။ အေပၚပိုင္း တိမ္လႊာမ်ားက ေအာက္ေျခအလႊာထက္ ပိုမိုလ်င္ျမန္စြာ ေ႐ြ႕လ်ားသျဖင့္ လိႈင္းတြန္႔ပံုသ႑န္ ေပၚလြင္လာျခသ္းဟု ရက္ဆဲလ္က ရွင္းျပခဲ့သည္။ ေလထုလႈပ္ရွားမႈ အေျခအေနမ်ားကို တံု႔ျပန္ရာတြင္ ဘရက္ကန္ရစ္ဂ်္ကဲ့သို႔ ေတာင္ေပၚ ေဒသမ်ားက လႈပ္ရွားေျပာင္းလဲပံု သက္ေရာက္မႈမ်ား ပိုမိုခံစားရသျဖင့္ ထိုကဲ့သို႔ တိမ္လိပ္မ်ား ျဖစ္ေပၚႏိုင္ေျခ ပိုမိုျမင့္မားသည္။ ရံဖန္ရံခါတြင္ ယင္းကဲ့သို႔ တိမ္လိပ္မ်ားသည္ ပိုမိုျမင့္မားသည့္ ေကာင္္းကင္ယံတြင္ ျဖစ္ေပၚလာတတ္ေၾကာင္းလည္း သိရွိရသည္
Ref : ABC
7Day News Journal
..........
"ကော်လိုရာဒို ကောင်းကင်ယံမှ ရေလှိုင်းပုံ တိမ်စိုင်တိမ်လိပ်များ"
ပြီးခဲ့သည့် သီတင်းပတ်ကုန်ပိုင်းကအမေရိကန်နိုင်ငံ၊ ကော်လိုရာဒို ပြည်နယ်ရှိ ဘရက်ကန်ရစ်ဂျ်မှ ဒေသခံများသည် ရေလှိုင်းများ ရိုက်ခတ်နေသည့် အသွင်မျိုး တိမ်စိုင်တိမ်လိပ်များကို တွေ့မြင်ခဲ့ရသည်။ ပုံသဏ္ဍန် ထူးခြားလှပနေသည့် အဆိုပါ တိမ်စိုင်များသည် ညနေပိုင်း နေရောင်နှင့်အတူ နီမြန်း တောက်ပနေခဲ့သည်။ အပန်းဖြေ မြို့လေးတွင် နေထိုင်သူများက အဆိုပါ တိမ်များကို တွေ့မြင်ရသည့်နောက် ပဟေဠိများစွာဖြင့် အံ့ဩခဲ့ကြသည်။ ဘရူနဲလ် တက္ကသိုလ်မှ မိုးလေဝသ ပညာရှင် တစ်ဦးဖြစ်သည့် အန်ဒီရက်ဆဲလ်က အဆိုပါ တိမ်စိုင်များကို Kelvin-Helmholtz Billowများဟု ခေါ်ဝေါ်ပြီး လေထု တည်ငြိမ်မှု မရှိခြင်းကို ညွှန်ပြသည့် သွင်ပြင် လက္ခဏာ တစ်ရပ်ဟု ရှင်းပြခဲ့သည်။ ပိုမိုနွေးထွေးသည့် လေထုအလွှာ အောက်ဘက်တွင် တိမ်စိုင်များ ဖြစ်ထွန်းပြီးနောက် ကွဲပြားသည့် ဦးတည်ချက် အသီးသီးသို့ ရွေ့လျားကြရာမှာ အဆိုပါ လှိုင်းပုံစံ တိမ်လိပ်များ ဖြစ်ပေါ်လာခြင်းဟု သိရသည်။ အပေါ်ပိုင်း တိမ်လွှာများက အောက်ခြေအလွှာထက် ပိုမိုလျင်မြန်စွာ ရွေ့လျားသဖြင့် လှိုင်းတွန့်ပုံသဏ္ဍန် ပေါ်လွင်လာခြသ်းဟု ရက်ဆဲလ်က ရှင်းပြခဲ့သည်။ လေထုလှုပ်ရှားမှု အခြေအနေများကို တုံ့ပြန်ရာတွင် ဘရက်ကန်ရစ်ဂျ်ကဲ့သို့ တောင်ပေါ် ဒေသများက လှုပ်ရှားပြောင်းလဲပုံ သက်ရောက်မှုများ ပိုမိုခံစားရသဖြင့် ထိုကဲ့သို့ တိမ်လိပ်များ ဖြစ်ပေါ်နိုင်ခြေ ပိုမိုမြင့်မားသည်။ ရံဖန်ရံခါတွင် ယင်းကဲ့သို့ တိမ်လိပ်များသည် ပိုမိုမြင့်မားသည့် ကောင််းကင်ယံတွင် ဖြစ်ပေါ်လာတတ်ကြောင်းလည်း သိရှိရသည်
Ref : ABC
7Day News Journal
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Friday, November 6, 2015
ေကာ္လိုရာဒို ေကာင္းကင္ယံမွ ေရလိႈင္းပံု တိမ္စိုင္တိမ္လိပ္မ်ား
ေကာ္လိုရာဒို ေကာင္းကင္ယံမွ ေရလိႈင္းပံု တိမ္စိုင္တိမ္လိပ္မ်ား
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
November 06, 2015
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
November 06, 2015
Rating: 5
Subscribe to:
Post Comments (Atom)



No comments:
Post a Comment