Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, November 24, 2015

ရှမ်းပြည်ဟာ ငါတို့ ရဲ့ ပါရီ (ကဗျာ)


ရှမ်းပြည်ဟာ ငါတို့ ရဲ့ ပါရီ
=================
ရှမ်းပြည်ဟာ
မြန်မာပြည်ရဲ့ ….ပါရီပါပဲ
ငါတို့ ရင်တွေ ကြေကွဲရတယ်။

ပါရီဟာ
ကမ္ဘာ့ကြီးရဲ့  အနုပညာအသဲနှလုံးတဲ့
အနုပညာကို ရင်ခုန်သူမို့ 
မငြင်းဘူး ယုံတယ်။

ရှမ်းပြည်ဆိုတာ
ပအို့ ဝ်၊ ပလောင်၊ ရှမ်းညီနောင်နဲ့ 
ကချင်၊ ၀၊ လားဟူ
တောင်ရိုး၊ ဓနု၊ အင်းသားစုရာ
ပြည်ထောင်စုရဲ့ နှလုံးသည်းပွတ်တည်ရာ
ဖက်ဒရယ်ပြည်ထောင်စုကို ရင်ခုန်ရင်တော့
ပင်လုံကို မမေ့ကြနဲ့ ။

မမေ့ကြနဲ့ 
ငါတို့ ရဲ့  ပါရီကို
ဗုံးမိုးတွေ ရွာချနေပြီ။

မမေ့ကြနဲ့ 
ဗုံးခိုကျင်းထဲက
အစာ ပေးပါ
ရေ ပေးပါလို့ 
ကလေးတွေရဲ့  ငိုကြွေးသံဟာ
ပြည်ထောင်စုရဲ့ ရှိုက်သံဖြစ်တယ်။

မမေ့ကြနဲ့ 
စစ်ရှောင်စခန်းဆိုတာ
ဒုက္ခတွေကို ထမ်းပိုးထားရတဲ့နေရာ
ဟောနန်းကြီးတွေလို မသာယာဘူး။

မမေ့ကြနဲ့ 
သားပျောက်တဲ့ မိခင်
ဇနီးဆုံးတဲ့ ယောက်ျား
ခြေ လက် မျက်လုံး
ဆုံးရှုံးသူတွေရဲ့ နှလုံးသားမှာ
အနာတရတွေ ကိုယ်စီရှိတယ်။

အမုန်းစကားတွေ မပြောကြနဲ့ တဲ့
စစ်ပွဲတွေဖြစ်နေကြတာလေ
ပန်းပွင့်တွေ ကြဲနေကြတာမဟုတ်ဘူး
စစ်ပွဲတွေကို ငါတို့ မုန်းတယ်
စစ်သားတွေကို ငါတို့ မုန်းတယ်
မတရားမှုကို ငါတို့ မုန်းတယ်
ခွဲခြားမှုတွေကို ငါတို့  မုန်းတယ်
မေ့လျော့မှုတွေကိုလည်း ငါတို့ မုန်းတယ်။

မုန်းသင့်လို့ မုန်းတယ်
ကျည်ဆံစစ်စစ်တွေနဲ့ 
မြင်မြင်သမျှပစ်နေတဲ့
စစ်ဘုရင်တွေကို
ဘုရားသခင်အထင်နဲ့ 
အာမင်ဆိုပြီး နေရမှာလား။

မမေ့ကြနဲ့ 
ရှမ်းပြည်ဟာ ငါတို့ ရဲ့  ပါရီ
ရှမ်းပြည်ဟာ ငါတို့ ရဲ့  နှလုံးသည်းပွတ်
ရှမ်းပြည်ဟာ ငါတို့ ရဲ့ ရင်ခုန်သံ
ရှမ်းပြည်ဟာ ငါတို့ ရဲ့  မနက်ဖြန်လည်းဖြစ်တယ်။

ခိုင်မာကျော်ဇော
(နိုဝင်ဘာ ၁၇၊ ၂၀၁၅)
credit-ခိုင်မာကျော်ဇော

................................................

ရွမ်ျးပည်ဟာ ငါတို့ ရဲ့ ပါရီ
=================
ရွမ်ျးပည်ဟာ
်မႏၼာ်ပၫ္ရဲ ့….ပါရီပါပဲ
ငါတို့ ရင်တြေ ကြေကြဲရတယ်။

ပါရီဟာ
ကမ္ဘာ့ကြီးရဲ့  အနုပညာအသဲနွလုံးတဲ့
အနုပညာကို ရင္ခုန်သူမို့ 
မျငင်းဘူး ယုံတယ်။

ရွမ်ျးပည္ဆိုတာ
ပအို့ ဝ်၊ ပေလာင်၊ ရွမ်းညီနောင္နဲ့ 
ကခ်င်၊ ၀၊ လားဟူ
တောင်ရိုး၊ ဓနု၊ အင်းသားစုရာ
ျပည်ထောင္စုရဲ့ နွလုံးသည်းပြတ္တည်ရာ
ဖက္ဒရယ်ျပည်ထောင္စုကို ရင္ခုန်ရင်တော့
ပင္လုံကို မေမ့ကြနဲ့ ။

မေမ့ကြနဲ့ 
ငါတို့ ရဲ့  ပါရီကို
ဗုံးမိုးတြေ ရြာခ်နေပြီ။

မေမ့ကြနဲ့ 
ဗုံးခိုက်င်းထဲက
အစာ ပေးပါ
ရေ ပေးပါလို့ 
ကေလးတြေရဲ့  ငိုကြေးသံဟာ
ျပည်ထောင္စုရဲ့ ရွိုက်သျံဖစ္တယ်။

မေမ့ကြနဲ့ 
စစ်ရွောင္စခန်းဆိုတာ
ဒုက္ခတြေကို ထမ်းပိုးထားရတဲ့နေရာ
ဟောနန်းကြီးတြေလို မသာယာဘူး။

မေမ့ကြနဲ့ 
သားပော်က္တဲ့ မိခင်
ဇနီးဆုံးတဲ့ ယောက်ား
ျေခ လက် မ်က္လုံး
ဆုံးရွုံးသူတြေရဲ့ နွလုံးသားမွာ
အနာတရေတြ ကိုယ္စီရွိတယ်။

အမုန်းစကားတြေ မျေပာကြနဲ့ တဲ့
စစ္ပြဲတျြေဖစ်နေကြတာလေ
ပန်းပြင့်တြေ ကြဲနေကြတာမဟုတ္ဘူး
စစ္ပြဲတြေကို ငါတို့ မုန်းတယ်
စစ်သားတြေကို ငါတို့ မုန်းတယ်
မတရားမွုကို ငါတို့ မုန်းတယ်
ချြဲခားမွုတြေကို ငါတို့  မုန်းတယ်
မေ့လော့်မွုတြေကိုလည်း ငါတို့ မုန်းတယ်။

မုန်းသင့်လို့ မုန်းတယ်
က်ည္ဆံစစ္စစ်တြေနဲ့ 
ျမင်ျမင်သမ်ွပစ်နေတဲ့
စစ္ဘုရင်တြေကို
ဘုရားသခင်အထင္နဲ့ 
အာမင္ဆိုပြီး နေရမွာလား။

မေမ့ကြနဲ့ 
ရွမ်ျးပည်ဟာ ငါတို့ ရဲ့  ပါရီ
ရွမ်ျးပည်ဟာ ငါတို့ ရဲ့  နွလုံးသည်းပြတ်
ရွမ်ျးပည်ဟာ ငါတို့ ရဲ့ ရင္ခုန်သံ
ရွမ်ျးပည်ဟာ ငါတို့ ရဲ့  မနက်ျဖန္လည်ျးဖစ္တယ်။

ခိုင္မာကော််ဇော
(နိုဝင္ဘာ ၁၇၊ ၂၀၁၅)
credit-ခိုင္မာကော််ဇော

No comments:

Post a Comment