Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, November 25, 2015

ပစ်ချခံရသည့် ရုရှားတိုက်လေယာဉ်မှ လေယာဉ်မှူးတစ်ဦးကို ဆီးရီးယားစစ်တပ် ကယ်တင်နိုင်ခဲ့ဟုဆို

ပစ်ချခံရပြီး မြေပြင်ပေါ် ထိုးဆင်းသွားသည့် Su-24 တိုက်လေယာဉ်။
တူရကီလေတပ်၏ ပစ်ချခြင်းကို ခံခဲ့ရသည့် ရုရှားတိုက်လေယာဉ်မှ လေယာဉ်မှူးတစ်ဦးကို ဆီးရီးယားစစ်တပ်က ကယ်တင်နိုင်ခဲ့ကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။
ဆီးရီးယား သမ္မတ ဘာရှာအယ်လ်အာဆက်ဒ်၏ ရန်သူတော်သူပုန်များနှင့် အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများကို လေကြောင်းမှတိုက်ခိုက်နေသည့် ရုရှား Su-24 လေယာဉ်တစ်စီးသည် တူရကီလေပိုင်နက်ကို ဖြတ်ကျော် ပျံသန်းချိန်တွင် F-16 နှစ်စီး၏ ကြားဖြတ် ပစ်ချခြင်းကို ခံခဲ့ရပြီး ဆီးရီးယားပိုင်နက်ဖက် ပျက်ကျခဲ့သည်။
အဆိုပါ လေယာဉ်ပေါ်မှ လေယာဉ်မှူး တစ်ဦးကို တူရကီအနွယ် ဆီးရီးယားသူပုန် တာ့ခ်မန် လက်နက်ကိုင်အဖွဲ့များက မြေပြင်မှဆီး၍ ပစ်ခတ်သဖြင့် သေဆုံးခဲ့သည်။ အခြားလေယာဉ်မှူးတစ်ဦးမှာလည်း သေဆုံးသွားပြီဟု သတင်းများ ထွက်ပေါ်ခဲ့သည့်တိုင် ယခုအခါတွင်မူ ၎င်းကို မဟာမိတ် ဆီးရီးယားအစိုးရတပ်များက ကယ်တင်နိုင်ခဲ့ပြီဟု ပြင်သစ်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး အလက်ဇန္ဒား အောလော့ဗ်က Europe 1 ရေဒီယိုသို့ ပြောကြားခဲ့သည်။
အဆိုပါ လေယာဉ်မှူးကို ဆီးရီးယားရှိ ရုရှားစစ်စခန်း တစ်ခုသို့ ခေါ်ယူသွားကြောင်းလည်း ၎င်းက ဆိုသည်။ သို့သော်လည်း ယင်းသတင်းကို မော်စကိုရှိ ရုရှားအစိုးရ ထိပ်တန်းအာဏာပိုင်များက သီးခြားအတည်ပြုမှု မရှိသေးချေ။ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက လေယာဉ်မှူးတစ်ဦးနှင့် ၎င်းတို့ကို ကယ်ဆယ်ရန် ကြိုးစားခဲ့သည့် စစ်ဆင်ရေးတွင် ပါဝင်သူ မရိန်းတပ်ဖွဲ့ဝင်တစ်ဦးမှာမူ သေဆုံးကြောင်း အတည်ပြုထားသည်။
NATO မဟာမိတ်များက ၎င်းတို့၏ အဖွဲ့ဝင် တူရကီဖက်မှ ရပ်တည်ကြောင်း အခိုင်အမာ ကြေညာထားသော်လည်း ကိစ္စတိုင်းကို အတတ်နိုင်ဆုံး သွေးအေးအေး ဖြေရှင်းရန် တောင်းဆိုထားသည်။
ရုရှားသည် ဆီးရီးယားရှိ အိုင်အက်စ်တို့အပြင် အလယ်အလတ် သဘောထားရှိပြီး ဆီးရီးယား သမ္မတ ဘာရှာ အယ်လ်အာဆက်ဒ်တို့ကို တော်လှန်နေသည့် သူပုန်များကိုပါ ဗုံးကြဲလျက် ရှိသည်။ ယခုပစ်ချခံရသည့် တိုက်လေယာဉ်သည်လည်း ဆီးရီးယားနှင့် တူရကီ နယ်စပ်အနီးရှိ တာ့ခ်မန် သူပုန်များကို လာရောက် ဗုံးကြဲသည်ဟု ယူဆရသည်။
ရုရှားနှင့် တူရကီတို့သည် အိုင်အက်စ်တို့ကို ဘုံရန်သူအဖြစ် တိုက်ခိုက်နေသော်လည်း ဆီးရီးယား အရေးတွင် ဆန့်ကျင်ဖက် ရပ်တည်လျက်ရှိသည်။ သမ္မတ ဗလာဒီမာပူတင်၏ ရုရှားအစိုးရက အာဆက်ဒ်ကို ထောက်ခံပြီး တူရကီကမူ ၎င်းကို ဖြုတ်ချရန် အားထုတ်မှုများကို ကူညီပေးလျက် ရှိသည်။
Ref: RT
http://7daydaily.com/story/51786
................................................

ပစ္ခ်ခံရသည့် ရုရွားတိုက်လေယာဥ္မွ လေယာဥ္မွူးတစ်ဦးကို ဆီးရီးယားစစ္တပ် ကယ္တင်နိုင္ခဲ့ဟုဆို

တူရကီလေတပ်၏ ပစ္ခ်ျခင်းကို ခံခဲ့ရသည့် ရုရွားတိုက်လေယာဥ္မွ လေယာဥ္မွူးတစ်ဦးကို ဆီးရီးယားစစ္တပ္က ကယ္တင်နိုင္ခဲ့ကြောင်း သတင်းမ်ားထြက်ပေါ်လာခဲ့သည်။
ဆီးရီးယား သမ္မတ ဘာရွာအယ္လ်အာဆက္ဒ်၏ ရန်သူတော်သူပုန္မ်ားနွင့် အစ္စလာမ္မစ်နိုင်ငံတော် (အိုင်အက္စ်) စစ်သြေးကြမ်ားကို လေကြာင်းမွတိုက္ခိုက်နေသည့် ရုရွား Su-24 လေယာဥ္တစ္စီးသည် တူရကီလေပိုင္နက္ကျိုဖတ်ကော်် ပ်ံသန်းခိန္တြင် F-16 နွစ္စီး၏ ကြာျးဖတ် ပစ္ခ်ျခင်းကို ခံခဲ့ရပြီး ဆီးရီးယားပိုင္နက္ဖက် ပ်က္က်ခဲ့သည်။
အဆိုပါ လေယာဉ်ပေါ်မွ လေယာဥ္မွူး တစ်ဦးကို တူရကီအနယြ် ဆီးရီးယားသူပုန် တာ့ခ္မန် လက္နက္ကိုင်အဖြဲ့မ်ားကျေမျပင္မွဆီး၍ ပစ္ခတ်သျဖင့် သေဆုံးခဲ့သည်။ အျခားလေယာဥ္မွူးတစ်ဦးမွာလည်း သေဆုံးသြားပြီဟု သတင်းမ်ား ထြက်ပေါ်ခဲ့သည့်တိုင် ယခုအခါတြင္မူ ၎င်းကို မဟာမိတ် ဆီးရီးယားအစိုးရတပ္မ်ားက ကယ္တင်နိုင္ခဲ့ပြီဟျုပင်သစ်နိုင်ငံဆိုင်ရာ ရုရွားသံအမတ်ကြီး အလက္ဇန္ဒား အောလော့ဗ္က Europe 1 ရေဒီယိုသို့ျေပာကြားခဲ့သည်။
အဆိုပါ လေယာဥ္မွူးကို ဆီးရီးယားရွိ ရုရွားစစ္စခန်း တစ္ခုသို့ ခေါ်ယူသြားကြောင်းလည်း ၎င်းက ဆိုသည်။ သို့သ္လောည်း ယင်းသတင်းကို မ္စောကိုရွိ ရုရွားအစိုးရ ထိပ္တန်းအာဏာပိုင္မ်ားက သီျးခားအတည်ျပုမှု မရွိသေးခေ်။ ရုရွားကာကြယ်ရေး ဝန်ကြီးဌာနက လေယာဥ္မွူးတစ်ဦးနွင့် ၎င်းတို့ကို ကယ္ဆယ်ရန် ကြိုးစားခဲ့သည့် စစ္ဆင်ရေးတြင် ပါဝင်သူ မရိန်းတပ္ဖြဲ့ဝင္တစ်ဦးမွာမူ သေဆုံးကြောင်း အတည်ျပုထားသည်။
NATO မဟာမိတ္မ်ားက ၎င်းတို့၏ အဖြဲ့ဝင် တူရကီဖက္မွ ရပ္တည်ကြောင်း အခိုင်အမာ ကြေညာထားသ္လောည်း ကိစ္စတိုင်းကို အတတ်နိုင္ဆုံး သြေးအေးအေးျေဖရွင်းရန် တောင်းဆိုထားသည်။
ရုရွားသည် ဆီးရီးယားရွိ အိုင်အက္စ္တို့အျပင် အလယ်အလတ် သေဘာထားရွိပြီး ဆီးရီးယား သမ္မတ ဘာရွာ အယ္လ်အာဆက္ဒ္တို့ကို တ္လေွာန်နေသည့် သူပုန္မ်ားကိုပါ ဗုံးကြဲလ်က် ရွိသည်။ ယခုပစ္ခ်ခံရသည့် တိုက်လေယာဉ်သည္လည်း ဆီးရီးယားနွင့် တူရကီ နယ္စပ်အနီးရွိ တာ့ခ္မန် သူပုန္မ်ားကို လာရောက် ဗုံးကြဲသည်ဟု ယူဆရသည်။
ရုရွားနွင့် တူရကီတို့သည် အိုင်အက္စ္တို့ကို ဘုံရန်သူအျဖစ် တိုက္ခိုက်နေသ္လာည်း ဆီးရီးယား အေရးတြင် ဆန့်က်င္ဖက် ရပ္တည္လ်က်ရွိသည်။ သမ္မတ ဗလာဒီမာပူတင်၏ ရုရွားအစိုးရက အာဆက္ဒ္ကို ထောက္ခံပြီး တူရကီကမူ ၎င်းကျိုဖုတ္ခ်ရန် အားထုတ္မှုမ်ားကို ကူညီပေးလ်က် ရွိသည်။

Ref: RT
http://7daydaily.com/story/51786

No comments:

Post a Comment