Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, November 6, 2015

တပ်လုံခြုံရေးယူထားသည့်မဲရုံတွင် တိုက်ပွဲဖြစ်မည်ကိုစိုးရိမ်


 နိုဝင်ဘာလ ၊ ၆ ရက် ၂၀၁၅

 ရွေးကောက်ပွဲနေ့ စစ်တပ်လုံခြုံရေးယူမည့်မဲရုံများတွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဘက်မှ ရဲဘော်များလည်း ရှိနေသည့်အတွက် ထိပ်တိုက်တွေ့ဆုံမိပါက တိုက်ပွဲဖြစ်မည်ကို စိုရိမ်စိတ်ရှိနေကြသည်ဟု သိရသည်။

လွိုင်ကော်မြို့နယ် တီးလုံကျေးရွာအုပ်စုရှိ မဲရုံ (၁)၊ (၂) ၊ (၃) တွင် တပ်မှ လုံခြုံရေးတာဝန်ယူဖို့ ရှိသည့်အတွက် မဲပေးမည့် မဲဆန္ဒရှင်များ စိုရိမ်းစိတ်တွေ ရှိနေကြသည်ဟု တီးလုံကျေးရွာ အုပ်စု ဒေါစဲကျေးရွာမှ ခူးဘိုးရယ်က ပြောသည်။

“စိုးရိမ်စိတ်တော့ရှိတာပေါ့။ လွတ်လွတ်လတ်လတ် မဲပေးပါလို့ပြောနေကြတယ်။ ဒါမဲ့ ရွာကလူတွေက စိုးရိမ်နေကြတယ်။ ရွာ ရဲ့ အနီးအနားမှာလည်း KNPP ရဲဘော်တွေရှိတယ်လေ။ ငြိမ်းချမ်းရေး ယူထားတယ်ဆိုပေမယ့် မပြောတတ်ဘူးလေ။ မတော်လို့ ဟိုဖက်က ရဲဘော်နဲ့ လုံခြုံရေး ယူမည့် တပ်က ထိပ်တိုက်တွေ့ရင် မလွယ်ဘူး။မပြောတတ်ဘူး။” ဟု ခူးဘိုးရယ်က ပြောပါသည်။

ယခင် ငြိမ်းချမ်းရေး မယူခင်ကာလတွင် တီးလုံကျေးရွာအုပ်စုသည် အမည်းရောင်နယ်မြေဟု သတ်မှတ်ခံထားကြပြီး မကြာခဏဆိုသလို တိုက်ပွဲဖြစ်ခဲ့သောနေရာဖြစ်သည့်အတွက် ကြောက်စိတ်များ ရှိနေကြခြင်းဖြစ်သည်ဟု တီးလုံးကျေးရွာအုပ်စု ၀မ်ငေါ့ကျေးရွာမှာ ခူးပလျားရယ် က ဆိုသည်။


“ ကြောက်စိတ်တွေတော့ရှိနေသေးတာတော့ ရှိတယ်။ အရင်က တပ်တွေက တွေ့ ရင် ဘယ်ကိုပြေးရမယ်ဆိုတာပဲ အမြဲတွေးနေခဲ့ကြတယ်လေ။ အခုက တိုက်ပွဲမဖြစ်တာတော့ ကြာပြီ။ ဒါပေမယ့် အရင်က ရှိခဲ့တဲ့ ကြောက်စိတ်တွေက ရွာသားတွေက မပျောက်နိုင်ဘူးဖြစ်နေတယ်။’’ ဟု ခူးပလျားရယ်က ပြောသည်။

KNPP ဘက်မှတာဝန်ရှိသူများက ရွေးကောက်ပွဲတွင် မိမိတို့ဘက်မှ နှောင့်ယှက်မည်မဟုတ်ကြောင်း သို့သော် တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် လိုအပ်သည်ဟု ပြောဆိုထားပါသည်။

လွိုင်ကော်မြို့နယ်အတွင်းတွင် မဲရုံ ၅ ရုံဖြစ်သော တီးလုံကျေးရွာအုပ်စုမှ ၀မ်ငေါ့ကျေးရွာ မူလွန်ကျောင်း ၊ ဒေါစဲကျေးရွာ အ.မ.က ကျောင်း ၊ မဲဖျာကျေးရွာ အ.မ.က ကျောင်း ၊ ပါလောင်းအုပ်စုတွင် ဒေါတရိုးအ.မ.က ကျောင်း ၊ ဆူးဖဲလော အ.မ.က ကျောင်းတို့တွင် စစ်တပ်မှ လုံခြုံရေးယူထားသည်။


၎င်းမဲရုံများတွင် ခမရ(၅၃၀) ၊ ခလရ(၂၅၀) ၊ ခလရ (၂၆၁) ၊ ခလရ (၅၄) ၊ ရတခလရ (၉၄) တပ်တို့မှ တာဝန်ယူမည်ဟု သိရသည်။

မဲရုံလုံခြုံရေးအတွက် မဲရုံ(၁)ရုံတွင် အရံမီးသတ်(၄)ဦး၊ အထူးရဲ(၁)ဦး နှင့် တပ်သား (၁၀)ဦး စီ တာဝန်ယူသွားမည်ဖြစ်ကြောင်းသိရသည်။

တီးလုံးကျေးရွာအုပ်စုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားတိုးတက်ရေးပါတီ၊ ပြည်ထောင်စုနှင့်ကြံ့ခိုင်ရေးပါတီ၊ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ၊ ကယားလူမျိုးစုဒီကရေစီပါတီ၊ ကျာခေါင်းပါတီ နှင့် ဒူးလေးပါတီ စသည့်ပါတီများက မဲဆွယ်စည်းရုံးထားကြောင်းသိရသည်။

ဖြိုးဝေအောင်
Kantarawaddy Times
https://www.facebook.com/kantarawaddytimes/

..........................................

တပ္လုံခြုံရေးယူထားသည့်မဲရုံတြင် တိုက္ပျြဲဖစ္မည္ကိုစိုးရိမ်


 နိုဝင္ဘာလ ၊ ၆ ရက် ၂၀၁၅

 ရြေးကောက္ပြဲနေ့ စစ္တပ္လုံခြုံရေးယူမည့်မဲရုံမ်ားတြင် ကရင္နီအမိုးသားတိုးတက်ရေးပါတီ KNPP ဘက္မွ ရဲဘ္မော်ားလည်း ရွိနေသည့်အတြက် ထိပ္တိုက်တြေ့ဆုံမိပါက တိုက္ပျြဲဖစ္မည္ကို စိုရိမ္စိတ်ရွိနေကြသည်ဟု သိရသည်။

လြိုင်ကော်မြို့နယ် တီးလုံကေ်းရြာအုပ္စုရွိ မဲရုံ (၁)၊ (၂) ၊ (၃) တြင် တပ္မွ လုံခြုံရေးတာဝန်ယူဖို့ ရွိသည့်အတြက် မဲပေးမည့် မဲဆန္ဒရွင္မ်ား စိုရိမ်းစိတ်တြေ ရွိနေကြသည်ဟု တီးလုံကေ်းရြာ အုပ္စု ဒေါစဲကေ်းရြာမွ ခူးဘိုးရယ္ကျေပာသည်။

“စိုးရိမ္စိတ်တော့ရွိတာပေါ့။ လြတ္လြတ္လတ္လတ် မဲပေးပါလို့ျေပာနေကြတယ်။ ဒါမဲ့ ရြာကလူတြေက စိုးရိမ်နေကြတယ်။ ရြာ ရဲ့ အနီးအနားမွာလည်း KNPP ရဲဘော်တြေရွိတယ်လေ။ျငိမ်းခ်မ်းရေး ယူထားတယ္ဆိုပေမယ့် မျေပာတတ္ဘူးလေ။ မေတ္လာို့ ဟိုဖက္က ရဲဘ္နောဲ့ လျုံခုံရေး ယူမည့် တပ္က ထိပ္တိုက်တြေ့ရင် မလြယ္ဘူး။မျေပာတတ္ဘူး။” ဟု ခူးဘိုးရယ္ကျေပာပါသည်။

ယခင်ျငိမ်းခ်မ်းရေး မယူခင္ကာလတြင် တီးလုံကေ်းရြာအုပ္စုသည် အမည်းရောင္နယ်ျေမဟု သတ္မွတ္ခံထားကြပြီး မကြာခဏဆိုသလို တိုက္ပျြဲဖစ္ခဲ့သောနေရျာဖစ်သည့်အတြက် ကြောက္စိတ္မ်ား ရွိနေကျြခင်ျးဖစ်သည်ဟု တီးလုံးကေ်းရြာအုပ္စု ၀မ်ငေါ့ကေ်းရြာမွာ ခူးပလ်ားရယ် က ဆိုသည်။



“ ကြောက္စိတ်တြေတာ့ရွိနေသးတာတော့ ရွိတယ်။ အရင္က တပ်တြေက တြေ့ ရင် ဘယ္ကိျုေပးရမယ္ဆိုတာပဲ အမြဲတြေးနေခဲ့ကြတယ်လေ။ အခုက တိုက္ပြဲမျဖစ္တာတော့ ကြာပြီ။ ဒါပေမယ့် အရင္က ရွိခဲ့တဲ့ ကြောက္စိတ်တြေက ရြာသားတြေက မေပ်ာက်နိုင္ဘူျးဖစ်နေတယ်။’’ ဟု ခူးပလ်ားရယ္ကျေပာသည်။

KNPP ဘက္မွတာဝန်ရွိသူမ်ားက ရြေးကောက္ပြဲတြင် မိမိတို့ဘက္မွ နွောင့်ယွက္မည္မဟုတ်ကြောင်း သို့သော် တရားမ်ွတသည့် ရြေးကောက္ပျြဲဖစ်ရန် လိုအပ်သည်ဟုျေပာဆိုထားပါသည်။

လြိုင်ကော်မြို့နယ်အတြင်းတြင် မဲရုံ ၅ ရျုံဖစ်သော တီးလုံကေ်းရြာအုပ္စုမွ ၀မ်ငေါ့ကေ်းရြာ မူလြန်ကော်င်း ၊ ဒေါစဲကေ်းရြာ အ.မ.က ကော်င်း ၊ မဲဖ်ာကေ်းရြာ အ.မ.က ကော်င်း ၊ ပါလောင်းအုပ္စုတြင် ဒေါတရိုးအ.မ.က ကော်င်း ၊ ဆူးဖဲလော အ.မ.က ကော်င်းတို့တြင် စစ္တပ္မွ လုံခြုံရေးယူထားသည်။



၎င်းမဲရုံမ်ားတြင် ခမရ(၅၃၀) ၊ ခလရ(၂၅၀) ၊ ခလရ (၂၆၁) ၊ ခလရ (၅၄) ၊ ရတခလရ (၉၄) တပ္တို့မွ တာဝန်ယူမည်ဟု သိရသည်။

မဲရုံလျုံခုံရေးအတြက် မဲရုံ(၁)ရုံတြင် အရံမီးသတ်(၄)ဦး၊ အထူးရဲ(၁)ဦး နွင့် တပ်သား (၁၀)ဦး စီ တာဝန်ယူသြားမည်ျဖစ်ကြောင်းသိရသည်။

တီးလုံးကေ်းရြာအုပ္စုတြင် အမိုးသားဒီမိုကေရစီအဖြဲ့ခ်ုပ်၊ အမိုးသားတိုးတက်ရေးပါတီ၊ျပည်ထောင္စုနွင့်ကြံ့ခိုင်ရေးပါတီ၊ လူမိုးပေါင်းစုံဒီမိုကေရစီပါတီ၊ ကယားလူမိုးစုဒီကေရစီပါတီ၊ က်ာခေါင်းပါတီ နွင့် ဒူးလေးပါတီ စသည့်ပါတီမ်ားက မဲဆြယ္စည်းရုံးထားကြောင်းသိရသည်။

ဖြိုးဝေအာင်
Kantarawaddy Times
https://www.facebook.com/kantarawaddytimes/

No comments:

Post a Comment