Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, November 7, 2015

ထီေပါက္ဂဏန္းေဟာကိန္းမ်ား မွန္ကန္လြန္းသည့္ ထိုင္းနတ္၀င္သည္ အသတ္ခံရ

ဘန္ေကာက္၊ ႏို၀င္ဘာ-၅ ။ ။ ေပါက္ဂဏန္းကို အတိအက်ေဟာႏိုင္သည္ဟု နာမည္ႀကီးေနေသာ ၄၁ႏွစ္အရြယ္ နတ္၀င္သည္တစ္ေယာက္မွာ ႏို၀င္ဘာလ ၄ရက္ေန႔က နတ္ခြန္ ဆိုင္ သန္မာရတ္ရွိ ၄င္း၏ နတ္ကြန္းအနီးတြင္ ေသနတ္ႏွင့္ ပစ္သတ္ခံခဲ့ရရာ ေဒါသထြက္ေနသည့္ ေျမေအာက္ထီဒိုင္မ်ားက လုပ္ႀကံသတ္ျဖတ္ခဲ့သည္ဟု ရဲက သံသယရွိေနသည္။

ခ်ိဳင္ယြတ္ ဖတ္စရီငန္ကို ဘန္ေနာင္စလင္ဘန္ သန္းဆန္းလမ္းမေပၚရွိ ေခ်ာင္မဲ ဆုန္သန္နတ္ကြန္းတြင္ ေသနတ္ဒဏ္ရာေပါင္းမ်ားစြာျဖင့္ ေသဆံုးေနသည္ကို ေတြ႕ရွိခဲ့ရသည္ဟု သန္းေဆာင္း ခရိုင္အတြင္းရွိ ခါးပန္းရဲစခန္းမွ တာ၀န္က်အရာရွိ ရဲတပ္ဖြဲ႕ ဒုဗိုလ္မွဴးႀကီး ပါခြၽန္ နီအမ္အင္က ေျပာၾကားခဲ့သည္။

ခ်ိဳင္ယြတ္ (၄၁ႏွစ္)မွာ ၀မ္းဗိုက္၊ လည္ပင္း၊ ေက်ာကုန္းႏွင့္ လက္ေမာင္းႏွစ္ဖက္တြင္ ေသနတ္ျဖင့္ ေျခာက္ခ်က္အပစ္ခံခဲ့ရၿပီး သတ္ျဖတ္သူမ်ားက အနီးပစ္ေသနတ္မ်ားကို အသံုးျပဳခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

ခ်ိဳင္ယြတ္မွာ ယခင္က လက္ေ၀ွ႕သမားေဟာင္းတစ္ေယာက္ျဖစ္ၿပီး ဆမ္လီယမ္ ဆင္းမနီးအမည္ျဖင့္ လက္ေ၀ွ႕ထိုးသတ္ခဲ့သည္ဟု သူ၏ အစ္ကိုျဖစ္သူ ခ်မ္နန္ ပတ္ဆရီငန္ (၄၄ႏွစ္)က ရဲတပ္ဖြဲ႕သို႔ ေျပာၾကားခဲ့သည္။

ခ်ိ္ဳင္ယြတ္မွာ လံုပနီႏွင့္ ရတ္ခ်ဒမ္ႏိုအန္ လက္ေ၀ွ႕ရံုႀကီးမ်ားတြင္ ပြဲေပါင္းမ်ားစြာ ထိုးသတ္အႏိုင္ရခဲ့ၿပီး ေနာက္ပိုင္းတြင္ ခါးပတ္သံုးခုအႏိုင္ရခဲ့ကာ ေတာင္ပိုင္း၏ လက္ေ၀ွ႕ခ်ံပီယံတစ္ေယာက္ျဖစ္လာ ခဲ့သည္ဟု ဆိုသည္။

ထို႔ေနာက္ လက္ေ၀ွ႕ေလာကမွ အနားယူကာ ၀ိပႆနာဘက္သိုပ ေျခဦးလွည့္လာခဲ့သည္ဟု ဆိုသည္။ လက္ေ၀ွ႕သမားေဟာင္းႏွင့္ သူ၏ေဆြမ်ိဳးမ်ားက တစ္ႏွစ္အလြန္က သူ႔ေျမတစ္ခ်ိဳ႕တစ္၀က္ အေပၚတြင္ ေခ်ာင္မဲ ဆုန္သမ္ဘုရားေက်ာင္းကို ေဆာက္လုပ္ခဲ့ၾကသည္ဟု ဆိုသည္။

ထို႔ေနာက္ ခ်ိဳင္ယြတ္မွာ ဂြန္ယူနတ္ဘုရား၏ နတ္၀င္သည္တစ္ေယာက္အေနႏွင့္ နာမည္ေက်ာ္ၾကားလာခဲ့ၿပီး ထီေပါက္ဂဏန္းမ်ားကိုပင္လွ်င္ အတိအက် ေဟာကိန္းထုတ္လာႏိုင္သည္ဟု အစ္ကိုျဖစ္ သူက ေျပာသည္။ အနယ္နယ္အရပ္ရပ္မွ လူမ်ားမွာ နတ္၀င္သည္ထံမွ ထီေပါက္ဂဏန္းမ်ား ရရွိရန္အတြက္ ဘုရားေက်ာင္းသို႔ ပံုမွန္လာေရာက္ၾကသည္ဟု ဆုိသည္။

ဗုဒၶဟူးေန႔ကမူ ခ်ိဳင္ယြတ္မွာ တစ္ေန႔တာအလုပ္ၿပီးဆံုး၍ ဘုရားေက်ာင္းမွ လမ္းေလွ်ာက္ထြက္လာစဥ္ လူတစ္စု ကားအနက္တစ္စင္းျဖင့္ ေရာက္ရွိလာၿပီး ခ်ိဳင္ယြတ္အား ပစ္ခတ္ကာ ထြက္ေျပးသြားၾက သည္ဟု ဆိုသည္။

စံုစမ္းေရးလက္ေထာက္အႀကီးအကဲျဖစ္သည့္ ရဲဒုဗိုလ္မွဴးႀကီး ပရာဖန္ ဒီခ်ာရတ္ကမူ ခ်ိဳင္ယြတ္၏ ထီေဟာကိန္း မွန္ကန္မႈသည္ပင္လွ်င္ လုပ္ႀကံသတ္ျဖတ္ရသည့္ အေၾကာင္းရင္းျဖစ္ႏိုင္သည္ ဟု ေျပာသည္။

နတ္၀င္သည္တစ္ေယာက္အေနျဖင့္ ခ်ိဳင္ယြတ္မွာ ေအာက္တုိဘာ ၁ရက္ႏွင့္ ေအာက္တိုဘာ ၁၆ရက္ ထီဖြင့္ရက္မ်ားတြင္ ဂဏန္းသံုးလံုးအထိ မွန္ေအာင္ ေဟာကိန္းထုတ္ႏိုင္ခဲ့ၿပီး ေျမေအာက္ ထီေလာက တြင္ သူ၏ေဟာကိန္းမ်ားအေပၚ အေျခခံ၍ ေလာင္းသည့္ ထီေလာင္းကစားသမားမ်ားမွာ ေငြအေျမာက္အမ်ား ႏို္ငသြားခဲ့ၾကသည္ဟု ဆိုသည္။

အက်ိဳးဆက္အေနျဖင့္ အႀကီးအက်ယ္အရႈံးေပၚသြားသည့္ ေျမေအာက္ထီဒိုင္ႀကီးမ်ားက ေဒါသထြက္ကာ ေသနတ္သမားမ်ားငွားရမ္း၍ ခ်ိဳင္ယြတ္ကို သတ္ခိုင္းျခင္းျဖစ္ႏိုင္သည္ဟု ရဲဒုဗိုလ္မွဴးႀကီး ပရာဖန္က ေျပာၾကားခဲ့သည္။
Mizzima Burmese
...............
ထီပေါက်ဂဏန်းဟောကိန်းများ မှန်ကန်လွန်းသည့် ထိုင်းနတ်ဝင်သည် အသတ်ခံရ

ဘန်ကောက်၊ နိုဝင်ဘာ-၅ ။ ။ ပေါက်ဂဏန်းကို အတိအကျဟောနိုင်သည်ဟု နာမည်ကြီးနေသော ၄၁နှစ်အရွယ် နတ်ဝင်သည်တစ်ယောက်မှာ နိုဝင်ဘာလ ၄ရက်နေ့က နတ်ခွန် ဆိုင် သန်မာရတ်ရှိ ၄င်း၏ နတ်ကွန်းအနီးတွင် သေနတ်နှင့် ပစ်သတ်ခံခဲ့ရရာ ဒေါသထွက်နေသည့် မြေအောက်ထီဒိုင်များက လုပ်ကြံသတ်ဖြတ်ခဲ့သည်ဟု ရဲက သံသယရှိနေသည်။

ချိုင်ယွတ် ဖတ်စရီငန်ကို ဘန်နောင်စလင်ဘန် သန်းဆန်းလမ်းမပေါ်ရှိ ချောင်မဲ ဆုန်သန်နတ်ကွန်းတွင် သေနတ်ဒဏ်ရာပေါင်းများစွာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်ဟု သန်းဆောင်း ခရိုင်အတွင်းရှိ ခါးပန်းရဲစခန်းမှ တာဝန်ကျအရာရှိ ရဲတပ်ဖွဲ့ ဒုဗိုလ်မှူးကြီး ပါချွန် နီအမ်အင်က ပြောကြားခဲ့သည်။

ချိုင်ယွတ် (၄၁နှစ်)မှာ ၀မ်းဗိုက်၊ လည်ပင်း၊ ကျောကုန်းနှင့် လက်မောင်းနှစ်ဖက်တွင် သေနတ်ဖြင့် ခြောက်ချက်အပစ်ခံခဲ့ရပြီး သတ်ဖြတ်သူများက အနီးပစ်သေနတ်များကို အသုံးပြုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ချိုင်ယွတ်မှာ ယခင်က လက်ဝှေ့သမားဟောင်းတစ်ယောက်ဖြစ်ပြီး ဆမ်လီယမ် ဆင်းမနီးအမည်ဖြင့် လက်ဝှေ့ထိုးသတ်ခဲ့သည်ဟု သူ၏ အစ်ကိုဖြစ်သူ ချမ်နန် ပတ်ဆရီငန် (၄၄နှစ်)က ရဲတပ်ဖွဲ့သို့ ပြောကြားခဲ့သည်။

ချိ်ုင်ယွတ်မှာ လုံပနီနှင့် ရတ်ချဒမ်နိုအန် လက်ဝှေ့ရုံကြီးများတွင် ပွဲပေါင်းများစွာ ထိုးသတ်အနိုင်ရခဲ့ပြီး နောက်ပိုင်းတွင် ခါးပတ်သုံးခုအနိုင်ရခဲ့ကာ တောင်ပိုင်း၏ လက်ဝှေ့ချံပီယံတစ်ယောက်ဖြစ်လာ ခဲ့သည်ဟု ဆိုသည်။

ထို့နောက် လက်ဝှေ့လောကမှ အနားယူကာ ၀ိပဿနာဘက်သိုပ ခြေဦးလှည့်လာခဲ့သည်ဟု ဆိုသည်။ လက်ဝှေ့သမားဟောင်းနှင့် သူ၏ဆွေမျိုးများက တစ်နှစ်အလွန်က သူ့မြေတစ်ချို့တစ်ဝက် အပေါ်တွင် ချောင်မဲ ဆုန်သမ်ဘုရားကျောင်းကို ဆောက်လုပ်ခဲ့ကြသည်ဟု ဆိုသည်။

ထို့နောက် ချိုင်ယွတ်မှာ ဂွန်ယူနတ်ဘုရား၏ နတ်ဝင်သည်တစ်ယောက်အနေနှင့် နာမည်ကျော်ကြားလာခဲ့ပြီး ထီပေါက်ဂဏန်းများကိုပင်လျှင် အတိအကျ ဟောကိန်းထုတ်လာနိုင်သည်ဟု အစ်ကိုဖြစ် သူက ပြောသည်။ အနယ်နယ်အရပ်ရပ်မှ လူများမှာ နတ်ဝင်သည်ထံမှ ထီပေါက်ဂဏန်းများ ရရှိရန်အတွက် ဘုရားကျောင်းသို့ ပုံမှန်လာရောက်ကြသည်ဟု ဆိုသည်။

ဗုဒ္ဓဟူးနေ့ကမူ ချိုင်ယွတ်မှာ တစ်နေ့တာအလုပ်ပြီးဆုံး၍ ဘုရားကျောင်းမှ လမ်းလျှောက်ထွက်လာစဉ် လူတစ်စု ကားအနက်တစ်စင်းဖြင့် ရောက်ရှိလာပြီး ချိုင်ယွတ်အား ပစ်ခတ်ကာ ထွက်ပြေးသွားကြ သည်ဟု ဆိုသည်။

စုံစမ်းရေးလက်ထောက်အကြီးအကဲဖြစ်သည့် ရဲဒုဗိုလ်မှူးကြီး ပရာဖန် ဒီချာရတ်ကမူ ချိုင်ယွတ်၏ ထီဟောကိန်း မှန်ကန်မှုသည်ပင်လျှင် လုပ်ကြံသတ်ဖြတ်ရသည့် အကြောင်းရင်းဖြစ်နိုင်သည် ဟု ပြောသည်။

နတ်ဝင်သည်တစ်ယောက်အနေဖြင့် ချိုင်ယွတ်မှာ အောက်တိုဘာ ၁ရက်နှင့် အောက်တိုဘာ ၁၆ရက် ထီဖွင့်ရက်များတွင် ဂဏန်းသုံးလုံးအထိ မှန်အောင် ဟောကိန်းထုတ်နိုင်ခဲ့ပြီး မြေအောက် ထီလောက တွင် သူ၏ဟောကိန်းများအပေါ် အခြေခံ၍ လောင်းသည့် ထီလောင်းကစားသမားများမှာ ငွေအမြောက်အများ နို်ငသွားခဲ့ကြသည်ဟု ဆိုသည်။

အကျိုးဆက်အနေဖြင့် အကြီးအကျယ်အရှုံးပေါ်သွားသည့် မြေအောက်ထီဒိုင်ကြီးများက ဒေါသထွက်ကာ သေနတ်သမားများငှားရမ်း၍ ချိုင်ယွတ်ကို သတ်ခိုင်းခြင်းဖြစ်နိုင်သည်ဟု ရဲဒုဗိုလ်မှူးကြီး ပရာဖန်က ပြောကြားခဲ့သည်။
Mizzima Burmese

No comments:

Post a Comment