Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, November 27, 2015

ႀကံ့ခိုင္ေရးပါတီ ဘာေၾကာင့္ ႐ႈံးခဲ့လဲ

By ေအာင္ေဇာ္ | November 28, 2015 |
USDP, ႏိုင္ငံေရး
ၿပီးခဲ့သည့္ ႏုိ၀င္ဘာ ၁၅ ရက္ေန႔က ႏုိင္ငံေရးပါတီမ်ားႏွင့္ ေတြ႔ဆုံပြဲတြင္ ေတြ႔ရသည့္ သမၼတ ဦးသိန္းစိန္(ဓာတ္ပုံ- Reuters)

ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံံ႔ၿဖိဳးေရးပါတီဟာ ၁၉၉၃ တုန္းက ႀကံ့ခိုုင္ေရးအသင္း (USDA) ဆိုတဲ့ အမည္နဲ႔ စတင္တည္ေထာင္ခဲ့ၿပီး နာယကကေတာ့ ဗိုလ္ခ်ဳပ္မႉးႀကီးေဟာင္း ဦးသန္းေရႊပဲ ျဖစ္ပါတယ္။

ႏိုင္ငံေရး ဒဏ္ရာဒဏ္ခ်က္ေတြနဲ႔ အာဏာရွင္ေတြရဲ႕ လက္ေအာက္မွာ ႀကီးျပင္းခဲ့တဲ့ ျမန္မာလူထုက ဒီလို အဖြဲ႔အစည္းရဲ႕ ရည္ရြယ္ခ်က္ကို “ခ်က္ဆိုနားခြက္က မီးေတာက္ၿပီးသား” သေဘာေပါက္ နားလည္ၿပီးသား ျဖစ္ပါတယ္။

ထင္ထားၾကတဲ့အတိုင္း ၂၀၁၀ ခုႏွစ္ ဇြန္လမွာေတာ့ USDA ကေန ျပည္ေထာင္စုႀကံ့ခုိင္ေရးႏွင့္ ဖြံၿဖိဳးေရး ပါတီ (USDP) ဆုိၿပီး ေျပာင္းလဲ ဖြဲ႔စည္းခဲ့ပါတယ္။

ဒါေၾကာင့္ USDA ၊ USDP နဲ႔ အရင္အစိုးရဟာ အတူတူပဲ ဒီပုုပ္ထဲက ဒီပဲပါပဲလို႔ သတ္မွတ္လိုက္ပံုရပါတယ္။ ႀကံ့ခိုင္ေရးပါတီမွာ စစ္ဗိုလ္ခ်ဳပ္ေဟာင္းေတြ အရင္အစိုးရရဲ႕ ေခါင္းေဆာင္ေတြပဲ ပါဝင္ေနတာ ျဖစ္ၿပီး ဆယ္သက္ စားမကုန္တဲ့ စည္းစိမ္ေတြ လာဘ္ေပးလာဘ္ယူ လုပ္စားတဲ့ ပစၥည္းမ်ားစြာအျပင္ ျပည္သူအေပၚ ဗိုလ္က်အႏိုင္က်င့္တဲ့ ေဘာင္းဘီခၽြတ္ေတြပဲလို႔ ျပည္သူေတြက ျမင္ၾကပါတယ္။

ေနာက္တခ်က္ကေတာ့ ႀကံ့ခိုင္ေရးပါတီရဲ႕ ရံပံုေငြေတြပဲ ျဖစ္ပါတယ္။ ဒါေတြက ႏိုင္ငံေတာ္ ဘတ္ဂ်က္ေတြလား၊ ဘယ္သူ႔ ဘတ္ဂ်က္ေတြလဲဆိုတာ မရွင္းမလင္း ျဖစ္ေနပါတယ္။

ျမန္မာျပည္သူျပည္သား အမ်ားစုဟာ အရင္ေခတ္ေတြတုန္းက ႀကံ့ခိုုင္ေရးအသင္းရဲ႕ လုပ္ရပ္ေတြကို မေမ့ေသးပါ။ ျပည္သူေတြ ခ်စ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ယာဥ္တန္းကို တိုက္ခိုက္ခဲ့တဲ့သူေတြ၊ ၂၀၀၃ မွာ ျဖစ္ခဲ့တဲ့ နာမည္ေက်ာ္ ဒီပဲယင္း တိုက္ခိုက္မႈမွာ ႀကံ့ခိုင္ေရးက လက္သပ္ေမြးသူေတြ ပါဝင္ပတ္သက္ေနတယ္လို႔ မီဒီယာေတြက မီးေမာင္းထိုးျပခဲ့တာကို လူထုုက ယံုၾကည္ထားၾကပါတယ္။

ဒါေၾကာင့္ USDA တျဖစ္လဲ USDP ဟာ အစကတည္းက ပံုရိပ္ျပႆနာ ရွိတယ္လို႔ သံုးသပ္ရမွာပါ။

ဒါ့အျပင္ USDP အျဖစ္ ရပ္တည္တဲ့အခါမွာလည္း ျပည္ခုိင္ၿဖိဳးပါတီဟာ ႏုိင္ငံေရးမွာ လူမ်ဳိးေရးနဲ႔ ဘာသာေရးကုိ ေရာယွက္အသုံးခ်လာတာေၾကာင့္ လူထုရဲ႕ မႏွစ္ၿမိဳ႕မႈကုိ ခံခဲ့ရပါတယ္။

ေရြးေကာက္ပြဲ မဲဆြယ္ကာလ ႀကံ့ခိုင္ေရးပါတီရဲ႕ မဲဆြယ္စည္း႐ုံးပြဲေတြမွာ သူတို႔ ေခါင္းေဆာင္ေတြေပးတဲ့ Message ေတြဟာ ေအာက္ေျခလူထုရဲ႕ ရင္ခုန္သံ လိုအပ္ခ်က္ေတြနဲ႔ အရမ္းကို ကင္းကြာေနတာကို ေတြ႔ရပါတယ္။

ဒါကိုပဲ ေရြးေကာက္ပြဲမွာ ႏိုင္ ႏိုင္ေျခ ရွိတယ္လို႔ ထင္ေၾကးနဲ႔ေျပာေနတဲ့ ႀကံ့ခိုုင္ေရးပါတီ ခါင္းေဆာင္ေတြဟာ တကယ္ကို အေျခမွန္နဲ႔ ကင္းကြာေနၿပီး ဆင္စြယ္နန္းေတာ္ထဲမွာပဲ ေနေနခဲ့တာဆိုတာ ထင္ရွားပါတယ္။

ေနာက္တခ်က္ကေတာ့ ႀကံ့ခိုင္ေရးပါတီရဲ႕ အတြင္းပဋိပကၡပဲ ျဖစ္ပါတယ္။ ေရြးေကာက္ပြဲ မတိုင္ခင္ ၃ လအလိုခန္႔မွာ သန္းေခါင္းယံ အာဏာလုပြဲလို႔ ေခါင္းစဥ္တပ္ေရးသားခံရတဲ့ ႀကံ့ခိုုင္ေရးပါတီ ဥကၠ႒ သူရဦးေရႊမန္းကို အင္အားသံုး ျဖဳတ္ခ်တဲ့ အတြင္းတိုက္ပြဲဟာ ကိုယ့္လည္ပင္းကိုယ္ ႀကိဳးကြင္းစြပ္လိုက္တဲ့ အခ်က္ပဲ ျဖစ္ပါတယ္။

ဦးေရႊမန္းဟာ စစ္အုပ္စုထဲက နံပါတ္ ၃ ေခါင္းေဆာင္တာဝန္ကို ယူခဲ့သူျဖစ္ၿပီး USDP ရဲ႕ တာဝန္ကို ယူခ်ိန္မွာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အလုပ္သေဘာဆန္တဲ့၊ လက္ေတြ႔က်တဲ့ ပါတီႀကီး ၂ ခုရဲ႕ ဆက္ဆံမႈကို ထူးထူးျခားျခား တည္ေဆာက္ခဲ့သူ ျဖစ္ပါတယ္။ သူဟာ NLD နဲ႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အရွိန္အဝါနဲ႔ ၾသဇာကို ေစာေစာစီးစီး နားလည္ထားသူ တဦးလို႔ တြက္ဆႏိုင္ပါတယ္။

ဒါေပမယ့္ သမၼတ ဦးသိန္းစိန္ အုပ္စုက သူ႔ကို အင္အားသံုး ရွင္းထုတ္ခဲ့ပါတယ္။ ဦးေရႊမန္းရဲ႕ ဘက္မွာပါတဲ့ သူရဘြဲ႔ရ ဦးေအာင္ကိုရဲ႕ အဆိုအရ ဦးေရႊမန္းဟာ ပါတီအတြင္း ညီလာခံအရ ေရြးေကာက္ တင္ေျမွာက္ခံထားရတဲ့သူ ျဖစ္တယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ သူ႔ကို အင္အားသံုး ဖယ္ရွားခဲ့တာ တရားနည္းလမ္း မက်ဘူးလို႔ သံုးသပ္ရမွာပါ။

ဦးေရႊမန္းဟာ ေရြးေကာက္ပြဲ မဲဆြယ္ကာလမွာ ႀကံ့ခိုင္ေရးပါတီ ႐ႈံးမယ္ဆိုတာကို ႀကိဳတင္ ေဟာကိန္းထုတ္ခဲ့တဲ့ ပါတီေခါင္းေဆာင္တဦးလည္း ျဖစ္ပါတယ္။

ဦးေရႊမန္းနဲ႔ ေဒၚေအာင္ဆန္းစုၾကည္တိုု႔ရဲ႕ ေပါင္းစည္းမဟာမိတ္ ဖြဲ႔မႈကို လန္႔ၿပီး ေခ်ဖ်က္ခဲ့တဲ့ ဦးသိန္းစိန္ အုပ္စုဟာ အမွားႀကီးတခုကို ထပ္က်ဴးလြန္ခဲ့တာပဲ ျဖစ္ပါတယ္။ ကိုယ့္တပ္ကို ကိုယ္ျပန္နင္းတယ္လို႔ ဆိုရမွာ ျဖစ္ပါတယ္။

အဲဒီလို ႀကံ့ခိုင္ေရးပါတီ ဝရုန္းသုန္းကားနဲ႔ ဝါးအစည္းေျပခ်ိန္မွာ NLD ဟာ ေဒၚအာင္ဆန္းစုၾကည္ရဲ႕ ဦးေဆာင္မႈေအာက္မွာ မဲဆြယ္စည္း႐ုံးေရးနဲ႔ ပါတီဝင္သစ္ေတြ ကိုယ္စားလွယ္ေလာင္းေတြကို ေသေသခ်ာခ်ာ ေရြးခ်ယ္ႏိုင္ခဲ့ပါတယ္။ ေအာင္ႏိုင္ငံေရးကို ေသခ်ာ အာရုံစိုက္ လုပ္ႏိုင္ခဲ့ပါတယ္။ လူထုကို စည္း႐ုံးႏိုင္ခဲ့ပါတယ္။

NLD နဲ႔ ေဒၚေအာင္ဆန္းစုၾကည္တို႔ရဲ႕ ေရြးေကာက္ပြဲ Message ေတြဟာ ႐ုိး႐ုိးရွင္းရွင္းနဲ႔ ရင္ကိုထိတဲ့ Campaign message ျဖစ္ပါတယ္။ တကယ္အေျပာင္းအလဲကို လိုလားေနတဲ့ ျပည္သူျပည္သားေတြက ဒါေတြကို ယံုၾကည္လက္ခံပါတယ္။

၁၉၈၈ ကတည္းက NLD ဆိုတဲ့ အမွတ္တံဆိပ္ သေကၤတကို ရင္းႏွီးေထာက္ခံသိရွိခဲ့တဲ့ လူထုဟာ သိန္းနဲ႔ခ်ီ ရွိေနဆဲပါ။ သူတို႔ျမင္တာက ႐ုိးရွင္းပါတယ္။ NLD နဲ႔ ေဒၚေအာင္ဆန္းစုၾကည္ ႏိုင္ရင္ ပုခုံးေပၚ တက္နင္းထားတဲ့ သူေတြ ဆင္းသြားမယ္လို႔ ႐ုိး႐ုိးပဲ ေတြးပါတယ္။

ေနာက္ဆံုး အခ်က္ေတြကေတာ့ မီဒီယာနဲ႔ တက္ၾကြလႈပ္ရွားသူေတြဟာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ NLD အေပၚမွာ ကရုဏာသက္ၾကသူေတြ ျဖစ္ပါတယ္။ (ႏိုင္ငံေရးအရ ေဆြမ်ဳိး မကင္းသူေတြ၊ မိတ္ေဆြေတြ ေထာင္ထဲမွာ အတူေနခဲ့သူေတြ ဘဝတူ ခံစားခဲ့ၾကရသူေတြ ျဖစ္ပါတယ္)။

ေနာက္ဆံုးအခ်က္ကေတာ့ ႀကံ့ခိုင္ေရးမွာ ေဒၚေအာင္ဆန္းစုၾကည္လို၊ မင္းကိုႏိုင္လို၊ ကိုကိုႀကီးလို Charismatic ရွိတဲ့ ေခါင္းေဆာင္ေတြ မရွိပါဘူး။

ဒါေၾကာင့္ ႀကံ့ခိုင္ဖြံ႔ၿဖိဳးေရးပါတီ ေရွ႕ဆက္ရပ္တည္ဖို႔ အလားအလာ အမ်ားႀကီး ခက္ခဲတယ္လို႔ သံုးသပ္ရမွာ ျဖစ္ပါတယ္။
Irrawaddy
...............

ကြံ့ခိုင်ရေးပါတီ ဘာကြောင့် ရှုံးခဲ့လဲ
By အောင်ဇော် | November 28, 2015 |
USDP, နိုင်ငံရေး
ပြီးခဲ့သည့် နို၀င်ဘာ ၁၅ ရက်နေ့က နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲတွင် တွေ့ရသည့် သမ္မတ ဦးသိန်းစိန်(ဓာတ်ပုံ- Reuters)

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံံ့ဖြိုးရေးပါတီဟာ ၁၉၉၃ တုန်းက ကြံ့ခိုုင်ရေးအသင်း (USDA) ဆိုတဲ့ အမည်နဲ့ စတင်တည်ထောင်ခဲ့ပြီး နာယကကတော့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေပဲ ဖြစ်ပါတယ်။

နိုင်ငံရေး ဒဏ်ရာဒဏ်ချက်တွေနဲ့ အာဏာရှင်တွေရဲ့ လက်အောက်မှာ ကြီးပြင်းခဲ့တဲ့ မြန်မာလူထုက ဒီလို အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်ကို “ချက်ဆိုနားခွက်က မီးတောက်ပြီးသား” သဘောပေါက် နားလည်ပြီးသား ဖြစ်ပါတယ်။

ထင်ထားကြတဲ့အတိုင်း ၂၀၁၀ ခုနှစ် ဇွန်လမှာတော့ USDA ကနေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီ (USDP) ဆိုပြီး ပြောင်းလဲ ဖွဲ့စည်းခဲ့ပါတယ်။

ဒါကြောင့် USDA ၊ USDP နဲ့ အရင်အစိုးရဟာ အတူတူပဲ ဒီပုုပ်ထဲက ဒီပဲပါပဲလို့ သတ်မှတ်လိုက်ပုံရပါတယ်။ ကြံ့ခိုင်ရေးပါတီမှာ စစ်ဗိုလ်ချုပ်ဟောင်းတွေ အရင်အစိုးရရဲ့ ခေါင်းဆောင်တွေပဲ ပါဝင်နေတာ ဖြစ်ပြီး ဆယ်သက် စားမကုန်တဲ့ စည်းစိမ်တွေ လာဘ်ပေးလာဘ်ယူ လုပ်စားတဲ့ ပစ္စည်းများစွာအပြင် ပြည်သူအပေါ် ဗိုလ်ကျအနိုင်ကျင့်တဲ့ ဘောင်းဘီချွတ်တွေပဲလို့ ပြည်သူတွေက မြင်ကြပါတယ်။

နောက်တချက်ကတော့ ကြံ့ခိုင်ရေးပါတီရဲ့ ရံပုံငွေတွေပဲ ဖြစ်ပါတယ်။ ဒါတွေက နိုင်ငံတော် ဘတ်ဂျက်တွေလား၊ ဘယ်သူ့ ဘတ်ဂျက်တွေလဲဆိုတာ မရှင်းမလင်း ဖြစ်နေပါတယ်။

မြန်မာပြည်သူပြည်သား အများစုဟာ အရင်ခေတ်တွေတုန်းက ကြံ့ခိုုင်ရေးအသင်းရဲ့ လုပ်ရပ်တွေကို မမေ့သေးပါ။ ပြည်သူတွေ ချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းကို တိုက်ခိုက်ခဲ့တဲ့သူတွေ၊ ၂၀၀၃ မှာ ဖြစ်ခဲ့တဲ့ နာမည်ကျော် ဒီပဲယင်း တိုက်ခိုက်မှုမှာ ကြံ့ခိုင်ရေးက လက်သပ်မွေးသူတွေ ပါဝင်ပတ်သက်နေတယ်လို့ မီဒီယာတွေက မီးမောင်းထိုးပြခဲ့တာကို လူထုုက ယုံကြည်ထားကြပါတယ်။

ဒါကြောင့် USDA တဖြစ်လဲ USDP ဟာ အစကတည်းက ပုံရိပ်ပြဿနာ ရှိတယ်လို့ သုံးသပ်ရမှာပါ။

ဒါ့အပြင် USDP အဖြစ် ရပ်တည်တဲ့အခါမှာလည်း ပြည်ခိုင်ဖြိုးပါတီဟာ နိုင်ငံရေးမှာ လူမျိုးရေးနဲ့ ဘာသာရေးကို ရောယှက်အသုံးချလာတာကြောင့် လူထုရဲ့ မနှစ်မြို့မှုကို ခံခဲ့ရပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်ကာလ ကြံ့ခိုင်ရေးပါတီရဲ့ မဲဆွယ်စည်းရုံးပွဲတွေမှာ သူတို့ ခေါင်းဆောင်တွေပေးတဲ့ Message တွေဟာ အောက်ခြေလူထုရဲ့ ရင်ခုန်သံ လိုအပ်ချက်တွေနဲ့ အရမ်းကို ကင်းကွာနေတာကို တွေ့ရပါတယ်။

ဒါကိုပဲ ရွေးကောက်ပွဲမှာ နိုင် နိုင်ခြေ ရှိတယ်လို့ ထင်ကြေးနဲ့ပြောနေတဲ့ ကြံ့ခိုုင်ရေးပါတီ ခါင်းဆောင်တွေဟာ တကယ်ကို အခြေမှန်နဲ့ ကင်းကွာနေပြီး ဆင်စွယ်နန်းတော်ထဲမှာပဲ နေနေခဲ့တာဆိုတာ ထင်ရှားပါတယ်။

နောက်တချက်ကတော့ ကြံ့ခိုင်ရေးပါတီရဲ့ အတွင်းပဋိပက္ခပဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင် ၃ လအလိုခန့်မှာ သန်းခေါင်းယံ အာဏာလုပွဲလို့ ခေါင်းစဉ်တပ်ရေးသားခံရတဲ့ ကြံ့ခိုုင်ရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းကို အင်အားသုံး ဖြုတ်ချတဲ့ အတွင်းတိုက်ပွဲဟာ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်လိုက်တဲ့ အချက်ပဲ ဖြစ်ပါတယ်။

ဦးရွှေမန်းဟာ စစ်အုပ်စုထဲက နံပါတ် ၃ ခေါင်းဆောင်တာဝန်ကို ယူခဲ့သူဖြစ်ပြီး USDP ရဲ့ တာဝန်ကို ယူချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အလုပ်သဘောဆန်တဲ့၊ လက်တွေ့ကျတဲ့ ပါတီကြီး ၂ ခုရဲ့ ဆက်ဆံမှုကို ထူးထူးခြားခြား တည်ဆောက်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အဝါနဲ့ သြဇာကို စောစောစီးစီး နားလည်ထားသူ တဦးလို့ တွက်ဆနိုင်ပါတယ်။

ဒါပေမယ့် သမ္မတ ဦးသိန်းစိန် အုပ်စုက သူ့ကို အင်အားသုံး ရှင်းထုတ်ခဲ့ပါတယ်။ ဦးရွှေမန်းရဲ့ ဘက်မှာပါတဲ့ သူရဘွဲ့ရ ဦးအောင်ကိုရဲ့ အဆိုအရ ဦးရွှေမန်းဟာ ပါတီအတွင်း ညီလာခံအရ ရွေးကောက် တင်မြှောက်ခံထားရတဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် သူ့ကို အင်အားသုံး ဖယ်ရှားခဲ့တာ တရားနည်းလမ်း မကျဘူးလို့ သုံးသပ်ရမှာပါ။

ဦးရွှေမန်းဟာ ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ ကြံ့ခိုင်ရေးပါတီ ရှုံးမယ်ဆိုတာကို ကြိုတင် ဟောကိန်းထုတ်ခဲ့တဲ့ ပါတီခေါင်းဆောင်တဦးလည်း ဖြစ်ပါတယ်။

ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တိုု့ရဲ့ ပေါင်းစည်းမဟာမိတ် ဖွဲ့မှုကို လန့်ပြီး ချေဖျက်ခဲ့တဲ့ ဦးသိန်းစိန် အုပ်စုဟာ အမှားကြီးတခုကို ထပ်ကျူးလွန်ခဲ့တာပဲ ဖြစ်ပါတယ်။ ကိုယ့်တပ်ကို ကိုယ်ပြန်နင်းတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

အဲဒီလို ကြံ့ခိုင်ရေးပါတီ ဝရုန်းသုန်းကားနဲ့ ဝါးအစည်းပြေချိန်မှာ NLD ဟာ ဒေါ်အာင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်မှာ မဲဆွယ်စည်းရုံးရေးနဲ့ ပါတီဝင်သစ်တွေ ကိုယ်စားလှယ်လောင်းတွေကို သေသေချာချာ ရွေးချယ်နိုင်ခဲ့ပါတယ်။ အောင်နိုင်ငံရေးကို သေချာ အာရုံစိုက် လုပ်နိုင်ခဲ့ပါတယ်။ လူထုကို စည်းရုံးနိုင်ခဲ့ပါတယ်။

NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ရွေးကောက်ပွဲ Message တွေဟာ ရိုးရိုးရှင်းရှင်းနဲ့ ရင်ကိုထိတဲ့ Campaign message ဖြစ်ပါတယ်။ တကယ်အပြောင်းအလဲကို လိုလားနေတဲ့ ပြည်သူပြည်သားတွေက ဒါတွေကို ယုံကြည်လက်ခံပါတယ်။

၁၉၈၈ ကတည်းက NLD ဆိုတဲ့ အမှတ်တံဆိပ် သင်္ကေတကို ရင်းနှီးထောက်ခံသိရှိခဲ့တဲ့ လူထုဟာ သိန်းနဲ့ချီ ရှိနေဆဲပါ။ သူတို့မြင်တာက ရိုးရှင်းပါတယ်။ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည် နိုင်ရင် ပုခုံးပေါ် တက်နင်းထားတဲ့ သူတွေ ဆင်းသွားမယ်လို့ ရိုးရိုးပဲ တွေးပါတယ်။

နောက်ဆုံး အချက်တွေကတော့ မီဒီယာနဲ့ တက်ကြွလှုပ်ရှားသူတွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အပေါ်မှာ ကရုဏာသက်ကြသူတွေ ဖြစ်ပါတယ်။ (နိုင်ငံရေးအရ ဆွေမျိုး မကင်းသူတွေ၊ မိတ်ဆွေတွေ ထောင်ထဲမှာ အတူနေခဲ့သူတွေ ဘဝတူ ခံစားခဲ့ကြရသူတွေ ဖြစ်ပါတယ်)။

နောက်ဆုံးအချက်ကတော့ ကြံ့ခိုင်ရေးမှာ ဒေါ်အောင်ဆန်းစုကြည်လို၊ မင်းကိုနိုင်လို၊ ကိုကိုကြီးလို Charismatic ရှိတဲ့ ခေါင်းဆောင်တွေ မရှိပါဘူး။

ဒါကြောင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ရှေ့ဆက်ရပ်တည်ဖို့ အလားအလာ အများကြီး ခက်ခဲတယ်လို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။

No comments:

Post a Comment