Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, November 19, 2015

ဘဂၤလာေဒ့ရွ္တြင္ အီတလ်ံ ခရစ္ယာန္သာသနာျပဳ ဘုန္းေတာ္ၾကီး တစ္ပါး ေသနတ္ပစ္ခံရ


 ရန္ကုန္၊ ႏို၀င္ဘာ ၁၉

 ဘဂၤလာေဒ့ရွ္ႏိုင္ငံတြင္ အီတလီ ႏိုင္ငံသား ခရစ္ယာန္ သာသနာျပဳ ဘုန္းေတာ္ၾကီး တစ္ပါး ေသနတ္ျဖင့္ လုပ္ၾကံ ခံခဲ့ရေသာ္လည္း အသက္ေဘးမွ လြတ္ေျမာက္ခဲ့သည္ဟု သိရသည္။

ယခု လုပ္ၾကံမႈသည္ (၂) လအတြင္း ႏိုင္ငံျခားသားမ်ားကို တတိယ အၾကိမ္ လုပ္ၾကံသတ္ျဖတ္မႈ ျဖစ္ျပီး ပထမ အၾကိမ္ႏွင့္ ဒုတိယ အၾကိမ္ လုပ္ၾကံမႈတြင္ အီတလီ ႏိုင္ငံသား တစ္ဦးႏွင့္ ဂ်ပန္ ႏိုင္ငံသား တစ္ဦးတို႕ ေသဆံုးခဲ့သည္။

ယခု အသက္ေဘးမွ လႊတ္ေျမာက္သူမွာ အီတလ်ံ ဘုန္းေတာ္ၾကီး ေဒါက္တာ Parolari (၅၇) ႏွစ္ ျဖစ္ျပီး တစ္ျခား သာသနာျပဳ ၁၂ ဦးႏွင့္ အတူ သာသနာျပဳ လုပ္ငန္းမ်ားကို ဘဂၤလာေဒ့ရွ္ ႏိုင္ငံ ဒင္နာခ်ပူရ္ ခရိုင္တြင္ လုပ္ကိုင္ေနသည္မွာ ၂၅ ႏွစ္ခန္႕ရွိျပီဟု သိရသည္။

နံနက္ပိုင္း ၀တ္ျပဳဆုေတာင္းအျပီး ေနအိမ္မွ သူဦးစီး လုပ္ကိုင္ေနေသာ St Vincent ေဆးရံုသုိ႕ စက္ဘီးစီးျပီး အသြား လူသံုးဦး လိုက္ပါ လာေသာ ေမာ္ေတာ္ဆိုင္ကယ္တစ္စီးမွ ေသနတ္ျဖင့္ ပစ္ခတ္ခဲ့သည္ဟု သတင္းမ်ားတြင္ ေဖာ္ျပသည္။

ပစ္ခတ္ခံရျပီးေနာက္ လည္ပင္ႏွင့္ ဦးေခါင္းတြင္ ဒဏ္ရာရကာ စက္ဘီးေပၚမွ လိမ့္က်သြားခဲ့သည္ဟု သိရသည္။

ေဒသခံမ်ားက သူ႕ကို ခ်က္ခ်င္း ဒင္နာခ်္ပူရ္ (Dinajpur) ေဆးေက်ာင္း ေဆးရံုသုိ႕ ပို႕ေဆာင္ခဲ့ျပီး၊ သူ႕အား ဗုဒၶဟူး ေန႕လယ္ပိုင္းက ဒကၠားျမိဳ႕သို႕ ယူေဆာင္လာခဲ့သည္ဟု သိရသည္။

စက္တင္ဘာလ ၂၈ ရက္ေန႕ကလည္း အကူအညီ ေပးေနသူအီတလီ ႏိုင္ငံသား Cesare Tavella ဒကၠားျမိဳ႕ ဂူလ္ရွန္ သံတမန္ ရပ္ကြက္ တြင္ သတ္ျဖတ္ခံခဲ့ရျပီး ေအာက္တိုဘာလ ၃ ရက္ေန႕ကလည္း ဂ်ပန္ႏိုင္ငံသား ျဖစ္သူ Kunio Hoshi သည္ ရန္ပူရ္ ျမိဳ႕တြင္ အသတ္ခံခဲ့ရသည္။

အလားတူ ဘဂၤလာေဒ့ရွ္ ႏိုင္ငံသား ခရစ္ယာန္ ဘုန္းေတာ္ၾကီး Luke Sarkar လည္း ေအာက္တိုဘာလ ၅ ရက္ေန႕က ဓါးျဖင့္ တိုက္ခိုက္ခံခဲ့ရျပီး ဒဏ္ရာ ရရွိခဲ့ေသာ္လည္း အသက္မေသဘဲ လြတ္ေျမာက္ခဲ့သည္။

ယခုတိုက္ခိုက္မႈအေပၚ ဌာေန အေျခစိုက္ ဥေရာပ ေကာ္မရွင္ က ရွဳတ္ခ် လိုက္ျပီး တိုက္ခိုက္သူမ်ားကို အျမန္ဆံုး အေရယူရန္ ေတာင္းဆိုလိုက္သည္။

Arakan State
https://www.facebook.com/NarinjaraNews

..................................................................

ဘင်္ဂလာဒေ့ရှ်တွင် အီတလျံ ခရစ်ယာန်သာသနာပြု ဘုန်းတော်ကြီး တစ်ပါး သေနတ်ပစ်ခံရ
 ရန်ကုန်၊ နိုဝင်ဘာ ၁၉

 ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် အီတလီ နိုင်ငံသား ခရစ်ယာန် သာသနာပြု ဘုန်းတော်ကြီး တစ်ပါး သေနတ်ဖြင့် လုပ်ကြံ ခံခဲ့ရသော်လည်း အသက်ဘေးမှ လွတ်မြောက်ခဲ့သည်ဟု သိရသည်။

ယခု လုပ်ကြံမှုသည် (၂) လအတွင်း နိုင်ငံခြားသားများကို တတိယ အကြိမ် လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပြီး ပထမ အကြိမ်နှင့် ဒုတိယ အကြိမ် လုပ်ကြံမှုတွင် အီတလီ နိုင်ငံသား တစ်ဦးနှင့် ဂျပန် နိုင်ငံသား တစ်ဦးတို့ သေဆုံးခဲ့သည်။

ယခု အသက်ဘေးမှ လွှတ်မြောက်သူမှာ အီတလျံ ဘုန်းတော်ကြီး ဒေါက်တာ Parolari (၅၇) နှစ် ဖြစ်ပြီး တစ်ခြား သာသနာပြု ၁၂ ဦးနှင့် အတူ သာသနာပြု လုပ်ငန်းများကို ဘင်္ဂလာဒေ့ရှ် နိုင်ငံ ဒင်နာချပူရ် ခရိုင်တွင် လုပ်ကိုင်နေသည်မှာ ၂၅ နှစ်ခန့်ရှိပြီဟု သိရသည်။

နံနက်ပိုင်း ၀တ်ပြုဆုတောင်းအပြီး နေအိမ်မှ သူဦးစီး လုပ်ကိုင်နေသော St Vincent ဆေးရုံသို့ စက်ဘီးစီးပြီး အသွား လူသုံးဦး လိုက်ပါ လာသော မော်တော်ဆိုင်ကယ်တစ်စီးမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု သတင်းများတွင် ဖော်ပြသည်။

ပစ်ခတ်ခံရပြီးနောက် လည်ပင်နှင့် ဦးခေါင်းတွင် ဒဏ်ရာရကာ စက်ဘီးပေါ်မှ လိမ့်ကျသွားခဲ့သည်ဟု သိရသည်။

ဒေသခံများက သူ့ကို ချက်ချင်း ဒင်နာချ်ပူရ် (Dinajpur) ဆေးကျောင်း ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး၊ သူ့အား ဗုဒ္ဓဟူး နေ့လယ်ပိုင်းက ဒက္ကားမြို့သို့ ယူဆောင်လာခဲ့သည်ဟု သိရသည်။

စက်တင်ဘာလ ၂၈ ရက်နေ့ကလည်း အကူအညီ ပေးနေသူအီတလီ နိုင်ငံသား Cesare Tavella ဒက္ကားမြို့ ဂူလ်ရှန် သံတမန် ရပ်ကွက် တွင် သတ်ဖြတ်ခံခဲ့ရပြီး အောက်တိုဘာလ ၃ ရက်နေ့ကလည်း ဂျပန်နိုင်ငံသား ဖြစ်သူ Kunio Hoshi သည် ရန်ပူရ် မြို့တွင် အသတ်ခံခဲ့ရသည်။

အလားတူ ဘင်္ဂလာဒေ့ရှ် နိုင်ငံသား ခရစ်ယာန် ဘုန်းတော်ကြီး Luke Sarkar လည်း အောက်တိုဘာလ ၅ ရက်နေ့က ဓါးဖြင့် တိုက်ခိုက်ခံခဲ့ရပြီး ဒဏ်ရာ ရရှိခဲ့သော်လည်း အသက်မသေဘဲ လွတ်မြောက်ခဲ့သည်။

ယခုတိုက်ခိုက်မှုအပေါ် ဌာနေ အခြေစိုက် ဥရောပ ကော်မရှင် က ရှုတ်ချ လိုက်ပြီး တိုက်ခိုက်သူများကို အမြန်ဆုံး အရေယူရန် တောင်းဆိုလိုက်သည်။

Arakan State
https://www.facebook.com/NarinjaraNews

No comments:

Post a Comment