Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, November 7, 2015

ေရြးေကာက္ပြဲ က်င္းပရန္ တစ္ရက္သာ လုိေတာ့သည့္ အခ်ိန္တြင္ ဆႏၵမဲေပးရန္ ျပည္သူမ်ား အသင့္ရွိေန

၂၀၁၅ ပါတီစံု အေထြေထြ ေရြးေကာက္ပြဲတြင္ ဆႏၵမဲေပးရမည့္ မဲရံုတစ္ခုအား ျပင္ဆင္ထားစဥ္ (ဆင္ဟြာ)
    ရန္ကုန္ ၊ ႏုိဝင္ဘာ ၇ ရက္ (ဆင္ဟြာ)

    ပါတီစံု အေထြေထြ ေရြးေကာက္ပြဲ က်င္းပရန္ တစ္ရက္သာ လုိေတာ့သည့္  ႏုိ၀င္ဘာ ၇ ရက္ေန႔တြင္ ႏိုင္ငံအဝန္း၌ ဆႏၵမဲေပးရန္ မဲရုံမ်ားတြင္ ျပင္ဆင္ထားမႈ အေျခအေနမွာ ရာႏႈန္းျပည့္ နီးပါး အသင့္ ၿပီးစီးေသာ အေနအထားမ်ား ရွိေနၿပီး မဲဆႏၵရွင္ ျပည္သူမ်ားမွာလည္း ပါဝင္ မဲထည့္ရန္ အသင့္ရွိေနၾကေၾကာင္း သိရသည္။

ရန္ကုန္တုိင္း ေဒသႀကီးအတြင္းရွိ ဆႏၵမဲေပးရန္ သတ္မွတ္ေပးထားသည့္ ၿမဳိ ့နယ္ ၊ ရပ္ကြက္မ်ား အတြင္းရွိ မဲရုံ ျပင္ဆင္ထားမႈ မ်ားမွာလည္း အဆင္သင့္ ၿပီးစီးေနၿပီ ျဖစ္ၿပီး ဆႏၵမဲ ေပးရာတြင္ လြယ္ကူ အဆင္ေျပေစေရး ႀကဳိတင္ ေဆာင္ရြက္ထားသည္။

ရန္ကုန္တုိင္းေဒသႀကီး ေက်ာက္တံတားၿမဳိ ့နယ္ အမွတ္ ၄ ရပ္ကြက္ ေကာ္မရွင္ အဖြဲ ့ခြဲ ဥကၠဌ ဦးအုန္းေမာင္က “မနက္ျဖန္ မဲလာထည့္ဖုိ ့က ကြ်န္ေတာ္တုိ ့စာရင္းထဲမွာ လူ ၈၀၀ ရွိပါတယ္။ မနက္ ၆ နာရီကေန ညေန ၄ နာရီအတြင္းမွာ လာတဲ့လူေတြ အဆင္ေျပေအာင္လုိ ့သက္ေသခံ လက္မွတ္ကုိ အရင္ ေပးထားပါတယ္။ သူတုိ ့လာတဲ့ အခါအဲဒီ လက္မွတ္က မဲနံပါတ္ကုိ ေျပာတာနဲ ့ခ်က္ခ်င္း မဲစာရြက္ ထုတ္ေပးႏုိင္ပါတယ္။ အားလုံး အဆင္သင့္ ျဖစ္ေနပါၿပီ” ဟု ေျပာသည္။

ယခုျပဳလုပ္မည့္ ေရြးေကာက္ပြဲတြင္ ႏုိင္ငံေရးပါတီ ၉၁ ပါတီမွ ပါ၀င္ယွဥ္ၿပဳိင္ၾကမည္ ျဖစ္ၿပီး တစ္ႏုိင္ငံလုံး အတုိင္းအတာျဖင့္ ဆႏၵမဲေပးႏုိင္သည့္ မဲဆႏၵရွင္ ဦးေရမွာ ၃၃ သန္းေက်ာ္ခန္ ့ရွိေၾကာင္း သိရသည္။

ထုိျပင္ ေရြးေကာက္ပြဲအား ေအာင္ျမင္စြာ က်င္းပႏုိင္ေရးအတြက္ ျမန္မာႏုိင္ငံ ရဲတပ္ဖြဲ ့မွ လုံၿခဳံေရး အျပည့္အ၀ ရရွိေရး ေဆာင္ရြက္ရာတြင္ လက္ရွိအင္အားအျပင္ အထူးရဲမ်ားကုိ ခန္ ့အပ္ထားၿပီး မဲရုံတစ္ရုံလွ်င္ အထူးရဲတစ္ဦးႏႈန္းျဖင့္ ခန္ ့အပ္ထားရွိမည္ ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ထားသည္။

ယခုက်င္းပမည့္ ပါတီစုံ အေထြေထြ ေရြးေကာက္ပြဲတြင္ မဲဆႏၵနယ္ေျမမ်ားအတြင္းရွိ မဲရံုအသီးသီး၌ လံုၿခံဳေရး တာဝန္ယူ ေဆာင္ရြက္မည့္ အထူးရဲမ်ားမွာ တစ္ႏုိင္ငံလုံး အတုိင္းအတာျဖင့္ အေရအတြက္ ေလးေသာင္းေက်ာ္ ခန္ ့အပ္ထားရွိၿပီး ရန္ကုန္တိုင္းေဒသႀကီးအတြင္း၌ လံုၿခံဳေရး တာ၀န္ ေဆာင္ရြက္မည့္ အထူးရဲ စုစုေပါင္း ၅,၄၉၅ ဦး ရွိသည္။

(Xinhua)
http://www.xinhuamyanmar.com
...................
 ၂၀၁၅ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရမည့် မဲရုံတစ်ခုအား ပြင်ဆင်ထားစဉ် (ဆင်ဟွာ)
    ရန်ကုန် ၊ နိုဝင်ဘာ ရ ရက် (ဆင်ဟွာ)

    ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် တစ်ရက်သာ လိုတော့သည့်  နို၀င်ဘာ ရ ရက်နေ့တွင် နိုင်ငံအဝန်း၌ ဆန္ဒမဲပေးရန် မဲရုံများတွင် ပြင်ဆင်ထားမှု အခြေအနေမှာ ရာနှုန်းပြည့် နီးပါး အသင့် ပြီးစီးသော အနေအထားများ ရှိနေပြီး မဲဆန္ဒရှင် ပြည်သူများမှာလည်း ပါဝင် မဲထည့်ရန် အသင့်ရှိနေကြကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ဆန္ဒမဲပေးရန် သတ်မှတ်ပေးထားသည့် မြို ့နယ် ၊ ရပ်ကွက်များ အတွင်းရှိ မဲရုံ ပြင်ဆင်ထားမှု များမှာလည်း အဆင်သင့် ပြီးစီးနေပြီ ဖြစ်ပြီး ဆန္ဒမဲ ပေးရာတွင် လွယ်ကူ အဆင်ပြေစေရေး ကြိုတင် ဆောင်ရွက်ထားသည်။

ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို ့နယ် အမှတ် ၄ ရပ်ကွက် ကော်မရှင် အဖွဲ ့ခွဲ ဥက္ကဌ ဦးအုန်းမောင်က “မနက်ဖြန် မဲလာထည့်ဖို ့က ကျွန်တော်တို ့စာရင်းထဲမှာ လူ ၈၀၀ ရှိပါတယ်။ မနက် ၆ နာရီကနေ ညနေ ၄ နာရီအတွင်းမှာ လာတဲ့လူတွေ အဆင်ပြေအောင်လို ့သက်သေခံ လက်မှတ်ကို အရင် ပေးထားပါတယ်။ သူတို ့လာတဲ့ အခါအဲဒီ လက်မှတ်က မဲနံပါတ်ကို ပြောတာနဲ ့ချက်ချင်း မဲစာရွက် ထုတ်ပေးနိုင်ပါတယ်။ အားလုံး အဆင်သင့် ဖြစ်နေပါပြီ” ဟု ပြောသည်။

ယခုပြုလုပ်မည့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၉၁ ပါတီမှ ပါ၀င်ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန္ဒမဲပေးနိုင်သည့် မဲဆန္ဒရှင် ဦးရေမှာ ၃၃ သန်းကျော်ခန် ့ရှိကြောင်း သိရသည်။

ထိုပြင် ရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ ့မှ လုံခြုံရေး အပြည့်အဝ ရရှိရေး ဆောင်ရွက်ရာတွင် လက်ရှိအင်အားအပြင် အထူးရဲများကို ခန် ့အပ်ထားပြီး မဲရုံတစ်ရုံလျှင် အထူးရဲတစ်ဦးနှုန်းဖြင့် ခန် ့အပ်ထားရှိမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ယခုကျင်းပမည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်မြေများအတွင်းရှိ မဲရုံအသီးသီး၌ လုံခြုံရေး တာဝန်ယူ ဆောင်ရွက်မည့် အထူးရဲများမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အရေအတွက် လေးသောင်းကျော် ခန် ့အပ်ထားရှိပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ လုံခြံုရေး တာဝန် ဆောင်ရွက်မည့် အထူးရဲ စုစုပေါင်း ၅,၄၉၅ ဦး ရှိသည်။

(Xinhua)
http://www.xinhuamyanmar.com

No comments:

Post a Comment