Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, November 18, 2015

အိုင္အက္စ္ဗြီဒီယိုတြင္ နယူးေယာက္ၿမိဳ႕ကို တိုက္ခိုက္မည္ဟု ၿခိမ္းေျခာက္ထား

စီအင္အင္

နယူးေယာက္၊ ႏို၀င္ဘာ-၁၉ ။              ။ ႏို၀င္ဘာလ ၁၈ရက္ေန႔က အင္တာနက္လိုင္းတင္လာခဲ့သည့္ အိုင္အက္စ္ဗြီဒီယိုတစ္ခုတြင္ နယူးေယာက္ၿမိဳ႕ေတာ္ကို မၾကာမီတိုက္ခိုက္ေတာ့မည္ျဖစ္ေၾကာင္း သတိေပးထားသည္ဟု ဆုိသည္။
အဆိုပါဗြီဒီယိုထဲတြင္ တိုင္းမ္ရင္ျပင္တစ္ေနရာကို ရိုက္ျပထားၿပီး ေပါက္ကြဲပစၥည္းမ်ားႏွင့္အတူ ဗံုးခြဲသမားတစ္ေယာက္က အေသခံဗံုးခြဲခါးပတ္ေပၚ ဂ်က္အက္အက်ၤ ီကို ဇစ္ဆြဲ၀တ္ဆင္ေနပံုကိုလည္း   ျပထားသည္ဟု ဆိုသည္။
နယူးေယာက္ၿမိဳ႕ေတာ္ ရဲဌာနက ဗြီဒီယိုအေၾကာင္းကို သိရွိေၾကာင္းႏွင့္ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး တပ္ဖြဲ႕မ်ားကို ထပ္တိုးခ်ထားၿပီး အစစအရာရာ သတိထားၾကရန္လည္း တပ္လွန္႔ႏႈိးေဆာ္ထားေၾကာင္း   ေျပာၾကားခဲ့သစည္။
‘ဒီဗြီဒီယိုေတြက အသစ္အဆန္းေတာ့မဟုတ္ေပမယ့္ နယူးေယာက္ၿမိဳ႕ေတာ္ဟာ အၾကမ္းဖက္သမားေတြရဲ႕ ထိပ္တန္းပစ္မွတ္တစ္ခုအျဖစ္ ရွိေနဆဲဆိုတာကို ေသခ်ာခိုင္မာသြားေစခဲ့ပါတယ္’’ဟု ရဲဌာနက ေၾကညာခ်က္တြင္ ေျပာၾကားခဲ့သည္။
‘အခုအခ်ိန္အထိ ၿမိဳ႕ေတာ္ကို တိက်ေသခ်ာတဲ့ အႏၱရာယ္မရွိေသးေပမယ့္လည္း ႏႈိးၾကားသတိနဲ႔ ေနၾကရမွာျဖစ္ၿပီး အက္ဖ္ဘီအိုင္၊ အၾကမ္းဖက္မႈတုိက္ဖ်က္ေရး လုပ္ငန္းတပ္ဖြဲ႕နဲ႔   ေထာက္လွမ္းေရး အသိုင္းအ၀ိုင္း  တစ္ခုလံုးနဲ႔ ပူးေပါင္းအလုပ္လုပ္ၿပီး နယူးေယာက္ၿမိဳ႕ေတာ္ကို လံုၿခံဳေဘးကင္းေအာင္ ထိန္းသိမ္းထားမွာပါ’’ဟု အဆိုပါေၾကညာခ်က္တြင္ ေျပာၾကားထားသည္။
နယူးေယာက္ၿမိဳ႕ေတာ္၀န္ ဘီ ဒီ ဘလာရိႈးကလည္း ဗြီဒီယုိထဲမွာ ျပထားတဲ့ေနရာေတြနဲ႔ ၿမိဳ႕ေတာ္တစ္ခုလံုးမွာ ရဲေတြက လိုအပ္တဲ့ ႀကိဳတင္ကာကြယ္မႈေတြအားလံုး လုပ္ေဆာင္ေနပါတယ္’’ဟု   ေျပာၾကားခဲ့သည္။     
 ‘အၾကမ္းဖက္အဖြဲ႕အစည္းေတြရဲ႕ ရည္ရြယ္ခ်က္က အေၾကာက္တရားကို ႀကီးထြားလာေစဖို႔ဆိုေပမယ့္လည္း နယူးေယာက္ၿမိဳ႕ေတာ္ကေတာ့ ေၾကာက္ရြံ႕ေနမွာ မဟုတ္ပါဘူး’’ဟုလည္း ၄င္းက   ေျပာၾကားခဲ့သည္။
ဧၿပီလကလည္း အလားတူဗြီဒီယုိကုိ ထုတ္လႊင့္ခဲ့ဖူးသည္ဟု နယူးေယာက္ရဲဌာန၏ ေထာက္လွမ္းေရးႏွင့္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဒုေကာ္မရွင္နာ ဂြၽန္မီလာက ေျပာၾကားခဲ့သည္။
‘ဒါက ဗြီဒီယုိအေဟာင္းကိုပဲ ျပန္လည္ထုတ္လႊင့္တာပါ။ အိုင္အက္စ္၊ အယ္လ္ခိုင္ဒါနဲ႔ အၾကမ္းဖက္အုပ္စုေတြ လုပ္ေလ့ရွိတဲ့နည္းပါပဲ။ ဒါက ၀ါဒျဖန္႔နည္းတစ္မ်ိဳးပါပဲ’’ဟု ၄င္းက ေျပာၾကားသည္။
စီအင္အင္၏ အၾကမ္းဖက္မႈသရုပ္ခြဲပညာရွင္ ေပါ ခရစ္ရွန္႔ကမူ ယံုၾကည္ႏိုင္ေလာက္သည့္ ၿခိမ္းေျခာက္မႈ ဟုတ္သည္ျဖစ္ေစ မဟုတ္သည္ျဖစ္ေစ အာဏာပိုင္မ်ားအေနျဖင့္ ဗြီဒီယိုကို လ်စ္လ်ဴရႈမထား သင့္ေၾကာင္း ေျပာၾကားခဲ့သည္။
‘အိုင္အက္စ္ဟာ သမိုင္းတစ္ေလွ်ာက္မွာ အခ်မ္းသာဆံုး အၾကမ္းဖက္အုပ္စုျဖစ္ေတာ့ ဒီဗြီဒီယိုကို အေလးအနက္ထားသင့္တယ္လို႔ က်ေနာ္ထင္တယ္။ အိုင္အက္စ္မွာ အေနာက္ႏိုင္ငံသားေတြ သာမန္မဟုတ္တဲ့ အေရအတြက္အထိ ပါ၀င္ေနတယ္။ သူတို႔ရဲ႕ အႀကီးမားဆံုးရည္ရြယ္ခ်က္က အေမရိကန္ျပည္ေထာင္စုအတြင္းမွာ အၾကမ္းဖက္တုိက္ခိုက္မႈေတြ လုပ္ဖို႔ပဲ’’ဟု ၄င္းက ေျပာၾကားသည္။
- See more at: http://mizzimaburmese.com/article/7621#sthash.7yTiXxwj.qIBer7TW.dpuf
အိုင်အက်စ်ဗွီဒီယိုတွင် နယူးယောက်မြို့ကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ထား
ကမ္ဘာ့သတင်း
စီအင်အင်
1 hour 25 minutes ago Thu, 11/19/2015 - 12:04
Hits: 616 times

နယူးယောက်၊ နိုဝင်ဘာ-၁၉ ။              ။ နိုဝင်ဘာလ ၁၈ရက်နေ့က အင်တာနက်လိုင်းတင်လာခဲ့သည့် အိုင်အက်စ်ဗွီဒီယိုတစ်ခုတွင် နယူးယောက်မြို့တော်ကို မကြာမီတိုက်ခိုက်တော့မည်ဖြစ်ကြောင်း သတိပေးထားသည်ဟု ဆိုသည်။

အဆိုပါဗွီဒီယိုထဲတွင် တိုင်းမ်ရင်ပြင်တစ်နေရာကို ရိုက်ပြထားပြီး ပေါက်ကွဲပစ္စည်းများနှင့်အတူ ဗုံးခွဲသမားတစ်ယောက်က အသေခံဗုံးခွဲခါးပတ်ပေါ် ဂျက်အက်အကျင်္ ီကို ဇစ်ဆွဲဝတ်ဆင်နေပုံကိုလည်း   ပြထားသည်ဟု ဆိုသည်။

နယူးယောက်မြို့တော် ရဲဌာနက ဗွီဒီယိုအကြောင်းကို သိရှိကြောင်းနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး တပ်ဖွဲ့များကို ထပ်တိုးချထားပြီး အစစအရာရာ သတိထားကြရန်လည်း တပ်လှန့်နှိုးဆော်ထားကြောင်း   ပြောကြားခဲ့သစည်။

‘ဒီဗွီဒီယိုတွေက အသစ်အဆန်းတော့မဟုတ်ပေမယ့် နယူးယောက်မြို့တော်ဟာ အကြမ်းဖက်သမားတွေရဲ့ ထိပ်တန်းပစ်မှတ်တစ်ခုအဖြစ် ရှိနေဆဲဆိုတာကို သေချာခိုင်မာသွားစေခဲ့ပါတယ်’’ဟု ရဲဌာနက ကြေညာချက်တွင် ပြောကြားခဲ့သည်။

‘အခုအချိန်အထိ မြို့တော်ကို တိကျသေချာတဲ့ အန္တရာယ်မရှိသေးပေမယ့်လည်း နှိုးကြားသတိနဲ့ နေကြရမှာဖြစ်ပြီး အက်ဖ်ဘီအိုင်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး လုပ်ငန်းတပ်ဖွဲ့နဲ့   ထောက်လှမ်းရေး အသိုင်းအဝိုင်း  တစ်ခုလုံးနဲ့ ပူးပေါင်းအလုပ်လုပ်ပြီး နယူးယောက်မြို့တော်ကို လုံခြုံဘေးကင်းအောင် ထိန်းသိမ်းထားမှာပါ’’ဟု အဆိုပါကြေညာချက်တွင် ပြောကြားထားသည်။

နယူးယောက်မြို့တော်ဝန် ဘီ ဒီ ဘလာရှိုးကလည်း ဗွီဒီယိုထဲမှာ ပြထားတဲ့နေရာတွေနဲ့ မြို့တော်တစ်ခုလုံးမှာ ရဲတွေက လိုအပ်တဲ့ ကြိုတင်ကာကွယ်မှုတွေအားလုံး လုပ်ဆောင်နေပါတယ်’’ဟု   ပြောကြားခဲ့သည်။     

 ‘အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ ရည်ရွယ်ချက်က အကြောက်တရားကို ကြီးထွားလာစေဖို့ဆိုပေမယ့်လည်း နယူးယောက်မြို့တော်ကတော့ ကြောက်ရွံ့နေမှာ မဟုတ်ပါဘူး’’ဟုလည်း ၄င်းက   ပြောကြားခဲ့သည်။

ဧပြီလကလည်း အလားတူဗွီဒီယိုကို ထုတ်လွှင့်ခဲ့ဖူးသည်ဟု နယူးယောက်ရဲဌာန၏ ထောက်လှမ်းရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဒုကော်မရှင်နာ ဂျွန်မီလာက ပြောကြားခဲ့သည်။

‘ဒါက ဗွီဒီယိုအဟောင်းကိုပဲ ပြန်လည်ထုတ်လွှင့်တာပါ။ အိုင်အက်စ်၊ အယ်လ်ခိုင်ဒါနဲ့ အကြမ်းဖက်အုပ်စုတွေ လုပ်လေ့ရှိတဲ့နည်းပါပဲ။ ဒါက ၀ါဒဖြန့်နည်းတစ်မျိုးပါပဲ’’ဟု ၄င်းက ပြောကြားသည်။

စီအင်အင်၏ အကြမ်းဖက်မှုသရုပ်ခွဲပညာရှင် ပေါ ခရစ်ရှန့်ကမူ ယုံကြည်နိုင်လောက်သည့် ခြိမ်းခြောက်မှု ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အာဏာပိုင်များအနေဖြင့် ဗွီဒီယိုကို လျစ်လျူရှုမထား သင့်ကြောင်း ပြောကြားခဲ့သည်။

‘အိုင်အက်စ်ဟာ သမိုင်းတစ်လျှောက်မှာ အချမ်းသာဆုံး အကြမ်းဖက်အုပ်စုဖြစ်တော့ ဒီဗွီဒီယိုကို အလေးအနက်ထားသင့်တယ်လို့ ကျနော်ထင်တယ်။ အိုင်အက်စ်မှာ အနောက်နိုင်ငံသားတွေ သာမန်မဟုတ်တဲ့ အရေအတွက်အထိ ပါ၀င်နေတယ်။ သူတို့ရဲ့ အကြီးမားဆုံးရည်ရွယ်ချက်က အမေရိကန်ပြည်ထောင်စုအတွင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဖို့ပဲ’’ဟု ၄င်းက ပြောကြားသည်။


- See more at: http://mizzimaburmese.com/article/7621#sthash.7yTiXxwj.qIBer7TW.dpuf

No comments:

Post a Comment