Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, November 15, 2015

အနိုင်ရပါတီနဲ့ အစိုးရအဖွဲ့ တိုင်ပင်ဆောင်ရွက်ကြ ဖို့ ပြည်ထောင်စု ရွေးကော် ဥက္ကဌ တိုက်တွန်း

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ရွေးကောက်ပွဲရလဒ်တွေကို နိုဝင်ဘာလ ၁၅ ရက်နေ့က ရှင်းလင်းစဉ်။ Photo:Win Ko ko Latt/RFA

 ရွေးကောက်ပွဲအပြီးကာလ တိုင်းပြည်တည်ငြိမ်ရေးအတွက် အနိုင်ရပါတီနဲ့ လက်ရှိအစိုးရအဖွဲ့တို့ တိုင်ပင် ညှိနှိုင်းဆောင်ရွက်ကြဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက တိုက်တွန်းပြော ဆိုလိုက်ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဒီကနေ့ ညနေပိုင်းက ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ မှာ ရွေးကောက်ပွဲအပြီး ကြားကာလအတွင်း အစိုးရအပြောင်းအလဲ တည်တည်ငြိမ်ငြိမ် ဆောင်ရွက်နိုင် မယ်ထင်ပါသလားဆိုတဲ့ မေးခွန်းအပေါ် ကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲအပြီး တရားမဲ့ပြုကျင့်မှုတွေနဲ့ပတ်သက်ပြီး ကန့်ကွက်တိုင်ကြားတာတွေကို လည်း ပြည်ထောင်စု ရွေးကာက်ပွဲကော်မရှင်အနေနဲ့ လွတ်လပ်ပွင့်လင်းမှုရှိရှိ စီရင်ဆုံးဖြတ်ပေး သွားမှာဖြစ်ကြောင်းလည်း ဦးတင်အေးက ပြောဆိုခဲ့ပါတယ်။

"ရွေးကောက်ပွဲတော့ပြီးသွားပါပြီ သို့သော်လည်းပဲ ကျန်တဲ့ကန့်ကွက်တာတွေ ရှိနိုင်ပါသေးတယ်၊ ဘာကြောင့်လဲ ဆိုတော့ ရှုံးတဲ့သူကလည်းပဲ ထုံးစံအတိုင်းပါပဲနော် ဒါတွေက ကန့်ကွက်တာ ရှိကောင်းရှိပါလိမ့်မယ်၊ ရှိရင်လည်း ကျနော်တို့ အခုတက်ရောက်လာတဲ့ မီဒီယာများကို ကျနော်ပြောချင်တာကတော့ ရွေးကောက်ပွဲတုန်း ကပြောသလိုပဲ လွတ်လွတ်လပ်လပ်လုပ်ပေးမှာပါ၊ မျှမျှတတ လုပ်ပေးမှာပါ၊ ဒီအချိန်မှာ ခင်ဗျားတို့ တက်နားထောင်လို့ရတယ်၊ ဓါတ်ပုံရိုက်ခွင့်တော့ မရှိဘူး၊ ဓါတ်ပုံရိုက်ခွင့်တော့ ပေးမလားဘူး၊ ဒါကတော့ ကျနော်တို့ သေချာပြောပြထားတာပေါ့နော်၊ ပြီးလို့ရှိရင်လည်း ကျနော်တို့ရဲ့စီရင်ထုံးဆိုတာလည်း ကျနော်တို့ရှိပါတယ်၊ ခင်ဗျားတို့ ၂ဝ၁ဝ မှာ အမှု ၃၁ မှုရှိပါတယ်၊ ကျနော်တို့ ပြန်အပ်ချင်ရင်ရပါတယ် ကျနော်တို့ စာအုပ်လည်းထုတ်ထားပါတယ်၊ စီရင်ထုံးဆိုတော့ ဘယ်လိုတွေပြောပြီး ထွက်ချက်တွေအရ ကျနော်တို့ ဘယ်လိုတွေ ဆုံးဖြတ်ပြီးတော့ ဘယ်သူတွေကို ကျနော်တို့ ဘယ်လိုစီရင်ဆုံးဖြတ်ခဲ့တာမျိုး ကျနော်တို့ ရေးထားတာရှိပါတယ်"

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တစ်နိုင်ငံလုံးအတွက် ရွေးကောက်ပွဲရလဒ်တွေကို ဒီကနေ့ နောက်ဆုံး အကြိမ် ကြေညာရာမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အတွက် ကချင်ပြည်နယ် နောင်မွန်းမြို့နယ် နဲ့ ခေါင်လန်ဖူးမြို့နယ်က ပြည်သူ့လွှတ်တော် ၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်နဲ့ လူမျိုးစု လွှတ်တော်တို့အတွက် ရွေးကောက်ပွဲရလဒ်တွေကို လာမယ့် နိုဝင်ဘာလ ၂ဝ ရက်နေ့မှာ ကြေညာနိုင် မှာဖြစ်ကြောင်းလည်း ဦးတင်အေးက ပြောပါတယ်။

ရွေးကောက်ပွဲရလဒ်တွေ ဒီကနေ့ ကြေညာပြီချိန်အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ပြည်သူ့ လွှတ်တော်မှာ ၇၉ ရာခိုင်နှုန်း အနိုင်ရရှိနေပြီး ၊ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ၉ ရာခိုင်နှုန်း၊ SNLD က ၄ ရာခိုင်နှုန်း၊ အမျိုးသားလွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ၈ဝ ရာခိုင်နှုန်း ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ၇ ရာခိုင်နှုန်းနဲ့ အခြားပါတီတွေက ၁၂ ရာခိုင်နှုန်း အသီးသီးအနိုင်ရရှိနေပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ၇၅ ရာခိုင်နှုန်း အနိုင်ရရှိထားပါတယ်။

RFA Burmese
http://www.rfa.org/burmese

.............................................

အနိုင်ရပါတီနဲ့ အစိုးရအဖြဲ့ တိုင္ပင်ဆောင်ြရက်ကြ ဖိျု့ပည်ထောင္စု ရြေးကော် ဥက္ကဌ တိုက္တြန်း

ျပည်ထောင္စု ရြေးကောက္ပြဲက္မောရွင် ဥက္ကဌ ဦးတင်အေးက ရြေးကောက္ပြဲရလဒ်တြေကို နိုဝင္ဘာလ ၁၅ ရက်နေ့က ရွင်းလင်းစဉ်။ Photo:Win Ko ko Latt/RFA
 ရြေးကောက္ပြဲအပြီးကာလ တိုင်ျးပည္တည်ငြိမ်ရေးအတြက် အနိုင်ရပါတီနဲ့ လက်ရွိအစိုးရအဖြဲ့တို့ တိုင္ပင် ညွိနှိုင်းဆောင်ြရက်ကြဖိျု့ပည်ထောင္စု ရြေးကောက္ပြဲက္မောရွင် ဥက္ကဌ ဦးတင်အေးက တိုက္တြန်ျးေပာ ဆိုလိုက္ပါတယ်။

ျပည်ထောင္စု ရြေးကောက္ပြဲက္မောရွင်ရုံးမွာ ဒီကေန့ ညေနပိုင်းက က်င်းပခဲ့တဲ့ သတင်းစာရွင်းလင်းပြဲ မွာ ရြေးကောက္ပြဲအပြီး ကြားကာလအတြင်း အစိုးရအျေပာင်းအလဲ တည္တည်ငြိမ်ငြိမ် ဆောင်ြရက်နိုင် မယ္ထင္ပါသလားဆိုတဲ့ မေးခြန်းအေပါ် က္မောရွင် ဥက္ကဌ ဦးတင်အေးကျေပာဆိုခဲ့ပါတယ်။

ဒါ့အျပင် ရြေးကောက္ပြဲအပြီး တရားမျဲ့ပုက်င့်မှုတြေနဲ့ပတ်သက်ပြီး ကန့်ကြက္တိုင်ကြားတာတြေကို လည်ျးပည်ထောင္စု ရြေးကာက္ပြဲက္မောရွင်ေအနနဲ့ လြတ္လပ္ပြင့်လင်းမှုရွိရွိ စီရင္ဆုံျးဖတ်ပေး သြားမျွာဖစ်ကြောင်းလည်း ဦးတင်အေးကျေပာဆိုခဲ့ပါတယ်။

"ရြေးကောက္ပြဲတော့ပြီးသြားပါပြီ သို့သ္လောည်းပဲ က်န္တဲ့ကန့်ကြက္တာတြေ ရွိနိုင္ပါသေးတယ်၊ ဘာကြောင့်လဲ ဆိုတော့ ရှုံးတဲ့သူကလည်းပဲ ထုံးစံအတိုင်းပါပဲနော် ဒါတြေက ကန့်ကြက္တာ ရွိကောင်းရွိပါလိမ့်မယ်၊ ရွိရင္လည်း က်န္တောို့ အခုတက်ရောက္လာတဲ့ မီဒီယာမ်ားကို က်နော်ျေပာခ်င္တာကေတာ့ ရြေးကောက္ပြဲတုန်း ကျေပာသလိုပဲ လြတ္လြတ္လပ္လပ္လုပ်ပေးမွာပါ၊ မ်ွမွ်တတ လုပ်ပေးမွာပါ၊ ဒီအခိ်န္မွာ ခင္ဗ်ားတို့ တက္နားထောင္လို့ရတယ်၊ ဓါတ္ပုံရိုက္ခြင့်တော့ မရွိဘူး၊ ဓါတ္ပုံရိုက္ခြင့်တော့ ပေးမလားဘူး၊ ဒါကေတာ့ က်န္တောို့ သေခ်ျာေပျာပထားတာပေါ့နော်၊ ပြီးလို့ရွိရင္လည်း က်န္တောို့ရဲ့စီရင္ထုံးဆိုတာလည်း က်န္တောို့ရွိပါတယ်၊ ခင္ဗ်ားတို့ ၂ဝ၁ဝ မွာ အမှု ၃၁ မှုရွိပါတယ်၊ က်န္တောိျု့ပန်အပ္ခ်င်ရင်ရပါတယ် က်န္တောို့ စာအုပ္လည်းထုတ္ထားပါတယ်၊ စီရင္ထုံးဆိုတော့ ဘယ္လိုတျြေပာပြီး ထြက္ခ်က်တြေအရ က်န္တောို့ ဘယ္လိုတြေ ဆုံျးဖတ်ပြီးတော့ ဘယ်သူတြေကို က်န္တောို့ ဘယ္လိုစီရင္ဆုံျးဖတ္ခဲ့တာမိုး က်န္တောို့ ရေးထားတာရွိပါတယ်"

ျပည်ထောင္စု ရြေးကောက္ပြဲက္မောရွင္က တစ်နိုင်ငံလုံးအတြက် ရြေးကောက္ပြဲရလဒ်တြေကို ဒီကေန့ နောက္ဆုံး အကြိမ် ကြေညာရာမွာ လမ်းပန်းဆက်ြသယ်ရေး ခက္ခဲတဲ့အတြက် ကခ်င်ျပည္နယ် နောင္မြန်းမြို့နယ် နဲ့ ခေါင္လန္ဖူးမြို့နယ္ကျပည်သူ့လွှတ်တော် ၊ အမိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တ္နောဲ့ လူမိုးစု လွှတ်တ္တောို့အတြက် ရြေးကောက္ပြဲရလဒ်တြေကို လာမယ့် နိုဝင္ဘာလ ၂ဝ ရက်နေ့မွာ ကြေညာနိုင် မျွာဖစ်ကြောင်းလည်း ဦးတင်အေးကျေပာပါတယ်။

ရြေးကောက္ပြဲရလဒ်တြေ ဒီကေန့ ကြေညာပြီခိန်အထိ အမိုးသားဒီမိုကေရစီအဖြဲ့ခ်ုပ် NLD ပါတီကျပည်သူ့ လွှတ်တော်္မွာ ၇၉ ရာခိုင္နှုန်း အနိုင်ရရွိနေပြီး ၊ကြံ့ခိုင္ဖြံ့ဖြိုးရေးပါတီက ၉ ရာခိုင်နှုန်း၊ SNLD က ၄ ရာခိုင်နှုန်း၊ အမိုးသားလွှတ်တ္မေွာာ အမိုးသားဒီမိုကေရစီအဖြဲ့ခ်ုပ် NLD ပါတီက ၈ဝ ရာခိုင်နှုန်း ၊ ကြံ့ခိုင္ဖြံ့ဖြိုးရေးပါတီက ၇ ရာခိုင်နှုန်းနဲ့ အျခားပါတီတြေက ၁၂ ရာခိုင်နှုန်း အသီးသီးအနိုင်ရရွိနေပြီး တိုင်းဒေသကြီးနျဲ့ပည္နယ်တြေမွာတော့ အမိုးသားဒီမိုကေရစီအဖြဲ့ခ်ုပ် NLD ပါတီက ၇၅ ရာခိုင်နှုန်း အနိုင်ရရွိထားပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment