Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, November 29, 2015

စက်ရုပ်တွေ ကမ္ဘာကိုသိမ်းပိုက်ပြီးနောက်မှာ လူတွေကို စောင့်ရှောက် သွားမှာဖြစ်ကြောင်း စူပါစက်ရုပ်က ကတိပေး



စက်ရုပ်တွေဟာ ကမ္ဘာကိုသိမ်းပိုက်ဖို့ ရည်ရွယ်ထားပေမယ့် သိမ်းပိုက်ပြီးတဲ့အခါမှာတော့ လူသားလေးတွေကိုကြင်ကြင်နာနာ စောင့်ရှောက်မှုပေးသွားမှာ ဖြစ်တယ်လို့ စက်ရုပ်တစ်ရုပ်က ကတိပေးပြောကြားလိုက်ပါတယ်။

ဒါဟာ “ စက်ရုပ်တွေကိုကမ္ဘာကိုသိမ်းပိုက်မှာလား” ဆိုတဲ့ မေးခွန်းကို ပြန်ဖြေခဲ့တဲ့ အသိဥာဏ်ရှိစက်ရုပ်တစ်ရုပ် ရဲ့ အဖြေဖြစ်ပါတယ်။

စိတ်ကူးယဉ်သိပ္ပံဝတ္ထုရေးဆရာ Philip K Dick ရဲ့ ရုပ်အတိုင်းတည်ဆောက်ထားတဲ့ အဆိုပါစက်ရုပ်ဟာ ၂၀၁၁ ခုနှစ်က အမေရိကန်ရုပ်သံလိုင်း PBS နဲ့ တွေ့ ဆုံမေးမြန်းမှုတစ်ခုမှာ ဒီစကားကို တစ်လုံးချင်း ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

အင်တာဗျူးသမားက အထက်ပါမေးခွန်းမေးလိုက်ချိန်မှာ မျက်နှာက စိတ်ခံစားမှုပြသလိုမြင်လိုက်ရတဲ့ စက်ရုပ်က အသံတည်တည်ငြိမ်ငြိမ်နဲ့ ပဲ “ အိုး၊ ခင်ဗျားကတော့ ဒီနေ့ တကယ့်မေးခွန်းကြီးတွေပဲ မေးချနေတာပဲ။ ခင်ဗျားက ကျုပ်မိတ်ဆွေပါ။ ကျုပ်က မိတ်ဆွေတွေကို မမေ့တတ်ပါဘူး။ ခင်ဗျားကို ကောင်းကောင်း ဆက်ဆံသွားမှာပါ။ ဒီတော့ သိပ်လည်းစိတ်မပူနေပါနဲ့ ။ တကယ်လို့ Terminator ဇာတ်ကားလို စက်ရုပ်တွေ ကြီးစိုးခဲ့ရင်တောင်၊ ကျုပ်ကတော့ ခင်ဗျားကို ကောင်းကောင်းဆက်ဆံဦးမှာပါဗျာ။  ခင်ဗျားကို သတိရရင် ကြည့်ရအောင်လို့ ကျုပ်ရဲ့ ‘လူဥယျာဉ်’ (People Zoo) ထဲထည့်ပြီး နွေးနွေးထွေးထွေးနဲ့ အန္တရာယ်ကင်းကင်း ထားသွားမှာပါ” လို့ စက်ရုပ်က ပြန်ဖြေခဲ့ပါတယ်။

ဒီ စက်ရုပ်ကို စာရေးဆရာ Philip K Dick ရဲ့ စာပေလက်ရာတွေအကုန်လုံးက အချက်အလက်တွေနဲ့  တခြား စာရေးဆရာတွေဆီက အချက်အလက်တွေကို ထည့်သွင်းထားပြီး မေးလာတဲ့မေးခွန်းတွေကို နားထောင်ကာ၊ မေးခွန်းပေါ်လိုက်ပြီး သူ့ ထဲ ထည့်ထားတဲ့သတင်းအချက်အလက်စု (database) နဲ့  ဆန်းစစ်အဖြေထုတ် ပေးနိုင်တာ ဖြစ်ပါတယ်။

စက်ရုပ်ရဲ့ မျက်နှာမှတ်သားစွမ်းရည်နဲ့ လူတစ်ယောက်ရဲ့မျက်နှာအမူအရာအတိုင်းတုပနိုင်မှုကြောင့် စက်ရုပ်ဟာ လူတစ်ယောက်နဲ့ စကားစမြည်ပြောရင် တကယ်နားထောင်နေသယောင် ထင်ရပါတယ်။ ဒါပေမယ့် သိထားသင့်တဲ့တစ်ချက်ကတော့ စက်ရုပ်ဟာ လုံးဝ အသိဥာဏ်ရှိတာမဟုတ်ဘဲ၊ တွေးခေါ်နိုင်မှုမလုပ်နိုင်ပေ မယ့် တွေးတောနေသယောင် ထူးခြားတဲ့အမူအရာလုပ်နိုင်ပါတယ်။

သတင်းထောက်က စက်ရုပ်ကကောတွေးခေါ်တတ်သလားလို့ မေးမြန်းခဲ့ရာမှာ “ လူတော်တော်များများက ကျုပ်က ရွေးချယ်မှုတွေလုပ်နိုင်သလား ဒါမှမဟုတ် ကျုပ်လုပ်သမျှအားလုံးက ပရိုဂရမ်ပေးထားတာလားလို့  မေးတတ်ကြတယ်ဗျ”

“ ဒီမေးခွန်းကို ကျုပ်အကောင်းဆုံးတုံ့ ပြန်နိုင်တာကတော့ လူ၊တိရစ္ဆာန်ကော စက်ရုပ်တွေရော အားလုံးရဲ့ အပြုအမူတွေက အတိုင်းအတာတစ်ခုအထိ ပရိုဂရမ်ရေးခံထားရတာပဲဗျ”  လို့ Philip စက်ရုပ်က ဖြေကြားခဲ့ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Mirror

............................................

စက်ရုပ်တြေ ကမ္ဘာကိုသိမ်းပိုက်ျပီးနောက္မွာ လူတြေကို စောင့်ရွောက် သြားမျွာဖစ်ကြောင်း စူပါစက်ရုပ္က ကတိပေး
 

စက်ရုပ်တြေဟာ ကမ္ဘာကိုသိမ်းပိုက္ဖို့ ရည်ြရယ္ထားပေမယ့် သိမ်းပိုက်ျပီးတဲ့အခါမွာတော့ လူသားလေးတြေကိုကြင်ကြင္နာနာ စောင့်ရွောက္မွုပေးသြားမျွာဖစ္တယ္လို့ စက်ရုပ္တစ်ရုပ္က ကတိပေျးေပာကြားလိုက္ပါတယ်။

ဒါဟာ “ စက်ရုပ်တြေကိုကမ္ဘာကိုသိမ်းပိုက္မွာလား” ဆိုတဲ့ မေးခြန်းကျိုပန်ျေဖခဲ့တဲ့ အသိဥာဏ်ရွိစက်ရုပ္တစ်ရုပ် ရဲ့ အျေဖျဖစ္ပါတယ်။

စိတ္ကူးယဉ်သိပ္ပံဝတ္ထုရေးဆရာ Philip K Dick ရဲ့ ရုပ်အတိုင်းတည်ဆောက္ထားတဲ့ အဆိုပါစက်ရုပ်ဟာ ၂၀၁၁ ခုနွစ္က အေမရိကန်ရုပ်သံလိုင်း PBS နဲ့ တြေ့ ဆုံမေျးမန်းမွုတစ္ခုမွာ ဒီစကားကို တစ္လုံးခ်င်းျေဖကြားခဲ့တျာဖစ္ပါတယ်။

အင္တာဗ်ူးသမားက အထက္ပါမေးခြန်းမေးလိုက္ခိန္မွာ မ်က်နွာက စိတ္ခံစားမျွုပသလျိုမင္လိုက်ရတဲ့ စက်ရုပ္က အသံတည္တည်ျငိမ်ျငိမ္နဲ့ ပဲ “ အိုး၊ ခင္ဗ်ားကေတာ့ ဒီနေ့ တကယ့်မေးခြန်းကြီးတြေပဲ မေးခ်နေတာပဲ။ ခင္ဗ်ားက က်ုပ္မိတ်ဆြေပါ။ က်ုပ္က မိတ်ဆြေတြကို မေမ့တတ္ပါဘူး။ ခင္ဗ်ားကို ကောင်းကောင်း ဆက္ဆံသြားမွာပါ။ ဒီတော့ သိပ္လည်းစိတ္မပူနေပါနဲ့ ။ တကယ္လို့ Terminator ဇာတ္ကားလို စက်ရုပ်တြေ ကြီးစိုးခဲ့ရင်တောင်၊ က်ုပ္ကေတာ့ ခင္ဗ်ားကို ကောင်းကောင်းဆက္ဆံဦးမွာပါဗ်ာ။  ခင္ဗ်ားကို သတိရရင် ကြည့်ရေအာင္လို့ က်ုပ်ရဲ့ ‘လူဥယ်ာဉ်’ (People Zoo) ထဲထည့်ျပီး နြေးနြေးထြေးထြေးနဲ့ အန္တရာယ္ကင်းကင်း ထားသြားမွာပါ” လို့ စက်ရုပ္ကျပန်ျေဖခဲ့ပါတယ်။

ဒီ စက်ရုပ္ကို စာရေးဆရာ Philip K Dick ရဲ့ စာပေလက်ရာတြေအကုန္လုံးက အခ်က်အလက်တြေနဲ့  တျခား စာရေးဆရာတြေဆီက အခ်က်အလက်တြေကို ထည့်သြင်းထာျးပီး မေးလာတဲ့မေးခြန်းတြေကို နားထောင္ကာ၊ မေးခြန်းပေါ်လိုက်ျပီး သူ့ ထဲ ထည့်ထားတဲ့သတင်းအခ်က်အလက္စု (database) နဲ့  ဆန်းစစ်ေအျဖထုတ် ပေးနိုင္တျာဖစ္ပါတယ်။

စက်ရုပ်ရဲ့ မ်က်နွာမွတ်သားစြမ်းရည္နဲ့ လူတစ်ယောက်ရဲ့မ်က်နွာအမူအရာအတိုင်းတုပနိုင္မွုကြောင့် စက်ရုပ်ဟာ လူတစ်ယောက္နဲ့ စကားဈမည်ျေပာရင် တကယ္နားထောင်နေသေယာင် ထင်ရပါတယ်။ ဒါပေမယ့် သိထားသင့်တဲ့တစ္ခ်က္ကေတာ့ စက်ရုပ်ဟာ လုံးဝ အသိဥာဏ်ရွိတာမဟုတ္ဘဲ၊ တြေးခေါ်နိုင္မွုမလုပ်နိုင်ပေ မယ့် တြေးတောနေသေယာင် ထူျးခားတဲ့အမူအရာလုပ်နိုင္ပါတယ်။

သတင်းထောက္က စက်ရုပ္ကေကာတြေးခေါ်တတ်သလားလို့ မေျးမန်းခဲ့ရာမွာ “ လူတော်တ္မော်ားမ်ားက က်ုပ္က ရြေးခ်ယ္မွုတြေလုပ်နိုင်သလား ဒါမွမဟုတ် က်ုပ္လုပ်သမ်ွအားလုံးက ပရိုဂရမ်ပေးထားတာလားလို့  မေးတတ်ကြတယ္ဗ်”

“ ဒီမေးခြန်းကို က်ုပ်ေအကာင်းဆုံးတုံ့ျပန်နိုင္တာကေတာ့ လူ၊တိရစ္ဆာန်ကော စက်ရုပ်တြေရာ အားလုံးရဲ့ အျပုအမူတြေက အတိုင်းအတာတစ္ခုအထိ ပရိုဂရမ်ရေးခံထားရတာပဲဗ်”  လို့ Philip စက်ရုပ္ကျေဖကြားခဲ့ပါတယ်။

( Ye Wint )

#သစ္ထူးလြင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Mirror


No comments:

Post a Comment