Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, November 23, 2015

အစၥလာမ္ဆန္႔က်င္ေရး ဆႏၵျပပြဲမွာ လူလံုးျပခဲ႔တဲ႔ ဟစ္တလာ



ၾသစေၾတးလ်ႏိုင္ငံ၊ ဘရစ္ဘိန္း ၿမိဳ႕မွာ ႏိုဝင္ဘာ ၂၂ရက္ေန႔က ျပဳလုပ္ခဲ႔တဲ႔ အစၥလာမ္ဆန္႔က်င္ေရးမွာ ဟစ္တလာနဲ႔ ဆင္တူသူတစ္ဦးကို ေတြ႔ရွိခဲ႔ရပါတယ္။ 

ၾသစေၾတးလ်ႏိုင္ငံသား ဆႏၵျပသူ လူ၂၀၀ ၾကားမွာ လူလံုးျပခဲ႔တဲ႔ ဟစ္တလာနဲ႔ဆင္တူသူဟာ ရဲေတြ ပိတ္ဆို႔တားဆီးထားတဲ႔ေရွ႕မွာ မတ္တပ္ရပ္ေနခဲ႔တာပါ။ သူဟာ ခရမ္းေရာင္ ရွပ္အက်ီီနဲ႔ မီးခိုးေရာင္ ေဘာင္းဘီတို႔ကို ဝတ္ဆင္ထားပါတယ္။ အညိဳေရာင္ ရင္႔ရင္႔ ဆံပင္ကိုလည္း ဘယ္ဘက္ကို ေဘးကြဲ ခြဲထားပါတယ္။ သူ႔ရဲ႕ အေပၚႏႈတ္ခမ္းအထက္မွာေတာ႔ မေကာင္းသတင္းနဲ႔ ေက်ာ္ၾကားတဲ႔ ႏႈတ္ခမ္းေမႊးႀကီးကို ျမင္ေတြ႔ရမွာပါ။ 

သူ႔ရဲ႕ ဘယ္ဘက္လက္မွာ သတၱဳပစၥည္းတစ္ခုကို ကိုင္ထားခဲ႔ပံုရၿပီး Reddit အသံုးျပဳသူေတြက တကယ္ေတာ႔ သူကိုင္ထားတာက က်ည္ဆံပဲလို႔ ဆိုၾကပါတယ္။ 

"ဟစ္တလာနဲ႔ တကယ္႔ကို သူတဲ႔သူတစ္ေယာက္ကို ၾသစေၾတးလ်ေတာင္ၾကားမွာ ေတြ႔လိုက္ရေတာ႔ ဘယ္သူက အံ႔ၾသမွာလဲ။" လို႔ လူတစ္ေယာက္က ေမးခဲ႔ပါတယ္။ 

လူမ်ိဳးေရးခြဲျခား ဆႏၵျပခဲ႔တဲ႔ ၾသစေၾတးလ်လူမ်ိဳး ဆႏၵျပသူေတြကို ရဲေတြက ျငဳပ္ေကာင္း ျဖန္းေဆးေတြနဲ႔လည္း နိမ္နင္ခဲ႔တယ္လို႔ သိရပါတယ္။ 

( Skyler )

#သစ္ထူးလြင္(ဗဟုသုတႏွင့္ထူးဆန္းေထြလာ)
#knowledge.thithtoolwin.com

Ref : Daily Mail

...........................................

အစ္စလာမ်ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ လူလုံးပြခဲ့တဲ့ ဟစ်တလာ
 

သြစတြေးလျနိုင်ငံ၊ ဘရစ်ဘိန်း မြို့မှာ နိုဝင်ဘာ ၂၂ရက်နေ့က ပြုလုပ်ခဲ့တဲ့ အစ္စလာမ်ဆန့်ကျင်ရေးမှာ ဟစ်တလာနဲ့ ဆင်တူသူတစ်ဦးကို တွေ့ရှိခဲ့ရပါတယ်။ 

သြစတြေးလျနိုင်ငံသား ဆန္ဒပြသူ လူ၂၀၀ ကြားမှာ လူလုံးပြခဲ့တဲ့ ဟစ်တလာနဲ့ဆင်တူသူဟာ ရဲတွေ ပိတ်ဆို့တားဆီးထားတဲ့ရှေ့မှာ မတ်တပ်ရပ်နေခဲ့တာပါ။ သူဟာ ခရမ်းရောင် ရှပ်အကျီီနဲ့ မီးခိုးရောင် ဘောင်းဘီတို့ကို ဝတ်ဆင်ထားပါတယ်။ အညိုရောင် ရင့်ရင့် ဆံပင်ကိုလည်း ဘယ်ဘက်ကို ဘေးကွဲ ခွဲထားပါတယ်။ သူ့ရဲ့ အပေါ်နှုတ်ခမ်းအထက်မှာတော့ မကောင်းသတင်းနဲ့ ကျော်ကြားတဲ့ နှုတ်ခမ်းမွှေးကြီးကို မြင်တွေ့ရမှာပါ။ 

သူ့ရဲ့ ဘယ်ဘက်လက်မှာ သတ္တုပစ္စည်းတစ်ခုကို ကိုင်ထားခဲ့ပုံရပြီး Reddit အသုံးပြုသူတွေက တကယ်တော့ သူကိုင်ထားတာက ကျည်ဆံပဲလို့ ဆိုကြပါတယ်။ 

"ဟစ်တလာနဲ့ တကယ့်ကို သူတဲ့သူတစ်ယောက်ကို သြစတြေးလျတောင်ကြားမှာ တွေ့လိုက်ရတော့ ဘယ်သူက အံ့သြမှာလဲ။" လို့ လူတစ်ယောက်က မေးခဲ့ပါတယ်။ 

လူမျိုးရေးခွဲခြား ဆန္ဒပြခဲ့တဲ့ သြစတြေးလျလူမျိုး ဆန္ဒပြသူတွေကို ရဲတွေက ငြုပ်ကောင်း ဖြန်းဆေးတွေနဲ့လည်း နိမ်နင်ခဲ့တယ်လို့ သိရပါတယ်။ 


( Skyler )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Daily Mail

No comments:

Post a Comment