Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, November 25, 2015

တရုတ်နိုင်ငံသား ဒုက္ခသည်နှစ်ဦးကို တရုတ်နိုင်ငံ၏ တောင်းဆိုချက်အရ ပြန်လည်လွှဲပြောင်း ပေးခဲ့ဟု ထိုင်းပြောကြား


Several stowaways are repatriated from Thailand back to China's Xinjiang Uygur Autonomous region on July

ဘန်ကောက် ၊ ၂၅-၁၁-၂၀၁၅

ထိုင်းအစိုးရသည် နိုင်ငံအတွင်း ၌ ထိန်းသိမ်း ထားသည့် တရုတ်နိုင်ငံသား ဒုက္ခသည် နှစ်ဦးကို တရုတ်နိုင်ငံ၏ တောင်းဆိုချက် အရ ယင်းနိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေး လိုက်ပြီ ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် က ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ကျန်းယေဖေး နှင့် တုန်းကွမ်ပင်း အမည်ရှိ အဆိုပါ တရုတ်နိုင်ငံသား နှစ်ဦးသည် ထိုင်းနိုင်ငံ အတွင်းသို့ အောက်တိုဘာ ၂၈ ရက်က တရားမဝင် ဝင်ရောက် လာမှုဖြင့် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ ရခြင်းဖြစ်ပြီး ၄င်းတို့နှစ်ဦး ဖမ်းဆီးခံ ရချိန်တွင် ၄င်းတို့ လက်အတွင်း၌ ကုလသမဂ္ဂ အဖွဲ့က ဒုက္ခသည် အဖြစ် အသိအမှတ်ပြု၍ အကာအကွယ် ပေးထားသည့် ထောက်ခံချက် များကို ပိုင်ဆိုင်ထားကြောင်း ၊ ၄င်းတို့ နှစ်ဦးသည် ကနေဒါနိုင်ငံ သို့ သွားရောက်ရန် စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

အဆိုပါ တရုတ်နိုင်ငံသား နှစ်ဦးသည် နိုင်ငံ၏ လူဝင်မှု ကြီးကြပ်ရေး ဆိုင်ရာ ဥပဒေကို ချိုးဖောက်၍ မိမိတို့နိုင်ငံ အတွင်းသို့ ဝင်ရောက် လာသူများ ဖြစ်ပြီး ၄င်းတို့ကို ဖမ်းဆီးရန် အတွက် တရုတ် အစိုးရက ဖမ်းမိန့် ထုတ်ပြန် ထားပြီး ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယုသ်ချန်အိုချာ  က ပြောကြား ခဲ့သည်။

ထိုင်းနိုင်ငံ အနေဖြင့် တရုတ် အစိုးရ၏ တောင်းဆိုချက် အတိုင်းသာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း နှင့် ယင်း တရုတ်နိုင်ငံသား နှစ်ဦးကို ဖမ်းဆီးခဲ့ချိန်တွင် ၄င်းတို့ထံ၌ ကုလ အသိအမှတ်ပြု ကာကွယ်ရေး ထောက်ခံချက် လက်မှတ်များ ပိုင်ဆိုင် ထားကြောင်း မသိရှိခဲ့ဟု ၄င်းက ဆက်လက် ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် ယခုနှစ် ဇွန်လ အတွင်းကလည်း နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက် လာခဲ့သည့် တရုတ်နိုင်ငံ အနောက်ပိုင်း ရှင်းကျန်းဒေသမှ ဝီဂါ မျိုးနွယ်စုဝင် ဦးရေ ၁ဝဝ ခန့်ကို တရုတ် နိုင်ငံသို့ ပြန်လည်ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

#PyiChitThar

.................................................

တရုတ်နိုင်ငံသား ဒုက္ခသည်နွစ်ဦးကို တရုတ်နိုင်ငံ၏ တောင်းဆိုခ်က်အရျပန္လည္လွှျဲေပာင်း ပေးခဲ့ဟု ထိုင်ျးေပာကြား

ဘန်ကောက် ၊ ၂၅-၁၁-၂၀၁၅

ထိုင်းအစိုးရသည် နိုင်ငံအတြင်း ၌ ထိန်းသိမ်း ထားသည့် တရုတ်နိုင်ငံသား ဒုက္ခသည် နွစ်ဦးကို တရုတ်နိုင်ငံ၏ တောင်းဆိုခ်က် အရ ယင်းနိုင်ငံသိျု့ပန္လည် လွှျဲေပာင်းပေး လိုက်ပျြီဖစ်ကြောင်း ထိုင်းဝန်ကြီးခ်ုပ် က ယမန်နေ့တြင် ထုတ်ျပန္ခဲ့သည်။

က်န်းယေဖး နွင့် တုန်းကြမ္ပင်း အမည်ရွိ အဆိုပါ တရုတ်နိုင်ငံသား နွစ်ဦးသည် ထိုင်းနိုင်ငံ အတြင်းသို့ အောက္တိုဘာ ၂၈ ရက္က တရားမဝင် ဝင်ရောက် လာမျှုဖင့် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ ရျခင်ျးဖစ်ပြီး ၄င်းတို့နွစ်ဦး ဖမ်းဆီးခံ ရခိန္တြင် ၄င်းတို့ လက်အတြင်း၌ ကုလသမဂ္ဂ အဖြဲ့က ဒုက္ခသည် အျဖစ် အသိအမွတ်ျပု၍ အကာအကြယ် ပေးထားသည့် ထောက္ခံခ်က် မ်ားကို ပိုင္ဆိုင္ထားကြောင်း ၊ ၄င်းတို့ နွစ်ဦးသည် ကေနဒါနိုင်ငံ သို့ သြားရောက်ရန် စောင့်ဆိုင်းနျေခင်ျးဖစ်သည်။

အဆိုပါ တရုတ်နိုင်ငံသား နွစ်ဦးသည် နိုင်ငံ၏ လူဝင္မှု ကြီးကြပ်ရေး ဆိုင်ရာ ဥပေဒကို ခိုးဖောက်၍ မိမိတို့နိုင်ငံ အတြင်းသို့ ဝင်ရောက် လာသူမ်ာျးဖစ်ပြီး ၄င်းတို့ကို ဖမ်းဆီးရန် အတြက် တရုတ် အစိုးရက ဖမ်းမိန့် ထုတ်ျပန် ထားပြီျးဖစ်ကြောင်း ထိုင်းဝန်ကြီးခ်ုပ် ပရာယုသ္ခ်န်အိုခ်ာ  ကျေပာကြား ခဲ့သည်။

ထိုင်းနိုင်ငံ အေနျဖင့် တရုတ် အစိုးရ၏ တောင်းဆိုခ်က် အတိုင်းသာ လုပ်ဆောင္ချဲ့ခင်ျးဖစ်ကြောင်း နွင့် ယင်း တရုတ်နိုင်ငံသား နွစ်ဦးကို ဖမ်းဆီးခဲ့ခိန္တြင် ၄င်းတို့ထံ၌ ကုလ အသိအမွတ်ျပု ကာကြယ်ရေး ထောက္ခံခ်က် လက္မွတ္မ်ား ပိုင္ဆိုင် ထားကြောင်း မသိရွိခဲ့ဟု ၄င်းက ဆက္လက်ျေပာကြားခဲ့သည်။

ထိုင်းနိုင်ငံသည် ယခုနွစ် ဇြန္လ အတြင်းကလည်း နိုင်ငံအတြင်းသို့ တရားမဝင် ဝင်ရောက် လာခဲ့သည့် တရုတ်နိုင်ငံ အေနာက္ပိုင်း ရွင်းက်န်းဒေသမွ ဝီဂါ မိုးနယ္စြုဝင် ဦးရေ ၁ဝဝ ခန့်ကို တရုတ် နိုင်ငံသိျု့ပန္လည္ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment