Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, November 23, 2015

တောကြီးမျက်မည်းထဲက မထွက်နိုင်ခင်မှာ လွတ်ပြီလို့ မအော်ကြပါနဲ့

|| မင်းဒင် ||
(တစ်)
ကျုပ်စကားပြောရင် စာရေးရင် အညာသားပီပီ ကြားဖူးနားဝ ပုံတိုပတ်စ ၊ ဥပမာ
ဥပမေယျလေး ထည့်ပြောရမှ ပြည့်စုံတယ်လို့ အောက်မေ့တာကလား။ ဟုတ်တယ်ဗျ။
အထူးသဖြင့် အာဏာရှင်မျိုးဆက် အစိုးရမင်းများအကြောင်း စဉ်းစားမိရင်
ကျုပ်ခေါင်းထဲမှာ ပုံတိုပတ်စတွေ အစီအရီ ပေါ်လာတတ်လေရဲ့။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ လူထုအကြီးအကျယ် ထောက်ခံတဲ့ အတိုက်အခံပါတီကြီး
အနိုင်ရပြီဟေ့ဆိုတဲ့ သတင်းလည်း ကြားရော ကျုပ်ခေါင်းထဲကို ဒိုင်းခနဲ
ဝင်ဆောင့်လာတာကတော့ ဖိုးသူတော် ပုံပြင်တစ်ပုဒ်ပဲဗျ။
တစ်ခါတုန်းက သီလကြောင် ဖိုးသူတော်တစ်ယောက်ဟာ ကျောင်းနဲ့
မလှမ်းမကမ်းမှာရှိတဲ့ လယ်ကွင်းထဲက လယ်ပုစွန်လုံးတွေကို မြင်တော့
ချက်စားလိုက်မဟဲ့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လယ်ကွက်ထဲဆင်း ပုစွန်လုံးတွေကို ဖမ်း၊
ခါးပိုက်ထောင်ထဲ ထည့်ပြီး ကျောင်းကို ပြန်လာသတဲ့။ ကျောင်းနားကန်နားမှာ
မှီခိုရတဲ့ ဖိုးသူတော်ဆိုတော့ သူတစ်ပါးအသက်ကို သတ်ခြင်းဟာ ကံငါးပါးထဲက
ပါဏာတိပါတာ ကံထိုက်မှာကို ရှောင်လွှဲတဲ့အနေနဲ့ အဲဒီပုစွန်လုံးတွေကို ဝိနည်းလွတ်
ချက်စားနိုင်ဖို့ ဥာဏ်နီဥာဏ်နက်ထုတ်သတဲ့။
အဲဒီ ဖိုးသူတော် ရွှေဥာဏ်တော် စူးရောက်လိုက်ပုံက မီးဖိုပေါ်မှာ ရေနွေးအိုး
ကျိုက်ကျိုက်ဆူအောင် တည်ပြီး အဲဒီရေနွေးအိုး ဟိုဘက်ဒီဘက် အိုးနှုတ်ခမ်းပေါ်ကို
တုတ်တိုတစ်ချောင်း ဖြတ်တင်ပြီး လယ်ပုစွန်လုံးတွေကို ဖြတ်လျှောက်စေသတဲ့။
ပြီးတော့ သူက ပုစွန်လုံးတွေကို ပြောလိုက်သေးတယ်။ မင်းတို့ ဟိုဘက်အိုး
နှုတ်ခမ်းကို ရောက်အောင် ဖြတ်လျှောက်နိုင်ရင် ဇီဝိတဒါနအဖြစ် မင်းတို့အသက်ကို
လွှတ်ပါသကွာ။ တကယ်လို့ ဟိုဘက်နှုတ်ခမ်း မရောက်ခင် အိုးထဲပြုတ်ကျရင်တော့
မင်းတို့ထိုက်နဲ့ မင်းတို့ကံပေပဲ…တဲ့။
(နှစ်)
ဒီလောက် ကျိုက်ကျိုက်ဆူပြီး အငွေ့တထောင်းထောင်း ထနေတဲ့ အပူငွေ့တွေ
ကြားမှာ ခနော်ခနဲ့ တုတ်ချောင်းပေါ်ကို ဘယ်ပုစွန်လုံးက ဖြတ်လျှောက်နိုင်မတုံးဗျာ။
ရေနွေးအိုးထဲ တဖြုတ်ဖြုတ်ပြုတ်ကျပြီး မာလကီးယား ကုန်ကြရတာပေါ့။
ဖြစ်ချင်တော့ အဲဒီလယ်ပုစွန်လုံးတွေထဲက အကြီးဆုံး ပုစွန်လုံးတစ်ကောင်ဟာ
ဖိုးသူတော်ရဲ့ ကလိမ်စေ့ငြမ်းဆင်တဲ့ စိန်ခေါ်ချက်ကို ရင်ဆိုင်၊ ရေနွေးငွေ့
အပူရှိန်ကြားကနေ တုတ်ချောင်းပေါ် ဖြတ်လျှောက်ပြီး အိုးဟိုဘက်နှုတ်ခမ်းအထိ
အောင်မြင်စွာ ကူးသွားနိုင်ခဲ့သတဲ့။
ဒီမှာတင် အကြီးဆုံး ပုစွန်လုံးကို စားချင်ဇောနဲ့ သားရေကျနေတဲ့ ဖိုးသူတော်
နောက်ထပ်ထုတ်လိုက်တဲ့ ဥပဒေကတော့…၊ မင်းက အကောင်ကြီးတယ်၊
နောက်တစ်ခေါက် ထပ်လျှောက်တဲ့ဗျာ။ တိုတိုပြောရရင် နောက်တစ်ခေါက်
ထပ်လျှောက်တော့ အဲဒီပုစွန်လုံးကြီးလည်း သေရရှာတာပေါ့။
အဲဒီပုံပြင်နဲ့ တစ်ထပ်တည်းပါပဲဗျာ။ ဟိုးလွန်ခဲ့တဲ့ ၂၅ နှစ် ၁၉၉၀ တုန်းက
နိုင်ငံနဲ့အဝှမ်း ရွေးကောက်ပွဲကြီး ခြိမ့်ခြိမ့်သဲသဲ ကျင်းပပြီး အတိုက်အခံပါတီကြီးလည်း
အနိုင်ရရော…. ရွေးကောက်ပွဲလုပ်တာဟာ အာဏာလွှဲပေးဖို့ မဟုတ်ဘူး။ ဖွဲ့စည်းပုံ
အခြေခံဥပဒေ ရေးဆွဲဖို့သာဖြစ်တယ်လို့ အခုလက်ရှိ အာဏာရ အစိုးရမင်းများရဲ့
ခေါင်းကိုင်ဖခင်ကြီးများက နှစ်ခေါက် ပြန်လျှောက်ခိုင်းခဲ့ဖူးတယ်လေ။
ဒါတင် ဘယ်ကဦးမတုံး။ ၂၀၀၃ ခုနှစ်တုန်းက ဒီပဲယင်းမှာ အတိုက်အခံပါတီ
ခေါင်းဆောင်ကို မသေမချင်း ရိုက်သတ်ဖို့ လမ်းညွန်ခဲ့သူဟာ
အခုစာဖတ်နေပါတယ်ဆိုတဲ့ ဂိုဏ်းချုပ်ကြီးပဲလို့ သူတို့ဂိုဏ်းဝင် အချင်းချင်း
ပြန်ဖော်နေကြလေရဲ့။
(သုံး)
အမှန်တော့ သူတို့ဟာ သူတို့ ဘေးလောင်းတော် ဘိုးလောင်းတော်၊ ၁၉၆၂ ခုနှစ်
တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌကြီးရဲ့ ခြေရာကို ပုံတူလိုက်နင်းတာပေါ့ဗျာ။
ဒီမောင်တွေရဲ့ ညစ်လုံးတွေကို ဇာတ်စုံခင်းရရင် တစ်ထောင့်တစ်ည
ပုံပြင်လိုဖြစ်တော့မှာမို့ လိုတိုရှင်းပဲ ပြောပါရစေတော့။ ဒင်းတို့ဟာ ဘမျိုးဘိုးတူ
ရာဇဝင်လေးနဲ့ခင်ဗျ။
ဟုတ်တယ်လေ။ အဲဒီဥက္ကဋ္ဌကြီး ခေါင်းဆောင်တဲ့ အိမ်စောင့်အစိုးရဟာ
တော်လှန်ရေးကောင်စီ ဖြစ်လာတယ်။ တော်လှန်ရေးကာင်စီကနေ
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို အာဏာရပါတီကြီး ဖြစ်လာအောင် ရွက်ဖျဉ်တဲထဲ
သစ်ကုလားအုတ် ဝင်သလိုမျိုး တစ်ဆင့်ပြီးတစ်ဆင့် ကလိမ်ကကျစ် ကျခဲ့တာပါပဲ။
၁၉၆၂ နဲ့ ၁၉၈၈ ခုနှစ်တွေမှာ အာဏာသိမ်းတော့လည်း တောင်သူလယ်သမား
ကျောမွဲလူတန်းစားတွေ ကောင်းစားဖို့၊ တိုင်းပြည်ငြိမ်ဝပ်ပိပြားဖို့ ဆိုတဲ့
လေသံပစ်တာချင်းလည်း တစ်ထပ်တည်း တူညီတယ်ခင်ဗျ။ ရဟန်းသံဃာ၊
တောင်သူလယ်သမား ကျောင်းသားနဲ့ ပြည်သူတွေကို ရက်ရက်စက်စက်
ပစ်ခတ်နှိမ်နှင်းတဲ့ နေရာမှာလည်း ခြေရာတူ လိုက်နင်းခဲ့တာပါပဲ။
မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီကို အမြုတေပါတီကနေ ပြည်သူ့ပါတီအဖြစ်
ကူးပြောင်းတာနဲ့ ပုံစံတူ တိုင်းပြည်ဘဏ္ဍာငွေတွေနဲ့ တည်ထောင်ထားတဲ့
ကြံ့ခိုင်ဖွံ့ဖြိုးရေး လူမှုရေးအသင်းကြီးကိုလည်း နိုင်ငံရေးပါတီအဖြစ် ဇွတ်အတင်း
ကူလီကူမာနည်းနဲ့ အသွင်ပြောင်းခဲ့တာလည်း တစ်ပုံစံတည်းပါပဲဗျာ။
၂၀၀၈ ခုနှစ်တုန်းက နာဂစ်မုန်တိုင်းဒဏ်ကြောင့် မြန်မာတစ်ပြည်လုံး မသာအိမ်လို
ဖြစ်နေတဲ့အချိန်မှာ ဒင်းတို့ စိတ်တိုင်းကျ တစ်ဖက်သတ်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ
အခြေခံဥပဒေကြီးကို အတည်ပြုခဲ့တာ မှတ်မိကြဦးမှာပါ။ အဲဒီလုပ်ရပ်ဟာ ၁၉၈၈
ခုနှစ် တစ်တိုင်းပြည်လုံး ခြွတ်ခြုံကျပြီး ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်း ဝင်နေချိန်မှာ
ငွေစက္ကူတွေကို တရားမဝင်ကြောင်း ကြေညာခဲ့တာ၊ မဆလခေတ် (၁၉၇၄)တုန်းက
ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုတုန်းကလည်း မဲမသမာမှုတွေ
လုပ်ခဲ့တာတွေကို ပြန်ပြောင်း သတိရစရာပါပဲ။
နောက်တစ်ချက်က သူတို့အာဏာရနေစဉ် ကာလတစ်လျှောက်လုံးမှာ လုပ်ခဲ့သမျှ
ဆန္ဒခံယူပွဲ၊ ရွေးကောက်ပွဲမှန်သမျှ အကြံအဖန်လုပ်ပွဲတွေချည်း ဖြစ်နေတာမို့၊
တစ်သဝေမတိမ်း တူညီနေတာလည်း ထူးလျက်နဲ့ မဆန်းတဲ့အချက်ပဲဗျာ။
ဟော၊ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်မှာလည်း အဲဒီပါတီဟာ မသမာနည်းမျိုးစုံသုံးပြီး
မဲဆွယ်လုပ်ခဲ့ကြတာ လူတကာ သိနေတဲ့ကိစ္စ။ အေးလေ၊ သင်းတို့ဟာ
အဲသလောက် သမိုင်းကြောင်း မကောင်းခဲ့လို့ အခုရွေးကောက်ပွဲ
ရလဒ်သတင်းတွေလည်း ထွက်လာရော စောစောကပြောတဲ့ သီလကြောင်
ဖိုးသူတော်နဲ့ ပုစွန်လုံးပုံပြင်ကို ကျုပ်ပြေးသတိရမိတာပေါ့။
(လေး)
အခု ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်ကတော့ ဒင်းတို့ ကံဆိုးလွန်းတယ်။ ထင်တိုင်း
မပေါက်ဘူး ဆိုရမယ်ဗျ။ ဒင်းတို့ကိုယ်ဒင်းတို့ ဟုတ်လှပြီထင်၊ ပြည်သူလူထုကို
နလဗိန်းတုံးတွေလို့ နှလုံးသွင်းပြီး ၂၆ ရာခိုင်နှုန်းလောက်တော့ ရလောက်ရဲ့လို့
တွေးမိတဲ့ ကိုယ်တော်ချောများခမျာ ပြိုင်လေရာ နေရာတိုင်းလိုလို ဟက်တက်ကွဲပြီး
ရှုံးပါရောလားဗျာ။ တကယ်တော့ သူတို့ရဲ့ နိုင်ငံရေးဘဝဟာ သေဆုံးသွားခဲ့ပြီ။
သူတို့ကို ပြည်သူလူထု တစ်ရပ်လုံးက အယုံအကြည် မရှိတော့ဆိုတာ ငမိုက်သားခမျာ
မရိပ်စားမိကြရှာဘူးဗျ။
ဒီမှာတင် သမ္မတကြီးလည်း မျက်ကလဲဆန်ပြာဖြစ်ပြီး
လူထုဆန္ဒကို လေးစားပါ့မယ်၊ အာဏာကို အသာတကြည် အေးချမ်းစွာ
လွှဲပြောင်းပေးပါ့မယ် ဆိုတဲ့ လေသံတွေ ထွက်လာတော့တာပါပဲ။ အင်း၊
အဲဒီအသံတွေဟာ လူကြားလို့တော့ ကောင်းပါရဲ့။ မင်္ဂလာရှိတာလည်း မှန်ပါရဲ့။
သို့ပေသည့်….၊ နောက်ဆက်တွဲ သတင်းတွေအရ၊ မဲရှုံးတဲ့ပါတီကြီးဘက်ကနေ
တိုင်စာတွေ ပလူပျံအောင် တက်မယ်ဆိုတဲ့ အပေါက်မျိုး ချိုးလာတယ်။ သမ္မတကြီး
ကိုယ်တိုင်က အနိုင်ရပါတီရဲ့ တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းချက်ကို သောင်မတင်
ရေမကျ အကြောင်းပြန်ပြီး ဘာအဓိပ္ပာယ်မှ မရှိတဲ့ ပါတီကိုးဆယ်ကျော်ကို
ခေါ်ယူတွေ့ဆုံတယ်။ အဲဒီပွဲမှာ ဘဲဥမကွဲတဲ့ ကချွတ်ကချောက် ပါတီဥက္ကဋ္ဌတွေက
အနိုင်ရပါတီဥက္ကဋ္ဌကို အရေးယူဖို့ စစ်တပ်က အာဏာသိမ်းဖို့ လေသံပစ်တယ်။
မိုးညှင်းဘက်မှာ တိုက်ပွဲတွေ အရှိန်မြှင့်လာတယ်။ ကျုပ်စိတ်ထဲမှာတော့
အာဏာ လွှဲပြောင်းရေး မချောမွေ့အောင်၊ အချိန်ကြန့်ကြာအောင် ပြသ၁နာမျိုးစုံကို
ဆီလိုအပေါက်ရှာ နေကြတယ်လို့ ထင်မိတာပါပဲ။
(ငါး)
ထောက်ရှု ဆင်ခြင်ကြည့်ရင်
အာဏာရှင်စိတ်ဓာတ် မပျောက်ချင်သေးတဲ့၊ ဒီမိုကရေစီ နွားကန်မနာသေးတဲ့၊
ဒီမိုကရေစီ ထမ်းပိုးမကျင့်ရသေးတဲ့၊ ရွှေကိုယ်တော်များဟာ ပြဿနာမျိုးစုံကို
ဖန်တီးမီးမွှေးဖို့ ကျားချောင်းချောင်းနေမှာ သေချာတယ်။ အာဏာကို မလွတ်စတမ်း
ကျားပိန်တွယ် တွယ်ထားဖို့ စိတ်ကူး ဖဲရိုက်နေကြမှာ သေချာတယ်။
ဒီအချက်တွေကို အနိုင်ရပါတီခေါင်းဆောင်အနေနဲ့ ကောင်းကောင်းကြီး နားလည်
သဘောပေါက်နေပုံရတယ်ဗျ။ ပြည်သူလူထုကို အောင်ပွဲမခံကြဖို့
ဆုံးမဆော်သြတယ်။ ကြီးသုံးကြီးကို တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းတယ်။ နိုင်ငံတကာ
သံတမန်ငါးဆယ်ကျော်ကို လက်ခံတွေ့ဆုံတယ်။ သူ ရှေ့ဆက်လုပ်သွားမဲ့
လုပ်ငန်းစဉ်တွေကို နိုင်ငံတကာ သတင်းဌာနတွေကတစ်ဆင့် တစ်ခုချင်း
တစ်ဆင့်ချင်း ဖွင့်ဟသတင်းပေးတယ်။ အတော့်ကို အကွက်စေ့စေ့ ထောင့်စေ့စေ့
ကိုင်တွယ်ဆောင်ရွက် နေတယ်ဆိုတာ အများမြင်သာပါတယ်။ သူမက
ခေါင်းအေးအေးနဲ့ ပညာသားပါပါ တစ်ကွက်ချင်း ရွှေ့လေ၊ ဟိုမောင်တွေခမျာ
မျောက်မီးခဲ ကိုင်မိသလို ထိုင်မရ ထမရဖြစ်လေ ဖြစ်နေကြမှာ သေချာတယ်ဗျာ။
နောက်ဆုံးရ သတင်းတွေအရ ဘာအကွက်ဆန်းများ ထွင်ကြဦးမလဲတော့
တပ်အပ်မဆိုနိုင်ဘူး။ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးရဲ့ မြေးတော်လေးက အနိုင်ရ
ပါတီခေါင်းဆောင်ဆီကို တွေ့ခွင့်လာတောင်းလို့ တွေ့ခွင့်ပြုလိုက်သတဲ့။
ဘယ်လိုပဲဖြစ်ဖြစ် သင်းတို့ဟာ မဟုတ်တာမှန်သမျှ နောက်မဆုတ်စတမ်း
လက်ရဲဇက်ရဲ ပြုမူဖို့ အသင့်ရှိနေတဲ့ လူစားတွေဆိုတာကတော့ မေ့ထားလို့
မဖြစ်ဘူးလေ။
သူမဟာ ရန်စွယ်ကြားက လှဥမ္မာ၊ မီးလျှံထဲက ကြာဖြူ၊ ဘဲအုပ်တွေကြားက
ဗေဒါဘဝမို့ ကျုပ်တို့ ပြည်သူလူထု တစ်ရပ်လုံးက သတိမပြတ်ဘဲ
ဆက်လက်ဝန်းရံပေးကြဖို့ လိုတယ်ဗျ။ ရွေးကောက်ပွဲအကြိုနဲ့ ရွေးကောက်ပွဲ
နေ့ရက်တွေတုန်းကလိုပဲ ပြည်သူတစ်ရပ်လုံး နိုင်ငံရေး အသိစိတ်ဓာတ်
နိုးကြားနေကြဖို့ လိုတယ်။ လူဖျင်းလုံ့လ တစ်ခဏဆိုသလို ကောက်ရိုးမီးလို ဟုန်းခနဲ
ထထောက်ပြီး ဟုတ်ခနဲ ငြိမ်းသွားလို့ မဖြစ်ဘူးလေဗျာ။
(ခြောက်)
အဲဒီတော့ကာ ခင်ဗျားတို့ကျုပ်တို့အနေနဲ့ ဒီမိုကရေစီအရသာကို ခံစားစံစားနိုင်
ကြိုးပမ်းနေကြရပါဦးမယ်။ ခင်ဗျားတို့ ကျုပ်တို့ သဘောဆန္ဒအတိုင်း
တညီတညွတ်တည်း ရွေးကောက် တင်မြှောက်ထားတဲ့ အနိုင်ရပါတီ ခေါင်းဆောင်ရဲ့
ဦးဆောင်မှု နောက်ကို အရှိန်ဟုန်မပျက် ယုံယုံကြည်ကြည် ဆက်လက် လိုက်ပါကြဖို့
အရေးကြီးပါတယ်။
ဟုတ်ပါ့ဗျာ။ ဒီမောင်တွေရဲ့ လက်ထဲကနေ အာဏာကို အေးအေးချမ်းချမ်း
လွှဲယူနိုင်ပြီး ဒင်းတို့ရဲ့ အမြီးနဲ့ဖုန်လုံး၊ လုံးလုံးကြီး မမြင်ရတော့တဲ့ အချိန်မှာတောင်
အဘက်ဘက်က ယိုယွင်းပြီး ပျက်စီးခြင်းငါးပါး ဆိုက်နေတဲ့ တိုင်းပြည်ကြီးကို
ပြန်လည် ထူထောင်ဖို့အတွက် သူများနိုင်ငံတွေ ခြေလှမ်း လေးငါးလှမ်း လှမ်းရင်
ကျုပ်တို့က ခြေလှမ်း အလှမ်းနှစ်ဆယ်တန်သည် သုံးဆယ်တန်သည် လှမ်းနိုင်မှ
တန်ကာကျမှာ၊ ကျုပ်တို့ အရိုးစွဲနေတဲ့ ခေတ်ဟောင်းက အကျင့်ဟောင်းတွေ
အကျင့်ဆိုးတွေ သောက်ကျင့်တွေကို ပြင်နိုင်မှ ဖြစ်မှာမဟုတ်လား။
ဒီမိုကရေစီရပြီဆိုတာနဲ့ ပဒေသာပင်မြေကနေ ချက်ချင်းပေါက်လာမှာ
မဟုတ်ဘူးလေ။ ကျုပ်တို့တစ်တွေ ကုန်းရုန်းပြီး လုပ်နိုင်ပါမှ၊ ပြဲနေအောင် လုပ်နိုင်ပါမှ
တန်ကာကျမှာဗျ။ အဲဒါကြောင့် ကျုပ်တို့ အမျိုးသားခေါင်းဆောင်ကြီး ပြောခဲ့တာပေါ့။
“တောကြီးမျက်မည်းထဲက မထွက်နိုင်ခင်မှာ လွတ်ပြီကျွတ်ပြီလို့ မအော်ကြပါနဲ့”
ဆိုတာလေဗျာ။
မင်းဒင်
The Ladies News Journal
................
တောကြီးမ်က္မည်းထဲက မထြက်နိုင္ခင္မွာ လြတ်ပြီလို့ မေအ်ာကြပါနဲ့
|| မင်းဒင် ||
(တစ်)
က်ုပ္စကာျးေပာရင် စာရေးရင် အညာသားပီပီ ကြားဖူးနားဝ ပုံတိုပတ္စ ၊ ဥပမာ
ဥပေမယ်လေး ထည့်ျေပာရမျွပည့်စုံတယ္လို့ အောက်မေ့တာကလား။ ဟုတ္တယ္ဗ်။
အထူးသျဖင့် အာဏာရွင္မိုးဆက် အစိုးရမင်းမ်ားအေကြာင်း စဉ်းစားမိရင်
က်ုပ်ခေါင်းထဲမွာ ပုံတိုပတ္စေတြ အစီအရီ ပေါ်လာတတ်လေရဲ့။
ပြီးခဲ့တဲ့ ရြေးကောက္ပြဲမွာ လူထုအကြီးအက်ယ် ထောက္ခံတဲ့ အတိုက်အခံပါတီကြီး
အနိုင်ရျပီဟေ့ဆိုတဲ့ သတင်းလည်း ကြားရော က်ုပ်ခေါင်းထဲကို ဒိုင်းခနဲ
ဝင်ဆောင့်လာတာကေတာ့ ဖိုးသူတော် ပျုံပင္တစ္ပုဒ္ပဲဗ်။
တစ္ခါတုန်းက သီလေကြာင် ဖိုးသူတ္တောစ်ယောက်ဟာ ကော်င်းနဲ့
မလွမ်းမကမ်းမွာရွိတဲ့ လယ္ကြင်းထဲက လယ္ပုစြန္လုံးတြေကျိုမင်တော့
ခ်က္စားလိုက္မဟဲ့ဆိုတဲ့ ရည်ြရယ္ခ်က္နဲ့ လယ္ကြက္ထဲဆင်း ပုစြန္လုံးတြေကို ဖမ်း၊
ခါးပိုက်ထောင္ထဲ ထည့်ပြီး ကော်င်းကျိုပန္လာသတဲ့။ ကော်င်းနားကန္နားမွာ
မွီခိုရတဲ့ ဖိုးသူတ္ဆောိုတော့ သူတစ္ပါးအသက္ကို သတ်ျခင်းဟာ ကံငါးပါးထဲက
ပါဏာတိပါတာ ကံထိုက္မွာကို ရွောင္လွှဲတဲ့အေနနဲ့ အဲဒီပုစြန္လုံးတြေကို ဝိနည်းလြတ်
ခ်က္စားနိုင္ဖို့ ဥာဏ္နီဥာဏ္နက္ထုတ်သတဲ့။
အဲဒီ ဖိုးသူတော် ရွှေဥာဏ်တော် စူးရောက္လိုက္ပုံက မီးဖိုပေါ်မွာ ရေနြးအိုး
ကိုက္ကိုက္ဆူအောင် တည်ပြီး အဲဒီရေနြးအိုး ဟိုဘက္ဒီဘက် အိုးနှုတ္ခမ်းပေါ်ကို
တုတ္တိုတစ်ခော်င်ျးဖတ္တင်ပြီး လယ္ပုစြန္လုံးတြေကျိုဖတ်လွော်က်စေသတဲ့။
ပြီးတော့ သူက ပုစြန္လုံးတြေကိုျေပာလိုက်သေးတယ်။ မင်းတို့ ဟိုဘက်အိုး
နှုတ္ခမ်းကို ရောက်အောင်ျဖတ်လွော်က်နိုင်ရင် ဇီဝိတဒါနအျဖစ် မင်းတို့အသက္ကို
လွှတ္ပါသကြာ။ တကယ္လို့ ဟိုဘက်နှုတ္ခမ်း မေရာက္ခင် အိုးထျဲပုတ္က်ရင်တော့
မင်းတို့ထိုက္နဲ့ မင်းတို့ကံပေပဲ…တဲ့။
(နွစ်)
ဒီလောက် ကိုက္ကိုက္ဆူပြီး အေငြ့တေထာင်းထောင်း ထေနတဲ့ အပူငြေ့တြေ
ကြားမွာ ခေန္ခာနဲ့ တုတ်ခော်င်းပေါ်ကို ဘယ္ပုစြန္လုံးကျဖတ်လွော်က်နိုင္မတုံးဗ်ာ။
ရေနြးအိုးထဲ တျဖုတ်ျဖုတ်ျပုတ္က်ပြီး မာလကီးယား ကုန်ကြရတာပေါ့။
ျဖစ္ခ်င်တော့ အဲဒီလယ္ပုစြန္လုံးတြေထဲက အကြီးဆုံး ပုစြန္လုံးတစ်ကောင်ဟာ
ဖိုးသူတော်ရဲ့ ကလိမ်စျေ့ငမ်းဆင္တဲ့ စိန်ခေါ်ခ်က္ကို ရင္ဆိုင်၊ ရေနြးငြေ့
အပူရွိန်ကြားကေန တုတ်ခော်င်းပေါ်ျဖတ်လွော်က်ပြီး အိုးဟိုဘက်နှုတ္ခမ်းအထိ
အောင်ျမင္စြာ ကူးသြားနိုင္ခဲ့သတဲ့။
ဒီမွာတင် အကြီးဆုံး ပုစြန္လုံးကို စားခ်င်ဇောနဲ့ သားရေက်နေတဲ့ ဖိုးသူတော်
နောက္ထပ္ထုတ္လိုက္တဲ့ ဥပေဒကေတာ့…၊ မင်းက အေကာင်ကြီးတယ်၊
နောက္တစ်ခေါက် ထပ်လွော်က္တဲ့ဗ်ာ။ တိုတိျုေပာရရင် နောက္တစ်ခေါက်
ထပ်လွော်က်တော့ အဲဒီပုစြန္လုံးကြီးလည်း သေရရွာတာပေါ့။
အဲဒီပျုံပင္နဲ့ တစ္ထပ္တည်းပါပဲဗ်ာ။ ဟိုးလြန္ခဲ့တဲ့ ၂၅ နွစ် ၁၉၉၀ တုန်းက
နိုင်ငံနဲ့အဝွမ်း ရြေးကောက္ပြဲကြီး ခြိမ့်ခြိမ့်သဲသဲ က်င်းပပြီး အတိုက်အခံပါတီကြီးလည်း
အနိုင်ေရရာ…. ရြေးကောက္ပြဲလုပ္တာဟာ အာဏာလွှဲပေးဖို့ မဟုတ္ဘူး။ ဖြဲ့စည်းပုံ
အျေခခံဥပေဒ ရေးဆြဲဖို့သျာဖစ္တယ္လို့ အခုလက်ရွိ အာဏာရ အစိုးရမင်းမ်ားရဲ့
ခေါင်းကိုင္ဖခင်ကြီးမ်ားက နွစ်ခေါက်ျပန်လွော်က္ခိုင်းခဲ့ဖူးတယ်လေ။
ဒါတင် ဘယ္ကဦးမတုံး။ ၂၀၀၃ ခုနွစ္တုန်းက ဒီပဲယင်းမွာ အတိုက်အခံပါတီ
ခေါင်းဆောင္ကို မေသမခ်င်း ရိုက်သတ္ဖို့ လမ်းညြန္ခဲ့သူဟာ
အခုစာဖတ်နေပါတယ္ဆိုတဲ့ ဂိုဏ်းခ်ုပ်ကြီးပဲလို့ သူတို့ဂိုဏ်းဝင် အခ်င်းခ်င်း
ျပန်ဖော်နေကြေလရဲ့။
(သုံး)
အမွန်တော့ သူတို့ဟာ သူတို့ ဘေးလောင်းတော် ဘိုးလောင်းတော်၊ ၁၉၆၂ ခုနွစ်
တ္လေွာန်ရေးကောင္စီ ဥက္ကဋ္ဌကြီးရဲ့ျေခရာကို ပုံတူလိုက္နင်းတာပေါ့ဗ်ာ။
ဒီမောင်တြေရဲ့ ညစ္လုံးတြေကို ဇာတ္စုံခင်းရရင် တစ်ထောင့္တစ်ည
ပျုံပင္လျိုဖစ်တော့မွာမို့ လိုတိုရွင်းပဲျေပာပါရေစေတာ့။ ဒင်းတို့ဟာ ဘမိုးဘိုးတူ
ရာဇဝင်လေးနဲ့ခင္ဗ်။
ဟုတ္တယ်လေ။ အဲဒီဥက္ကဋ္ဌကြီး ခေါင်းဆောင္တဲ့ အိမ်စောင့်အစိုးရဟာ
တ္လေွာန်ရေးကောင္ဈီဖစ္လာတယ်။ တ္လေွာန်ရေးကာင္စီကေန
ျမန္မာ့ဆိုရွယ္လစ် လမ်းစဉ္ပါတီကို အာဏာရပါတီကြီျးဖစ္လာအောင် ရြက္ဖ်ဥ္တဲထဲ
သစ္ကုလားအုတ် ဝင်သလိုမိုး တစ္ဆင့်ပြီးတစ္ဆင့် ကလိမ္ကက်စ် က်ခဲ့တာပါပဲ။
၁၉၆၂ နဲ့ ၁၉၈၈ ခုနွစ်တြေမွာ အာဏာသိမ်းတော့လည်း တောင်သူလယ်သမား
ကော်မြဲလူတန်းစားတြေ ကောင်းစားဖို့၊ တိုင်ျးပည်ျငိမ်ဝပ္ပျိပားဖို့ ဆိုတဲ့
လေသံပစ္တာခ်င်းလည်း တစ္ထပ္တည်း တူညီတယ္ခင္ဗ်။ ရဟန်းသံဃာ၊
တောင်သူလယ်သမား ကော်င်းသားနျဲ့ပည်သူတြေကို ရက်ရက္စက္စက်
ပစ္ခတ်နွိမ်နွင်းတဲ့ နေရာမွာလည်းျေခရာတူ လိုက္နင်းခဲ့တာပါပဲ။
ျမန္မာ့ ဆိုရွယ္လစ္လမ်းစဉ္ပါတီကို အျမုတေပါတီကေနျပည်သူ့ပါတီအျဖစ်
ကူျးေပာင်းတာနဲ့ ပုံစံတူ တိုင်ျးပည္ဘဏ္ဍာငြေတြနဲ့ တည်ထောင္ထားတဲ့
ကြံ့ခိုင္ဖြံ့ဖြိုးရေး လူမှုရေးအသင်းကြီးကိုလည်း နိုင်ငံရေးပါတီအျဖစ် ဇြတ်အတင်း
ကူလီကူမာနည်းနဲ့ အသြင်ျေပာင်းခဲ့တာလည်း တစ္ပုံစံတည်းပါပဲဗ်ာ။
၂၀၀၈ ခုနွစ္တုန်းက နာဂစ္မုန္တိုင်းဒဏ်ကြောင့်ျမန္မာတစ်ျပည္လုံး မသာအိမ္လို
ျဖစ်နေတဲ့အခိန္မွာ ဒင်းတို့ စိတ္တိုင်းက် တစ္ဖက်သတ်ရေးဆြဲထားတဲ့ ဖြဲ့စည်းပုံ
အျေခခံဥပေဒကြီးကို အတည်ျပုခဲ့တာ မွတ္မိကြဦးမွာပါ။ အဲဒီလုပ်ရပ်ဟာ ၁၉၈၈
ခုနွစ် တစ္တိုင်ျးပည္လုံျးခြတ်ျခုံက်ပြီး ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်း ဝင်နေခိန္မွာ
ငြေစက္ကူတြေကို တရားမဝင်ကြောင်း ကြေညာခဲ့တာ၊ မဆလေခတ် (၁၉၇၄)တုန်းက
ဖြဲ့စည်းပုံ အျေခခံဥပေဒကို အတည်ျပုတုန်းကလည်း မဲမသမာမှုတြေ
လုပ္ခဲ့တာတြေကျိုပန်ျေပာင်း သတိရစရာပါပဲ။
နောက္တစ္ခ်က္က သူတို့အာဏာရေနစဉ် ကာလတစ်လွော်က္လုံးမွာ လုပ္ခဲ့သမွ်
ဆန္ဒခံယူပြဲ၊ ရြေးကောက္ပြဲမွန်သမွ် အကြံအဖန္လုပ္ပြဲတြေခ်ည်ျးဖစ်နေတာမို့၊
တစ်ေသ၀မတိမ်း တူညီနေတာလည်း ထူးလ်က္နဲ့ မဆန်းတဲ့အခ်က္ပဲဗ်ာ။
ဟော၊ ပြီးခဲ့တဲ့ ၂၀၁၅ ရြေးကောက္မွာလည်း အဲဒီပါတီဟာ မသမာနည်းမိုးစုံသုံးပြီး
မဲဆြယ္လုပ္ခဲ့ကြတာ လူတကာ သိနေတဲ့ကိစ္စ။ အေးလေ၊ သင်းတို့ဟာ
အဲသေလာက် သမိုင်းကြောင်း မေကာင်းခဲ့လို့ အခုရြေးကောက္ပြဲ
ရလဒ်သတင်းတြေလည်း ထြက္လာရော စောစောကျေပာတဲ့ သီလေကြာင်
ဖိုးသူတ္နောဲ့ ပုစြန္လုံးပျုံပင္ကို က်ုပ်ျေပးသတိရမိတာပေါ့။
(လေး)
အခု ၂၀၁၅ ရြေးကောက္ပြဲ ရလဒ္ကေတာ့ ဒင်းတို့ ကံဆိုးလြန်းတယ်။ ထင္တိုင်း
မေပါက္ဘူး ဆိုရမယ္ဗ်။ ဒင်းတို့ကိုယ္ဒင်းတို့ ဟုတ္လွပြီထင်၊ျပည်သူလူထုကို
နလဗိန်းတုံးတြေလို့ နွလုံးသြင်းပြီး ၂၆ ရာခိုင်နှုန်းလောက်တော့ ရေလာက်ရဲ့လို့
တြေးမိတဲ့ ကိုယ်တော်ခော်မ်ားခမ်ာ ပြိုင်လေရာ နေရာတိုင်းလိုလို ဟက္တက္ကြဲပြီး
ရှုံးပါရောလားဗ်ာ။ တကယ်တော့ သူတို့ရဲ့ နိုင်ငံရေးဘဝဟာ သေဆုံးသြားခဲ့ပြီ။
သူတို့ကျိုပည်သူလူထု တစ်ရပ္လုံးက အယုံအကြည် မရွိတော့ဆိုတာ ငမိုက်သားခမ်ာ
မရိပ္စားမိကြရွာဘူးဗ်။
ဒီမွာတင် သမ္မတကြီးလည်း မ်က္ကလဲဆန်ျပျာဖစ်ပြီး
လူထုဆန္ဒကို လေးစားပါ့မယ်၊ အာဏာကို အသာတကြည် အေးခ်မ်းစြာ
လွှျဲေပာင်းပေးပါ့မယ် ဆိုတဲ့ လေသံတြေ ထြက္လာတော့တာပါပဲ။ အင်း၊
အဲဒီအသံတြေဟာ လူကြားလို့တော့ ကောင်းပါရဲ့။ မဂင်္လာရွိတာလည်း မွန္ပါရဲ့။
သို့ပေသည့်….၊ နောက္ဆက္တြဲ သတင်းတြေအရ၊ မဲရှုံးတဲ့ပါတီကြီးဘက္ကေန
တိုင္စာတြေ ပလူပ်ံအောင် တက္မယ္ဆိုတဲ့ အေပါက္မိုး ခိုးလာတယ်။ သမ္မတကြီး
ကိုယ္တိုင္က အနိုင်ရပါတီရဲ့ တြေ့ဆုံဆြေးနြေးရေး ကမ်းလွမ်းခ်က္ကို သောင္မတင်
ရေမက် အေကြာင်ျးပန်ပြီး ဘာအဓိပ္ပာယ္မွ မရွိတဲ့ ပါတီကိုးဆယ်ကေ်္ကာို
ခေါ်ယူတြေ့ဆုံတယ်။ အဲဒီပြဲမွာ ဘဲဥမကြဲတဲ့ ကချတြေ္ကခ်ာက် ပါတီဥက္ကဋ္ဌတြေက
အနိုင်ရပါတီဥက္ကဋ္ဌကို အေရးယူဖို့ စစ္တပ္က အာဏာသိမ်းဖို့ လေသံပစ္တယ်။
မိုးညွင်းဘက္မွာ တိုက္ပြဲတြေ အရွိန်ျမွင့်လာတယ်။ က်ုပ္စိတ္ထဲမွာတော့
အာဏာ လွှျဲေပာင်းရေး မေခ်ာမြေ့အောင်၊ အခိန်ကြန့်ကြာအောင်ျပသ၁နာမိုးစုံကို
ဆီလိုအေပါက်ရွာ နေကြတယ္လို့ ထင္မိတာပါပဲ။
(ငါး)
ထောက်ရှု ဆင်ျခင်ကြည့်ရင်
အာဏာရွင္စိတ္ဓာတ် မေပ်ာက္ခ်င်သေးတဲ့၊ ဒီမိုကေရစီ နြားကန္မနာသေးတဲ့၊
ဒီမိုကေရစီ ထမ်းပိုးမက်င့်ရေသးတဲ့၊ ရွှေကိုယ်တ္မော်ားဟျာပဿနာမိုးစုံကို
ဖန္တီးမီးမွှေးဖို့ က်ားခော်င်းခော်င်းနေမွာ သေခ်ာတယ်။ အာဏာကို မလြတ္စတမ်း
က်ားပိန္တြယ် တြယ္ထားဖို့ စိတ္ကူး ဖဲရိုက်နေကြမွာ သေခ်ာတယ်။
ဒီအခ်က်တြေကို အနိုင်ရပါတီခေါင်းဆောင်ေအနနဲ့ ကောင်းကောင်းကြီး နားလည်
သေဘာပေါက်နေပုံရတယ္ဗ်။ျပည်သူလူထုကို အောင္ပြဲမခံကြဖို့
ဆုံးမေဆ်ာသြတယ်။ ကြီးသုံးကြီးကို တြေ့ဆုံဆြေးနြေးဖို့ ကမ်းလွမ်းတယ်။ နိုင်ငံတကာ
သံတမန်ငါးဆယ်ကေ်္ကာို လက္ခံတြေ့ဆုံတယ်။ သူ ရွေ့ဆက္လုပ်ြသားမဲ့
လုပ်ငန်းစဉ်တြေကို နိုင်ငံတကာ သတင်းဌာနေတြကတစ္ဆင့် တစ္ခုခ်င်း
တစ္ဆင့်ခ်င်း ဖြင့်ဟသတင်းပေးတယ်။ အေတာ့်ကို အကြက်စေ့စေ့ ထောင့်စေ့စေ့
ကိုင္တြယ်ဆောင်ြရက် နေတယ္ဆိုတာ အမ်ာျးမင်သာပါတယ်။ သူမက
ခေါင်းအေးအေးနဲ့ ပညာသားပါပါ တစ္ကြက္ခ်င်း ရွှေ့လေ၊ ဟိုမောင်တြေခမ်ာ
မော်က္မီးခဲ ကိုင္မိသလို ထိုင္မရ ထမရျဖစ်လျေဖစ်နေကြမွာ သေခ်ာတယ္ဗ်ာ။
နောက္ဆုံးရ သတင်းတြေအရ ဘာအကြက္ဆန်းမ်ား ထြင်ကြဦးမလဲတော့
တပ်အပ္မဆိုနိုင္ဘူး။ အငြိမ်းစား ဗိုလ္ခ်ုပ္မွူးကြီးရဲ့ျေမးတော်လေးက အနိုင်ရ
ပါတီခေါင်းဆောင္ဆီကို တြေ့ခြင့်လာတောင်းလို့ တြေ့ခြင့်ျပုလိုက်သတဲ့။
ဘယ္လိုပျဲဖစ်ျဖစ် သင်းတို့ဟာ မဟုတ္တာမွန်သမွ် နောက္မဆုတ္စတမ်း
လက်ရဲဇက်ရျဲပုမူဖို့ အသင့်ရွိနေတဲ့ လူစားတြေဆိုတာကေတာ့ မေ့ထားလို့
မျဖစ္ဘူးလေ။
သူမဟာ ရန္စြယ်ကြားက လွဥမ္မာ၊ မီးလွ်ံထဲက ကျြာဖူ၊ ဘဲအုပ်တြေကြားက
ဗေဒါဘဝမို့ က်ုပ္တိျု့ပည်သူလူထု တစ်ရပ္လုံးက သတိမျပတ္ဘဲ
ဆက္လက်ဝန်းရံပေးကြဖို့ လိုတယ္ဗ်။ ရြေးကောက္ပြဲအကြိုနဲ့ ရြေးကောက္ပြဲ
နေ့ရက်တြေတုန်းကလိုပျဲပည်သူတစ်ရပ္လုံး နိုင်ငံရေး အသိစိတ္ဓာတ်
နိုးကြားနေကြဖို့ လိုတယ်။ လူဖ်င်းလုံ့လ တစ္ခဏဆိုသလို ကောက်ရိုးမီးလို ဟုန်းခနဲ
ထေထာက်ပြီး ဟုတ္ခနဲ ငြိမ်းသြားလို့ မျဖစ္ဘူးလေဗ်ာ။
(ျေခာက်)
အဲဒီတော့ကာ ခင္ဗ်ားတို့က်ုပ္တို့အေနနဲ့ ဒီမိုကေရစီအရသာကို ခံစားစံစားနိုင်
ကြိုးပမ်းနေကြရပါဦးမယ်။ ခင္ဗ်ားတို့ က်ုပ္တို့ သေဘာဆန္ဒအတိုင်း
တညီတညြတ္တည်း ရြေးကောက် တင်ျေမွာက္ထားတဲ့ အနိုင်ရပါတီ ခေါင်းဆောင်ရဲ့
ဦးဆောင္မှု နောက္ကို အရွိန်ဟုန္မပ်က် ယုံယုံကြည်ကြည် ဆက္လက် လိုက္ပါကြဖို့
အေရးကြီးပါတယ်။
ဟုတ္ပါ့ဗ်ာ။ ဒီမောင်တြေရဲ့ လက္ထဲကေန အာဏာကို အေးအေးခ်မ်းခ်မ်း
လွှဲယူနိုင်ပြီး ဒင်းတို့ရဲ့ အမြီးနဲ့ဖုန္လုံး၊ လုံးလုံးကြီး မျမင်ေရတာ့တဲ့ အခိန္မွာတောင်
အဘက္ဘက္က ယိုယြင်းပြီး ပ်က္စီျးခင်းငါးပါး ဆိုက်နေတဲ့ တိုင်ျးပည်ကြီးကို
ျပန္လည် ထူထောင္ဖို့အတြက် သူမ်ားနိုင်ငံတြေျေခလွမ်း လေးငါးလွမ်း လွမ်းရင်
က်ုပ္တို့ကျေခလွမ်း အလွမ်းနွစ္ဆယ္တန်သည် သုံးဆယ္တန်သည် လွမ်းနိုင္မွ
တန္ကာက်မွာ၊ က်ုပ္တို့ အရိုးစြဲနေတဲ့ ခေတ်ဟောင်းက အက်င့်ဟောင်းတြေ
အက်င့်ဆိုးတြေ သောက္က်င့်တြေကျိုပင်နိုင္မျွဖစ္မွာမဟုတ္လား။
ဒီမိုကေရစီရပြီဆိုတာနဲ့ ပေဒသာပင်ျေမကေန ခ်က္ခ်င်းပေါက္လာမွာ
မဟုတ္ဘူးလေ။ က်ုပ္တို့တစ်တြေ ကုန်းရုန်းပြီး လုပ်နိုင္ပါမွ၊ ပြဲနေအာင် လုပ်နိုင္ပါမွ
တန္ကာက်မွာဗ်။ အဲဒါကြောင့် က်ုပ္တို့ အမိုးသားခေါင်းဆောင်ကြီးျေပာခဲ့တာပေါ့။
“တောကြီးမ်က္မည်းထဲက မထြက်နိုင္ခင္မွာ လြတ်ပြီကျတ်ြပြီလို့ မေအ်ာကြပါနဲ့”
ဆိုတာလေဗ်ာ။
မင်းဒင်
The Ladies News Journal

No comments:

Post a Comment