Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, November 1, 2015

သမီးငယ္ကုိ ကမၻာအႏွံ႔ပုိ႔ရန္ အိမ္ႏွင့္ကုမၸဏီ ေရာင္းခ်

တ႐ုတ္ႏိုင္ငံ၊ ရွန္ဟိုင္းၿမိဳ႕က ဖခင္တဦးဟာ ၂ ႏွစ္အရြယ္သမီးငယ္နဲ႔ ကမၻာလွည့္ ခရီးထြက္ဖို႔ ရည္ရြယ္ၿပီး သူ႔ကိုယ္ပိုင္ကုမၸဏီနဲ႔ အိမ္ကို ေရာင္းခ်ခဲ့ပါတယ္။

ဇူခ်န္ဇီယာ႐ုိအမည္ရ အဲဒီအမ်ိဳးသားဟာ ၿပီးခဲ့တဲ့ ၾသဂုတ္လကမွ ခုလို ခရီးထြက္ဖို႔ အစီအစဥ္ကို စတင္ခဲ့တာလုိ႔ စီစီတီဗြီသတင္းမွာ ေဖ္ာျပပါတယ္။

သူ႔ရဲ႕ ၂ ႏွစ္အရြယ္ သမီးငယ္ကို ကမၻာ့ေနရာအႏွံ႔အျပား ေခၚေဆာင္သြားၿပီး ေဒသ႐ႈခင္းေတြနဲ႔ ဓေလ့ထံုးတမ္းေတြကို ေလ့လာႏိုင္ဖို႔အတြက္ ခုလိုေရာင္းခ်ခဲ့တာလုိ႔ ဇူခ်န္ဇီယာ႐ုိက ေျပာပါတယ္။

သူတို႔ရဲ႕ခရီးစဥ္ဟာ ၅ ႏွစ္ၾကာျမင့္မွာျဖစ္ကာ ပထမတႏွစ္ကို ႏိုင္ငံတြင္းမွာ သြားလာမွာျဖစ္ၿပီး က်န္တဲ့ေလးႏွစ္ကိုေတာ့ ႏိုင္ငံျခားခရီးစဥ္ေတြ သြားေရာက္လည္ပတ္မွာ ျဖစ္ပါတယ္။

ပထမဆံုးခရီးစဥ္အျဖစ္ သူတို႔သားအဖဟာ တ႐ုတ္ႏိုင္ငံေတာင္ပိုင္း၊ ရွန္႔ဇန္ၿမိဳ႕ကေန အေရွ႕ေျမာက္ပိုင္း ဂ်ီလင္ခ႐ုိင္ထိ ကီလိုမီတာ ၉၀၀၀ ေက်ာ္ သြားေရာက္မယ္လို႔ ရည္မွန္းခဲ့ေပမယ့္ စက္တင္ဘာလကုန္တဲ့အခ်ိန္မွာ ဂ်ီလင္ခ႐ုိင္ထိ မေရာက္ရွိခဲ့ဘူးလို႔ သတင္းမွာ ေဖာ္ျပပါတယ္။

ဇူခ်န္ဇီယာ႐ုိဟာ အဲဒီခရီးစဥ္မွာ ေနာက္တြဲယာဥ္ကို အသံုးျပဳၿပီး ကမ္း႐ုိးတန္းတေလွ်ာက္ ခရီးဆန္႔ခဲ့တာပါ။
အခုသြားခဲ့တဲ့ ခရီးစဥ္တေလွ်ာက္မွာ ေတြ႔ရတဲ့သူေတြနဲ႔ မိတ္ေဆြဖြဲ႔ၿပီး စီးပြားေရး အခြင့္အလမ္းေတြလည္း ရွာေဖြခဲ့တယ္လို႔ သူကေျပာပါတယ္။
dvb burmese
....................
သမီးငယ်ကို ကမ္ဘာအနှံ့ပို့ရန် အိမ်နှင့်ကုမ္ပဏီ ရောင်းချ

တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့က ဖခင်တဦးဟာ ၂ နှစ်အရွယ်သမီးငယ်နဲ့ ကမ္ဘာလှည့် ခရီးထွက်ဖို့ ရည်ရွယ်ပြီး သူ့ကိုယ်ပိုင်ကုမ္ပဏီနဲ့ အိမ်ကို ရောင်းချခဲ့ပါတယ်။

ဇူချန်ဇီယာရိုအမည်ရ အဲဒီအမျိုးသားဟာ ပြီးခဲ့တဲ့ သြဂုတ်လကမှ ခုလို ခရီးထွက်ဖို့ အစီအစဉ်ကို စတင်ခဲ့တာလို့ စီစီတီဗွီသတင်းမှာ ဖေ်ာပြပါတယ်။

သူ့ရဲ့ ၂ နှစ်အရွယ် သမီးငယ်ကို ကမ္ဘာ့နေရာအနှံ့အပြား ခေါ်ဆောင်သွားပြီး ဒေသရှုခင်းတွေနဲ့ ဓလေ့ထုံးတမ်းတွေကို လေ့လာနိုင်ဖို့အတွက် ခုလိုရောင်းချခဲ့တာလို့ ဇူချန်ဇီယာရိုက ပြောပါတယ်။

သူတို့ရဲ့ခရီးစဉ်ဟာ ၅ နှစ်ကြာမြင့်မှာဖြစ်ကာ ပထမတနှစ်ကို နိုင်ငံတွင်းမှာ သွားလာမှာဖြစ်ပြီး ကျန်တဲ့လေးနှစ်ကိုတော့ နိုင်ငံခြားခရီးစဉ်တွေ သွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်။

ပထမဆုံးခရီးစဉ်အဖြစ် သူတို့သားအဖဟာ တရုတ်နိုင်ငံတောင်ပိုင်း၊ ရှန့်ဇန်မြို့ကနေ အရှေ့မြောက်ပိုင်း ဂျီလင်ခရိုင်ထိ ကီလိုမီတာ ၉၀၀၀ ကျော် သွားရောက်မယ်လို့ ရည်မှန်းခဲ့ပေမယ့် စက်တင်ဘာလကုန်တဲ့အချိန်မှာ ဂျီလင်ခရိုင်ထိ မရောက်ရှိခဲ့ဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။

ဇူချန်ဇီယာရိုဟာ အဲဒီခရီးစဉ်မှာ နောက်တွဲယာဉ်ကို အသုံးပြုပြီး ကမ်းရိုးတန်းတလျှောက် ခရီးဆန့်ခဲ့တာပါ။
အခုသွားခဲ့တဲ့ ခရီးစဉ်တလျှောက်မှာ တွေ့ရတဲ့သူတွေနဲ့ မိတ်ဆွေဖွဲ့ပြီး စီးပွားရေး အခွင့်အလမ်းတွေလည်း ရှာဖွေခဲ့တယ်လို့ သူကပြောပါတယ်။
dvb burmese

No comments:

Post a Comment