Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, November 26, 2015

10 Most Generous Nations

ကမ္ဘာ့နိုင်ငံများ၏ ပေးကမ်းရက်ရောမှုညွှန်းကိန်းဇယားကို မိုက်ခရိုဆော့ သူဌေးကြီး Bill Gates ၏ Bill and Melinda Gates Foundation မှ ၎င်းတို့၏ ဖေ့ဘုတ်စာမျက်နှာတွင် နိုဝင်ဘာ ၂၅ ရက်နေ့က တင်ပြခဲ့သည်။ ၂၀၁၄ ခုနှစ်ကပြုစုသောအဆိုပါ ညွှန်းကိန်းတွင် မြန်မာနိုင်ငံက ကမ္ဘာပေါ်တွင် အရက်ရောဆုံးနိုင်ငံအဖြစ် ရပ်တည်ခဲ့ပြီး စစ်တမ်းကောက်ယူရာတွင် ငွေကြေးလှူဒါန်းမှုအပြင် ပရဟိတဆောင်ရွက်မှု၊ တစိမ်းတရံဆန်အပေါ် ပေးကမ်းကူညီမှုအစရှိသော အချက်များအပေါ်မှုတည်၍ ညွှန်းကိန်းပြုစုခြင်းဖြစ်သည်။ ယင်းသို့ကောက်ခံရာတွင် မြန်မာလူမျိုးအများစုသည် ပေးကမ်းခြင်း၊ ရိုင်းပင်ကူညီမှု၊ အများအကျိုးသယ်ပိုးမှုတွင် အလွန်မြင့်မားသော လူမျိုးဖြစ်ကြောင်း ကမ္ဘာ့အဆင့် ၁ ရရှိမှုက သက်သေပင်ဖြစ်တော့သည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)


No comments:

Post a Comment