Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, October 31, 2015






( Skyler )

#သစ်ထူးလွင်(နည်းပညာ)


Ref: PC
............
 Wi-Fi Boost ဖို့အတွက် လက်ဝှေ့ယမ်းရုံနဲ့ရတဲ့ Google OnHub Routerသစ်
Google က OnHub router သစ်ကို ထုတ်လုပ်လိုက်ပါတယ်။

Asus Onhub က Wave Control နဲ့ စတင်မိတ်ဆက်ခဲ့တာပါ။ အကယ်၍ သင့် လက်ပ်တော့ ဟာ နှေးကွေးနေပြီ ဒါမှမဟုတ် တက်ဘလက်က Instagram ဓာတ်ပုံတွေကို ခပ်မြန်မြန် မပြနိုင်တော့ဘူးဆိုရင် WiFi မြန်နှုန်းကို တိုးမြှင့်ဖို့အတွက် Router ရဲ့ အထက်ဘက်မှာ လက်ဝှေ့ယမ်းလိုက်ရုံပါပဲ။

သာမန် router တွေထက်ကို ပိုပြီးစွဲဆောင်မှုရှိမယ့် router တစ်ခုကို ဒီဇိုင်းဆွဲချင်တယ်လို့ Google ကပြောခဲ့ပါတယ်။ အင်တာနာတိုင်တွေ မပါတဲ့ သေတ္တာလိုပုံစံမျိုးနဲ့ပေါ့။ တကယ်တော့ စလင်ဒါပုံ Asus OnHub မှာ တခြား router တွေထက်ကို ပိုသေးငယ်ပြီး ပိုအားကောင်းတဲ့ အင်တာနာ အစုံလိုက်ပါပါတယ်။ WiFi ကလည်း တည်ငြိမ်နေပြီး တစ်အိမ်လုံးမှာ သုံးနိုင်ပါတယ်။

Google က မှိတ်တုတ်မှိတ်တုတ် မီးတွေနဲ့ လုပ်ပြီးသွားပါပြီ။ Troubleshooting ကိုလည်း Google On app ကတဆင့် လုပ်ဆောင်နိုင်ပါတယ်။ Google On app မှာ setup လုပ်နိုင်ပြီး စက်ဘယ်နှစ်လုံးကနေ ချိတ်ဆက်ထားတယ်ဆိုတာနဲ့ wireless capacity ဘယ်လောက်သုံးထားတယ်ဆိုတာကိုပါ ကြည့်နိုင်ပါတယ်။

( Skyler )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com


Ref: PC

No comments:

Post a Comment