Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 2, 2015

Once a soldier, you will always be soldier

ေမွာ္ဘီၿမိဳ.နယ္ NLD ပါတီက ၿပည္သူ႔လႊတ္ေတာ္ အမတ္ေလာင္း အၿဖစ္၀င္ေရာက္ အေရြးခံမယ္႔ ကြ်န္ေတာ႔ကို "ဒီလူက စစ္တပ္ကပါကြာ" လို႔ တခ်ိဳ. ဆိုၾကတယ္။ ဟုတ္ပါတယ္ဗ်ာ။ ကြ်န္ေတာ္ စစ္သားပါ ခင္ဗ်ာ။ ဦးေအာင္၀င္းဆိုတဲ႔ ကြ်န္ေတာ္က စစ္တကၠသိုလ္ အပါတ္စဥ္ (၉) မွာတက္ခဲ့ပါတယ္။ တိတိက်က် ေၿပာရရင္ ယခု လက္ရွိ သမၼတႀကီး ဦးသိန္းစိန္ တို႔ ေရြးေကာက္ပြဲ ေကာ္မရွင္ ဥကၠဌ ဦးတင္ေအး တို႔နဲ႔ တစ္ပါတ္စဥ္ ထဲပါဗ်ာ။

ဒါေပမယ္႔ ေရလိုက္ငါးလိုက္နဲ႔ ေခတ္ရဲ. အေၿခအေန တိုင္းၿပည္ရဲ. အေၿခအေနကို ဒီအတိုင္း ထိုင္ၾကည္႔ ေနသာသလို ေနခဲ႔တဲ႔ စစ္သားမဟုတ္ခဲ႔ပါဘူး။ ၁၉၈၈ မွာ တိုင္းၿပည္ရဲ. အနာဂတ္နဲ႔ ၿပည္သူေတြဘက္ကို ၾကည္႔ၿပီး အင္တိုက္အားတိုက္ ၀င္ပါခဲ႔ပါတယ္။ ၿပည္သူေတြ အတြက္ ေၿပာင္းလဲဖို႔ လိုအပ္ေနတဲ႔ အခ်ိန္မွာ ေနသာသလို ေနခဲ႔လိုက္ရင္ လိပ္ၿပာသန္႔မွာ မဟုတ္တဲ႔ အတြက္ ၈၈ အေရးေတာ္ပံုမွာ လွဳပ္ရွားခဲ႔ပါတယ္။

၈၈ အေရးေတာ္ပံု အၿပီးမွာ ေထာင္ထဲမွာ တစ္ႏွစ္ခြဲေက်ာ္ ေနခဲ႔ရပါေသးတယ္။ တိုင္းၿပည္ အတြက္ေရာ၊ ကိုယ္ယံုၾကည္တဲ႔ လမ္းအတြက္ပါ ေနာင္တမရခဲ႔ပါဘူး။ ေထာင္ထဲက ၿပန္လြတ္လာခဲ႔တဲ႔ အခ်ိန္ကတည္းက အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္မွာ ယံုၾကည္ခ်က္ ခိုင္ခိုင္မာမာနဲ႔ ေတာက္ေလ်ာက္ လုပ္လာခဲ႔ပါတယ္။ ၈၈ အၿပီး အစိုးရရဲ. ဖိအားေၾကာင္႔ ကြ်န္ေတာ္တို႔လို ပါ၀င္ခဲ႔တဲ႔ လူေတြဟာ လူမွဳ.ေရး စီးပြါးေရး အၾကပ္အတည္းေတြ ၾကားထဲမွာ မလူးသာ မလြန္႔သာ ၿဖစ္ခဲ႔ပါတယ္။

ကြ်န္ေတာ္ဟာ မတရားတာကို မၾကိဳက္၊ မမွ်တတာကို မႏွစ္သက္တဲ႔ ပင္ကိုယ္စိတ္ အခံေတြနဲ႔ ႏိုင္ငံေရးသမား ၿဖစ္ခဲ႔ပါတယ္။ တိုင္းၿပည္ရဲ. စနစ္ဆိုးေအာက္မွာ ကြ်န္ေတာ္ တို႔တင္ မကဘူး။ ၿပည္သူေတြ အားလံုးလည္း ခံခဲ႔ရၿပီးပါၿပီ။ ဆယ္စုႏွစ္ ႏွစ္စု ေက်ာ္ ၾကာတဲ႔ ၾကားကာလထဲမွာ စိတ္ဆင္းရဲစရာ ေတြကို ကြ်န္ေတာ္တို႔ ခင္ဗ်ားတို႔ ၿပည္သူေတြ ၾကံဳခဲ႔ၿပီးပါၿပီ။

ေၿပာင္းလဲသင္႔တဲ႔ အခ်ိန္မွာ ကြ်န္ေတာ္တို႔ အခ်ိန္မွီ ေၿပာင္းလဲႏိုင္မွ ၿဖစ္မွာပါ။ မေၿပာင္း လဲႏိုင္ပဲ အရင္စနစ္အတိုင္း ေရလိုက္ငါးလိုက္ ဆက္ေနသြားခဲ႔ရင္ တိုင္းၿပည္လည္း ဆံုးရွံဳးမွဳ.ေတြနဲ႔၊ ၿပည္သူေတြလည္း နစ္နာမွဳ.ေတြနဲ႔ အဆိုးသံသရာ (Vicious Cycle) ထဲ တ၀ဲလယ္လယ္ ၿဖစ္ေနဦးမွာပါ။

ဒါေပမယ့္ အခုႏိုင္ငံေရး လုပ္ေနပါတယ္။ ၂၀၁၅ ၿပည္သူ႔လႊတ္ေတာ္ မွာ NLD အမတ္ေလာင္း အၿဖစ္ ၀င္ေရာက္ ယွဥ္ၿပိဳင္ဖို႔ ၾကိဳးစားေနပါတယ္။ ဘ၀မွာ တစ္ၾကိမ္ စစ္သားၿဖစ္ခဲ႔ဖူးရင္ အၿမဲတမ္း တိုက္ပြဲ၀င္ စစ္သူရဲတဲ႔။ "Once a soldier, you will always be soldier". ကြ်န္ေတာ္ စစ္သားၿဖစ္ခဲ႔ပါတယ္။ ဒါေပမယ္႔ ကိုယ္႔လိပ္ၿပာသန္႔စိတ္ မပ်က္စီးခဲ႔ပဲ၊ ၿပည္သူ႔ဘက္က ရပ္တည္ခဲ႔တဲ႔ စစ္သားပါ။ ယခုလည္း တိုက္ပြဲ၀င္ စစ္သူရဲ တစ္ေယာက္ပါပဲ။ ဘာအတြက္လဲ ဆိုေတာ႔ တရားမွ်တၿခင္း၊ လြတ္လပ္ၿခင္းနဲ႔ ၿပည္သူေတြ ဘ၀ ဖြံ႔ၿဖိဳး တိုးတက္ေရးအတြက္ တိုက္ပြဲ၀င္ စစ္သူရဲတစ္ေယာက္ လိုမ်ိဳး ၿပည္သူ႔လႊတ္ေတာ္ အမတ္ေလာင္းအၿဖစ္ ရွိေနပါတယ္။
Credit <<>> Melvin Moe
....................................
မှော်ဘီမြို.နယ် NLD ပါတီက ပြည်သူ့လွှတ်တော် အမတ်လောင်း အဖြစ်ဝင်ရောက် အရွေးခံမယ့် ကျွန်တော့ကို "ဒီလူက စစ်တပ်ကပါကွာ" လို့ တချို. ဆိုကြတယ်။ ဟုတ်ပါတယ်ဗျာ။ ကျွန်တော် စစ်သားပါ ခင်ဗျာ။ ဦးအောင်ဝင်းဆိုတဲ့ ကျွန်တော်က စစ်တက္ကသိုလ် အပါတ်စဉ် (၉) မှာတက်ခဲ့ပါတယ်။ တိတိကျကျ ပြောရရင် ယခု လက်ရှိ သမ္မတကြီး ဦးသိန်းစိန် တို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး တို့နဲ့ တစ်ပါတ်စဉ် ထဲပါဗျာ။
ဒါပေမယ့် ရေလိုက်ငါးလိုက်နဲ့ ခေတ်ရဲ. အခြေအနေ တိုင်းပြည်ရဲ. အခြေအနေကို ဒီအတိုင်း ထိုင်ကြည့် နေသာသလို နေခဲ့တဲ့ စစ်သားမဟုတ်ခဲ့ပါဘူး။ ၁၉၈၈ မှာ တိုင်းပြည်ရဲ. အနာဂတ်နဲ့ ပြည်သူတွေဘက်ကို ကြည့်ပြီး အင်တိုက်အားတိုက် ၀င်ပါခဲ့ပါတယ်။ ပြည်သူတွေ အတွက် ပြောင်းလဲဖို့ လိုအပ်နေတဲ့ အချိန်မှာ နေသာသလို နေခဲ့လိုက်ရင် လိပ်ပြာသန့်မှာ မဟုတ်တဲ့ အတွက် ၈၈ အရေးတော်ပုံမှာ လှုပ်ရှားခဲ့ပါတယ်။
၈၈ အရေးတော်ပုံ အပြီးမှာ ထောင်ထဲမှာ တစ်နှစ်ခွဲကျော် နေခဲ့ရပါသေးတယ်။ တိုင်းပြည် အတွက်ရော၊ ကိုယ်ယုံကြည်တဲ့ လမ်းအတွက်ပါ နောင်တမရခဲ့ပါဘူး။ ထောင်ထဲက ပြန်လွတ်လာခဲ့တဲ့ အချိန်ကတည်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာ ယုံကြည်ချက် ခိုင်ခိုင်မာမာနဲ့ တောက်လျောက် လုပ်လာခဲ့ပါတယ်။ ၈၈ အပြီး အစိုးရရဲ. ဖိအားကြောင့် ကျွန်တော်တို့လို ပါ၀င်ခဲ့တဲ့ လူတွေဟာ လူမှု.ရေး စီးပွါးရေး အကြပ်အတည်းတွေ ကြားထဲမှာ မလူးသာ မလွန့်သာ ဖြစ်ခဲ့ပါတယ်။
ကျွန်တော်ဟာ မတရားတာကို မကြိုက်၊ မမျှတတာကို မနှစ်သက်တဲ့ ပင်ကိုယ်စိတ် အခံတွေနဲ့ နိုင်ငံရေးသမား ဖြစ်ခဲ့ပါတယ်။ တိုင်းပြည်ရဲ. စနစ်ဆိုးအောက်မှာ ကျွန်တော် တို့တင် မကဘူး။ ပြည်သူတွေ အားလုံးလည်း ခံခဲ့ရပြီးပါပြီ။ ဆယ်စုနှစ် နှစ်စု ကျော် ကြာတဲ့ ကြားကာလထဲမှာ စိတ်ဆင်းရဲစရာ တွေကို ကျွန်တော်တို့ ခင်ဗျားတို့ ပြည်သူတွေ ကြုံခဲ့ပြီးပါပြီ။
ပြောင်းလဲသင့်တဲ့ အချိန်မှာ ကျွန်တော်တို့ အချိန်မှီ ပြောင်းလဲနိုင်မှ ဖြစ်မှာပါ။ မပြောင်း လဲနိုင်ပဲ အရင်စနစ်အတိုင်း ရေလိုက်ငါးလိုက် ဆက်နေသွားခဲ့ရင် တိုင်းပြည်လည်း ဆုံးရှံုးမှု.တွေနဲ့၊ ပြည်သူတွေလည်း နစ်နာမှု.တွေနဲ့ အဆိုးသံသရာ (Vicious Cycle) ထဲ တဝဲလယ်လယ် ဖြစ်နေဦးမှာပါ။
ဒါပေမယ့် အခုနိုင်ငံရေး လုပ်နေပါတယ်။ ၂၀၁၅ ပြည်သူ့လွှတ်တော် မှာ NLD အမတ်လောင်း အဖြစ် ၀င်ရောက် ယှဉ်ပြိုင်ဖို့ ကြိုးစားနေပါတယ်။ ဘဝမှာ တစ်ကြိမ် စစ်သားဖြစ်ခဲ့ဖူးရင် အမြဲတမ်း တိုက်ပွဲဝင် စစ်သူရဲတဲ့။ "Once a soldier, you will always be soldier". ကျွန်တော် စစ်သားဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကိုယ့်လိပ်ပြာသန့်စိတ် မပျက်စီးခဲ့ပဲ၊ ပြည်သူ့ဘက်က ရပ်တည်ခဲ့တဲ့ စစ်သားပါ။ ယခုလည်း တိုက်ပွဲဝင် စစ်သူရဲ တစ်ယောက်ပါပဲ။ ဘာအတွက်လဲ ဆိုတော့ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနဲ့ ပြည်သူတွေ ဘဝ ဖွံ့ဖြိုး တိုးတက်ရေးအတွက် တိုက်ပွဲဝင် စစ်သူရဲတစ်ယောက် လိုမျိုး ပြည်သူ့လွှတ်တော် အမတ်လောင်းအဖြစ် ရှိနေပါတယ်။
Credit <<>> Melvin Moe

No comments:

Post a Comment