Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, October 1, 2015

တပ္တြင္းမဲရုံ ၂၅ ရုံ တြင္ ပါတီမဲဆြယ္ခြင့္မရွိ


 ကယားျပည္နယ္ရွိ တပ္ဧရိယာတြင္း မဲရံု(၂၅)ရံုထားရွိမည္ျဖစ္ၿပီး တပ္တြင္း ႏိုင္ငံေရးပါတီမ်ားက မဲဆြယ္စည္းရုံး ေဟာေျပာခြင့္မရွိ ၊ တပ္ဧရိယာျပင္ပတြင္သာ ခြင့္ျပဳထားသည္ဟု ျပည္နယ္ေရြးေကာက္ပြဲအရာရွိ ဦးေက်ာ္ဆန္း၀င္းေျပာသည္။

“က်ေနာ္တို႕ ကယားမွာ တပ္တြင္းမွာမဲရံု (၂၅)ရံု ထားမွာျဖစ္တယ္။ ဒီတပ္တြင္း မွာရွိတဲ့ မဲရံု (၂၅)ရံုကို ကိုယ္စာလွယ္ေလာင္းေတြ ၀င္ၿပီး မဲဆြယ္လို႕မရပါဘူး။ တပ္အျပင္မွာပဲ မဲဆြယ္လို႕ ရမယ္။” ဟု ဦးေက်ာ္ဆန္းဝင္းက ေျပာသည္။

တပ္တြင္းရွိ မဲဆႏၵရွင္မ်ားကို သက္ဆိုင္ရာရာဝန္ရွိသူမ်ား သို႕မဟုတ္ တပ္ရင္းမွဴးမ်ားထံ ခြင့္ျပဳမိန္႕ေတာင္းခံၿပီး မဲဆြယ္ခြင့္ျပဳေစလိုေၾကာင္း လူမ်ိဳးေပါင္းစံု ဒီမိုကေရစီပါတီ (ကယားျပည္နယ္) မွ လြိဳင္ေကာ္ျမိဳ႕နယ္ ျပည္သူ႕လြတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးေစာပိုေလးက ဆိုသည္။

“တပ္ထဲမဲဆြယ္ျခင္းနဲ႕ ပတ္သက္ၿပီးတရား၀င္ထုတ္ျပန္ေၾကညာျခင္းေတာ့ မရွိဘူးေပ့ါ။ ဒါေပမယ့္ သက္ဆိုင္ရာတပ္ရင္းတပ္မွဴးျဖစ္ျဖစ္ အၾကာင္းၾကားၿပီးေတာ့ သူတို႕ ခြင့္ျပဳမိန္႕ရရင္ေတာ့ မဲဆြယ္လို႕ရတယ္ဆိုတဲ့ ဟာ ေတာ့ၾကားရတယ္ေလ။အဲေတာ့ သူတို႕ က်ေနာ္တို႕ တရား၀င္ခြင့္ေတာင္းၿပီး ေတာ့ သူတို႕ ရဲ ႕ ခြင့္ျပဳမိန္႕ကိုလည္း ရယူၿပီးမွ ၀င္ခ်င္တယ္။။အခုေလာေလာဆယ္ေတာ့ တပ္တြင္းမွာ မဲဆြယ္ဖို႕က အခက္အခဲေတာ့ရွိတယ္။” ဟု ဦးေစာပိုေလးက ေျပာသည္။

၎ကိစၥႏွင့္ပတ္သက္ၿပီး တပ္တြင္းမဲဆြယ္ႏို္င္ရန္ ပါတီကိုယ္စားလွယ္ေလာင္းမ်ားက တပ္ပိုင္းဆိုင္ရာ တာ၀န္ခံမ်ား တရား၀င္ခြင့္ျပဳခ်က္ေတာင္းဆိုသြားမည္ျဖစ္ေသာ္လည္း အခက္အခဲရွိႏိုင္ေၾကာင္း ကယားလူမ်ိဳးစုဒီမိုကေရစီပါတီ ဥကၴဌ ၊ ဒီေမာဆိုၿမိဳ႕နယ္ အမ်ိဳးသားလြတ္ေတာ္တြင္၀င္ေရာက္ယွဥ္ျပိဳင္မည့္ ကိုယ္စားလွယ္ေလာင္း ဦးေစာဒယ္နီယယ္က ဆိုသည္။

“တပ္တြင္းမဲ၀င္ဆြယ္ဖို႕ မလြယ္ပါဘူး…တပ္ထဲမွာ က်ေနာ္တို႕ လည္း မဲဆြယ္လို႕လည္းမရဘူးး။မဲဆြယ္ဖို႕ ေတာင္းလို႕လည္းရမွာမဟုတ္ဘူး။မဲရံုေတာင္မွ တပ္အျပင္ကိုထုတ္ေပးဖို႕ သူတို႕ ကတိေပးရဲ႕သားနဲ႕ မထုတ္ေပးဘူး။တပ္ထဲမွာ မဲဆြယ္ဖို႕ဆိုတာ အင္မတန္ခက္ပါတယ္။ သူတို႕ ခြင့္ျပဳရင္ေတာ့ က်ေနာ္တုိ႕ က ၀င္တာေပ့ါ။က်ေနာ္တို႕ က ဘာလို႕ မ၀င္ရဲမွာလဲ။၀င္ရဲပါတယ္။”ဟု ဦးေစာဒယ္နီယာက ေျပာသည္။

ကယားျပည္နယ္တြင္ မဲရံု(၂၂၉)ရံု ရွိသည့္အနက္ မဲရံု(၂၅)ရံုသည္ တပ္တြင္းတြင္ ထားရွိမည္ျဖစ္ၿပီး မဲရံု(၃၂)ရံုကလည္း တပ္မေတာ္မွ အကူအညီျဖင့္ လုံၿခံဳေရး ယူသြားမည္ျဖစ္ေၾကာင္း သိရပါသည္။

ကယားျပည္နယ္တြင္ မဲဆႏၵရွင္ (၁၇၂၁၀၀)ဦး ရွိၿပီး ၄င္းထဲတြင္ တပ္တြင္းရွိ မဲဆႏၵရွင္မ်ား (၆၀၀၀)ေက်ာ္ရွိေၾကာင္းသိရပါသည္။

ကယားျပည္နယ္တြင္ ေဒသကြပ္ကဲေရးစစ္ဌာနခ်ဴပ္လက္ေအာက္ခံတပ္ရင္း ၁၀ ရင္း ၊ စစ္ကြပ္ကဲေရး ဌာနခ်ဳပ္လက္ေအာက္ခံတပ္ရင္း ၄ ရင္း ၊ တပ္မ ၅၅ လက္ေအာက္ခံတပ္ရင္း ၇ ရင္း ၊ နယ္ျခားေစာင့္တပ္ ၂ ရင္း ၊ အေျမာက္တပ္ စုစုေပါင္း ၂၄ ရင္းရွိသည္။

ၿဖိဳးေဝေအာင္
Kantarawaddy Times
https://www.facebook.com/kantarawaddytimes
..................................

 ကယားပြည်နယ်ရှိ တပ်ဧရိယာတွင်း မဲရုံ(၂၅)ရုံထားရှိမည်ဖြစ်ပြီး တပ်တွင်း နိုင်ငံရေးပါတီများက မဲဆွယ်စည်းရုံး ဟောပြောခွင့်မရှိ ၊ တပ်ဧရိယာပြင်ပတွင်သာ ခွင့်ပြုထားသည်ဟု ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးကျော်ဆန်းဝင်းပြောသည်။

“ကျနော်တို့ ကယားမှာ တပ်တွင်းမှာမဲရုံ (၂၅)ရုံ ထားမှာဖြစ်တယ်။ ဒီတပ်တွင်း မှာရှိတဲ့ မဲရုံ (၂၅)ရုံကို ကိုယ်စာလှယ်လောင်းတွေ ၀င်ပြီး မဲဆွယ်လို့မရပါဘူး။ တပ်အပြင်မှာပဲ မဲဆွယ်လို့ ရမယ်။” ဟု ဦးကျော်ဆန်းဝင်းက ပြောသည်။

တပ်တွင်းရှိ မဲဆန္ဒရှင်များကို သက်ဆိုင်ရာရာဝန်ရှိသူများ သို့မဟုတ် တပ်ရင်းမှူးများထံ ခွင့်ပြုမိန့်တောင်းခံပြီး မဲဆွယ်ခွင့်ပြုစေလိုကြောင်း လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်နယ်) မှ လွိုင်ကော်မြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်း ဦးစောပိုလေးက ဆိုသည်။

“တပ်ထဲမဲဆွယ်ခြင်းနဲ့ ပတ်သက်ပြီးတရားဝင်ထုတ်ပြန်ကြေညာခြင်းတော့ မရှိဘူးပေ့ါ။ ဒါပေမယ့် သက်ဆိုင်ရာတပ်ရင်းတပ်မှူးဖြစ်ဖြစ် အကြာင်းကြားပြီးတော့ သူတို့ ခွင့်ပြုမိန့်ရရင်တော့ မဲဆွယ်လို့ရတယ်ဆိုတဲ့ ဟာ တော့ကြားရတယ်လေ။အဲတော့ သူတို့ ကျနော်တို့ တရားဝင်ခွင့်တောင်းပြီး တော့ သူတို့ ရဲ ့ ခွင့်ပြုမိန့်ကိုလည်း ရယူပြီးမှ ၀င်ချင်တယ်။။အခုလောလောဆယ်တော့ တပ်တွင်းမှာ မဲဆွယ်ဖို့က အခက်အခဲတော့ရှိတယ်။” ဟု ဦးစောပိုလေးက ပြောသည်။

၎င်းကိစ္စနှင့်ပတ်သက်ပြီး တပ်တွင်းမဲဆွယ်နို်င်ရန် ပါတီကိုယ်စားလှယ်လောင်းများက တပ်ပိုင်းဆိုင်ရာ တာဝန်ခံများ တရားဝင်ခွင့်ပြုချက်တောင်းဆိုသွားမည်ဖြစ်သော်လည်း အခက်အခဲရှိနိုင်ကြောင်း ကယားလူမျိုးစုဒီမိုကရေစီပါတီ ဥက္ထဌ ၊ ဒီမောဆိုမြို့နယ် အမျိုးသားလွတ်တော်တွင်ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးစောဒယ်နီယယ်က ဆိုသည်။

“တပ်တွင်းမဲဝင်ဆွယ်ဖို့ မလွယ်ပါဘူး…တပ်ထဲမှာ ကျနော်တို့ လည်း မဲဆွယ်လို့လည်းမရဘူးး။မဲဆွယ်ဖို့ တောင်းလို့လည်းရမှာမဟုတ်ဘူး။မဲရုံတောင်မှ တပ်အပြင်ကိုထုတ်ပေးဖို့ သူတို့ ကတိပေးရဲ့သားနဲ့ မထုတ်ပေးဘူး။တပ်ထဲမှာ မဲဆွယ်ဖို့ဆိုတာ အင်မတန်ခက်ပါတယ်။ သူတို့ ခွင့်ပြုရင်တော့ ကျနော်တို့ က ၀င်တာပေ့ါ။ကျနော်တို့ က ဘာလို့ မဝင်ရဲမှာလဲ။၀င်ရဲပါတယ်။”ဟု ဦးစောဒယ်နီယာက ပြောသည်။

ကယားပြည်နယ်တွင် မဲရုံ(၂၂၉)ရုံ ရှိသည့်အနက် မဲရုံ(၂၅)ရုံသည် တပ်တွင်းတွင် ထားရှိမည်ဖြစ်ပြီး မဲရုံ(၃၂)ရုံကလည်း တပ်မတော်မှ အကူအညီဖြင့် လုံခြုံရေး ယူသွားမည်ဖြစ်ကြောင်း သိရပါသည်။

ကယားပြည်နယ်တွင် မဲဆန္ဒရှင် (၁၇၂၁၀၀)ဦး ရှိပြီး ၄င်းထဲတွင် တပ်တွင်းရှိ မဲဆန္ဒရှင်များ (၆၀၀၀)ကျော်ရှိကြောင်းသိရပါသည်။

ကယားပြည်နယ်တွင် ဒေသကွပ်ကဲရေးစစ်ဌာနချူပ်လက်အောက်ခံတပ်ရင်း ၁၀ ရင်း ၊ စစ်ကွပ်ကဲရေး ဌာနချုပ်လက်အောက်ခံတပ်ရင်း ၄ ရင်း ၊ တပ်မ ၅၅ လက်အောက်ခံတပ်ရင်း ရ ရင်း ၊ နယ်ခြားစောင့်တပ် ၂ ရင်း ၊ အမြောက်တပ် စုစုပေါင်း ၂၄ ရင်းရှိသည်။

ဖြိုးဝေအောင်
Kantarawaddy Times
https://www.facebook.com/kantarawaddytimes

No comments:

Post a Comment