Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, October 6, 2015

ဘဂၤလာေဒရွ္႕ JMB အၾကမ္းဖက္အဖြဲ႕ေခါင္းေဆာင္ ဗံုးကြဲ ေသဆံုး


  ရန္ကုန္၊ ေအာက္တုိဘာ ၆

 ဂ်ာမတ္ အူးလ္ မူဂ်ာဟစ္ဒင္ Jamaat-ul-Mujahideen Bangladesh (JMB) ေခါင္းေဆာင္ Mohammed Javed သည္ စစ္တေကာင္းျမိဳ႕၌ ဘဂၤလာရဲက ဖမ္းဆီးျပီး တစ္ရက္အၾကာ အဂၤါေန႕က ဗံုးေပါက္ကြဲ၍ ေသဆံုးသြားေၾကာင္း သတင္း ရရွိသည္။

ထိုသို႕ ဗံုးေပါက္ကြဲ ေသဆံုးသြားေၾကာင္းကို BD news 24com တြင္ ေဖာ္ျပထားျပီး ေသဆံုးသူမွာ JMB ၏ စစ္ဘက္ဆိုင္ရာ ေခါင္းေဆာင္ျဖစ္ေၾကာင္း ဆိုသည္။

သူအားဖမ္းဆီးစဥ္က ေနာက္ထပ္ အဖြဲ႕၀င္ ၄ ဦးကိုလည္း အတူ ဖမ္းဆီးမိျပီး သူတို႕ထံမွ လက္ပစ္ဗံုး ၉လံုး၊ က်ည္ဆံ ၁၂၀၊ ပစၥတိုတစ္လက္၊ ဓါးေျမွာင္ ၁၀ လက္ႏွင့္ ေပါက္ကြဲေစတတ္ေသာ ဆက္စပ္ ပစၥည္းအမ်ားအျပားကို သိမ္းဆည္းရမိသည္ဟု ရဲက ေျပာသည္။

သူ႕အား ဖမ္းဆီး စစ္ေဆးျပီးေနာက္ပိုင္း နံနက္အေစာပိုင္း စစ္တေကာင္းျမိဳ႕မွ ေနရာ တစ္ခုကို ရဲတပ္ဖြဲ႕၀င္မ်ားႏွင့္ အတူ စီးႏွင္းစဥ္ ဗံုးေပါက္ကြဲ ေသဆံုးသြားခဲ့သည္ဟု စစ္တေကာင္းျမိဳ႕ ရဲေထာက္လွမ္းေရး အၾကီးအကဲက ေျပာေၾကာင္း ေဖာ္ျပထားသည္။

သူ႕အား ဒဏ္ရာျဖင့္ စစ္တေကာင္းျမိဳ႕ ေဆးေက်ာင္း ေဆးရံုသို႕ ယူေဆာင္လာစဥ္ နံနက္ ၅ နာရီ ၄၅ မိနစ္တြင္ ေသဆံုးေၾကာင္း ေဖာ္ျပထားသည္။ ရဲသား သံုးဦးလည္း ဒဏ္ရာ ရရွိသြားခဲ့သည္ဟု သိရသည္။

Arakan State
https://www.facebook.com/NarinjaraNews
....................................

  ရန်ကုန်၊ အောက်တိုဘာ ၆

 ဂျာမတ် အူးလ် မူဂျာဟစ်ဒင် Jamaat-ul-Mujahideen Bangladesh (JMB) ခေါင်းဆောင် Mohammed Javed သည် စစ်တကောင်းမြို့၌ ဘင်္ဂလာရဲက ဖမ်းဆီးပြီး တစ်ရက်အကြာ အင်္ဂါနေ့က ဗုံးပေါက်ကွဲ၍ သေဆုံးသွားကြောင်း သတင်း ရရှိသည်။

ထိုသို့ ဗုံးပေါက်ကွဲ သေဆုံးသွားကြောင်းကို BD news 24com တွင် ဖော်ပြထားပြီး သေဆုံးသူမှာ JMB ၏ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်ဖြစ်ကြောင်း ဆိုသည်။

သူအားဖမ်းဆီးစဉ်က နောက်ထပ် အဖွဲ့ဝင် ၄ ဦးကိုလည်း အတူ ဖမ်းဆီးမိပြီး သူတို့ထံမှ လက်ပစ်ဗုံး ၉လုံး၊ ကျည်ဆံ ၁၂၀၊ ပစ္စတိုတစ်လက်၊ ဓါးမြှောင် ၁၀ လက်နှင့် ပေါက်ကွဲစေတတ်သော ဆက်စပ် ပစ္စည်းအများအပြားကို သိမ်းဆည်းရမိသည်ဟု ရဲက ပြောသည်။

သူ့အား ဖမ်းဆီး စစ်ဆေးပြီးနောက်ပိုင်း နံနက်အစောပိုင်း စစ်တကောင်းမြို့မှ နေရာ တစ်ခုကို ရဲတပ်ဖွဲ့ဝင်များနှင့် အတူ စီးနှင်းစဉ် ဗုံးပေါက်ကွဲ သေဆုံးသွားခဲ့သည်ဟု စစ်တကောင်းမြို့ ရဲထောက်လှမ်းရေး အကြီးအကဲက ပြောကြောင်း ဖော်ပြထားသည်။

သူ့အား ဒဏ်ရာဖြင့် စစ်တကောင်းမြို့ ဆေးကျောင်း ဆေးရုံသို့ ယူဆောင်လာစဉ် နံနက် ၅ နာရီ ၄၅ မိနစ်တွင် သေဆုံးကြောင်း ဖော်ပြထားသည်။ ရဲသား သုံးဦးလည်း ဒဏ်ရာ ရရှိသွားခဲ့သည်ဟု သိရသည်။

Arakan State
https://www.facebook.com/NarinjaraNews

No comments:

Post a Comment