Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, October 4, 2015

Instagram မွာ ဓါတ္ပံု ၁ ပံုတင္တိုင္း ပိုက္ဆံ ရေနတဲ့ Photo ေမာ္ဒယ္လ္


Instagram မွာ ဓါတ္ပံု တစ္ပံု တင္တာဟာ တစ္ပတ္လံုးနီးပါး လုပ္အားခနဲ႔ ညီမွ်ေနတယ္လို႔ ဓါတ္ပံုေမာ္ဒယ္လ္ တစ္ေယာက္ ရဲ႕ ေျပာၾကားခ်က္အရ သိလိုက္ရပါတယ္။

အသက္ ၂၁ ႏွစ္အရြယ္ Gabrielle Epstein ဟာ သူမ အေနနဲ႔ Instagram မွာ ဆယ္လ္ဖီ ဓါတ္ပံု တစ္ပံု တင္ျခင္းဟာ သာမန္ေမာ္ဒယ္လ္ တစ္ေယာက္ အေနနဲ႔ ၄ ရက္စာ လုပ္အားခ ထက္ ၀င္ေငြ ပိုရရွိေနတယ္လို႔ ဆိုလာတာပါ။ထို ေမာ္ဒယ္လ္ေကာင္မေလးဟာ ဓါတ္ပံုေ၀မွ်တဲ့ လူမႈကြန္ရက္ Instagram မွာ Follower ၇ သိန္းထိ ရွိေနတဲ့အတြက္ သူမ ရဲ႕ ေန႔စဥ္ဘ၀ ဓါတ္ပံုေတြကို ကုန္ပစၥည္း ေတြနဲ႔ တြဲဖက္ၿပီး ေၾကာ္ျငာ အျဖစ္ ၀န္ေဆာင္မႈ ေပး ရာကေန ၀င္ေငြ ရရွိေနတာပဲ ျဖစ္ပါတယ္။

သူမတင္လိုက္တဲ့ Post တစ္ခုစီမွာလည္း အနည္းဆံုး Like က ၂၅၀၀၀ ခန္႔ထိ ရရွိေနတဲ့အတြက္လည္း ကုမၼဏီႀကီးေတြက Gabrielle ရဲ႕ ေက်ာ္ၾကားမႈ ကို အသံုးခ်ၿပီး သူတို႔ရဲ႕ ကုန္ပစၥည္းေတြကို ေစ်းကြက္ထိုးေဖာက္လာၾကပါတယ္။သူမ ေၾကာ္ျငာအျဖစ္ လက္ခံေဆာင္ရြက္ေပးရတဲ့ ကုန္ပစၥည္းေတြကေတာ့ အ၀တ္အစားေတြ ၊ လက္၀တ္ရတနာ ေတြ ၊ ေဖ်ာ္ရည္ေတြ ၊ အလွကုန္ ပစၥည္းေတြ ပဲ ျဖစ္ပါတယ္။

ၾသစေၾတးလ် သူတစ္ေယာက္လည္း ျဖစ္တဲ့ Gabriellle ကေတာ့ “ကၽြန္မ Instagram ကေန ရာႏႈန္းျပည့္ပိုက္ဆံ ရပါတယ္။လြန္ခ့ဲတဲ့ ၁ ႏွစ္ခြဲ ေလာက္က ကၽြန္မ Brisbane ကိုသြားၿပီး အလုပ္ေတြအမ်ားႀကီး လုပ္ခဲ့တယ္။ အဲဒီမွာ ေအဂ်င္စီကို ၂၀ ရာခိုင္ႏႈန္းေပးရတယ္။ ေကာ္မရွင္လည္း ေပးရတယ္။ အခြန္လည္း ေဆာင္ရတယ္။ ေနာက္ဆံုးေတာ့္ ေမာ္ဒယ္လ္က နည္းနည္းေလးပဲ ရပါတယ္။ “ လို႔ ဆိုပါတယ္။ တကယ္ေတာ့ Gabrielle လိုပဲ Follower တစ္သိန္းေက်ာ္သြားတာနဲ႔ ေၾကာ္ျငာရွင္ေတြ ကို Marketing ၀န္ေဆာင္မႈ ေပးၿပီး ၀င္ေငြရေနတဲ့ Instagram ဆယ္လီ ေတြလည္း အမ်ားႀကီးရွိေနပါေသးတယ္။

ကုမၼဏီ ေတြကလည္း သူတို႔ရဲ႕ ကုန္ပစၥည္းေတြကို ဓါတ္ပံုတစ္ပံုတည္းနဲ႔ ေၾကာ္ျငာ ေပးႏိုင္တဲ့အတြက္ ေဒၚလာ ရာ ေပါင္းမ်ားစြာေလာက္ ေပးရတာေလာက္ေတာ့ မႏွေျမာ ၾကေတာ့ပါဘူး။ အဲဒီလို စနစ္နဲ႔ ေစ်းကြက္ထိုးေဖာက္ေနတဲ့ ကုမၼဏီ ေတြဟာလည္း ေထာင္ေပါင္းမ်ားစြာ ရွိေနပါၿပီ။

trend myanmar
............................................
Instagram မှာ ဓါတ်ပုံ ၁ ပုံတင်တိုင်း ပိုက်ဆံ ရနေတဲ့ Photo မော်ဒယ်လ်

Instagram မှာ ဓါတ်ပုံ တစ်ပုံ တင်တာဟာ တစ်ပတ်လုံးနီးပါး လုပ်အားခနဲ့ ညီမျှနေတယ်လို့ ဓါတ်ပုံမော်ဒယ်လ် တစ်ယောက် ရဲ့ ပြောကြားချက်အရ သိလိုက်ရပါတယ်။

အသက် ၂၁ နှစ်အရွယ် Gabrielle Epstein ဟာ သူမ အနေနဲ့ Instagram မှာ ဆယ်လ်ဖီ ဓါတ်ပုံ တစ်ပုံ တင်ခြင်းဟာ သာမန်မော်ဒယ်လ် တစ်ယောက် အနေနဲ့ ၄ ရက်စာ လုပ်အားခ ထက် ၀င်ငွေ ပိုရရှိနေတယ်လို့ ဆိုလာတာပါ။ထို မော်ဒယ်လ်ကောင်မလေးဟာ ဓါတ်ပုံဝေမျှတဲ့ လူမှုကွန်ရက် Instagram မှာ Follower ရ သိန်းထိ ရှိနေတဲ့အတွက် သူမ ရဲ့ နေ့စဉ်ဘဝ ဓါတ်ပုံတွေကို ကုန်ပစ္စည်း တွေနဲ့ တွဲဖက်ပြီး ကြော်ငြာ အဖြစ် ၀န်ဆောင်မှု ပေး ရာကနေ ၀င်ငွေ ရရှိနေတာပဲ ဖြစ်ပါတယ်။

သူမတင်လိုက်တဲ့ Post တစ်ခုစီမှာလည်း အနည်းဆုံး Like က ၂၅၀၀၀ ခန့်ထိ ရရှိနေတဲ့အတွက်လည်း ကုမ္မဏီကြီးတွေက Gabrielle ရဲ့ ကျော်ကြားမှု ကို အသုံးချပြီး သူတို့ရဲ့ ကုန်ပစ္စည်းတွေကို စျေးကွက်ထိုးဖောက်လာကြပါတယ်။သူမ ကြော်ငြာအဖြစ် လက်ခံဆောင်ရွက်ပေးရတဲ့ ကုန်ပစ္စည်းတွေကတော့ အဝတ်အစားတွေ ၊ လက်ဝတ်ရတနာ တွေ ၊ ဖျော်ရည်တွေ ၊ အလှကုန် ပစ္စည်းတွေ ပဲ ဖြစ်ပါတယ်။

သြစတြေးလျ သူတစ်ယောက်လည်း ဖြစ်တဲ့ Gabriellle ကတော့ “ကျွန်မ Instagram ကနေ ရာနှုန်းပြည့်ပိုက်ဆံ ရပါတယ်။လွန်ခဲ့တဲ့ ၁ နှစ်ခွဲ လောက်က ကျွန်မ Brisbane ကိုသွားပြီး အလုပ်တွေအများကြီး လုပ်ခဲ့တယ်။ အဲဒီမှာ အေဂျင်စီကို ၂၀ ရာခိုင်နှုန်းပေးရတယ်။ ကော်မရှင်လည်း ပေးရတယ်။ အခွန်လည်း ဆောင်ရတယ်။ နောက်ဆုံးတော့် မော်ဒယ်လ်က နည်းနည်းလေးပဲ ရပါတယ်။ “ လို့ ဆိုပါတယ်။ တကယ်တော့ Gabrielle လိုပဲ Follower တစ်သိန်းကျော်သွားတာနဲ့ ကြော်ငြာရှင်တွေ ကို Marketing ၀န်ဆောင်မှု ပေးပြီး ၀င်ငွေရနေတဲ့ Instagram ဆယ်လီ တွေလည်း အများကြီးရှိနေပါသေးတယ်။

ကုမ္မဏီ တွေကလည်း သူတို့ရဲ့ ကုန်ပစ္စည်းတွေကို ဓါတ်ပုံတစ်ပုံတည်းနဲ့ ကြော်ငြာ ပေးနိုင်တဲ့အတွက် ဒေါ်လာ ရာ ပေါင်းများစွာလောက် ပေးရတာလောက်တော့ မနှမြော ကြတော့ပါဘူး။ အဲဒီလို စနစ်နဲ့ စျေးကွက်ထိုးဖောက်နေတဲ့ ကုမ္မဏီ တွေဟာလည်း ထောင်ပေါင်းများစွာ ရှိနေပါပြီ။

trend myanmar

No comments:

Post a Comment