Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, October 22, 2015

Facebook ေပၚက ဓာတ္ပုံေတြကို မ်က္စိမျမင္သူေတြ ျမင္ေစႏိုင္ဖုိ ့အတြက္ Facebook ၾကိဳးပမ္းေန

နည္းပညာတုိးတက္မွဳဆုိတာ သူ ့ရဲ့ကနဦးအဆင့္မွာတင္ရွိပါေသးတယ္။ အခုအခါ Facebook ဆုိက္ ေပၚက ဓာတ္ပုံေတြကို အျမင္အာရုံခ်ိဳ ့တဲ့သူေတြျမင္ႏိုင္ဖုိ ့အတြက္ နည္းပညာက ကူညီေပးႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

Facebook ဆိုတဲ့ ဆုိရွယ္မီဒီယာကုိ မိသားစု၊သူငယ္ခ်င္းအေပါင္းအသင္းနဲ ့ဓာတ္ပုံေတြ၊ ကိုယ္ခရီးသြားလာေနတဲ့ ဓာတ္ပုံေတြကို အဓိက share ၾကဖုိ ့အတြက္ သုံးၾကျပီး ယခုအခါမွာေတာ့ အဆုိပါဓာတ္ပုံေတြကို မ်က္မျမင္ေတြလည္း ျမင္ေတြ ့ႏိုင္ဖုိ ့အခြင့္အေရးရေတာ့မွာျဖစ္ပါတယ္။

လက္ရွိမွာလည္း မ်က္မျမင္ေတြအတြက္ ရည္ရြယ္ထုတ္ထားတဲ့ app ေတြရွိျပီး အဆုိပါ app ေတြသုံးျပီး စခရင္ေပၚက စာေတြကို တျခားအြန္လုိင္းသုံးေနတဲ့လူေတြလိုပဲ မ်က္မျမင္ေတြ ဖတ္ႏိုင္ၾကပါတယ္။

Facebook ရဲ့ ကိုယ္အဂၤါခ်ိဳ ့တဲ့သူမ်ားအတြက္ အေထာက္အကူဒီဇုိင္းအဖြဲ ့ေခါင္းေဆာင္ Jeff Wieland ဟာ မ်က္စိအျမင္အာရုံခ်ိဳ ့တဲ့သူေတြအတြက္ ဓာတ္ပုံေတြကိုေဖာ္ျပေပးႏိုင္မယ့္ ပစၥည္းအသစ္ ဒါမွမဟုတ္ in-built app အသစ္ကို ခ်ျပသြားဖုိ ့စီစဥ္လ်က္ရွိပါတယ္။

Facebook ရဲ့ ပထမဆုံးမ်က္မျမင္အင္ဂ်င္နီယာ Matt King ရဲ့ အဆုိအရ ဒီေဆာ့ဖ္၀ဲအသစ္ဟာ ဓာတ္ပုံတစ္ပုံ ထဲမွာပါ၀င္တဲ့ အရာေတြကို ေယဘုယ်စကားလုံးေတြ ျစစ္တဲ့ လူ၊ သဘာ၀ရွဳခင္း၊ အေဆာက္အဦးေတြ စသျဖင့္ စာနဲ ့အလုိအေလ်ာက္ေဖာ္ျပေပးသြားမွာျဖစ္ပါတယ္။

ဥပမာအားျဖင့္ ေန၀င္ခ်ိန္ကမ္းေျခဓာတ္ပုံတစ္ပုံဆုိရင္၊ သဘာ၀အလွ၊ အျပင္ဘက္၊ တိမ္၊ ျမက္ခင္း၊ သစ္ပင္ ၊ သစ္ရြက္ စသျဖင့္ ေလဘယ္တပ္ေပးသြားမွာျဖစ္ျပီး မ်က္မျမင္စာဖတ္ႏိုင္တဲ့ app ကေနတဆင့္ ဓာတ္ပုံတြင္း မွာ ဘယ္လုိအရာေတြပါလဲဆုိတာ မ်က္စိမျမင္သူေတြ မွန္းဆပုံေဖာ္ႏိုင္မွာျဖစ္ပါတယ္။ မိသားစုေပ်ာ္ပြဲခရီးဓာတ္ပုံ ဆုိရင္ ‘ လူသုံးေယာက္၊ အျပင္ဘက္၊ ျပဳံးေပ်ာ္ေန” စသျဖင့္ သရုပ္ေဖာ္ေပးသြားမွာျဖစ္ပါတယ္။

ဒါဟာ ၁၀၀ ရာခိုင္ႏွဳန္းေတာ့ တိက်ေကာင္းမြန္မွဳရွိမွာမဟုတ္ေပမယ့္ အနည္းဆုံးေတာ့ လုံး၀ ၀ ရာခိုင္ႏွဳန္း ဓာတ္ပုံေတြကို မသိရွိမျမင္ရတာထက္စာရင္ ၅၀ ရာခိုင္ႏွဳန္းေလာက္ေတာ့ ပုံေဖာ္ျမင္ႏိုင္ျပီး မ်က္မျမင္ေတြလည္း ေပ်ာ္ရႊင္မွဳကို မွ်ေ၀ ခံစားႏိုင္မွာျဖစ္ေၾကာင္း King က ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။

Ye Wint - သစ္ထူးလြင္
............................
Facebook ပေါ်က ဓာတ်ပုံတွေကို မျက်စိမမြင်သူတွေ မြင်စေနိုင်ဖို ့အတွက် Facebook ကြိုးပမ်းနေ



နည်းပညာတိုးတက်မှုဆိုတာ သူ ့ရဲ့ကနဦးအဆင့်မှာတင်ရှိပါသေးတယ်။ အခုအခါ Facebook ဆိုက် ပေါ်က ဓာတ်ပုံတွေကို အမြင်အာရုံချို ့တဲ့သူတွေမြင်နိုင်ဖို ့အတွက် နည်းပညာက ကူညီပေးနိုင်တော့မှာ ဖြစ်ပါတယ်။

Facebook ဆိုတဲ့ ဆိုရှယ်မီဒီယာကို မိသားစု၊သူငယ်ချင်းအပေါင်းအသင်းနဲ ့ဓာတ်ပုံတွေ၊ ကိုယ်ခရီးသွားလာနေတဲ့ ဓာတ်ပုံတွေကို အဓိက share ကြဖို ့အတွက် သုံးကြပြီး ယခုအခါမှာတော့ အဆိုပါဓာတ်ပုံတွေကို မျက်မမြင်တွေလည်း မြင်တွေ ့နိုင်ဖို ့အခွင့်အရေးရတော့မှာဖြစ်ပါတယ်။

လက်ရှိမှာလည်း မျက်မမြင်တွေအတွက် ရည်ရွယ်ထုတ်ထားတဲ့ app တွေရှိပြီး အဆိုပါ app တွေသုံးပြီး စခရင်ပေါ်က စာတွေကို တခြားအွန်လိုင်းသုံးနေတဲ့လူတွေလိုပဲ မျက်မမြင်တွေ ဖတ်နိုင်ကြပါတယ်။

Facebook ရဲ့ ကိုယ်အင်္ဂါချို ့တဲ့သူများအတွက် အထောက်အကူဒီဇိုင်းအဖွဲ ့ခေါင်းဆောင် Jeff Wieland ဟာ မျက်စိအမြင်အာရုံချို ့တဲ့သူတွေအတွက် ဓာတ်ပုံတွေကိုဖော်ပြပေးနိုင်မယ့် ပစ္စည်းအသစ် ဒါမှမဟုတ် in-built app အသစ်ကို ချပြသွားဖို ့စီစဉ်လျက်ရှိပါတယ်။

Facebook ရဲ့ ပထမဆုံးမျက်မမြင်အင်ဂျင်နီယာ Matt King ရဲ့ အဆိုအရ ဒီဆော့ဖ်ဝဲအသစ်ဟာ ဓာတ်ပုံတစ်ပုံ ထဲမှာပါ၀င်တဲ့ အရာတွေကို ယေဘုယျစကားလုံးတွေ စြစ်တဲ့ လူ၊ သဘာဝရှုခင်း၊ အဆောက်အဦးတွေ စသဖြင့် စာနဲ ့အလိုအလျောက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ဥပမာအားဖြင့် နေဝင်ချိန်ကမ်းခြေဓာတ်ပုံတစ်ပုံဆိုရင်၊ သဘာဝအလှ၊ အပြင်ဘက်၊ တိမ်၊ မြက်ခင်း၊ သစ်ပင် ၊ သစ်ရွက် စသဖြင့် လေဘယ်တပ်ပေးသွားမှာဖြစ်ပြီး မျက်မမြင်စာဖတ်နိုင်တဲ့ app ကနေတဆင့် ဓာတ်ပုံတွင်း မှာ ဘယ်လိုအရာတွေပါလဲဆိုတာ မျက်စိမမြင်သူတွေ မှန်းဆပုံဖော်နိုင်မှာဖြစ်ပါတယ်။ မိသားစုပျော်ပွဲခရီးဓာတ်ပုံ ဆိုရင် ‘ လူသုံးယောက်၊ အပြင်ဘက်၊ ပြုံးပျော်နေ” စသဖြင့် သရုပ်ဖော်ပေးသွားမှာဖြစ်ပါတယ်။

ဒါဟာ ၁၀၀ ရာခိုင်နှုန်းတော့ တိကျကောင်းမွန်မှုရှိမှာမဟုတ်ပေမယ့် အနည်းဆုံးတော့ လုံးဝ ၀ ရာခိုင်နှုန်း ဓာတ်ပုံတွေကို မသိရှိမမြင်ရတာထက်စာရင် ၅၀ ရာခိုင်နှုန်းလောက်တော့ ပုံဖော်မြင်နိုင်ပြီး မျက်မမြင်တွေလည်း ပျော်ရွှင်မှုကို မျှဝေ ခံစားနိုင်မှာဖြစ်ကြောင်း King က ထပ်လောင်းပြောကြားခဲ့ပါတယ်။

Ye Wint - သစ်ထူးလွင်

No comments:

Post a Comment