Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 23, 2015





TrendMyanmar
....................
ကမ္ဘာပေါ်မှာ ရှိတဲ့ ပုရွက်ဆိတ်အကုန်လုံးရဲ့ အလေးချိန်က ကမ္ဘာ့လူသားအားလုံးရဲ့ အလေးချိန်နဲ ့တူညီ

တကယ်လို ့ခင်ဗျားအိမ်ကြမ်းပြင်မှာ အစားအစာတစ်ခုလောက် ပြုတ်ကျခဲ့ပြီး နောက်တစ်နာရီလောက်နေလို ့ ပြန်ကြည့်မယ်ဆိုရင် ပုရွက်ဆိတ်တွေ အုံခဲနေတာကို တွေ ့ရပါလိမ့်မယ်။ ဒါပေမယ့် ခင်ဗျား ပုရွက်ဆိတ်တွေကို သိပ်ဂရုစိုက်ဖြစ်မယ်မထင်ပါဘူး။ သူတို ့ဟာ အရမ်းသေးငယ်တဲ့အကောင်လေးတွေ၊ အဆိပ်မရှိဘူး၊ ပြီးတော့ ကြောက်စရာလည်းမကောင်းပါဘူး။ ဒါပေမယ့် ခင်ဗျား ဒီအချက်ကို သိပါသလား။ ပုရွက်ဆိတ်တွေဟာ ကျွန်တော်တို ့လူသားတွေထက် အဆပေါင်းများစွာ ပိုများပြီး ကမ္ဘာပေါ်မှာ လူသားဦးရေတစ်ယောက်ဆို ပုရွက်ဆိတ်အကောင်ရေက တစ်သန်း ရှိပါတယ်။ ပုရွက်ဆိတ် အဆတစ်သန်း မှာမှ လူသားက တစ်ဆပါ။

နောက်ထပ်ထူးခြားတာတစ်ခုက ပုရွက်ဆိတ်တစ်ကောင်ရဲ့ ခန္ဓာကိုယ်အရွယ်အစားအလေးချိန်ဟာ ပုံမှန်လူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်အလေးချိန်ရဲ့ အဆတစ်သန်းပုံ တစ်ပုံပဲ ရှိပါတယ်။ ဒီအတွက်ကြောင့် သချာင်္နည်းအရ ပျှမ်းမျှတွက်ကြည့်မယ်ဆိုရင် ကမ္ဘာပေါ်မှာ ရှိတဲ့ ပုရွက်ဆိတ်အကုန်လုံးရဲ့ အလေးချိန်ဟာ လူသားအားလုံးရဲ့ အလေးချိန်နဲ ့ ညီမျှပါတယ်။

ကမ္ဘာပေါ်မှာ ပုရွက်ဆိတ် အကောင်အမျိုးအစားပေါင်း တစ်သောင်းကျော်ရှိပြီး ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာ ထဲက သူတို ့ဟာ အသက်ရှင်နေထိုင်လာခဲ့တာပါ။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၀၀ ကျော်က ရှေးဦးပုရွက်ဆိတ်မျိုးနွယ်တွေကို ကျောက်ဖြစ်ရုပ်ကြွင်းအစေး တွေမှာ တွေ ့ရှိခဲ့ရပါတယ်။

ခေတ်တွေရွေ ့လျားလာတာနဲ ့အမျှ ပုရွက်ဆိတ်တွေဟာလည်း သူတို ့ရဲ့ ပုံစံ အနည်းငယ်ပြောင်းလာခဲ့ပြီး အသက်ရှင်နေထိုင်နည်းပုံစံတွေကို အောင်မြင်စွာ ပြောင်းလဲကျင့်သုံးနိုင်ခဲ့ပါတယ်။ တစ်ချို ့ သိပ္ပံပညာရှင်တွေဟာ ပုရွက်ဆိတ်တွေ ဒီလို နှစ်သန်းပေါင်းများစွာ မျိုးဆက်မပျက်သုဉ်းဘဲ နေထိုင်နိုင်ခဲ့တာဟာ သူတို ့ရဲ့ တစ်ကိုယ်ကောင်းမဆန်တဲ့ အမူအကျင့်ကြောင့်လို ့ယူဆကြပါတယ်။ ပုရွက်ဆိတ်တွေဟာ အုပ်စုဖွဲ ့ ပြီးသား နေထိုင်ကြပြီး ရှာဖွေတွေ ့ရှိလာတဲ့ အစားအသောက်တွေကို သူတို ့မျိုးနွယ်စုတွေနဲ ့အတူဝေမျှ စားသောက်ဖို ့ဘယ်နေရာကမဆို အသိုက်ကို ပြန်သယ်လေ့ရှိပါတယ်။
TrendMyanmar

No comments:

Post a Comment