Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, October 3, 2015

အဆင့္ျမင့္ ၿဂိဳဟ္သားမ်ား ကမၻာေျမကို လာတိုက္ၿပီး ကိုလိုနီျပဳႏိုင္ဟု သတိေပး

သိပၸံပညာရွင္ စတီဖင္ေဟာ့ကင္းက အဆင့္ျမင့္ ၿဂိဳဟ္သားမ်ားသည္ လူတို႔ေနထိုင္သည့္ ကမၻာေျမကို လာတိုက္ၿပီး ကိုလိုနီ ျပဳႏိုင္ေၾကာင္း သတိေပး ေျပာၾကားလိုက္သည္။

ကမၻာေက်ာ္ သိပံၸပညာရွင္ျဖစ္ၿပီး၊ စၾက၀ဠာႏွင့္ ပတ္သက္သည့္ ႐ူပေဗဒပညာရွင္ ေဟာ့ကင္းက အခ်ဳိ႕ေသာ လကၡဏာမ်ားမွာ ၿဂိဳဟ္သားတို႔ ကမၻာကို က်ဴးေက်ာ္လာႏုိင္ေျခ ရွိေၾကာင္း ဆိုသည္။

“ၿဂိဳဟ္သားေတြ ကၽြန္ေတာ္တို႔ဆီ လာေရာက္ခဲ့ရင္ ကိုလံဘတ္စ္ အေမရိကတိုက္ကို ေရာက္လာသလိုမ်ဳိးပဲ ေဒသခံေတြ အတြက္ ေကာင္းဖို႔ မရွိပါဘူး။ ဒီလို အဆင့္ျမင့္ ၿဂိဳလ္သားေတြဟာ လွည့္လည္ သြားလာေနသူေတြလည္း ျဖစ္ႏုိင္ၿပီး၊ သူတို႔လိုခ်င္တဲ့ ၿဂိဳဟ္ကမၻာဆိုရင္ သိမ္းပိုက္လိုက္ႏိုင္ပါတယ္”ဟု ေဟာ့ကင္းက ျပင္သစ္မဂၢဇင္း El Pais ကို ေျပာသည္။

အသက္(၂၀) အရြယ္ကပင္ အာ႐ုံေၾကာ ေရာဂါေၾကာင့္ စက္တပ္တြန္းလွည္းျဖင့္ သြားလာေနရသည့္ ေဟာ့ကင္းက ၿဂိဳဟ္သားတည္ရွိမႈမွာ သံသယရွိစရာ မလိုေၾကာင္းလည္း ဆိုသည္။ ၎က “ကၽြန္ေတာ့္ သခ်ၤာဦးေႏွာက္နဲ႔ေတာ့ ကိန္းဂဏန္းေတြနဲ႔သာ ၿဂိဳဟ္သားေတြဟာ ၿပီးျပည့္စံုတဲ့ ဆင္ျခင္မႈရွိတဲ့ သူေတြျဖစ္တယ္လို႔ ေတြးႏိုင္ပါတယ္။ တကယ့္ စိန္ေခၚမႈက ၿဂိဳဟ္သားေတြဟာ ဘာနဲ႔တူမလဲဆိုတာ ျဖစ္ပါတယ္”ဟု ေျပာၾကားသည္ ။

၎က အဆင့္ျမင့္ ၿဂိဳဟ္သားမ်ားက ကမၻာကို မသိမ္းပိုက္မီ လူသားမ်ားအတြက္ အေကာင္းဆံုး အခြင့္အလမ္းမွာ ၿဂိဳဟ္အသစ္တစ္ခုကို ရွာေဖြရန္ ျဖစ္ေၾကာင္း ဆိုသည္။ ၎က ၿဂိဳဟ္သားမ်ား ၀င္ေရာက္လာျခင္းသည္ ကမၻာအတြက္ ကပ္ဆိုးတစ္ခုျဖစ္မည္ ျဖစ္ေၾကာင္းလည္း ဆိုသည္။

Credit:Messenger
..............................
အဆင့်မြင့် ဂြိုဟ်သားများ ကမ္ဘာမြေကို လာတိုက်ပြီး ကိုလိုနီပြုနိုင်ဟု သတိပေး

သိပ္ပံပညာရှင် စတီဖင်ဟော့ကင်းက အဆင့်မြင့် ဂြိုဟ်သားများသည် လူတို့နေထိုင်သည့် ကမ္ဘာမြေကို လာတိုက်ပြီး ကိုလိုနီ ပြုနိုင်ကြောင်း သတိပေး ပြောကြားလိုက်သည်။

ကမ္ဘာကျော် သိပ္ပံပညာရှင်ဖြစ်ပြီး၊ စကြဝဠာနှင့် ပတ်သက်သည့် ရူပဗေဒပညာရှင် ဟော့ကင်းက အချို့သော လက္ခဏာများမှာ ဂြိုဟ်သားတို့ ကမ္ဘာကို ကျူးကျော်လာနိုင်ခြေ ရှိကြောင်း ဆိုသည်။

“ဂြိုဟ်သားတွေ ကျွန်တော်တို့ဆီ လာရောက်ခဲ့ရင် ကိုလံဘတ်စ် အမေရိကတိုက်ကို ရောက်လာသလိုမျိုးပဲ ဒေသခံတွေ အတွက် ကောင်းဖို့ မရှိပါဘူး။ ဒီလို အဆင့်မြင့် ဂြိုလ်သားတွေဟာ လှည့်လည် သွားလာနေသူတွေလည်း ဖြစ်နိုင်ပြီး၊ သူတို့လိုချင်တဲ့ ဂြိုဟ်ကမ္ဘာဆိုရင် သိမ်းပိုက်လိုက်နိုင်ပါတယ်”ဟု ဟော့ကင်းက ပြင်သစ်မဂ္ဂဇင်း El Pais ကို ပြောသည်။

အသက်(၂၀) အရွယ်ကပင် အာရုံကြော ရောဂါကြောင့် စက်တပ်တွန်းလှည်းဖြင့် သွားလာနေရသည့် ဟော့ကင်းက ဂြိုဟ်သားတည်ရှိမှုမှာ သံသယရှိစရာ မလိုကြောင်းလည်း ဆိုသည်။ ၎င်းက “ကျွန်တော့် သချင်္ာဦးနှောက်နဲ့တော့ ကိန်းဂဏန်းတွေနဲ့သာ ဂြိုဟ်သားတွေဟာ ပြီးပြည့်စုံတဲ့ ဆင်ခြင်မှုရှိတဲ့ သူတွေဖြစ်တယ်လို့ တွေးနိုင်ပါတယ်။ တကယ့် စိန်ခေါ်မှုက ဂြိုဟ်သားတွေဟာ ဘာနဲ့တူမလဲဆိုတာ ဖြစ်ပါတယ်”ဟု ပြောကြားသည် ။

၎င်းက အဆင့်မြင့် ဂြိုဟ်သားများက ကမ္ဘာကို မသိမ်းပိုက်မီ လူသားများအတွက် အကောင်းဆုံး အခွင့်အလမ်းမှာ ဂြိုဟ်အသစ်တစ်ခုကို ရှာဖွေရန် ဖြစ်ကြောင်း ဆိုသည်။ ၎င်းက ဂြိုဟ်သားများ ၀င်ရောက်လာခြင်းသည် ကမ္ဘာအတွက် ကပ်ဆိုးတစ်ခုဖြစ်မည် ဖြစ်ကြောင်းလည်း ဆိုသည်။

Credit:Messenger

No comments:

Post a Comment