Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, October 15, 2015

မားစ္ ၿဂိဳလ္ေပၚမွာ ဗုဒၶ ဆင္းတုေတာ္ နဲ႔ သ႑ာန္ တူညီတဲ့ ပံုရိပ္ တစ္ခုကို ေတြ႕ရွိ


ဗုဒၶ ဆင္းတုေတာ္ နဲ႔ အသြင္သ႑ာန္ တူညီတဲ့ အရာတစ္ခုကို မားစ္ ၿဂိဳလ္ေပၚမွာ ေတြ႕လိုက္ရတဲ့ ဓါတ္ပံုဟာ မားစ္ ၿဂိဳလ္ေပၚမွာ အသိဥာဏ္ ျမင့္မားတဲ့ သက္ရွိေတြရွိေနတယ္ဆုိတာ သက္ေသျပလိုက္ႏိုင္တာပဲလို႔ အမည္မသိပ်ံသန္းပစၥည္း(UFO) ရွာေဖြသူေတြက ေျပာလိုက္ပါတယ္။

UFO ေန႔စဥ္ရွာေဖြေရးအဖြဲ႕ ရဲ႕ အဖြဲ႕၀င္ေတြဟာ အနီေရာင္ရွိတဲ့ အဂၤါၿဂိဳလ္ေပၚမွာ အဲဒီ ထူးဆန္းတဲ့ ပံုရိပ္တစ္ခုကို ရွာေဖြေတြ႕ရွိခဲ့တာျဖစ္ၿပီး သူတို႔ကေတာ့ ကမာၻေပၚကလူေတြအေနနဲ႔လည္း ဒါကို မွတ္သားထားသင့္တယ္လို႔ ဆိုလိုက္ပါတယ္။

"ဒီဓါတ္ပံုတစ္ပံုတည္းနဲ႔ မားစ္ၿဂိဳလ္ ေပၚမွာ အသိဥာဏ္ရွိတဲ့ သက္ရွိေတြရွိေနတာကို ကုလသမဂၢအေနနဲ႔ လက္ခံလာေအာင္ေျပာျပဖို႔ လံုေလာက္ေနပါၿပီ။ ဒါေပမယ့္ NASA က ဒီအမွန္တရားကို ဘယ္သူ႔ကိုမွ မသိေစခ်င္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔အေနနဲ႔ သတင္းအခ်က္အလက္ေတြ မွ်ေ၀ေပးဖို႔ နဲ႔ သူတို႔ရွာေဖြေတြ႕ရွိခဲ့တဲ့ နည္းပညာ ေတြ မွ်ေ၀ေပးဖို႔ ေတာင္းဆိုခံရေတာ့မွာပါ" လို႔ Scott Waring ဆိုသူ UFO ရွာေဖြသမား တစ္ဦးက ဆိုလိုက္ပါတယ္။

ဒါ့အျပင္ မားစ္ၿဂိဳလ္ေပၚမွာ ဗုဒၶဆင္းတုေတာ္ ကိုေတြ႕ခဲ့တာ ပထမဆံုး အႀကိမ္ မဟုတ္ေတာ့ပါဘူး။ အျခား လက္ခံႏိုင္စရာေကာင္းတဲ့ ဗုဒၶနဲ႔ အသြင္သ႑ာန္တူတဲ့ ပံုရိပ္ ကို အတိတ္မွာ ရွာေဖြေတြ႕ရွိဖူးတာကိုလည္း ျပန္အမွတ္ရသင့္ပါတယ္။

"ဒီဓါတ္ပံုထဲမွာ အသိအမွတ္ျပဳႏိုင္ေလာက္တဲ့ အေသးစိတ္ေတြပါရွိေနပါတယ္" လို႔ Scott Waring က ဆိုပါတယ္။

လက္ရွိမွာေတာ့ မားစ္ၿဂိဳလ္ေပၚမွာ အျခားရွာေဖြေတြ႕ရွိထားတဲ့အရာေတြထဲမွာ ေလေပၚမွာ ေမ်ာလြင့္ေနတဲ့ ဇြန္း ၁ ေခ်ာင္း ၊ အာကာသ ဂဏန္းတစ္ေကာင္ နဲ႔ Stonehenge ပံုစံ ဗိသုကာ ေျမာက္တဲ့ ေက်ာက္စိုင္ေတြပဲ ျဖစ္ပါတယ္။

( Mario )

#သစ္ထူးလြင္(ဗဟုသုတႏွင့္ထူးဆန္းေထြလာ)
#knowledge.thithtoolwin.com

Ref : Mirror
............................
မားစ် ဂြိုလ်ပေါ်မှာ ဗုဒ္ဓ ဆင်းတုတော် နဲ့ သဏ္ဍာန် တူညီတဲ့ ပုံရိပ် တစ်ခုကို တွေ့ရှိ
ဗုဒ္ဓ ဆင်းတုတော် နဲ့ အသွင်သဏ္ဍာန် တူညီတဲ့ အရာတစ်ခုကို မားစ် ဂြိုလ်ပေါ်မှာ တွေ့လိုက်ရတဲ့ ဓါတ်ပုံဟာ မားစ် ဂြိုလ်ပေါ်မှာ အသိဉာဏ် မြင့်မားတဲ့ သက်ရှိတွေရှိနေတယ်ဆိုတာ သက်သေပြလိုက်နိုင်တာပဲလို့ အမည်မသိပျံသန်းပစ္စည်း(UFO) ရှာဖွေသူတွေက ပြောလိုက်ပါတယ်။

UFO နေ့စဉ်ရှာဖွေရေးအဖွဲ့ ရဲ့ အဖွဲ့ဝင်တွေဟာ အနီရောင်ရှိတဲ့ အင်္ဂါဂြိုလ်ပေါ်မှာ အဲဒီ ထူးဆန်းတဲ့ ပုံရိပ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး သူတို့ကတော့ ကမ္ဘာပေါ်ကလူတွေအနေနဲ့လည်း ဒါကို မှတ်သားထားသင့်တယ်လို့ ဆိုလိုက်ပါတယ်။

"ဒီဓါတ်ပုံတစ်ပုံတည်းနဲ့ မားစ်ဂြိုလ် ပေါ်မှာ အသိဉာဏ်ရှိတဲ့ သက်ရှိတွေရှိနေတာကို ကုလသမဂ္ဂအနေနဲ့ လက်ခံလာအောင်ပြောပြဖို့ လုံလောက်နေပါပြီ။ ဒါပေမယ့် NASA က ဒီအမှန်တရားကို ဘယ်သူ့ကိုမှ မသိစေချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့အနေနဲ့ သတင်းအချက်အလက်တွေ မျှဝေပေးဖို့ နဲ့ သူတို့ရှာဖွေတွေ့ရှိခဲ့တဲ့ နည်းပညာ တွေ မျှဝေပေးဖို့ တောင်းဆိုခံရတော့မှာပါ" လို့ Scott Waring ဆိုသူ UFO ရှာဖွေသမား တစ်ဦးက ဆိုလိုက်ပါတယ်။

ဒါ့အပြင် မားစ်ဂြိုလ်ပေါ်မှာ ဗုဒ္ဓဆင်းတုတော် ကိုတွေ့ခဲ့တာ ပထမဆုံး အကြိမ် မဟုတ်တော့ပါဘူး။ အခြား လက်ခံနိုင်စရာကောင်းတဲ့ ဗုဒ္ဓနဲ့ အသွင်သဏ္ဍာန်တူတဲ့ ပုံရိပ် ကို အတိတ်မှာ ရှာဖွေတွေ့ရှိဖူးတာကိုလည်း ပြန်အမှတ်ရသင့်ပါတယ်။

"ဒီဓါတ်ပုံထဲမှာ အသိအမှတ်ပြုနိုင်လောက်တဲ့ အသေးစိတ်တွေပါရှိနေပါတယ်" လို့ Scott Waring က ဆိုပါတယ်။

လက်ရှိမှာတော့ မားစ်ဂြိုလ်ပေါ်မှာ အခြားရှာဖွေတွေ့ရှိထားတဲ့အရာတွေထဲမှာ လေပေါ်မှာ မျောလွင့်နေတဲ့ ဇွန်း ၁ ချောင်း ၊ အာကာသ ဂဏန်းတစ်ကောင် နဲ့ Stonehenge ပုံစံ ဗိသုကာ မြောက်တဲ့ ကျောက်စိုင်တွေပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

No comments:

Post a Comment