Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, October 26, 2015

(၁၂)ဘီးယာဉ်နောက်ဆုတ်စဉ် ကစားနေသည့် ကလေးငယ်တစ်ဦးအား ကြိတ်မိ၍သေဆုံး

နေပြည်တော်၊ အောက်တိုဘာ ၂၆
၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် ၉ နာရီအချိန် ရှမ်းပြည်နယ်၊ တန့်ယန်းမြို့၊ ရပ်ကွက်(၆)၊ လမ်းသွယ်(၁)တွင် ကလေးငယ်တစ်ဦးအား (၁၂)ဘီးယာဉ်ဖြင့်ကြိတ်မိ၍ သေဆုံးကြောင်း သတင်းအရ တန့်ယန်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ တန့်ယန်းမြို့၊ ရပ်ကွက်(၇)နေ ရန်နိုင်လင်း(၂၇)နှစ် မောင်းနှင်လာသည့် 2E/×××× ဖူဆို(၁၂)ဘီးယာဉ်မှာ လမ်းသွယ်အတွင်းသို့ နောက်ဆုတ်ဝင်စဉ် လမ်းပေါ်တွင် ကစားနေသော လမ်းသွယ်(၁)နေ မသင်းသင်း(၃)နှစ်အား ကားနောက်ဘီးဖြင့် ကြိတ်မိရာ ဦးခေါင်းကွဲဒဏ်ရာဖြင့် သေဆုံးသွားသောကြောင့် ရန်နိုင်လင်းအား တန့်ယန်းမြို့မရဲစခန်း ယာဉ်(ပ)၈/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်

No comments:

Post a Comment