Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, October 20, 2015

ေဒၚလာသုံးစဲြမႈ ကန္႔သတ္ျခင္းျဖင့္ ျမန္မာ့က်ပ္ေငြတန္ဖုိးျမင့္ကာ ေငြေၾကးေဖာင္းပြမႈ ကာကြယ္ႏုိင္မည့္ အလားအလာ


 ေနျပည္ေတာ္ ေအာက္တိုဘာ ၂ဝ

 ျမန္မာ့ေငြေၾကးေစ်းကြက္ ခိုင္မာေရးႏွင့္ ႏိုင္ငံျခားေငြေၾကးသုံးစြဲမႈ စိစစ္ေရးအတြက္ ျမန္မာႏိုင္ငံ ေတာ္ ဗဟိုဘဏ္က ႏိုင္ငံျခားသုံးေငြမ်ား လက္ခံကိုင္ေဆာင္ခြင့္လိုင္စင္ကို ႐ုပ္သိမ္းလိုက္ျခင္း ေၾကာင့္ လုပ္ငန္းရွင္မ်ားအတြက္ အခက္အခဲ အနည္းငယ္ရွိႏိုင္ေသာ္လည္း ျမန္မာေငြတန္ဖိုး ပိုမိုခိုင္မာလာႏိုင္ေၾကာင္း စီးပြားေရးကြၽမ္းက်င္သူမ်ားက သုံးသပ္သည္။
ပို႔ကုန္ႏွင့္သြင္းကုန္ မမွ်တျခင္းေၾကာင့္ ေဒၚလာတန္ဖိုးသည္ ျမင့္တက္လ်က္ရွိၿပီး ျပည္တြင္း က်ပ္ေငြတန္ဖိုးမ်ားက်ဆင္းေနခ်ိန္တြင္ ဗဟိုဘဏ္က ေအာက္တိုဘာ ၁၃ ရက္ကစတင္ကာ ႏိုင္ငံျခားသုံးေငြ လက္ခံကိုင္ေဆာင္ခြင့္လိုင္စင္ကို ႐ုပ္သိမ္းခဲ့ျခင္းျဖစ္ၿပီး ေအာက္တိုဘာ ၁၉ ရက္ က လိုင္စင္မ်ား ျပန္လည္အပ္ႏွံခြင့္ျပဳေနၿပီျဖစ္ေၾကာင္း ဗဟိုဘဏ္ဒုတိယဥကၠ႒ ဦးဆက္ေအာင္ က အတည္ျပဳေျပာၾကားသည္။

''ေဒၚလာဝယ္လိုအားကို ေလ်ာ့နည္းသြားေစပါလိမ့္မယ္။ ဗဟိုဘဏ္ရဲ႕ညႊန္ၾကားခ်က္ကို ေထာက္ခံသူရွိသလို ေဒၚလာလက္ခံကိုင္ေဆာင္ခြင့္ျပဳထားတဲ့လုပ္ငန္းရွင္ေတြက ေဒၚလာနဲ႔ႀကိဳတင္ ေပးေခ်တာ၊ လက္ခံထားတာမ်ိဳးေတြလည္းရွိလို႔ လုပ္ငန္းရွင္တခ်ဳိ႕က ေျပာဆိုတာေတြေတာ့ ရွိေနပါ တယ္။ သို႔ေသာ္ ဒါက ႏိုင္ငံတကာရဲ႕ လုပ္ေဆာင္ခ်က္ေတြထဲက တစ္ခုျဖစ္ပါတယ္။ ႏိုင္ငံအမ်ားစု မွာ ႏိုင္ငံေတာ္ေငြေၾကးကိုသာ ကိုင္ေဆာင္သုံးစြဲၾကရပါတယ္။ အဲဒီေတာ့ ကိုယ့္တိုင္းျပည္မွာ လည္း ကိုယ့္ပိုက္ဆံကိုသုံးၾကမယ္ဆိုရင္ ေဒၚလာလိုအပ္ခ်က္ ေလ်ာ့သြားမွာျဖစ္လို႔ ေကာင္း တဲ့ညႊန္ၾကားခ်က္လို႔ ျမင္တယ္။ သို႔ေသာ္ လုပ္ငန္းရွင္ေတြအေနနဲ႔ ကူးေျပာင္းသုံးစြဲတဲ့ကာလမွာ အခက္အခဲေတြေတာ့ အမ်ားႀကီးၾကံဳေတြ႕ရႏိုင္တယ္'' ဟု ျမန္မာႏိုင္ငံကုန္သည္ ႀကီးမ်ားႏွင့္ စက္မႈလက္မႈ လုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ဥကၠ႒ ဦးဝင္းေအာင္က ေျဖၾကားသည္။
ေဒၚလာေစ်းႏႈန္းမ်ားသည္ တိုင္းျပည္၏ အေျခခံ အေဆာက္အအုံမ်ား တည္ေဆာက္ျခင္းအပါအဝင္ သြင္းကုန္က႑ ျမင့္မားလာသည္ႏွင့္အမွ် ျမင့္တက္လာခဲ့ ၿပီး တင္ပို႔ကုန္မ်ားမွာမူ သြင္းကုန္ထက္ ႏႈိင္းယွဥ္ပါက ၿပီးခဲ့သည့္ဘ႑ာႏွစ္တြင္ ပို႔ကုန္မွာ အေမရိကန္ေဒၚလာ သန္းေပါင္း၈၈၁ဝ ဒသမ ၇၉၇ ႏွင့္ သြင္းကုန္မွာ အေမ ရိကန္ ေဒၚလာသန္းေပါင္း ၉၈၃၃ ဒသမ ၅၄၉ ရွိေၾကာင္း ကုန္သြယ္ေရးဝန္ႀကီးဌာနမွ သတင္းထုတ္ျပန္ထားရာ ကုန္သြယ္မႈလိုေငြမွာ ကန္ေဒၚလာသန္း ၁ဝဝဝ ဝန္းက်င္ ရွိေၾကာင္း ခန္႔မွန္းရသည္။

''ကုန္သြယ္မႈလိုေငြကြာျခားမႈေၾကာင့္ ေဒၚလာတန္ဖိုး က ျမင့္ေနရတာပါ။ ဗဟိုဘဏ္က ျပည္တြင္းေဒၚလာ သုံးစြဲမႈကို ကန္႔သတ္လိုက္ရင္ ေဒၚလာကိုင္ေဆာင္သုံးစြဲသူ ေတြအတြက္ အခက္ေတြ႕ႏိုင္ေပမယ့္ ေရရွည္မွာ ျမန္မာေငြ တန္ဖိုး ျမင့္လာႏိုင္တယ္။ FDI အခ်ိဳ႕ကေတာ့ အလုပ္႐ႈပ္ တယ္လို႔ ေျပာၾကသလို ႏိုင္ငံျခားသားေတြနဲ႔ တိုက္႐ိုက္ အလုပ္လုပ္ေနတဲ့ ဟိုတယ္လုပ္ငန္း၊ ခရီးသြားလုပ္ငန္း၊ အေရာင္းျမႇင့္တင္ေရးလုပ္ငန္းေတြနဲ႔ ႏိုင္ငံျခားတကၠသိုလ္ ေတြ ဝင္ေၾကးစတဲ့ လုပ္ငန္းေတြ၊ ဘဏ္လုပ္ငန္းေတြမွာ ေငြေၾကးအေပးအယူကိစၥေတြ အမ်ားႀကီး ျပႆနာ ရွိႏိုင္တာကိုလည္း သတိထားဖို႔ေတာ့ လိုအပ္တယ္'' ဟု CB ဘဏ္၏ ဥကၠ႒ ဦးေက်ာ္လင္းက ေျပာၾကား သည္။

ႏိုင္ငံတကာတြင္ ႏိုင္ငံသုံးေငြေၾကးႏွင့္ အေမရိကန္ အပါအဝင္ ႏိုင္ငံျခားေငြမ်ား လဲလွယ္အသုံးျပဳႏိုင္ရန္ အတြက္ ေငြလဲေကာင္တာမ်ားကို ေနရာ အႏွံ႔အျပားတြင္ ထားရွိၿပီး အခ်ိန္မေရြး အလြယ္တကူ လဲလွယ္အသုံးျပဳ ႏိုင္ရန္ စီမံထားေသာ္လည္း ျမန္မာႏိုင္ငံတြင္မူ ေဒသ အလိုက္ အခ်ိန္အလိုက္ ေငြလဲေကာင္တာမ်ား လုံေလာက္ ျခင္းမရွိျခင္းေၾကာင့္ ျမန္မာက်ပ္ေငြျဖင့္သာ သုံးစြဲရမည္ ဆိုသည့္အခ်က္ကို ႀကိဳက္ႏွစ္သက္မႈမရွိေၾကာင္း ျမန္မာ ႏိုင္ငံတြင္ ဗိသုကာဒီဇိုင္းပညာျဖင့္ လာေရာက္အလုပ္ လုပ္ကိုင္သူ ထိုင္းႏိုင္ငံသား နပြန္ခ်ိဳင္းက ျမန္မာ့အလင္း၏ ေမးျမန္းခ်က္ကိုေျဖၾကားသည္။ ထိုင္းႏိုင္ငံတြင္မူ ေဒၚလာ ျဖင့္ သုံးစြဲခြင့္ကို ကန္႔သတ္ထားၿပီး ဘတ္ေငြျဖင့္သာ လဲလွယ္အသုံးျပဳၾကေၾကာင္း ဆက္လက္ေျပာၾကား သည္။

''ျမန္မာေငြတန္ဖိုးကို ရသေလာက္ဆြဲတင္ေနတယ္လို႔ျမင္ပါတယ္။ သို႔ေသာ္ အရင္ကလည္း လုပ္ခဲ့ဖူးတယ္ ေလ။ ေဒၚလာအစား အက္ဖ္အီးစီဆိုၿပီးထုတ္တယ္။ ေစ်း ေတြကCurrent မျဖစ္ဘူး။ လုပ္နည္းေတြက အစကတည္း က စနစ္မက်ခဲ့ေတာ့ အက္ဖ္အီးစီကလည္း တန္ဖိုးျမင့္ မလာ ဘူး။ ေဒၚလာကို ကိုင္ခြင့္မရွိခင္ကတည္းက ခိုးၿပီး ကိုင္ၾကတယ္။ သုံးစြဲလို႔မရေပမယ့္ ေစ်းကစားတတ္ၾက တယ္။ အခုတရားဝင္ ကိုင္ေဆာင္သုံးစြဲခြင့္ေပးေတာ့ လည္း ေဒၚလာတန္ဖိုးက က်မလာဘူး။ အခုလိုေျပာင္း တာေတာ့ဟုတ္တယ္။ သို႔ေသာ္ အဆင္သင့္မျဖစ္ေသး တာက ခက္ေနတယ္''ဟု ပို႔ကုန္/သြင္းကုန္ လုပ္ငန္း လုပ္ကိုင္သူ ဦးစိန္ေမာင္က သူ႔အျမင္ကို ေဆြးေႏြးသည္။

ဗဟိုဘဏ္မွ ေငြေၾကးဆိုင္ရာ ထိန္းခ်ဳပ္ၫႊန္ၾကားမႈ မ်ားတြင္ ေဒၚလာေစ်းႏႈန္းမ်ားကို သတ္မွတ္ရည္ညႊန္းေစ်း အျဖစ္ ေန႔စဥ္ထုတ္ျပန္ေပးလ်က္ရွိၿပီး ယင္းေစ်းႏႈန္းမ်ား သည္ ျပင္ပေစ်းကြက္ႏွင့္ ႏႈိင္းယွဥ္ပါက အနည္းငယ္သာ ကြာျခားၿပီး လက္ေတြ႕ ေငြေၾကးေစ်းကြက္ႏွင့္ သဟဇာတ ျဖစ္လာခဲ့ျခင္းသည္ ျမန္မာ့ေငြေၾကးေစ်းကြက္ ေရရွည္ ခိုင္မာေရးအတြက္ အေထာက္အပံ့ ျဖစ္ေစႏိုင္သည့္အျပင္ ယခုကဲ့သို႔ ေဒၚလာသုံးစြဲမႈကို ကန္႔သတ္ရန္ႀကိဳးပမ္းျခင္း သည္ ျမန္မာ့ေငြေၾကးတန္ဖိုးက်ဆင္းကာ ေဖာင္းပြမႈႏႈန္း ၁ဝရာခိုင္ႏႈန္းအထိ ေရာက္ရွိေနျခင္းကို ကူညီရာေရာက္ေစ မည္ဟု စီးပြားေရးႏွင့္ ဥပေဒေရးရာ အတိုင္ပင္ခံ ကုမၸဏီ တစ္ခုျဖစ္ေသာ ယူႏြတ္၏ တာဝန္ရွိသူတစ္ဦးက ေထာက္ခံ ေျပာၾကားသည္။

ဗဟိုဘဏ္ညႊန္ၾကားခ်က္အရ ႏိုင္ငံျခားသုံးေငြ လက္ခံ ကိုင္ေဆာင္ခြင့္ လိုင္စင္မ်ားကို ႏိုဝင္ဘာ ၃ဝ ရက္တြင္ ေနာက္ဆုံးထားၿပီး လုပ္ငန္းရွင္မ်ား ျပန္လည္အပ္ႏွံရမည္ ျဖစ္ေၾကာင္းသိရသည္။

(ျမန္မာ့အလင္း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
....................

 နေပြည်တော် အောက်တိုဘာ ၂ဝ

 မြန်မာ့ငွေကြေးစျေးကွက် ခိုင်မာရေးနှင့် နိုင်ငံခြားငွေကြေးသုံးစွဲမှု စိစစ်ရေးအတွက် မြန်မာနိုင်ငံ တော် ဗဟိုဘဏ်က နိုင်ငံခြားသုံးငွေများ လက်ခံကိုင်ဆောင်ခွင့်လိုင်စင်ကို ရုပ်သိမ်းလိုက်ခြင်း ကြောင့် လုပ်ငန်းရှင်များအတွက် အခက်အခဲ အနည်းငယ်ရှိနိုင်သော်လည်း မြန်မာငွေတန်ဖိုး ပိုမိုခိုင်မာလာနိုင်ကြောင်း စီးပွားရေးကျွမ်းကျင်သူများက သုံးသပ်သည်။
ပို့ကုန်နှင့်သွင်းကုန် မမျှတခြင်းကြောင့် ဒေါ်လာတန်ဖိုးသည် မြင့်တက်လျက်ရှိပြီး ပြည်တွင်း ကျပ်ငွေတန်ဖိုးများကျဆင်းနေချိန်တွင် ဗဟိုဘဏ်က အောက်တိုဘာ ၁၃ ရက်ကစတင်ကာ နိုင်ငံခြားသုံးငွေ လက်ခံကိုင်ဆောင်ခွင့်လိုင်စင်ကို ရုပ်သိမ်းခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ ၁၉ ရက် က လိုင်စင်များ ပြန်လည်အပ်နှံခွင့်ပြုနေပြီဖြစ်ကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင် က အတည်ပြုပြောကြားသည်။

''ဒေါ်လာဝယ်လိုအားကို လျော့နည်းသွားစေပါလိမ့်မယ်။ ဗဟိုဘဏ်ရဲ့ညွှန်ကြားချက်ကို ထောက်ခံသူရှိသလို ဒေါ်လာလက်ခံကိုင်ဆောင်ခွင့်ပြုထားတဲ့လုပ်ငန်းရှင်တွေက ဒေါ်လာနဲ့ကြိုတင် ပေးချေတာ၊ လက်ခံထားတာမျိုးတွေလည်းရှိလို့ လုပ်ငန်းရှင်တချို့က ပြောဆိုတာတွေတော့ ရှိနေပါ တယ်။ သို့သော် ဒါက နိုင်ငံတကာရဲ့ လုပ်ဆောင်ချက်တွေထဲက တစ်ခုဖြစ်ပါတယ်။ နိုင်ငံအများစု မှာ နိုင်ငံတော်ငွေကြေးကိုသာ ကိုင်ဆောင်သုံးစွဲကြရပါတယ်။ အဲဒီတော့ ကိုယ့်တိုင်းပြည်မှာ လည်း ကိုယ့်ပိုက်ဆံကိုသုံးကြမယ်ဆိုရင် ဒေါ်လာလိုအပ်ချက် လျော့သွားမှာဖြစ်လို့ ကောင်း တဲ့ညွှန်ကြားချက်လို့ မြင်တယ်။ သို့သော် လုပ်ငန်းရှင်တွေအနေနဲ့ ကူးပြောင်းသုံးစွဲတဲ့ကာလမှာ အခက်အခဲတွေတော့ အများကြီးကြုံတွေ့ရနိုင်တယ်'' ဟု မြန်မာနိုင်ငံကုန်သည် ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးဝင်းအောင်က ဖြေကြားသည်။
ဒေါ်လာစျေးနှုန်းများသည် တိုင်းပြည်၏ အခြေခံ အဆောက်အအုံများ တည်ဆောက်ခြင်းအပါအဝင် သွင်းကုန်ကဏ္ဍ မြင့်မားလာသည်နှင့်အမျှ မြင့်တက်လာခဲ့ ပြီး တင်ပို့ကုန်များမှာမူ သွင်းကုန်ထက် နှိုင်းယှဉ်ပါက ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် ပို့ကုန်မှာ အမေရိကန်ဒေါ်လာ သန်းပေါင်း၈၈၁ဝ ဒသမ ရ၉၇ နှင့် သွင်းကုန်မှာ အမေ ရိကန် ဒေါ်လာသန်းပေါင်း ၉၈၃၃ ဒသမ ၅၄၉ ရှိကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားရာ ကုန်သွယ်မှုလိုငွေမှာ ကန်ဒေါ်လာသန်း ၁ဝဝဝ ဝန်းကျင် ရှိကြောင်း ခန့်မှန်းရသည်။

''ကုန်သွယ်မှုလိုငွေကွာခြားမှုကြောင့် ဒေါ်လာတန်ဖိုး က မြင့်နေရတာပါ။ ဗဟိုဘဏ်က ပြည်တွင်းဒေါ်လာ သုံးစွဲမှုကို ကန့်သတ်လိုက်ရင် ဒေါ်လာကိုင်ဆောင်သုံးစွဲသူ တွေအတွက် အခက်တွေ့နိုင်ပေမယ့် ရေရှည်မှာ မြန်မာငွေ တန်ဖိုး မြင့်လာနိုင်တယ်။ FDI အချို့ကတော့ အလုပ်ရှုပ် တယ်လို့ ပြောကြသလို နိုင်ငံခြားသားတွေနဲ့ တိုက်ရိုက် အလုပ်လုပ်နေတဲ့ ဟိုတယ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ အရောင်းမြှင့်တင်ရေးလုပ်ငန်းတွေနဲ့ နိုင်ငံခြားတက္ကသိုလ် တွေ ဝင်ကြေးစတဲ့ လုပ်ငန်းတွေ၊ ဘဏ်လုပ်ငန်းတွေမှာ ငွေကြေးအပေးအယူကိစ္စတွေ အများကြီး ပြဿနာ ရှိနိုင်တာကိုလည်း သတိထားဖို့တော့ လိုအပ်တယ်'' ဟု CB ဘဏ်၏ ဥက္ကဋ္ဌ ဦးကျော်လင်းက ပြောကြား သည်။

နိုင်ငံတကာတွင် နိုင်ငံသုံးငွေကြေးနှင့် အမေရိကန် အပါအဝင် နိုင်ငံခြားငွေများ လဲလှယ်အသုံးပြုနိုင်ရန် အတွက် ငွေလဲကောင်တာများကို နေရာ အနှံ့အပြားတွင် ထားရှိပြီး အချိန်မရွေး အလွယ်တကူ လဲလှယ်အသုံးပြု နိုင်ရန် စီမံထားသော်လည်း မြန်မာနိုင်ငံတွင်မူ ဒေသ အလိုက် အချိန်အလိုက် ငွေလဲကောင်တာများ လုံလောက် ခြင်းမရှိခြင်းကြောင့် မြန်မာကျပ်ငွေဖြင့်သာ သုံးစွဲရမည် ဆိုသည့်အချက်ကို ကြိုက်နှစ်သက်မှုမရှိကြောင်း မြန်မာ နိုင်ငံတွင် ဗိသုကာဒီဇိုင်းပညာဖြင့် လာရောက်အလုပ် လုပ်ကိုင်သူ ထိုင်းနိုင်ငံသား နပွန်ချိုင်းက မြန်မာ့အလင်း၏ မေးမြန်းချက်ကိုဖြေကြားသည်။ ထိုင်းနိုင်ငံတွင်မူ ဒေါ်လာ ဖြင့် သုံးစွဲခွင့်ကို ကန့်သတ်ထားပြီး ဘတ်ငွေဖြင့်သာ လဲလှယ်အသုံးပြုကြကြောင်း ဆက်လက်ပြောကြား သည်။

''မြန်မာငွေတန်ဖိုးကို ရသလောက်ဆွဲတင်နေတယ်လို့မြင်ပါတယ်။ သို့သော် အရင်ကလည်း လုပ်ခဲ့ဖူးတယ် လေ။ ဒေါ်လာအစား အက်ဖ်အီးစီဆိုပြီးထုတ်တယ်။ စျေး တွေကCurrent မဖြစ်ဘူး။ လုပ်နည်းတွေက အစကတည်း က စနစ်မကျခဲ့တော့ အက်ဖ်အီးစီကလည်း တန်ဖိုးမြင့် မလာ ဘူး။ ဒေါ်လာကို ကိုင်ခွင့်မရှိခင်ကတည်းက ခိုးပြီး ကိုင်ကြတယ်။ သုံးစွဲလို့မရပေမယ့် စျေးကစားတတ်ကြ တယ်။ အခုတရားဝင် ကိုင်ဆောင်သုံးစွဲခွင့်ပေးတော့ လည်း ဒေါ်လာတန်ဖိုးက ကျမလာဘူး။ အခုလိုပြောင်း တာတော့ဟုတ်တယ်။ သို့သော် အဆင်သင့်မဖြစ်သေး တာက ခက်နေတယ်''ဟု ပို့ကုန်/သွင်းကုန် လုပ်ငန်း လုပ်ကိုင်သူ ဦးစိန်မောင်က သူ့အမြင်ကို ဆွေးနွေးသည်။

ဗဟိုဘဏ်မှ ငွေကြေးဆိုင်ရာ ထိန်းချုပ်ညွှန်ကြားမှု များတွင် ဒေါ်လာစျေးနှုန်းများကို သတ်မှတ်ရည်ညွှန်းစျေး အဖြစ် နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပြီး ယင်းစျေးနှုန်းများ သည် ပြင်ပစျေးကွက်နှင့် နှိုင်းယှဉ်ပါက အနည်းငယ်သာ ကွာခြားပြီး လက်တွေ့ ငွေကြေးစျေးကွက်နှင့် သဟဇာတ ဖြစ်လာခဲ့ခြင်းသည် မြန်မာ့ငွေကြေးစျေးကွက် ရေရှည် ခိုင်မာရေးအတွက် အထောက်အပံ့ ဖြစ်စေနိုင်သည့်အပြင် ယခုကဲ့သို့ ဒေါ်လာသုံးစွဲမှုကို ကန့်သတ်ရန်ကြိုးပမ်းခြင်း သည် မြန်မာ့ငွေကြေးတန်ဖိုးကျဆင်းကာ ဖောင်းပွမှုနှုန်း ၁ဝရာခိုင်နှုန်းအထိ ရောက်ရှိနေခြင်းကို ကူညီရာရောက်စေ မည်ဟု စီးပွားရေးနှင့် ဥပဒေရေးရာ အတိုင်ပင်ခံ ကုမ္ပဏီ တစ်ခုဖြစ်သော ယူနွတ်၏ တာဝန်ရှိသူတစ်ဦးက ထောက်ခံ ပြောကြားသည်။

ဗဟိုဘဏ်ညွှန်ကြားချက်အရ နိုင်ငံခြားသုံးငွေ လက်ခံ ကိုင်ဆောင်ခွင့် လိုင်စင်များကို နိုဝင်ဘာ ၃ဝ ရက်တွင် နောက်ဆုံးထားပြီး လုပ်ငန်းရှင်များ ပြန်လည်အပ်နှံရမည် ဖြစ်ကြောင်းသိရသည်။

(မြန်မာ့အလင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment