Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, October 4, 2015

နိဂံုးကမၸတ္ အဆံုးသတ္ မလွသည့္ စစ္ေထာက္လွမ္းေရး အႀကီးအကဲမ်ား


(Written By: နရီမင္း)

စစ္ေထာက္လွမ္းေရးဟူသည္ စစ္ဘက္ဆိုင္ရာ ကြပ္ကဲေရးအဖြဲ႕ ျဖစ္သည္။ ေျမာက္ျမား လွစြာေသာ အခ်က္အလက္မ်ားကို စုေဆာင္း၍ သံုးသပ္မႈမ်ား ျပဳလုပ္ရသည္။ စစ္ဦးစီးမွဴးမ်ား ဆံုးျဖတ္ခ်က္ ခ်ႏိုင္ရန္အတြက္ လမ္းညႊန္ခ်က္မ်ားႏွင့္ ညႊန္ၾကားခ်က္မ်ား ေထာက္ပံ့ႏုိင္ေရးကို ဦးတည္ရသည္။ အတိုင္းအတာ က်ယ္ေျပာလွေသာ ရင္းျမစ္မ်ားမွေန၍ ရႏုိင္သမွ်ေသာ အခ်က္အလက္မ်ားကို စုေဆာင္း၍ သံုးသပ္ကာ စစ္ဆင္ေရး အစီအစဥ္မ်ားႏွင့္ လႈပ္ရွားမႈ အစီအစဥ္မ်ားအတြက္ ေမးခြန္းမ်ားကို တံု႔ျပန္ႏုိင္ရန္လည္းေကာင္း၊ စစ္ဆင္ေရး လိုအပ္ခ်က္မ်ားအတြက္ လည္းေကာင္း စစ္ဦးစီးမွဴးမ်ားအား ညႊန္ၾကားခ်က္မ်ား ေပးရသည္။ ယင္းအတြက္ အခ်က္အလက္မ်ား စုေဆာင္းျခင္း၊ သံုးသပ္ျခင္းႏွင့္ ျဖန္႔ျဖဴးျခင္း လုပ္ငန္းစဥ္တစ္ရပ္ ျဖစ္ေပၚလာသည္။

စစ္ေထာက္လွမ္းေရး၏ ေလ့လာမႈဧရိယာ၌ စစ္ဆင္ေရး၀န္းက်င္၊ ရန္သူ၊ မိတ္ေဆြႏွင့္ ၾကားေနအင္အားစုမ်ား၊ စစ္ဆင္ေရး နယ္ေျမအတြင္းရိွ အရပ္သားမ်ားအျပင္ အျခားပို၍ က်ယ္ျပန္႔ေသာ သက္ဆိုင္ရာနယ္ပယ္မ်ား ပါ၀င္သည္။ စစ္ေထာက္လွမ္းေရး လုပ္ေဆာင္ခ်က္မ်ားကို နည္းဗ်ဴဟာႏွင့္ ဆိုင္ေသာမွသည္ မဟာဗ်ဴဟာႏွင့္ ဆိုင္ေသာအထိ အဆင့္မ်ားအားလံုး၊ ၿငိမ္းခ်မ္းေသာကာလႏွင့္ အသြင္ကူးေျပာင္းေရး ကာလမွသည္ စစ္ျဖစ္ပြားေနသည့္ အခ်ိန္အထိ ကာလအားလံုး ေဆာင္ရြက္သည္။ အစိုးရအမ်ားစုသည္ စစ္ေထာက္လွမ္းေရးမ်ား၏ အခ်က္အလက္ စုေဆာင္းမႈႏွင့္ သံုးသပ္မႈ လုပ္ေဆာင္ႏုိင္စြမ္းကို အထူးအဖြဲ႕မ်ားႏွင့္ေရာ အျခားအဖြဲ႕ခြဲမ်ား၊ အဖြဲ႕စည္းမ်ားႏွင့္ပါ ထိန္းထားသည္။ ႏိုင္ငံေရးႏွင့္ စစ္ေရးလႈပ္ရွားမႈမ်ားကို သတင္းေပးႏုိင္ရန္ စစ္ေထာက္လွမ္းေရးသည္ အရပ္ဘက္ ေထာက္လွမ္းေရးႏွင့္ ပူးေပါင္းေဆာင္ရြက္ရသည္။

ႏုိင္ငံတစ္ႏုိင္ငံတြင္ စစ္ေထာက္လွမ္းေရးမ်ားသည္ သေဘာသဘာ၀ အရကိုက လြန္စြာအေရးပါသည္။ ထို႔ေၾကာင့္ အထူးသျဖင့္ အာဏာရွင္ ႏုိင္ငံမ်ားတြင္ စစ္ေထာက္လွမ္းေရး အႀကီးအကဲမ်ားသည္ ၎တို႔ကိုယ္တိုင္ အာဏာရွင္မ်ား သို႔မဟုတ္ အာဏာရွင္၏ လက္ကိုင္တုတ္မ်ား ျဖစ္လာၾကသည္။ စစ္ေထာက္လွမ္းေရး အႀကီးအကဲမ်ား ၾသဇာႀကီးမား၍ လာသည္။ အာဏာရွင္မ်ားသည္ ျပည္သူလူထုအား ျပားျပား၀ပ္ေနေအာင္ ဖိႏွိပ္ရန္ႏွင့္ အတိုက္အခံမ်ားကို ႏွိပ္ကြပ္ရန္ စစ္ေထာက္လွမ္းေရးမ်ားကို အသံုးျပဳၾကသည္။ ထို႔ေၾကာင့္ စစ္ေထာက္လွမ္းေရးမ်ား အေနျဖင့္ ကိုယ္က်ဳိးရွာျခင္းႏွင့္ အာဏာ အလြဲသံုးစား ျပဳလုပ္ျခင္းတို႔ ျပဳလာၾကသည္။

အာဏာအလြဲ သံုးစားျပဳခဲ့ၿပီး ဇာတ္သိမ္းမလွသည့္ ၾသဇာအာဏာ ႀကီးမားခဲ့ေသာ စစ္ေထာက္လွမ္းေရး အႀကီးအကဲအခ်ဳိ႕ကို ေဖာ္ျပေပးလိုက္ပါသည္။ ယင္းကဲ့သို႔ေသာ စစ္ေထာက္လွမ္းေရး အႀကီးအကဲမ်ားစြာ ရိွခဲ့သည့္အနက္ အနီးကပ္ဆံုး ကာလအတြင္းမွ အခ်ဳိ႕ကိုသာ ေရြးခ်ယ္ေဖာ္ျပထားျခင္း ျဖစ္ပါသည္။

■ အဗၺဒူလာ ဆီႏုစီ (လစ္ဗ်ား)

ဆီႏုစီသည္ လစ္ဗ်ားအာဏာရွင္ မြမ္မာကဒါဖီ၏ စစ္ေထာက္လွမ္းေရး အႀကီးအကဲအျပင္ ေယာက္ဖေတာ္သူလည္း ျဖစ္သည္။ ဆီႏုစီသည္ ကဒါဖီ၏ ခယ္မႏွင့္ လက္ထပ္ထားသူျဖစ္သည္။

ဆီႏုစီ၏ ရက္စက္ၾကမ္းၾကဳတ္မႈမ်ားႏွင့္ ပတ္သက္၍ မေကာင္းသတင္း ေက်ာ္ၾကားမႈမ်ားသည္ ၁၉၇၀ ျပည့္လြန္ႏွစ္မ်ား ကတည္းက စခဲ့သည္။ ၁၉၈၀ ျပည့္လြန္ႏွစ္မ်ားအတြင္း လစ္ဗ်ားႏုိင္ငံ၏ ျပည္တြင္းလံုျခံဳေရးကို ဦးေဆာင္ခဲ့ၿပီး ကဒါဖီအား ဆန္႔က်င္သူမ်ားစြာတို႔ကို သတ္ျဖတ္ခဲ့သည္။ သူ႔အား လစ္ဗ်ားႏိုင္ငံ၏ စစ္ေထာက္လွမ္းေရး အႀကီးအကဲဟု ေဖာ္ျပၾကေသာ္လည္း ယင္းကဲ့သို႔ေသာ တရား၀င္ရာထူး အမွန္တကယ္ ရိွ၊ မရိွ ေရရာစြာ သိရိွရျခင္း မရိွေပ။

ဆီႏုစီကို ၁၉၈၉ ခုႏွစ္က ႏိုင္ဂ်ာႏိုင္ငံ အထက္ေကာင္းကင္တြင္ လူေပါင္း ၁၇၀ ေသဆံုးခဲ့ရသည့္ ခရီးသည္တင္ ေလယာဥ္ဗံုး ေပါက္ကြဲမႈအတြက္ ၁၉၉၉ ခုႏွစ္၌ ျပင္သစ္ႏုိင္ငံတြင္ မ်က္ကြယ္တရား စီရင္မႈအျဖစ္ ျပစ္ဒဏ္ခ်မွတ္ခဲ့သည္။ ၁၉၉၆ ခုႏွစ္တြင္ အဘူဆလင္း အက်ဥ္းေထာင္၌ အက်ဥ္းသား ၁၂၀၀ ကို အစုလိုက္ အျပံဳလိုက္ သတ္ျဖတ္ခဲ့မႈ၌ တာ၀န္ရွိသူသည္ ဆီႏုစီျဖစ္သည္ဟု လစ္ဗ်ားႏုိင္ငံသားမ်ားက ယံုၾကည္ၾကသည္။ ၂၀၀၃ ခုႏွစ္၌ ေဆာ္ဒီအာေရဗ် အိမ္ေရွ႕မင္းသား အဗၺဒူလာကို လုပ္ၾကံရန္ ႀကိဳးပမ္းမႈအား ႀကိဳးကိုင္ခဲ့သူမွာ ဆီႏုစီ ျဖစ္သည္ဟုလည္း ယံုၾကည္ၾကသည္။

အေမရိကန္သံတမန္ အသိုင္းအ၀ိုင္းက ဆီႏုစီသည္ ကဒါဖီ၏ ေဆးကုသမႈခံယူရန္ အစီအစဥ္မ်ားစြာကို ေဆာင္ရြက္ေပးသည့္ လူယံုေတာ္ ျဖစ္ေၾကာင္း ေဖာ္ျပၾကသည္။ ၂၀၁၁ ခုႏွစ္ လစ္ဗ်ားျပည္တြင္းစစ္အတြင္း ဘင္ဟာဇီၿမိဳ႕တြင္ အက်အန စီစဥ္ထားေသာ သတ္ျဖတ္မႈမ်ားကို ေဆာင္ရြက္ျခင္းႏွင့္ ႏုိင္ငံျခား တိုက္ခိုက္ေရး သမားမ်ား စုေဆာင္းျခင္းတို႔ အတြက္လည္း တာ၀န္ရိွသူမွာ ဆီႏုစီျဖစ္ေၾကာင္း ေဖာ္ျပၾကသည္။

၂၀၁၂ ခုႏွစ္ မတ္ ၁၇ ရက္တြင္ ဆီႏုစီကို ေမာ္ရစ္ေတးနီးယားႏုိင္ငံ ေလဆိပ္တြင္ ဖမ္းဆီးရမိခဲ့ၿပီး လစ္ဗ်ားအစိုးရသစ္က သူ႔အား လစ္ဗ်ားႏုိင္ငံသို႔ လႊဲေျပာင္းေပးရန္ ေတာင္းဆိုခဲ့သည္။ ၂၀၁၂ ခုႏွစ္ စက္တင္ဘာ ၅ ရက္တြင္ ေမာ္ရစ္ေတးနီးယား ႏုိင္ငံက လစ္ဗ်ားအာဏာပိုင္မ်ားထံ ဆီႏုစီကို လႊဲေျပာင္းေပးခဲ့သည္။ လစ္ဗ်ားႏုိင္ငံက ဆီႏုစီကို ကဒါဖီ၏ အရင္းႏွီးဆံုး လက္ေထာက္အျဖစ္ ေဆာင္ရြက္စဥ္အတြင္း က်ဴးလြန္ခဲ့ေသာ ျပစ္မႈမ်ားျဖင့္ တရားစီရင္ရန္ ႀကိဳးပမ္းေနသည္။

■ အေဒါ့ဖီရွီမီရီမားနား (ဘူရြန္ဒီ)

ဒုတိယဗိုလ္ခ်ဳပ္ႀကီး အေဒါ့ဖီ ရွီမီရီမားနားသည္ ျပည္တြင္းလံုျခံဳေရးအတြက္ သမၼတ ထိပ္တန္းအၾကံေပးႏွင့္ သမၼတ ပီးယားကူရြန္ဇီဇာ၏ အနီးကပ္ဆံုး ႏုိင္ငံေရး မဟာမိတ္ ျဖစ္သည္။ ေလ့လာသူမ်ားက သူ႔ကို ဘူရြန္ဒီ စစ္ေထာက္လွမ္းေရး အႀကီးအကဲအျဖစ္ သတ္မွတ္ၾကသည္။ သူသည္ ႏိုင္ငံေရး ၿခိမ္းေျခာက္မႈမ်ားႏွင့္ လုပ္ၾကံသတ္ျဖတ္မႈမ်ားကို ႀကိဳးကိုင္ခဲ့သူ ျဖစ္သည္ဟု ဆိုသည္။

၂၀၁၅ ခုႏွစ္တြင္ သမၼတ ပီးယားကူရြန္ဇီဇာသည္ ဖြဲ႕စည္းပံုအေျခခံဥပေဒႏွင့္ မညီဘဲ တတိယေျမာက္ သက္တမ္းအတြက္ ထမ္းေဆာင္ရန္ ႀကိဳးပမ္းေသာေၾကာင့္ ႏိုင္ငံအတြင္း၌ ဆန္႔က်င္မႈမ်ားႏွင့္ မၿငိမ္မသက္ ျဖစ္မႈမ်ား ျဖစ္ေပၚခဲ့သည္။ ရွီမီရီမားနားသည္ ၂၀၁၅ ေမလ၌ ကူရြန္ဇီဇာကို ဆန္႔က်င္အာဏာသိမ္းရန္ ႀကိဳးပမ္းမႈကို ႏိွမ္နင္းခဲ့သည့္အျပင္ အတိုက္အခံ ဆႏၵျပသူ မ်ားကို ရက္ရက္စက္စက္ ႏွိမ္နင္းခဲ့သူလည္း ျဖစ္သည္။ လူ႔အခြင့္အေရးဆိုင္ရာ ေစာင့္ၾကည့္ေရးအဖြဲ႕ (HRW) က သမၼတကို ၀န္းရံထားသည့္ သေဘာထား တင္းမာသူမ်ားထဲ၌ အဓိကလူအျဖစ္ ရွီမီရီမားနားကို သတ္မွတ္ထားသည္။ ၂၀၁၅ ခု ႏွစ္လယ္ပိုင္း၌ ဆက္လက္ျဖစ္ပြားေသာ လမ္းေပၚဆႏၵျပမႈမ်ားႏွင့္ မၿငိမ္မသက္မႈမ်ားကို ႏွိမ္နင္းခ်ိန္၌ ရွီ မီရီမားနား၏ ၾသဇာပိုမို ႀကီးမားလာသည္။ ဘူဂ်မ္ဘူရာၿမိဳ႕တြင္ လမ္းေပၚဆႏၵျပသူမ်ားကို ရက္စက္စြာ ႏွိမ္နင္းမႈေၾကာင့္ လူေပါင္း ၁၀၀ ထက္မနည္း ေသဆံုးခဲ့ရသည္။ အၾကမ္းဖက္မႈမ်ားကို ေၾကာက္လန္႔ေသာေၾကာင့္ လူေပါင္း ၁၀၀,၀၀၀ သည္ ဘူရြန္ဒီႏိုင္ငံကို စြန္႔ခြာထြက္ေျပး ခဲ့ၾကရသည္။

ရွီမီရီမားနားသည္ လူ႔အခြင့္ေရ းလႈပ္ရွားသူမ်ားႏွင့္ ဆႏၵျပေသာ အရပ္သားမ်ားကို ဖမ္းဆီးႏွိပ္စက္ျခင္း၊ သတ္ျဖတ္ျခင္းတို႔အား ႀကိဳးကိုင္ခဲ့သူျဖစ္သည္။ အစိုးရ၏ ျခစားမႈကို ေ၀ဖန္ခဲ့ေသာ အသက္ႀကီးသည့္ အီတလီသီလရွင္ သံုးဦးကို သတ္ျဖတ္ရန္ အမိန္႔ေပးခဲ့သူ ျဖစ္သည္ဟုလည္း စြပ္စြဲၾကသည္။ လြန္ခဲ့သည့္ႏွစ္ ေဆာင္းရာသီအတြင္း အဆိုပါ သီလရွင္သံုးဦးသည္ မုဒိမ္းက်င့္ခံရကာ ေခါင္းျဖတ္သတ္ျဖတ္ျခင္း ခံခဲ့ရသည္။

၂၀၁၅ ခုႏွစ္ ၾသဂုတ္ ၂ ရက္တြင္ ဘူဂ်မ္ဘူရာၿမိဳ႕၌ပင္ စစ္တပ္ယူနီေဖာင္းကိုပင္ ၀တ္ဆင္ထားေသာ ေသနတ္သမားမ်ားသည္ ရွီမီရီမားနားႏွင့္ သူ႔၏ ကိုယ္ရံေတာ္မ်ား လိုက္ပါလာသည့္ ကားတစ္စီးကို ေရာ့ကက္ေလာင္ခ်ာျဖင့္ ပစ္ခတ္ခဲ့သည္။ ေသနတ္ သမားမ်ားသည္ ရွီမီရီမားနား ေသ မေသ အနီးကပ္ လာေရာက္စစ္ေဆး အတည္ျပဳၿပီးမွ ျပန္လည္ထြက္ခြာ သြားခဲ့သည္။

■ ကာရန္ဇီကာရာကီ (ရ၀မ္ဒါ)

ရ၀မ္ဒါႏုိင္ငံ၏ အမ်ဳိးသား ေထာက္လွမ္းေရး ညႊန္ၾကားေရးမွဴးခ်ဳပ္ ကာရန္ဇီကာရာကီသည္ ယခင္ရ၀မ္ဒါ အစိုးရလက္ထက္က ဒုကၡသည္အျဖစ္ ယူဂႏၶာႏိုင္ငံတြင္ ႀကီးျပင္းခဲ့သူျဖစ္သည္။ မာကီရီရီတကၠသိုလ္သို႔ တက္ေရာက္ခဲ့ၿပီး ေနာက္ပိုင္းတြင္ ရ၀မ္ဒါမ်ဳိးခ်စ္တပ္ဦးသို႔၀င္ ေရာက္ကာ ရ၀မ္ဒါျပည္တြင္းစစ္ (၁၉၉၀-၁၉၉၄) တြင္ ပါ၀င္ဆင္ႏႊဲခဲ့သည္။

ကာရာကီသည္ ေတာင္အာဖရိက စစ္ေကာလိပ္၏ အႀကီးတန္း စစ္ဦးစီးမွဴးေကာလိပ္ႏွင့္ ကင္ညာႏုိင္ငံ အမ်ဳိးသား ကာကြယ္ေရး ေကာလိပ္မ်ား၌ ပညာသင္ၾကားခဲ့သည္။ ယူဂႏၶာႏုိင္ငံ မာကီရီရီတကၠသိုလ္မွ စီးပြားေရးပညာဘြဲ႕၊ ကင္ညာႏိုင္ငံ ႏိုင္႐ိုဘီ တကၠသိုလ္မွ ႏိုင္ငံတကာ ေလ့လာေရး မဟာ၀ိဇၨာဘြဲ႕ႏွင့္ လန္ဒန္တကၠသိုလ္မွ စီးပြားစီမံ မဟာ၀ိဇၨာဘြဲ႕တို႔ကို ရရိွခဲ့သည္။

၂၀၀၇ ခုႏွစ္ ၾသဂုတ္လတြင္ ဆူဒန္ႏုိင္ငံ ဒါဖာၿမိဳ႕၌ အာဖရိကသမဂၢ၏ ၿငိမ္းခ်မ္းေရး ထိန္းသိမ္းမႈတပ္၌ လက္ေထာက္ စစ္ဦးစီးမွဴးအျဖစ္ ခန္႔အပ္ျခင္းခံရၿပီး ၂၀၀၈ ခုႏွစ္ ဇန္န၀ါရီတြင္ ကုလသမဂၢ မစ္ရွင္အဖြဲ႕ ၏ လက္ေထာက္ျဖစ္လာသည္။ သို႔ေသာ္ သူသည္ ၂၀၀၉ ခုႏွစ္ ဧၿပီလတြင္ ယင္းအဖြဲ႕မွ ထြက္ခြာခဲ့သည္။

၂၀၀၈ ခုႏွစ္ ေဖေဖာ္၀ါရီလတြင္ စပိန္တရားသူႀကီး တစ္ဦးက ကာရာကီကို ၁၉၉၄ ခုႏွစ္မွ ၁၉၉၇ ခုႏွစ္အတြင္း ရ၀မ္ဒါေထာက္လွမ္းေရး အႀကီးအကဲအျဖစ္ တာ၀န္ထမ္းေဆာင္စဥ္ ႏိုင္ငံေရး လုပ္ၾကံသတ္ျဖတ္မႈ မ်ားစြာႏွင့္ လူအစုလိုက္ အျပံဳလိုက္ သတ္ျဖတ္မႈမ်ားစြာတို႔ အတြက္ တာ၀န္ရိွသူအျဖစ္ စြဲခ်က္တင္ခဲ့သည္။

လူ႔အခြင့္အေရးဆိုင္ရာ ေစာင့္ၾကည့္ေရးအဖြဲ႕ (HRW) က သူ၏ အမိန္႔ေအာက္၌ရိွေသာ တပ္မ်ားသည္ ကြန္ဂိုႏိုင္ငံ ကီဆန္ဂါနီၿမိဳ႕တြင္ ယူဂႏၶာတပ္မ်ားႏွင့္ တိုက္ခုိက္စဥ္အတြင္း ၂၀၀၀ ျပည့္ႏွစ္က အရပ္သား မ်ားစြာကို သတ္ျဖတ္ခဲ့သည္ဟု အခိုင္အမာ ေျပာၾကားခဲ့သည္။

ကုလသမဂၢသည္ အေစာပိုင္း လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈမ်ားအတြက္ ကာရာကီအေပၚ စြပ္စြဲထားခ်က္မ်ားႏွင့္ ကာရာကီကို တာ၀န္ေပးထားသည့္ ေနာက္ဆံုးကာလ ျဖစ္ေသာ ၂၀၀၈ ေအာက္တိုဘာကို ေက်ာ္လြန္ပါက ဆက္လက္ခန္႔ထားရန္ သေဘာတူထားမႈအၾကား ဗ်ာမ်ားခဲ့ရသည္။ တစ္ဖက္တြင္ အေမ ရိကန္ႏွင့္ ၿဗိတိန္တို႔က ဖိအားေပး လ်က္ရိွၿပီး တစ္ဖက္တြင္ ရ၀မ္ဒါ သမၼတ ေပါကာဂါမီက ကာရာကီကို ထုတ္ပယ္ပါက ရ၀မ္ဒါတပ္မ်ားအား လံုးကို ဒါဖာမွ ႐ုပ္သိမ္းမည္ဟု ၿခိမ္းေျခာက္ခဲ့သည္။

၂၀၁၀ ျပည့္ႏွစ္ ဧၿပီလတြင္ သမၼတ ကာဂါမီက စစ္ဦးစီး႐ံုးကို အႀကီးအက်ယ္ ေျပာင္းလဲပစ္သည့္ ေၾကညာခ်က္ တစ္ရပ္ကို ထုတ္ျပန္ခ့ဲၿပီး ရက္အနည္းငယ္ အၾကာတြင္ ကာရာကီကို အက်င့္ပ်က္မႈ စြဲခ်က္ျဖင့္လည္းေကာင္း၊ ေလတပ္အႀကီးအကဲေဟာင္း ခ်ားမူဟီရီကို ျခစားမႈ ျဖင့္လည္းေကာင္း ဖမ္းဆီးရန္ အမိန္႔ေပးခဲ့သည္။ ရ၀မ္ဒါစစ္တပ္အတြင္း ေက်ာ္ၾကားၿပီး ၾသဇာႀကီးမားေသာ အဆိုပါ ေခါင္းေဆာင္ႏွစ္ဦးသည္ ကာဂါမီႏွင့္ သေဘာထား ကြဲလြဲေနေၾကာင္း သတင္းစာမ်ား၌ ေဖာ္ျပခဲ့ၿပီးေနာက္ ယခုကဲ့သို႔ ဖမ္းဆီးမိန္႔ ထုတ္ျပန္ခဲ့ျခင္း ျဖစ္သည္။

စစ္ပြဲဆိုင္ရာ ျပစ္မႈမ်ားအတြက္ စပိန္ႏိုင္ငံမွ ေပးပို႔ေသာ ဖမ္း၀ရမ္းအရ ၂၀၁၅ ခုႏွစ္ ဇြန္ ၂၀ ရက္တြင္ လန္ဒန္ၿမိဳ႕ ဟီသ႐ိုးေလဆိပ္၌ ကာရာကီကို ဖမ္းဆီးခဲ့သည္။ ရ၀မ္ဒါႏိုင္ငံျခားေရး၀န္ႀကီး လူ၀ီမူရွီကီ၀ါဘိုက ကာရာကီကို ဖမ္းဆီးမႈအား ေစာ္ကားမႈျဖင့္ ေျပာၾကားကာ ရ၀မ္ဒါအစိုးရက တုံ႔ျပန္ခဲ့သည္။

■ ဗိုလ္မွဴးခ်ဳပ္ တင္ဦး (ျမန္မာ)

ျမန္မာႏုိင္ငံကို အာဏာရွင္စနစ္ျဖင့္ ႏွစ္ေပါင္းမ်ားစြာ အုပ္စိုးခဲ့ေသာ ဦးေန၀င္း၏ အယံုၾကည္ရဆံုး လူတစ္ဦးျဖစ္ခဲ့သူ ဦးတင္ဦး (မ်က္မွန္တင္ဦး လူသိမ်ား) သည္ မြန္ျပည္နယ္ မုဒံုၿမိဳ႕တြင္ ေမြးဖြားသည့္ မြန္အမ်ဳိးသားျဖစ္သည္။ သူသည္ ဆယ္တန္းအထိ ပညာသင္ၾကား ခဲ့ၿပီးေနာက္ ၁၉၄၅ ခုႏွစ္တြင္ ဗမာ့တပ္မေတာ္သို႔ ၀င္ေရာက္ခဲ့သည္။ တပ္မေတာ္သို႔၀င္စဥ္ သူ၏အသက္မွာ ၁၅ ႏွစ္သာ ရိွေသးေသာ္လည္း အရပ္ျမင့္ေသာေၾကာင့္ စစ္သားစုေဆာင္း သူမ်ားကို အသက္ ၁၈ ႏွစ္ ရိွၿပီဟု ယံုၾကည္ေအာင္ ေျပာႏိုင္ခဲ့သည္။ ၿဗိတိသွ်တပ္မ်ားကုိ ေခ်မႈန္းၿပီးေနာက္ ဗမာ့တပ္မေတာ္သည္ ဂ်ပန္တပ္မေတာ္ႏွင့္အတူ ၀င္ေရာက္လာစဥ္ ဦးတင္ဦးသည္ တပ္စုမွဴး ျဖစ္ခဲ့သည္။

ဦးေန၀င္းသည္ ဂ်ပန္တပ္မ်ားႏွင့္အတူ ျမန္မာႏိုင္ငံသို႔ ျပန္၀င္လာ ၿပီးေနာက္ ဦးတင္ဦးႏွင့္ မုဒံုၿမိဳ႕၌ ဆံုေတြ႕ခဲ့သည္။ ဦးတင္ဦး၏ မိဘႏွစ္ဦးစလံုးသည္ သခင္လႈပ္ရွားမႈ၌ ပါ၀င္ခဲ့သူမ်ားျဖစ္ၿပီး ဦးေန၀င္းကို သူ၏ သားေလးဦးအား ေစာင့္ေရွာက္ေပးရန္ ေမတၱာရပ္ခံခဲ့သည္။ ဦးတင္ဦးတို႔ ညီအစ္ကို ေလးဦးစလံုးသည္ စစ္တပ္သို႔ ၀င္ေရာက္ခဲ့ၿပီး ႏွစ္ဦးသည္ စစ္အတြင္း က်ဆံုးသြားခဲ့သည္။ ထို႔ေၾကာင့္ ဦးေန၀င္းသည္ ဥာဏ္ရည္ထက္ျမက္၍ အစြမ္းအစရိွေသာ ဦးတင္ဦးကို စစ္ေျမျပင္သို႔ မလႊတ္ေတာ့ဘဲ သူ၏ေစာင့္ေရွာက္မႈ ေအာက္၌ ထားရန္ ဆံုးျဖတ္ခဲ့သည္။

လြတ္လပ္ေရးရၿပီးေနာက္ ဦးတင္ဦးသည္ ရန္ကုန္တကၠသိုလ္သို႔ တက္ေရာက္ကာ စီးပြားေရးႏွင့္ သမိုင္းပညာတို႔ကို သင္ၾကားခဲ့သည္။ တကၠသိုလ္တြင္ ဦးတင္ဦးသည္ မာ့က္စ္၀ါဒကို ေလ့လာခဲ့ၿပီး လက္၀ဲ၀ါဒကို ယံုၾကည္သည့္ ေက်ာင္းသား မ်ားစြာတို႔ႏွင့္ ေတြ႕ဆံုခဲ့သည္။ ယင္းေနာက္ ဦးတင္ဦးသည္ တပ္မေတာ္သို႔ ျပန္လည္ ၀င္ေရာက္ခဲ့ၿပီးေနာက္ ဦးေန၀င္းက ထိေရာက္မႈမရိွေသာ ေထာက္လွမ္းေရး ဌာနကို ေျမလွန္ ေျပာင္းလဲပစ္ရန္ႏွင့္ စစ္ေထာက္လွမ္းေရး ဌာနကို တည္ေဆာက္ရန္ ဦးတင္ဦးက ခိုင္းေစခဲ့သည္။ ဦးေန၀င္းသည္ ဦးတင္ဦးကို ပစိဖိတ္သမုဒၵရာ အတြင္းရိွ ဆီပန္ကြၽန္းသို႔ ေစလႊတ္ကာ CIA မွ ပို႔ခ်ေသာ သင္တန္းကို တက္ေရာက္ေစခဲ့သည္။ ယင္းေနာက္ အဂၤလန္တြင္ ဖြင့္လွစ္ေသာ ေတာ္၀င္ စစ္ရဲသင္တန္းကိုလည္း တက္ေရာက္ေစခဲ့သည္။

၁၉၆၂ ခုႏွစ္တြင္ ဦးေန၀င္းက အာဏာသိမ္းယူၿပီးေနာက္ ေရၾကည္အိုင္တြင ္ထိန္းသိမ္း ထားေသာ ႏိုင္ငံေရး အက်ဥ္းသားမ်ားကို ႀကီးၾကပ္ရန္ ဦးတင္ဦးကို တာ၀န္ေပးခဲ့သည္။ အဆိုပါ အက်ဥ္းသားမ်ားထဲတြင္ သမၼတေဟာင္း မန္း၀င္းေမာင္ႏွင့္ ၀န္ႀကီးခ်ဳပ္ေဟာင္း ဦးႏုတို႔ ပါ၀င္ခဲ့သည္။ ဦးတင္ဦးသည္ ဦးႏုႏွင့္ အစုိးရ အဖြဲ႕၀င္မ်ားကို ကယ္ဆယ္ရန္ ႀကိဳးပမ္းမႈမွန္သမွ်ကို တားဆီးႏုိင္ရန္ ျပင္ဆင္မႈမ်ား ျပဳလုပ္ခဲ့သည္။ ယင္းတြင္ ႏုိင္ငံျခား တိုင္းျပည္တစ္ခုမွ အထူးတပ္ဖြဲ႕မ်ားက ေလေၾကာင္းမွ စီးနင္းမႈ သို႔မဟုတ္ ရဟတ္ယာဥ္အသံုးျပဳ စစ္ဆင္မႈတို႔ကို ကာကြယ္ရန္ အမွတ္ (၄) ဗမာ့ေသနတ္ကိုင္ တပ္ရင္း၏ အကူအညီျဖင့္ ေဆာင္ရြက္ခဲ့သည္။

ဦးတင္ဦးသည္ ဦးေန၀င္းအား လုပ္ၾကံရန္ ႀကိဳးပမ္းမႈ မ်ားစြာတို႔ကို ေဖာ္ထုတ္ႏုိင္ခဲ့ေသာေၾကာင့္ အာဏာရွင္ ဦးေန၀င္းက အလြန္အထင္ႀကီးခဲ့သည္။ ၎အျပင္ ဦးတင္ဦးသည္ အလံျဖဴကြန္ျမဴနစ္ ပါတီေခါင္းေဆာင္ သခင္သန္းထြန္း အမွန္တကယ္ ေသဆံုးျခင္း ရိွ၊ မရိွ အတည္ျပဳရန္အတြက္ အခင္းျဖစ္ပြားရာသို႔ သြားေရာက္ခဲ့ဖူးသည္။

ယင္းအခ်ိန္က ဦးတင္ဦးသည္ ေထာက္လွမ္းေရး အႀကီးအကဲ မျဖစ္ေသးေပ။ ေထာက္လွမ္းေရးဌာန၌ ဌာနတြင္း ပဋိပကၡ ျဖစ္ပြားေနသည္။ ယင္းပဋိပကၡတြင္ တစ္ဘက္၌ ဗိုလ္မွဴးႀကီးေမာင္လြင္ (ႏႈတ္ခမ္းေမြး ေမာင္လြင္ဟု လူသိမ်ား) ရိွေနသည္။ ဗိုလ္မွဴးႀကီး ေမာင္လြင္သည္ ဦးေန၀င္းအေပၚ သစၥာရိွသူ ျဖစ္ေသာ္လည္း သူ၏ေထာက္လွမ္းေရး ဌာနကို မခံခ်င္စိတ္ျဖင့္ ကာကြယ္လ်က္ရိွသည္။ အျခားတစ္ဘက္၌ ဗိုလ္မွဴးခ်ဳပ္ေမာင္ေမာင္ ရိွေနသည္။ ဗိုလ္မွဴးခ်ဳပ္ေမာင္ေမာင္သည္ ဦးေန၀င္း၏ ခ်ီးက်ဴးမႈကို ခံရသူျဖစ္ၿပီး ရန္ကုန္ ၿမိဳ႕ရိွ အေမရိကန္သံ႐ံုး၌ CIA အရာရိွမ်ား၏ သင္တန္းေပးမႈအျပင္ အေထာက္အကူေပးမႈကိုပါ ရရိွသူတစ္ဦးျဖစ္သည္။ ဦးေန၀င္းသည္ ၎တို႔၏ ရန္စကို ေျဖရွင္းရန္ ၁၉၆၁ ခုႏွစ္ ေဖေဖာ္၀ါရီတြင္ ဗိုလ္မွဴးခ်ဳပ္ေမာင္ေမာင္အား ထုတ္ပယ္လိုက္ျခင္းျဖင့္ ေျဖရွင္းခဲ့သည္။ ထို႔ေၾကာင့္ ဦးတင္ဦးသည္ ထိပ္ပိုင္းရာထူးကို အလ်င္အျမန္ ရရိွသြားသည္။

ယင္းအခ်ိန္က ဦးေန၀င္းသည္ ျပည္ပသို႔ သြားသည့္အခါတိုင္း အဂၤလိပ္-ျမန္မာ ကျပား စစ္ဦးစီးမွဴး ဦးေက်ာ္စြာျမင့္ကို ေခၚသြားေလ့ရိွသည္။ ေနာက္ပိုင္းတြင္ ဦးေက်ာ္စြာျမင့္သည္ ျမန္မာ့ဆိုရွယ္လစ္လမ္းစဥ္ကို မႀကိဳက္ေၾကာင္းႏွင့္ ဦးေန၀င္းကို သတ္ျဖတ္ရန္ စီစဥ္ခဲ့ေၾကာင္း ေပၚထြက္လာခဲ့သည္။ လုပ္ၾကံမႈ မေအာင္ျမင္ဘဲ ဦးေက်ာ္စြာျမင့္သည္ ထိုင္းနယ္စပ္မွတစ္ဆင့္ ၾသစေၾတးလ်သို႔ ထြက္ေျပးခဲ့ရသည္။ သို႔ေသာ္ ဦးေက်ာ္စြာျမင့္ ျမန္မာႏိုင္ငံမွ မထြက္ခြာမီ ပဲခူး႐ိုးမတြင္ရိွေသာ ဦးတင္ဦး၏ သူလွ်ိဳကြန္ရက္က ဦးေက်ာ္စြာျမင့္သည္ ပဲခူး႐ိုးမေဒသ၌ ရိွေၾကာင္း ေဖာ္ထုတ္ခဲ့သည္။

ဦးတင္ဦးသည္ စစ္႐ံုးသို႔ အလ်င္အျမန္ ေမးျမန္းစံုစမ္းခဲ့သည္။ သို႔ေသာ္ ျပန္ၾကားခ်က္ မရခဲ့ေပ။ ဗိုလ္မွဴးႀကီးေမာင္လြင္က ယင္းကိစၥကို ဦးေန၀င္းထံ သတင္းပို႔ရမည္ကို ေၾကာက္လန္႔ေနေသာေၾကာင့္ ျဖစ္သည္။ သို႔ေသာ္ ဦးတင္ဦးသည္ သူ၏ဆရာ ဦးေန၀င္းထံ တိုက္႐ိုက္သြားကာ သတင္းပို႔ခဲ့သည္။ ယင္းေနာက္ ဦးေန၀င္းသည္ ဦးတင္ဦးကို စစ္႐ံုး၌ ခန္႔ထားခဲ့သည္။ ထို႔ေနာက္ ဦးတင္ဦးသည္ အမ်ဳိးသား ေထာက္လွမ္းေရးဗ်ဴ႐ို၏ အႀကီးအကဲ ျဖစ္လာသည္။ ၎အျပင္ ဦးေန၀င္းသည္ သမၼတ၏ စစ္ေထာက္ခ်ဳပ္ ဟူသည့္ ရာထူးတစ္ခု တီထြင္ကာ ဦးတင္ဦးကို ေပးခဲ့သည္။ ယင္းရာထူးသည္ စစ္ဦးစီးခ်ဳပ္ရာထူးထက္ ပို၍ အာဏာရိွသည္။

သို႔ေသာ္ ဦးတင္ဦးသည္ တိုက္ပြဲအေတြ႕အၾကံဳ နည္းပါးသည့္အတြက္ တပ္တြင္းရိွ သူ၏ ၿပိဳင္ဘက္မ်ားက ယင္းအားနည္းခ်က္ကို အသံုးျပဳလ်က္ သူ၏ ၾသဇာအာဏာကို ယုတ္ေလ်ာ့ေအာင္ ျပဳလုပ္မည္ကို ဦးတင္ဦး သိေနသည္။ ထို႔ေၾကာင့္ ဦးတင္ဦးက ခိုင္မာေသာ ေထာက္လွမ္းေရးမရိွပါက စစ္ေျမျပင္တြင္ ေအာင္ပြဲမရႏိုင္ေၾကာင္း စစ္တပ္မွ အရာရိွမ်ားကို သိေအာင္ျပဳလုပ္ျခင္းျဖင့္ သူ႔အေပၚ ယံုၾကည္မႈရရန္ ႀကိဳးပမ္းသည္။

တပ္မေတာ္က ၁၉၇၀ ျပည့္လြန္ ႏွစ္မ်ားအတြင္း ကြန္ျမဴနစ္မ်ားႏွင့္ တိုင္းရင္းသား လက္နက္ကိုင္မ်ားကို အဓိက စစ္ဆင္ေရးေပါင္းမ်ားစြာ ျပဳလုပ္သည့္အခါ ဦးတင္ဦးႏွင့္ သူ၏ ေထာက္လွမ္းေရး အဖြဲ႕၀င္မ်ားသည္ စစ္ဦးစီးမွဴးမ်ားကို အေထာက္အကူ ျဖစ္ေစသည့္ ေထာက္လွမ္းေရး အခ်က္အလက္မ်ားရရိွရန္ ႀကိဳးပမ္းေပးခဲ့သည္။ ဦးတင္ဦးသည္ ကြန္ျမဴနစ္တို႔၏ ေျခကုပ္စခန္းျဖစ္ခဲ့သည့္ ပဲခူး႐ိုးမေဒသသို႔ ကိုယ္တိုင္သြားေရာက္ကာ စစ္ဆင္ေရးမွဴးမ်ားကို ကူညီခဲ့သည္။

ဦးတင္ဦးသည္ လွ်ိဳ႕၀ွက္ရန္ပံုေငြတစ္ရပ္ကို စီမံကာ ျပည္တြင္းျပည္ပ ေထာက္လွမ္းမႈ စစ္ဆင္ေရးမ်ားအတြက္ အသံုးျပဳခဲ့သည္။ ယင္းတြင္ ႏုိင္ငံရပ္ျခားရိွ ျမန္မာသံ႐ံုး ၀န္ထမ္းမ်ားႏွင့္ ထိုင္း၊ တ႐ုတ္ႏွင့္ ဘဂၤလားေဒ့ရွ္ နယ္စပ္တစ္ေလွ်ာက္ တက္ၾကြစြာ လႈပ္ရွားေနေသာ ျပည္ေျပးအုပ္စုမ်ား ကဲ့သို႔ေသာ ျပည္ပ၌ ေနထိုင္သည့္ ျမန္မာမ်ားကို ေစာင့္ၾကည့္ရန္လည္း ပါ၀င္သည္။ ဦးတင္ဦးသည္ ဆြစ္ဇာလန္ဘဏ္တြင္ လွ်ိဳ႕၀ွက္စြာ အပ္ႏွံထားသည့္ ဦးေန၀င္း၏ေငြမ်ား ျပန္လည္ရရိွေအာင္လည္း ကူညီခဲ့သည္ဟု ဆိုၾကသည္။ ဦးေန၀င္းသည္ အစိုးရအဖြဲ႕၌ လည္းေကာင္း၊ စစ္တပ္၌လည္းေကာင္း ထိပ္ပိုင္းရာထူးမ်ားကို ခန္႔အပ္ရန္ ရိွသည့္အခါ မဆံုးျဖတ္မီ ဦးတင္ဦးႏွင့္ ဦးစြာတိုင္ပင္သည္အထိ ဦးတင္ဦးအေပၚ မီွခိုအားထားခဲ့သည္။

သုိ႔ေသာ္ ဦးေန၀င္းအတြက္ ၿပိဳင္ဘက္ ျဖစ္လာႏိုင္ဖြယ္ရိွေသာ အျခားသူမ်ားကဲ့သို႔ပင္ ဦးတင္ဦးသည္ စိတ္အေျပာင္းအလဲျမန္ေသာ ဦးေန၀င္း၏ သံသယ ျဖစ္မႈကိုခံခဲ့ရၿပီး စစ္ဘက္ဆိုင္ရာ အလြဲသံုးစားမႈ စြဲခ်က္မ်ားျဖင့္ ေထာင္ထဲ၌ ေျခာက္ႏွစ္ေက်ာ္ ေနခဲ့ရသည္။ ေထာင္ဒဏ္ ႏွစ္ ၂၀ ခ်မွတ္ျခင္း ခံခဲ့ရသည့္ ဦးတင္ဦးသည္ ၁၉၈၈ ခုႏွစ္တြင္ ေထာင္မွလြတ္ေျမာက္ခဲ့သည္။ ယင္းေနာက္ ၁၉၉၈ ခုႏွစ္ ဒီဇင္ဘာ ၃၁ ရက္ အသက္ ၇၁ ႏွစ္အရြယ္တြင္ ႏွလံုးေရာဂါျဖင့္ ကြယ္လြန္ခဲ့သည္။

■ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ခင္ညြန္႔ (ျမန္မာ)

ဒုတိယဗိုလ္ခ်ဳပ္ႀကီး ခင္ညြန္႔သည္ တ႐ုတ္ႏြယ္ဖြား တစ္ဦးျဖစ္ၿပီး ေထာက္လွမ္းေရး အႀကီးအကဲအျပင္ ၀န္ႀကီးခ်ဳပ္အျဖစ္ ၂၀၀၃ ခုႏွစ္ ၾသဂုတ္ ၂၅ ရက္မွ ၂၀၀၄ ခုႏွစ္ ေအာက္တိုဘာ ၁၈ ရက္အထိ ထမ္းေဆာင္ခဲ့သည္။ ယင္းေနာက္ သူသည္ ျခစားမႈျဖင့္ စြဲခ်က္တင္ခံရၿပီး ေနအိမ္အ က်ယ္ခ်ဳပ္ဘ၀ျဖင့္ ခုနစ္ႏွစ္ ေနခဲ့ရသည္။

၁၉၈၈ ခုႏွစ္မွ ရာထူးမွ ဖယ္ရွားခံရသည့္ ၂၀၀၄ ခုႏွစ္အထိ ဦးခင္ညြန္႔သည္ လူေပါင္း ၁၀,၀၀၀ ကို ဖမ္းဆီးထိန္းသိမ္း ခဲ့သူအျဖစ္ ႐ႈျမင္ခံရသည္။ ဖမ္းဆီးထိန္းသိမ္းခံရသူ အမ်ားအျပားသည္ ႏိွပ္စက္ညႇဥ္းပန္း ခံရျခင္းႏွင့္ တစ္ဘက္သတ္ မတရား စြဲဆိုမႈမ်ားကို ခံရကာ ဆယ္စုႏွစ္လိုက္ခ်ီေသာ ႏွစ္ႀကီးေထာင္ဒဏ္မ်ား ခ်မွတ္ခံရျခင္းတို႔ကို ၾကံဳေတြ႕ရသည္။

ဒါဇင္ေပါင္းမ်ားစြာေသာ သူ၏စစ္ေထာက္လွမ္းေရး ဌာနတို႔သည္ အတိုက္အခံ လႈပ္ရွားသူမ်ားကို ေႏွာင့္ယွက္ျခင္း၊ ညႇဥ္းပန္းႏိွပ္စက္ျခင္းႏွင့္ ဖမ္းဆီးထိန္းသိမ္းျခင္းတို႔ ျပဳလုပ္ခဲ့သည္။ သူ၏ စစ္ေထာက္လွမ္းေရးဌာနမွ လူမ်ားကို ႏိုင္ငံအတြင္းရိွ အဖြဲ႕အစည္း အားလုံးနီးပါးထဲသို႔ ထိုးေဖာက္ ျဖန္႔က်က္ထားၿပီး အိမ္နီးခ်င္း ႏုိင္ငံတိုင္းနီးပါး၌ သူလွ်ိဳကြန္ရက္မ်ားကို ျဖန္႔ခ်ထားသည္။ ေထာက္လွမ္းေရး သူလွ်ိဳ႕မ်ားကို အေကာက္ခြန္ဌာန၊ လူ၀င္မႈ ႀကီးၾကပ္ေရးဌာနႏွင့္ ရဲဌာမ်ား၌ ေနရာခ်ထားၿပီး သူ၏ စစ္ေထာက္လွမ္းေရး အရာရိွမ်ားသည္ ထိပ္တန္းဗိုလ္ခ်ဳပ္ႀကီးမ်ား အပါအ၀င္ အျခားအႀကီးတန္း စစ္ဘက္ဆိုင္ရာ အရာရိွမ်ားကိုပင္ ထိန္းခ်ဳပ္ေစာင့္ၾကည့္ခဲ့သည္။

တကၠသိုလ္ေကာလိပ္မ်ားကို ပိတ္ပစ္ခဲ့ၿပီး ယင္းတကၠသိုလ္ ေကာလိပ္မ်ားကို ေ၀းလံလွေသာ အရပ္မ်ား၌ ေထာက္ကူပစၥည္း မျပည့္မစံုျဖင့္ ျပန္လည္ေနရာ ခ်ထားၿပီးမွသာ ျပန္လည္ဖြင့္လွစ္ခဲ့မႈ၌ ဦးခင္ညြန္႔သည္ အဓိက အက်ဆံုး လူျဖစ္သည္။ အသစ္ျပန္လည္ ေနရာခ်ထားလိုက္သည့္ ေနရာမ်ား၌ ေက်ာင္းသားမ်ားသည္ ဆႏၵျပပြဲမ်ား အတြက္ လူစုရန္ ခက္ခဲသြားသကဲ့သို႔ အဓိပၸာယ္ရိွသည့္ ပညာေရးကိုလည္း ရရိွႏိုင္ျခင္း မရိွေတာ့ေပ။

၂၀၀၄ ခုႏွစ္ ေအာက္တိုဘာ ၁၈ ရက္တြင္ ႏိုင္ငံေတာ္ ေအးခ်မ္းသာယာေရးႏွင့္ ဖြံ႕ၿဖိဳးေရး ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မွဴးႀကီး သန္းေရႊက ဦးခင္ညြန္႔ကို က်န္းမာေရးအရ ႏုတ္ထြက္ရန္ ခြင့္ျပဳေၾကာင္း အမိန္႔ထုတ္ျပန္ခဲ့သည္။ သို႔ေသာ္ ဦးခင္ညြန္႔ကို ခ်က္ခ်င္းဖမ္းဆီးခဲ့ၿပီး အေစာင့္အေရွာက္ျဖင့္ အက်ဥ္းခ်ထားခဲ့သည္။

ရက္ေပါင္းမ်ားစြာ ၾကာၿပီးေနာက္ ဦးခင္ညြန္႔ကို ျခစားမႈျဖင့္ တရား၀င္ စြဲခ်က္တင္ခဲ့သည္။ ၂၀၀၅ ခုႏွစ္ ဇူလိုင္ ၅ ရက္တြင္ အင္းစိန္ေထာင္အတြင္း အထူးခံု႐ံုးဖြဲ႕ကာ ဦးခင္ညြန္႕အား ျခစားမႈစြဲခ်က္ အမ်ဳိးမ်ဳိးျဖင့္ တရားစြဲဆိုရန္ ႀကိဳးပမ္းခဲ့သည္။ သူ႔အား ေထာင္ဒဏ္ ၄၄ ႏွစ္ ခ်မွတ္ခဲ့သည့္ဟု ဆိုေသာ္လည္း သူသည္ ေထာင္ထဲ၌ မေနရဘဲ ေနအိမ္အတြင္း၌သာ အက်ယ္ခ်ဳပ္ က်ခံခဲ့ရသည္။ ဦးခင္ညြန္႔၏ သားႏွစ္ဦးကိုလည္း ေထာင္ဒဏ္ ၅၁ ႏွစ္ႏွင့္ ၆၈ ႏွစ္စီ ခ်မွတ္ခဲ့သည္ဟုဆိုသည္။ သူ၏ ဇနီးကိုမူ ေထာင္ဒဏ္ခ်မွတ္ခဲ့ျခင္း ရိွ၊ မရိွ မသိရေပ။

၂၀၀၉ ခုႏွစ္ ဇူလိုင္လအတြင္း ဦးခင္ညြန္႔ေနအိမ္၌ ရိွေနစဥ္ ၀န္ႀကီးေဟာင္း ဗိုလ္မွဴးခ်ဳပ္ တင့္ေဆြက လာေရာက္ေခၚေဆာင္ပံု ဗီဒီယိုဖိုင္သည္ အြန္လိုင္း၌ ပ်ံ႕ႏွံ႔ခဲ့သည္။ ယင္းသည္ ၂၀၀၈ ခုႏွစ္ မတ္လေနာက္ပိုင္း ဦးခင္ညြန္႔ႏွင့္သူ၏ ဇနီးတို႔ ပထမဆံုး ေနအိမ္ျပင္ပသို႔ ထြက္ခြင့္ရျခင္း ျဖစ္သည္။ ၂၀၁၀ ျပည့္ႏွစ္ ဒီဇင္ဘာလတြင္ ဦးခင္ညြန္႔၊ ရဲခ်ဳပ္ဦးခင္ရီႏွင့္ အျခားအႀကီးတန္း ရဲအရာရိွမ်ား ေတြ႕ဆံုေနပံု ဗီဒီယိုဖိုင္သည္ YouTube မွတစ္ဆင့္ ပ်ံ႕ႏွံ႔ခဲ့ျပန္သည္။ ၂၀၁၂ ခုႏွစ္ ဇန္န၀ါရီ ၁၂ ရက္တြင္ သမၼတဦးသိန္းစိန္၏ အမိန္႔ျဖင့္ ဦးခင္ညြန္႔ ေနအိမ္အက်ယ္ခ်ဳပ္မွ လြတ္ ေျမာက္ခဲ့သည္။
Eleven Media Group 

Website Link ----->>> http://goo.gl/qawjeL
........................................
(Written By: နရီမင်း)

စစ်ထောက်လှမ်းရေးဟူသည် စစ်ဘက်ဆိုင်ရာ ကွပ်ကဲရေးအဖွဲ့ ဖြစ်သည်။ မြောက်မြား လှစွာသော အချက်အလက်များကို စုဆောင်း၍ သုံးသပ်မှုများ ပြုလုပ်ရသည်။ စစ်ဦးစီးမှူးများ ဆုံးဖြတ်ချက် ချနိုင်ရန်အတွက် လမ်းညွှန်ချက်များနှင့် ညွှန်ကြားချက်များ ထောက်ပံ့နိုင်ရေးကို ဦးတည်ရသည်။ အတိုင်းအတာ ကျယ်ပြောလှသော ရင်းမြစ်များမှနေ၍ ရနိုင်သမျှသော အချက်အလက်များကို စုဆောင်း၍ သုံးသပ်ကာ စစ်ဆင်ရေး အစီအစဉ်များနှင့် လှုပ်ရှားမှု အစီအစဉ်များအတွက် မေးခွန်းများကို တုံ့ပြန်နိုင်ရန်လည်းကောင်း၊ စစ်ဆင်ရေး လိုအပ်ချက်များအတွက် လည်းကောင်း စစ်ဦးစီးမှူးများအား ညွှန်ကြားချက်များ ပေးရသည်။ ယင်းအတွက် အချက်အလက်များ စုဆောင်းခြင်း၊ သုံးသပ်ခြင်းနှင့် ဖြန့်ဖြူးခြင်း လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပေါ်လာသည်။

စစ်ထောက်လှမ်းရေး၏ လေ့လာမှုဧရိယာ၌ စစ်ဆင်ရေးဝန်းကျင်၊ ရန်သူ၊ မိတ်ဆွေနှင့် ကြားနေအင်အားစုများ၊ စစ်ဆင်ရေး နယ်မြေအတွင်းရှိ အရပ်သားများအပြင် အခြားပို၍ ကျယ်ပြန့်သော သက်ဆိုင်ရာနယ်ပယ်များ ပါ၀င်သည်။ စစ်ထောက်လှမ်းရေး လုပ်ဆောင်ချက်များကို နည်းဗျူဟာနှင့် ဆိုင်သောမှသည် မဟာဗျူဟာနှင့် ဆိုင်သောအထိ အဆင့်များအားလုံး၊ ငြိမ်းချမ်းသောကာလနှင့် အသွင်ကူးပြောင်းရေး ကာလမှသည် စစ်ဖြစ်ပွားနေသည့် အချိန်အထိ ကာလအားလုံး ဆောင်ရွက်သည်။ အစိုးရအများစုသည် စစ်ထောက်လှမ်းရေးများ၏ အချက်အလက် စုဆောင်းမှုနှင့် သုံးသပ်မှု လုပ်ဆောင်နိုင်စွမ်းကို အထူးအဖွဲ့များနှင့်ရော အခြားအဖွဲ့ခွဲများ၊ အဖွဲ့စည်းများနှင့်ပါ ထိန်းထားသည်။ နိုင်ငံရေးနှင့် စစ်ရေးလှုပ်ရှားမှုများကို သတင်းပေးနိုင်ရန် စစ်ထောက်လှမ်းရေးသည် အရပ်ဘက် ထောက်လှမ်းရေးနှင့် ပူးပေါင်းဆောင်ရွက်ရသည်။

နိုင်ငံတစ်နိုင်ငံတွင် စစ်ထောက်လှမ်းရေးများသည် သဘောသဘာဝ အရကိုက လွန်စွာအရေးပါသည်။ ထို့ကြောင့် အထူးသဖြင့် အာဏာရှင် နိုင်ငံများတွင် စစ်ထောက်လှမ်းရေး အကြီးအကဲများသည် ၎င်းတို့ကိုယ်တိုင် အာဏာရှင်များ သို့မဟုတ် အာဏာရှင်၏ လက်ကိုင်တုတ်များ ဖြစ်လာကြသည်။ စစ်ထောက်လှမ်းရေး အကြီးအကဲများ သြဇာကြီးမား၍ လာသည်။ အာဏာရှင်များသည် ပြည်သူလူထုအား ပြားပြားဝပ်နေအောင် ဖိနှိပ်ရန်နှင့် အတိုက်အခံများကို နှိပ်ကွပ်ရန် စစ်ထောက်လှမ်းရေးများကို အသုံးပြုကြသည်။ ထို့ကြောင့် စစ်ထောက်လှမ်းရေးများ အနေဖြင့် ကိုယ်ကျိုးရှာခြင်းနှင့် အာဏာ အလွဲသုံးစား ပြုလုပ်ခြင်းတို့ ပြုလာကြသည်။

အာဏာအလွဲ သုံးစားပြုခဲ့ပြီး ဇာတ်သိမ်းမလှသည့် သြဇာအာဏာ ကြီးမားခဲ့သော စစ်ထောက်လှမ်းရေး အကြီးအကဲအချို့ကို ဖော်ပြပေးလိုက်ပါသည်။ ယင်းကဲ့သို့သော စစ်ထောက်လှမ်းရေး အကြီးအကဲများစွာ ရှိခဲ့သည့်အနက် အနီးကပ်ဆုံး ကာလအတွင်းမှ အချို့ကိုသာ ရွေးချယ်ဖော်ပြထားခြင်း ဖြစ်ပါသည်။

■ အဗ္ဗဒူလာ ဆီနုစီ (လစ်ဗျား)

ဆီနုစီသည် လစ်ဗျားအာဏာရှင် မွမ်မာကဒါဖီ၏ စစ်ထောက်လှမ်းရေး အကြီးအကဲအပြင် ယောက်ဖတော်သူလည်း ဖြစ်သည်။ ဆီနုစီသည် ကဒါဖီ၏ ခယ်မနှင့် လက်ထပ်ထားသူဖြစ်သည်။

ဆီနုစီ၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် ပတ်သက်၍ မကောင်းသတင်း ကျော်ကြားမှုများသည် ၁၉၇၀ ပြည့်လွန်နှစ်များ ကတည်းက စခဲ့သည်။ ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း လစ်ဗျားနိုင်ငံ၏ ပြည်တွင်းလုံခြုံရေးကို ဦးဆောင်ခဲ့ပြီး ကဒါဖီအား ဆန့်ကျင်သူများစွာတို့ကို သတ်ဖြတ်ခဲ့သည်။ သူ့အား လစ်ဗျားနိုင်ငံ၏ စစ်ထောက်လှမ်းရေး အကြီးအကဲဟု ဖော်ပြကြသော်လည်း ယင်းကဲ့သို့သော တရားဝင်ရာထူး အမှန်တကယ် ရှိ၊ မရှိ ရေရာစွာ သိရှိရခြင်း မရှိပေ။

ဆီနုစီကို ၁၉၈၉ ခုနှစ်က နိုင်ဂျာနိုင်ငံ အထက်ကောင်းကင်တွင် လူပေါင်း ၁၇၀ သေဆုံးခဲ့ရသည့် ခရီးသည်တင် လေယာဉ်ဗုံး ပေါက်ကွဲမှုအတွက် ၁၉၉၉ ခုနှစ်၌ ပြင်သစ်နိုင်ငံတွင် မျက်ကွယ်တရား စီရင်မှုအဖြစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် အဘူဆလင်း အကျဉ်းထောင်၌ အကျဉ်းသား ၁၂၀၀ ကို အစုလိုက် အပြံုလိုက် သတ်ဖြတ်ခဲ့မှု၌ တာဝန်ရှိသူသည် ဆီနုစီဖြစ်သည်ဟု လစ်ဗျားနိုင်ငံသားများက ယုံကြည်ကြသည်။ ၂၀၀၃ ခုနှစ်၌ ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား အဗ္ဗဒူလာကို လုပ်ကြံရန် ကြိုးပမ်းမှုအား ကြိုးကိုင်ခဲ့သူမှာ ဆီနုစီ ဖြစ်သည်ဟုလည်း ယုံကြည်ကြသည်။

အမေရိကန်သံတမန် အသိုင်းအဝိုင်းက ဆီနုစီသည် ကဒါဖီ၏ ဆေးကုသမှုခံယူရန် အစီအစဉ်များစွာကို ဆောင်ရွက်ပေးသည့် လူယုံတော် ဖြစ်ကြောင်း ဖော်ပြကြသည်။ ၂၀၁၁ ခုနှစ် လစ်ဗျားပြည်တွင်းစစ်အတွင်း ဘင်ဟာဇီမြို့တွင် အကျအန စီစဉ်ထားသော သတ်ဖြတ်မှုများကို ဆောင်ရွက်ခြင်းနှင့် နိုင်ငံခြား တိုက်ခိုက်ရေး သမားများ စုဆောင်းခြင်းတို့ အတွက်လည်း တာဝန်ရှိသူမှာ ဆီနုစီဖြစ်ကြောင်း ဖော်ပြကြသည်။

၂၀၁၂ ခုနှစ် မတ် ၁၇ ရက်တွင် ဆီနုစီကို မော်ရစ်တေးနီးယားနိုင်ငံ လေဆိပ်တွင် ဖမ်းဆီးရမိခဲ့ပြီး လစ်ဗျားအစိုးရသစ်က သူ့အား လစ်ဗျားနိုင်ငံသို့ လွှဲပြောင်းပေးရန် တောင်းဆိုခဲ့သည်။ ၂၀၁၂ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် မော်ရစ်တေးနီးယား နိုင်ငံက လစ်ဗျားအာဏာပိုင်များထံ ဆီနုစီကို လွှဲပြောင်းပေးခဲ့သည်။ လစ်ဗျားနိုင်ငံက ဆီနုစီကို ကဒါဖီ၏ အရင်းနှီးဆုံး လက်ထောက်အဖြစ် ဆောင်ရွက်စဉ်အတွင်း ကျူးလွန်ခဲ့သော ပြစ်မှုများဖြင့် တရားစီရင်ရန် ကြိုးပမ်းနေသည်။

■ အဒေါ့ဖီရှီမီရီမားနား (ဘူရွန်ဒီ)

ဒုတိယဗိုလ်ချုပ်ကြီး အဒေါ့ဖီ ရှီမီရီမားနားသည် ပြည်တွင်းလုံခြံုရေးအတွက် သမ္မတ ထိပ်တန်းအကြံပေးနှင့် သမ္မတ ပီးယားကူရွန်ဇီဇာ၏ အနီးကပ်ဆုံး နိုင်ငံရေး မဟာမိတ် ဖြစ်သည်။ လေ့လာသူများက သူ့ကို ဘူရွန်ဒီ စစ်ထောက်လှမ်းရေး အကြီးအကဲအဖြစ် သတ်မှတ်ကြသည်။ သူသည် နိုင်ငံရေး ခြိမ်းခြောက်မှုများနှင့် လုပ်ကြံသတ်ဖြတ်မှုများကို ကြိုးကိုင်ခဲ့သူ ဖြစ်သည်ဟု ဆိုသည်။

၂၀၁၅ ခုနှစ်တွင် သမ္မတ ပီးယားကူရွန်ဇီဇာသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီဘဲ တတိယမြောက် သက်တမ်းအတွက် ထမ်းဆောင်ရန် ကြိုးပမ်းသောကြောင့် နိုင်ငံအတွင်း၌ ဆန့်ကျင်မှုများနှင့် မငြိမ်မသက် ဖြစ်မှုများ ဖြစ်ပေါ်ခဲ့သည်။ ရှီမီရီမားနားသည် ၂၀၁၅ မေလ၌ ကူရွန်ဇီဇာကို ဆန့်ကျင်အာဏာသိမ်းရန် ကြိုးပမ်းမှုကို နှိမ်နင်းခဲ့သည့်အပြင် အတိုက်အခံ ဆန္ဒပြသူ များကို ရက်ရက်စက်စက် နှိမ်နင်းခဲ့သူလည်း ဖြစ်သည်။ လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ (HRW) က သမ္မတကို ၀န်းရံထားသည့် သဘောထား တင်းမာသူများထဲ၌ အဓိကလူအဖြစ် ရှီမီရီမားနားကို သတ်မှတ်ထားသည်။ ၂၀၁၅ ခု နှစ်လယ်ပိုင်း၌ ဆက်လက်ဖြစ်ပွားသော လမ်းပေါ်ဆန္ဒပြမှုများနှင့် မငြိမ်မသက်မှုများကို နှိမ်နင်းချိန်၌ ရှီ မီရီမားနား၏ သြဇာပိုမို ကြီးမားလာသည်။ ဘူဂျမ်ဘူရာမြို့တွင် လမ်းပေါ်ဆန္ဒပြသူများကို ရက်စက်စွာ နှိမ်နင်းမှုကြောင့် လူပေါင်း ၁၀၀ ထက်မနည်း သေဆုံးခဲ့ရသည်။ အကြမ်းဖက်မှုများကို ကြောက်လန့်သောကြောင့် လူပေါင်း ၁၀၀,၀၀၀ သည် ဘူရွန်ဒီနိုင်ငံကို စွန့်ခွာထွက်ပြေး ခဲ့ကြရသည်။

ရှီမီရီမားနားသည် လူ့အခွင့်ရေ းလှုပ်ရှားသူများနှင့် ဆန္ဒပြသော အရပ်သားများကို ဖမ်းဆီးနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းတို့အား ကြိုးကိုင်ခဲ့သူဖြစ်သည်။ အစိုးရ၏ ခြစားမှုကို ဝေဖန်ခဲ့သော အသက်ကြီးသည့် အီတလီသီလရှင် သုံးဦးကို သတ်ဖြတ်ရန် အမိန့်ပေးခဲ့သူ ဖြစ်သည်ဟုလည်း စွပ်စွဲကြသည်။ လွန်ခဲ့သည့်နှစ် ဆောင်းရာသီအတွင်း အဆိုပါ သီလရှင်သုံးဦးသည် မုဒိမ်းကျင့်ခံရကာ ခေါင်းဖြတ်သတ်ဖြတ်ခြင်း ခံခဲ့ရသည်။

၂၀၁၅ ခုနှစ် သြဂုတ် ၂ ရက်တွင် ဘူဂျမ်ဘူရာမြို့၌ပင် စစ်တပ်ယူနီဖောင်းကိုပင် ၀တ်ဆင်ထားသော သေနတ်သမားများသည် ရှီမီရီမားနားနှင့် သူ့၏ ကိုယ်ရံတော်များ လိုက်ပါလာသည့် ကားတစ်စီးကို ရော့ကက်လောင်ချာဖြင့် ပစ်ခတ်ခဲ့သည်။ သေနတ် သမားများသည် ရှီမီရီမားနား သေ မသေ အနီးကပ် လာရောက်စစ်ဆေး အတည်ပြုပြီးမှ ပြန်လည်ထွက်ခွာ သွားခဲ့သည်။

■ ကာရန်ဇီကာရာကီ (ရဝမ်ဒါ)

ရဝမ်ဒါနိုင်ငံ၏ အမျိုးသား ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ် ကာရန်ဇီကာရာကီသည် ယခင်ရဝမ်ဒါ အစိုးရလက်ထက်က ဒုက္ခသည်အဖြစ် ယူဂန္ဓာနိုင်ငံတွင် ကြီးပြင်းခဲ့သူဖြစ်သည်။ မာကီရီရီတက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး နောက်ပိုင်းတွင် ရဝမ်ဒါမျိုးချစ်တပ်ဦးသို့ဝင် ရောက်ကာ ရဝမ်ဒါပြည်တွင်းစစ် (၁၉၉၀-၁၉၉၄) တွင် ပါ၀င်ဆင်နွှဲခဲ့သည်။

ကာရာကီသည် တောင်အာဖရိက စစ်ကောလိပ်၏ အကြီးတန်း စစ်ဦးစီးမှူးကောလိပ်နှင့် ကင်ညာနိုင်ငံ အမျိုးသား ကာကွယ်ရေး ကောလိပ်များ၌ ပညာသင်ကြားခဲ့သည်။ ယူဂန္ဓာနိုင်ငံ မာကီရီရီတက္ကသိုလ်မှ စီးပွားရေးပညာဘွဲ့၊ ကင်ညာနိုင်ငံ နိုင်ရိုဘီ တက္ကသိုလ်မှ နိုင်ငံတကာ လေ့လာရေး မဟာဝိဇ္ဇာဘွဲ့နှင့် လန်ဒန်တက္ကသိုလ်မှ စီးပွားစီမံ မဟာဝိဇ္ဇာဘွဲ့တို့ကို ရရှိခဲ့သည်။

၂၀၀၇ ခုနှစ် သြဂုတ်လတွင် ဆူဒန်နိုင်ငံ ဒါဖာမြို့၌ အာဖရိကသမဂ္ဂ၏ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်၌ လက်ထောက် စစ်ဦးစီးမှူးအဖြစ် ခန့်အပ်ခြင်းခံရပြီး ၂၀၀၈ ခုနှစ် ဇန်နဝါရီတွင် ကုလသမဂ္ဂ မစ်ရှင်အဖွဲ့ ၏ လက်ထောက်ဖြစ်လာသည်။ သို့သော် သူသည် ၂၀၀၉ ခုနှစ် ဧပြီလတွင် ယင်းအဖွဲ့မှ ထွက်ခွာခဲ့သည်။

၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလတွင် စပိန်တရားသူကြီး တစ်ဦးက ကာရာကီကို ၁၉၉၄ ခုနှစ်မှ ၁၉၉၇ ခုနှစ်အတွင်း ရဝမ်ဒါထောက်လှမ်းရေး အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်စဉ် နိုင်ငံရေး လုပ်ကြံသတ်ဖြတ်မှု များစွာနှင့် လူအစုလိုက် အပြံုလိုက် သတ်ဖြတ်မှုများစွာတို့ အတွက် တာဝန်ရှိသူအဖြစ် စွဲချက်တင်ခဲ့သည်။

လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ (HRW) က သူ၏ အမိန့်အောက်၌ရှိသော တပ်များသည် ကွန်ဂိုနိုင်ငံ ကီဆန်ဂါနီမြို့တွင် ယူဂန္ဓာတပ်များနှင့် တိုက်ခိုက်စဉ်အတွင်း ၂၀၀၀ ပြည့်နှစ်က အရပ်သား များစွာကို သတ်ဖြတ်ခဲ့သည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။

ကုလသမဂ္ဂသည် အစောပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် ကာရာကီအပေါ် စွပ်စွဲထားချက်များနှင့် ကာရာကီကို တာဝန်ပေးထားသည့် နောက်ဆုံးကာလ ဖြစ်သော ၂၀၀၈ အောက်တိုဘာကို ကျော်လွန်ပါက ဆက်လက်ခန့်ထားရန် သဘောတူထားမှုအကြား ဗျာများခဲ့ရသည်။ တစ်ဖက်တွင် အမေ ရိကန်နှင့် ဗြိတိန်တို့က ဖိအားပေး လျက်ရှိပြီး တစ်ဖက်တွင် ရဝမ်ဒါ သမ္မတ ပေါကာဂါမီက ကာရာကီကို ထုတ်ပယ်ပါက ရဝမ်ဒါတပ်များအား လုံးကို ဒါဖာမှ ရုပ်သိမ်းမည်ဟု ခြိမ်းခြောက်ခဲ့သည်။

၂၀၁၀ ပြည့်နှစ် ဧပြီလတွင် သမ္မတ ကာဂါမီက စစ်ဦးစီးရုံးကို အကြီးအကျယ် ပြောင်းလဲပစ်သည့် ကြေညာချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီး ရက်အနည်းငယ် အကြာတွင် ကာရာကီကို အကျင့်ပျက်မှု စွဲချက်ဖြင့်လည်းကောင်း၊ လေတပ်အကြီးအကဲဟောင်း ချားမူဟီရီကို ခြစားမှု ဖြင့်လည်းကောင်း ဖမ်းဆီးရန် အမိန့်ပေးခဲ့သည်။ ရဝမ်ဒါစစ်တပ်အတွင်း ကျော်ကြားပြီး သြဇာကြီးမားသော အဆိုပါ ခေါင်းဆောင်နှစ်ဦးသည် ကာဂါမီနှင့် သဘောထား ကွဲလွဲနေကြောင်း သတင်းစာများ၌ ဖော်ပြခဲ့ပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးမိန့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

စစ်ပွဲဆိုင်ရာ ပြစ်မှုများအတွက် စပိန်နိုင်ငံမှ ပေးပို့သော ဖမ်းဝရမ်းအရ ၂၀၁၅ ခုနှစ် ဇွန် ၂၀ ရက်တွင် လန်ဒန်မြို့ ဟီသရိုးလေဆိပ်၌ ကာရာကီကို ဖမ်းဆီးခဲ့သည်။ ရဝမ်ဒါနိုင်ငံခြားရေးဝန်ကြီး လူဝီမူရှီကီဝါဘိုက ကာရာကီကို ဖမ်းဆီးမှုအား စော်ကားမှုဖြင့် ပြောကြားကာ ရဝမ်ဒါအစိုးရက တုံ့ပြန်ခဲ့သည်။

■ ဗိုလ်မှူးချုပ် တင်ဦး (မြန်မာ)

မြန်မာနိုင်ငံကို အာဏာရှင်စနစ်ဖြင့် နှစ်ပေါင်းများစွာ အုပ်စိုးခဲ့သော ဦးနေဝင်း၏ အယုံကြည်ရဆုံး လူတစ်ဦးဖြစ်ခဲ့သူ ဦးတင်ဦး (မျက်မှန်တင်ဦး လူသိများ) သည် မွန်ပြည်နယ် မုဒုံမြို့တွင် မွေးဖွားသည့် မွန်အမျိုးသားဖြစ်သည်။ သူသည် ဆယ်တန်းအထိ ပညာသင်ကြား ခဲ့ပြီးနောက် ၁၉၄၅ ခုနှစ်တွင် ဗမာ့တပ်မတော်သို့ ၀င်ရောက်ခဲ့သည်။ တပ်မတော်သို့ဝင်စဉ် သူ၏အသက်မှာ ၁၅ နှစ်သာ ရှိသေးသော်လည်း အရပ်မြင့်သောကြောင့် စစ်သားစုဆောင်း သူများကို အသက် ၁၈ နှစ် ရှိပြီဟု ယုံကြည်အောင် ပြောနိုင်ခဲ့သည်။ ဗြိတိသျှတပ်များကို ချေမှုန်းပြီးနောက် ဗမာ့တပ်မတော်သည် ဂျပန်တပ်မတော်နှင့်အတူ ၀င်ရောက်လာစဉ် ဦးတင်ဦးသည် တပ်စုမှူး ဖြစ်ခဲ့သည်။

ဦးနေဝင်းသည် ဂျပန်တပ်များနှင့်အတူ မြန်မာနိုင်ငံသို့ ပြန်ဝင်လာ ပြီးနောက် ဦးတင်ဦးနှင့် မုဒုံမြို့၌ ဆုံတွေ့ခဲ့သည်။ ဦးတင်ဦး၏ မိဘနှစ်ဦးစလုံးသည် သခင်လှုပ်ရှားမှု၌ ပါ၀င်ခဲ့သူများဖြစ်ပြီး ဦးနေဝင်းကို သူ၏ သားလေးဦးအား စောင့်ရှောက်ပေးရန် မေတ္တာရပ်ခံခဲ့သည်။ ဦးတင်ဦးတို့ ညီအစ်ကို လေးဦးစလုံးသည် စစ်တပ်သို့ ၀င်ရောက်ခဲ့ပြီး နှစ်ဦးသည် စစ်အတွင်း ကျဆုံးသွားခဲ့သည်။ ထို့ကြောင့် ဦးနေဝင်းသည် ဉာဏ်ရည်ထက်မြက်၍ အစွမ်းအစရှိသော ဦးတင်ဦးကို စစ်မြေပြင်သို့ မလွှတ်တော့ဘဲ သူ၏စောင့်ရှောက်မှု အောက်၌ ထားရန် ဆုံးဖြတ်ခဲ့သည်။

လွတ်လပ်ရေးရပြီးနောက် ဦးတင်ဦးသည် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ကာ စီးပွားရေးနှင့် သမိုင်းပညာတို့ကို သင်ကြားခဲ့သည်။ တက္ကသိုလ်တွင် ဦးတင်ဦးသည် မာ့က်စ်ဝါဒကို လေ့လာခဲ့ပြီး လက်ဝဲဝါဒကို ယုံကြည်သည့် ကျောင်းသား များစွာတို့နှင့် တွေ့ဆုံခဲ့သည်။ ယင်းနောက် ဦးတင်ဦးသည် တပ်မတော်သို့ ပြန်လည် ၀င်ရောက်ခဲ့ပြီးနောက် ဦးနေဝင်းက ထိရောက်မှုမရှိသော ထောက်လှမ်းရေး ဌာနကို မြေလှန် ပြောင်းလဲပစ်ရန်နှင့် စစ်ထောက်လှမ်းရေး ဌာနကို တည်ဆောက်ရန် ဦးတင်ဦးက ခိုင်းစေခဲ့သည်။ ဦးနေဝင်းသည် ဦးတင်ဦးကို ပစိဖိတ်သမုဒ္ဒရာ အတွင်းရှိ ဆီပန်ကျွန်းသို့ စေလွှတ်ကာ CIA မှ ပို့ချသော သင်တန်းကို တက်ရောက်စေခဲ့သည်။ ယင်းနောက် အင်္ဂလန်တွင် ဖွင့်လှစ်သော တော်ဝင် စစ်ရဲသင်တန်းကိုလည်း တက်ရောက်စေခဲ့သည်။

၁၉၆၂ ခုနှစ်တွင် ဦးနေဝင်းက အာဏာသိမ်းယူပြီးနောက် ရေကြည်အိုင်တွင ်ထိန်းသိမ်း ထားသော နိုင်ငံရေး အကျဉ်းသားများကို ကြီးကြပ်ရန် ဦးတင်ဦးကို တာဝန်ပေးခဲ့သည်။ အဆိုပါ အကျဉ်းသားများထဲတွင် သမ္မတဟောင်း မန်းဝင်းမောင်နှင့် ၀န်ကြီးချုပ်ဟောင်း ဦးနုတို့ ပါ၀င်ခဲ့သည်။ ဦးတင်ဦးသည် ဦးနုနှင့် အစိုးရ အဖွဲ့ဝင်များကို ကယ်ဆယ်ရန် ကြိုးပမ်းမှုမှန်သမျှကို တားဆီးနိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။ ယင်းတွင် နိုင်ငံခြား တိုင်းပြည်တစ်ခုမှ အထူးတပ်ဖွဲ့များက လေကြောင်းမှ စီးနင်းမှု သို့မဟုတ် ရဟတ်ယာဉ်အသုံးပြု စစ်ဆင်မှုတို့ကို ကာကွယ်ရန် အမှတ် (၄) ဗမာ့သေနတ်ကိုင် တပ်ရင်း၏ အကူအညီဖြင့် ဆောင်ရွက်ခဲ့သည်။

ဦးတင်ဦးသည် ဦးနေဝင်းအား လုပ်ကြံရန် ကြိုးပမ်းမှု များစွာတို့ကို ဖော်ထုတ်နိုင်ခဲ့သောကြောင့် အာဏာရှင် ဦးနေဝင်းက အလွန်အထင်ကြီးခဲ့သည်။ ၎င်းအပြင် ဦးတင်ဦးသည် အလံဖြူကွန်မြူနစ် ပါတီခေါင်းဆောင် သခင်သန်းထွန်း အမှန်တကယ် သေဆုံးခြင်း ရှိ၊ မရှိ အတည်ပြုရန်အတွက် အခင်းဖြစ်ပွားရာသို့ သွားရောက်ခဲ့ဖူးသည်။

ယင်းအချိန်က ဦးတင်ဦးသည် ထောက်လှမ်းရေး အကြီးအကဲ မဖြစ်သေးပေ။ ထောက်လှမ်းရေးဌာန၌ ဌာနတွင်း ပဋိပက္ခ ဖြစ်ပွားနေသည်။ ယင်းပဋိပက္ခတွင် တစ်ဘက်၌ ဗိုလ်မှူးကြီးမောင်လွင် (နှုတ်ခမ်းမွေး မောင်လွင်ဟု လူသိများ) ရှိနေသည်။ ဗိုလ်မှူးကြီး မောင်လွင်သည် ဦးနေဝင်းအပေါ် သစ္စာရှိသူ ဖြစ်သော်လည်း သူ၏ထောက်လှမ်းရေး ဌာနကို မခံချင်စိတ်ဖြင့် ကာကွယ်လျက်ရှိသည်။ အခြားတစ်ဘက်၌ ဗိုလ်မှူးချုပ်မောင်မောင် ရှိနေသည်။ ဗိုလ်မှူးချုပ်မောင်မောင်သည် ဦးနေဝင်း၏ ချီးကျူးမှုကို ခံရသူဖြစ်ပြီး ရန်ကုန် မြို့ရှိ အမေရိကန်သံရုံး၌ CIA အရာရှိများ၏ သင်တန်းပေးမှုအပြင် အထောက်အကူပေးမှုကိုပါ ရရှိသူတစ်ဦးဖြစ်သည်။ ဦးနေဝင်းသည် ၎င်းတို့၏ ရန်စကို ဖြေရှင်းရန် ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီတွင် ဗိုလ်မှူးချုပ်မောင်မောင်အား ထုတ်ပယ်လိုက်ခြင်းဖြင့် ဖြေရှင်းခဲ့သည်။ ထို့ကြောင့် ဦးတင်ဦးသည် ထိပ်ပိုင်းရာထူးကို အလျင်အမြန် ရရှိသွားသည်။

ယင်းအချိန်က ဦးနေဝင်းသည် ပြည်ပသို့ သွားသည့်အခါတိုင်း အင်္ဂလိပ်-မြန်မာ ကပြား စစ်ဦးစီးမှူး ဦးကျော်စွာမြင့်ကို ခေါ်သွားလေ့ရှိသည်။ နောက်ပိုင်းတွင် ဦးကျော်စွာမြင့်သည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို မကြိုက်ကြောင်းနှင့် ဦးနေဝင်းကို သတ်ဖြတ်ရန် စီစဉ်ခဲ့ကြောင်း ပေါ်ထွက်လာခဲ့သည်။ လုပ်ကြံမှု မအောင်မြင်ဘဲ ဦးကျော်စွာမြင့်သည် ထိုင်းနယ်စပ်မှတစ်ဆင့် သြစတြေးလျသို့ ထွက်ပြေးခဲ့ရသည်။ သို့သော် ဦးကျော်စွာမြင့် မြန်မာနိုင်ငံမှ မထွက်ခွာမီ ပဲခူးရိုးမတွင်ရှိသော ဦးတင်ဦး၏ သူလျှိုကွန်ရက်က ဦးကျော်စွာမြင့်သည် ပဲခူးရိုးမဒေသ၌ ရှိကြောင်း ဖော်ထုတ်ခဲ့သည်။

ဦးတင်ဦးသည် စစ်ရုံးသို့ အလျင်အမြန် မေးမြန်းစုံစမ်းခဲ့သည်။ သို့သော် ပြန်ကြားချက် မရခဲ့ပေ။ ဗိုလ်မှူးကြီးမောင်လွင်က ယင်းကိစ္စကို ဦးနေဝင်းထံ သတင်းပို့ရမည်ကို ကြောက်လန့်နေသောကြောင့် ဖြစ်သည်။ သို့သော် ဦးတင်ဦးသည် သူ၏ဆရာ ဦးနေဝင်းထံ တိုက်ရိုက်သွားကာ သတင်းပို့ခဲ့သည်။ ယင်းနောက် ဦးနေဝင်းသည် ဦးတင်ဦးကို စစ်ရုံး၌ ခန့်ထားခဲ့သည်။ ထို့နောက် ဦးတင်ဦးသည် အမျိုးသား ထောက်လှမ်းရေးဗျူရို၏ အကြီးအကဲ ဖြစ်လာသည်။ ၎င်းအပြင် ဦးနေဝင်းသည် သမ္မတ၏ စစ်ထောက်ချုပ် ဟူသည့် ရာထူးတစ်ခု တီထွင်ကာ ဦးတင်ဦးကို ပေးခဲ့သည်။ ယင်းရာထူးသည် စစ်ဦးစီးချုပ်ရာထူးထက် ပို၍ အာဏာရှိသည်။

သို့သော် ဦးတင်ဦးသည် တိုက်ပွဲအတွေ့အကြံု နည်းပါးသည့်အတွက် တပ်တွင်းရှိ သူ၏ ပြိုင်ဘက်များက ယင်းအားနည်းချက်ကို အသုံးပြုလျက် သူ၏ သြဇာအာဏာကို ယုတ်လျော့အောင် ပြုလုပ်မည်ကို ဦးတင်ဦး သိနေသည်။ ထို့ကြောင့် ဦးတင်ဦးက ခိုင်မာသော ထောက်လှမ်းရေးမရှိပါက စစ်မြေပြင်တွင် အောင်ပွဲမရနိုင်ကြောင်း စစ်တပ်မှ အရာရှိများကို သိအောင်ပြုလုပ်ခြင်းဖြင့် သူ့အပေါ် ယုံကြည်မှုရရန် ကြိုးပမ်းသည်။

တပ်မတော်က ၁၉၇၀ ပြည့်လွန် နှစ်များအတွင်း ကွန်မြူနစ်များနှင့် တိုင်းရင်းသား လက်နက်ကိုင်များကို အဓိက စစ်ဆင်ရေးပေါင်းများစွာ ပြုလုပ်သည့်အခါ ဦးတင်ဦးနှင့် သူ၏ ထောက်လှမ်းရေး အဖွဲ့ဝင်များသည် စစ်ဦးစီးမှူးများကို အထောက်အကူ ဖြစ်စေသည့် ထောက်လှမ်းရေး အချက်အလက်များရရှိရန် ကြိုးပမ်းပေးခဲ့သည်။ ဦးတင်ဦးသည် ကွန်မြူနစ်တို့၏ ခြေကုပ်စခန်းဖြစ်ခဲ့သည့် ပဲခူးရိုးမဒေသသို့ ကိုယ်တိုင်သွားရောက်ကာ စစ်ဆင်ရေးမှူးများကို ကူညီခဲ့သည်။

ဦးတင်ဦးသည် လျှို့ဝှက်ရန်ပုံငွေတစ်ရပ်ကို စီမံကာ ပြည်တွင်းပြည်ပ ထောက်လှမ်းမှု စစ်ဆင်ရေးများအတွက် အသုံးပြုခဲ့သည်။ ယင်းတွင် နိုင်ငံရပ်ခြားရှိ မြန်မာသံရုံး ၀န်ထမ်းများနှင့် ထိုင်း၊ တရုတ်နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် တက်ကြွစွာ လှုပ်ရှားနေသော ပြည်ပြေးအုပ်စုများ ကဲ့သို့သော ပြည်ပ၌ နေထိုင်သည့် မြန်မာများကို စောင့်ကြည့်ရန်လည်း ပါ၀င်သည်။ ဦးတင်ဦးသည် ဆွစ်ဇာလန်ဘဏ်တွင် လျှို့ဝှက်စွာ အပ်နှံထားသည့် ဦးနေဝင်း၏ငွေများ ပြန်လည်ရရှိအောင်လည်း ကူညီခဲ့သည်ဟု ဆိုကြသည်။ ဦးနေဝင်းသည် အစိုးရအဖွဲ့၌ လည်းကောင်း၊ စစ်တပ်၌လည်းကောင်း ထိပ်ပိုင်းရာထူးများကို ခန့်အပ်ရန် ရှိသည့်အခါ မဆုံးဖြတ်မီ ဦးတင်ဦးနှင့် ဦးစွာတိုင်ပင်သည်အထိ ဦးတင်ဦးအပေါ် မှီခိုအားထားခဲ့သည်။

သို့သော် ဦးနေဝင်းအတွက် ပြိုင်ဘက် ဖြစ်လာနိုင်ဖွယ်ရှိသော အခြားသူများကဲ့သို့ပင် ဦးတင်ဦးသည် စိတ်အပြောင်းအလဲမြန်သော ဦးနေဝင်း၏ သံသယ ဖြစ်မှုကိုခံခဲ့ရပြီး စစ်ဘက်ဆိုင်ရာ အလွဲသုံးစားမှု စွဲချက်များဖြင့် ထောင်ထဲ၌ ခြောက်နှစ်ကျော် နေခဲ့ရသည်။ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခြင်း ခံခဲ့ရသည့် ဦးတင်ဦးသည် ၁၉၈၈ ခုနှစ်တွင် ထောင်မှလွတ်မြောက်ခဲ့သည်။ ယင်းနောက် ၁၉၉၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် အသက် ရ၁ နှစ်အရွယ်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

■ ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့် (မြန်မာ)

ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့်သည် တရုတ်နွယ်ဖွား တစ်ဦးဖြစ်ပြီး ထောက်လှမ်းရေး အကြီးအကဲအပြင် ၀န်ကြီးချုပ်အဖြစ် ၂၀၀၃ ခုနှစ် သြဂုတ် ၂၅ ရက်မှ ၂၀၀၄ ခုနှစ် အောက်တိုဘာ ၁၈ ရက်အထိ ထမ်းဆောင်ခဲ့သည်။ ယင်းနောက် သူသည် ခြစားမှုဖြင့် စွဲချက်တင်ခံရပြီး နေအိမ်အ ကျယ်ချုပ်ဘဝဖြင့် ခုနစ်နှစ် နေခဲ့ရသည်။

၁၉၈၈ ခုနှစ်မှ ရာထူးမှ ဖယ်ရှားခံရသည့် ၂၀၀၄ ခုနှစ်အထိ ဦးခင်ညွန့်သည် လူပေါင်း ၁၀,၀၀၀ ကို ဖမ်းဆီးထိန်းသိမ်း ခဲ့သူအဖြစ် ရှုမြင်ခံရသည်။ ဖမ်းဆီးထိန်းသိမ်းခံရသူ အများအပြားသည် နှိပ်စက်ညှဉ်းပန်း ခံရခြင်းနှင့် တစ်ဘက်သတ် မတရား စွဲဆိုမှုများကို ခံရကာ ဆယ်စုနှစ်လိုက်ချီသော နှစ်ကြီးထောင်ဒဏ်များ ချမှတ်ခံရခြင်းတို့ကို ကြံုတွေ့ရသည်။

ဒါဇင်ပေါင်းများစွာသော သူ၏စစ်ထောက်လှမ်းရေး ဌာနတို့သည် အတိုက်အခံ လှုပ်ရှားသူများကို နှောင့်ယှက်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ဖမ်းဆီးထိန်းသိမ်းခြင်းတို့ ပြုလုပ်ခဲ့သည်။ သူ၏ စစ်ထောက်လှမ်းရေးဌာနမှ လူများကို နိုင်ငံအတွင်းရှိ အဖွဲ့အစည်း အားလုံးနီးပါးထဲသို့ ထိုးဖောက် ဖြန့်ကျက်ထားပြီး အိမ်နီးချင်း နိုင်ငံတိုင်းနီးပါး၌ သူလျှိုကွန်ရက်များကို ဖြန့်ချထားသည်။ ထောက်လှမ်းရေး သူလျှို့များကို အကောက်ခွန်ဌာန၊ လူဝင်မှု ကြီးကြပ်ရေးဌာနနှင့် ရဲဌာများ၌ နေရာချထားပြီး သူ၏ စစ်ထောက်လှမ်းရေး အရာရှိများသည် ထိပ်တန်းဗိုလ်ချုပ်ကြီးများ အပါအဝင် အခြားအကြီးတန်း စစ်ဘက်ဆိုင်ရာ အရာရှိများကိုပင် ထိန်းချုပ်စောင့်ကြည့်ခဲ့သည်။

တက္ကသိုလ်ကောလိပ်များကို ပိတ်ပစ်ခဲ့ပြီး ယင်းတက္ကသိုလ် ကောလိပ်များကို ဝေးလံလှသော အရပ်များ၌ ထောက်ကူပစ္စည်း မပြည့်မစုံဖြင့် ပြန်လည်နေရာ ချထားပြီးမှသာ ပြန်လည်ဖွင့်လှစ်ခဲ့မှု၌ ဦးခင်ညွန့်သည် အဓိက အကျဆုံး လူဖြစ်သည်။ အသစ်ပြန်လည် နေရာချထားလိုက်သည့် နေရာများ၌ ကျောင်းသားများသည် ဆန္ဒပြပွဲများ အတွက် လူစုရန် ခက်ခဲသွားသကဲ့သို့ အဓိပ္ပာယ်ရှိသည့် ပညာရေးကိုလည်း ရရှိနိုင်ခြင်း မရှိတော့ပေ။

၂၀၀၄ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဦးခင်ညွန့်ကို ကျန်းမာရေးအရ နုတ်ထွက်ရန် ခွင့်ပြုကြောင်း အမိန့်ထုတ်ပြန်ခဲ့သည်။ သို့သော် ဦးခင်ညွန့်ကို ချက်ချင်းဖမ်းဆီးခဲ့ပြီး အစောင့်အရှောက်ဖြင့် အကျဉ်းချထားခဲ့သည်။

ရက်ပေါင်းများစွာ ကြာပြီးနောက် ဦးခင်ညွန့်ကို ခြစားမှုဖြင့် တရားဝင် စွဲချက်တင်ခဲ့သည်။ ၂၀၀၅ ခုနှစ် ဇူလိုင် ၅ ရက်တွင် အင်းစိန်ထောင်အတွင်း အထူးခုံရုံးဖွဲ့ကာ ဦးခင်ညွန့်အား ခြစားမှုစွဲချက် အမျိုးမျိုးဖြင့် တရားစွဲဆိုရန် ကြိုးပမ်းခဲ့သည်။ သူ့အား ထောင်ဒဏ် ၄၄ နှစ် ချမှတ်ခဲ့သည့်ဟု ဆိုသော်လည်း သူသည် ထောင်ထဲ၌ မနေရဘဲ နေအိမ်အတွင်း၌သာ အကျယ်ချုပ် ကျခံခဲ့ရသည်။ ဦးခင်ညွန့်၏ သားနှစ်ဦးကိုလည်း ထောင်ဒဏ် ၅၁ နှစ်နှင့် ၆၈ နှစ်စီ ချမှတ်ခဲ့သည်ဟုဆိုသည်။ သူ၏ ဇနီးကိုမူ ထောင်ဒဏ်ချမှတ်ခဲ့ခြင်း ရှိ၊ မရှိ မသိရပေ။

၂၀၀၉ ခုနှစ် ဇူလိုင်လအတွင်း ဦးခင်ညွန့်နေအိမ်၌ ရှိနေစဉ် ၀န်ကြီးဟောင်း ဗိုလ်မှူးချုပ် တင့်ဆွေက လာရောက်ခေါ်ဆောင်ပုံ ဗီဒီယိုဖိုင်သည် အွန်လိုင်း၌ ပျံ့နှံ့ခဲ့သည်။ ယင်းသည် ၂၀၀၈ ခုနှစ် မတ်လနောက်ပိုင်း ဦးခင်ညွန့်နှင့်သူ၏ ဇနီးတို့ ပထမဆုံး နေအိမ်ပြင်ပသို့ ထွက်ခွင့်ရခြင်း ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလတွင် ဦးခင်ညွန့်၊ ရဲချုပ်ဦးခင်ရီနှင့် အခြားအကြီးတန်း ရဲအရာရှိများ တွေ့ဆုံနေပုံ ဗီဒီယိုဖိုင်သည် YouTube မှတစ်ဆင့် ပျံ့နှံ့ခဲ့ပြန်သည်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၂ ရက်တွင် သမ္မတဦးသိန်းစိန်၏ အမိန့်ဖြင့် ဦးခင်ညွန့် နေအိမ်အကျယ်ချုပ်မှ လွတ် မြောက်ခဲ့သည်။
Eleven Media Group

Website Link ----->>> http://goo.gl/qawjeL

No comments:

Post a Comment