CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, October 29, 2015
ကလေးတစ်ဦး မူဝါဒကို တရုတ် ပယ်ဖျက်မယ်
BBC Burmese
................
တရုတ် နိုင်ငံမှာ ဆယ်စုနှစ် များစွာ ကျင့်သုံး လာခဲ့တဲ့ တစ်အိမ်ထောင် ကလေးတစ်ဦး မူဝါဒကို ပယ်ဖျက်ဖို့ ဆုံးဖြတ် လိုက်ပြီလို့ ရှင်ဟွာ သတင်းဌာနက ကြေညာ လိုက်ပါတယ်။
ဇနီးမောင်နှံ အားလုံးကို ကလေး ၂ ယောက် အထိ ယူခွင့် ပြုတော့မှာ ဖြစ်တယ်လို့ ကွန်မြူနစ် ပါတီရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး တရုတ်ပိုင် သတင်းဌာနက ဖော်ပြ ပါတယ်။
အဲဒီ ကလေးတစ်ဦး မူဝါဒကို ၁၉၇၉ ခုနှစ် ကတည်းက တရုတ် နိုင်ငံရဲ့ လူဦးရေကို ထိန်းချုပ်ဖို့ ကျင့်သုံး လာခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် တရုတ် နိုင်ငံမှာ သက်ကြီးရွယ်အိုတွေ များလာပြီး လုပ်အားသစ်တွေ ရှားပါး လာမှုအပေါ် စိုးရိမ် လာခဲ့ကြရာက တချို့ ပြည်နယ်တွေမှာ အဲဒီ မူဝါဒကို စတင် ဖြေလျှော့ ပေးလာ ခဲ့ပါတယ်။
အဲဒီ တစ်အိမ်ထောင် ကလေးတစ်ဦး မူဝါဒက ဟန့်တားခဲ့တဲ့ မွေးဖွားမယ့် ကလေး ဦးရေက သန်း ၄၀၀ လောက် ရှိတယ်လို့ ခန့်မှန်းကြ ပါတယ်။
တရုတ် နိုင်ငံမှာ လက်ရှိ လူဦးရေရဲ့ ၃၀ ရာနှုန်းလောက်က အသက် ၅၀ ကျော် အရွယ်တွေ ဖြစ်ပါတယ်။
BBC Burmese
http://www.bbc.com/burmese
ကလေးတစ်ဦး မူဝါဒကို တရုတ် ပယ်ဖျက်မယ်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 29, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 29, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment