Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, October 31, 2015

မျှော်လင့်ချက်တစ်စုံတစ်ရာ တေးသီချင်းအား လူမှုရေး သက်သက် လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အနာဂတ် အလင်းတန်းများ ဖောင်ဒေးရှင်းသို့ အမေရိကန်ဒေါ်လာ နှစ်သောင်းဖြင့် ရောင်းချ

Published on Sat, 10/31/2015 - 17:01

အမေရိကန်နိုင်ငံတွင် သွားရောက် ဖျော်ဖြေခဲ့သည့် NLD လူမှုရေးကွန်ရက်များ ရန်ပုံငွေ ဖျော်ဖြေပွဲတစ်ခု မြင်ကွင်း

မျှော်လင့်ချက်တစ်စုံတစ်ရာ တေးသီချင်းအား လူမှုရေးသက်သက် လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အနာဂတ်အလင်းတန်းများ ဖောင်ဒေးရှင်းသို့ အမေရိကန်ဒေါ်လာ နှစ်သောင်းဖြင့် တေးရေးဆောင်းဦးလှိုင်က ရောင်းချခဲ့ပြီးနောက် ရရှိငွေများထဲမှ အမေရိကန်ဒေါ်လာ ၁၄၀၀၀ ကို  NLD အောင်နိုင်ရေး ရန်ပုံငွေအတွက် လှူဒါန်းခဲ့ကာ အမေရိကန်ဒေါ်လာ ၆၀၀၀ ကို ၎င်း၏ ဖခင်ဖြစ်သူ ဆေးကုသစရိတ်အတွက် ပေးအပ်ခဲ့ကြောင်း ဆောင်းဦးလှိုင်၏  Facebook စာမျက်နှာထက်တွင် ရေးသား ဖော်ပြခဲ့သည်။

‘မျှော်လင့်ချက်တစ်စုံတစ်ရာ’ တေးသီချင်းမှာ တေးရေး ဆောင်းဦးလှိုင် ရေးသားခဲ့ကာ အဆိုတော် နီနီခင်ဇော်က သီဆိုထားခြင်းဖြစ်သည်။

“မျှော်လင့်ချက်တစ်စုံတစ်ရာ သီချင်းကို လူမှုရေး လုပ်ငန်းတွေမှာ အသုံးပြုဖို့အတွက် အနာဂတ်အလင်းတန်းများ ဖောင်ဒေးရှင်းက ဆက်သွယ်လာတာပါ။ ကျွန်တော့်အနေနဲ့ ရောင်းချဖို့အတွက် မိတ်ဆွေသူငယ်ချင်းများဆီက သဘောထား ခံယူချက်တွေ တောင်းခံတဲ့အခါ အားလုံးကလည်း သဘော တူကြသလို ကျွန်တော်ဖြစ်ချင်တာလေးတွေ ညှိနှိုင်းတဲ့အခါမှာလည်း အဆင်ပြေခဲ့ပါတယ်။ အသုံးပြုခွင့်အတွက် ပေးအပ်တဲ့အမေရိကန်ဒေါ်လာ နှစ်သောင်းထဲက ၁၄၀၀၀ ကို NLD အောင်နိုင်ရေး ရန်ပုံငွေအတွက် လှူဒါန်းခဲ့ပါတယ်။ ကျန်တဲ့အမေရိကန်ဒေါ်လာ ၆၀၀၀ ကို ကျွန်တော့်အဖေ ဆေးကုသစရိတ်အတွက် ပေးအပ်ခဲ့ပါတယ်။ ဒီလိုလှူဒါန်းနိုင်တဲ့အတွက် ပီတိဖြစ်ရပါတယ်။ ကျွန်တော့်ညီမ နီနီခင်ဇော်လည်း ကျွန်တော့် ဆုံးဖြတ်ချက်အတွက် ပီတိဖြစ်နေမယ်လို့ ယုံကြည်ပါတယ်”ဟု တေးရေးအဆိုတော် ဆောင်းဦးလှိုင်က ဆိုသည်။
Writer:
လင်းလင်းခိုင်

No comments:

Post a Comment