Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, October 6, 2015

လူသတ္ၿပီး ခရီးေဆာင္ေသတၱာနဲ႔ထည့္ အေလာင္းလာပစ္ထား


 ဒါ ဘယ္သူမ်ားလဲ သိရင္ ေျပာၾကပါအံုး

************************************
ယေန႔(၆-၁၀-၂၀၁၅)ရက္ေန႔ နံနက္ ၀၇:၀၀အခ်ိန္ခန္႔တြင္ မႏၲေလးခ႐ိုင္ ပုသိမ္ႀကီးၿမိဳ႕ ရန္ကင္းေတာင္ အတက္လမ္းတြင္ လမ္းေလွ်ာက္သူမ်ားက မသကၤာဖြယ္ ခရီးေဆာင္ အိတ္တစ္လံုးေတြ႕ရွိေၾကာင္း ရာအိမ္မွဴးထံသတင္းရရွိသျဖင့္ ရဲစခန္းသို႔ အေၾကာင္းၾကားခဲ့ပါသည္။

တာဝန္ရွိသူမ်ား ေရာက္ရွိ စစ္ေဆးရာ အလ်ား ၂ေပ/ အနံ တစ္ေပခဲြ/အျမင့္ ၁၀လက္မရွိ ဘီးတပ္ လက္တြန္းခရီးေဆာင္အိတ္(တ႐ုပ္ႏိုင္ငံလုပ္ Nanxiangတံဆိပ္)အတြင္း ေဖၚျပပါဓာတ္ပံုအတိုင္း ေခြေခါက္၍
ထည့္ထားၿပီး အေလာင္းအား စစ္ေဆးရာ တြင္ ဦးေခါင္းဝဲဘက္ခ်ဳိေစာင္းတြင္ ႏွစ္လက္မခန္႔ ေပါက္ၿပဲဒဏ္ရာတစ္ခ်က္ ထိပ္တည့္တည့္ ဖူးေယာင္ဒဏ္ရာ တစ္ခ်က္ နႈတ္ခမ္းတြင္ ဖူးေယာင္ဒဏ္ရာ တစ္ခ်က္ ေတြ႕ရွိရပါသည္။

အေလာင္းမွာ ေတာင့္တင္းစ ျပဳေနၿပီး အသက္(၄၀)ခန္႔ဟု ယူဆရ ရင္ဘတ္တြင္ ငါး႐ုပ္ ဘုရင္႐ုပ္
ယာဘက္လက္ေမာင္းတြင္ ကႏုတ္ပန္း လက္ဖ်ံတြင္ အိမ္ေျမႇာင္႐ုပ္ ဝဲဘက္လက္ေမာင္းတြင္ပန္းပြင့္မ်ားပါေသာ ကႏုတ္ပန္းမ်ား၊ ေက်ာက္ကုန္းတြင္ ငွက္႐ုပ္ႏွင့္ နဂါး႐ုပ္ေျခသလံုးတြင္ အင္းကြက္ပံုသဏၰာန္ ေဆးမင္ေၾကာင္မ်ားထိုးထားပါသည္။

စံုစမ္းစစ္ေဆးမႈမ်ား စတင္ေနၿပီး မည္သူမည္ဝါျဖစ္ေၾကာင္း အတည္ျပဳႏိုင္ရန္ ေဆာင္ရြက္ေနၿပီျဖစ္ပါသည္။

မိမိပတ္ဝန္းက်င္တြင္ အသတ္ခံရသူအား သိရွိႏိုင္ျခင္းရွိမရွိ ဝိုင္းဝန္းစံုစမ္းေပးၾကပါရန္ႏွင့္ သိရွိသူရွိပါ 02 57749 ပုသိမ္ႀကီးရဲစခန္းဖုန္း(တာဝန္မႉး)သတင္းပို႔ေပးၾကပါရန္

ဦး ထြန္း's post in မႏၱေလး သတင္း ပံုရိပ္မ်ား
https://www.facebook.com/groups/mandalaynewsimage/
.............................................



ဒါ ဘယ်သူများလဲ သိရင် ပြောကြပါအုံး

************************************
ယနေ့(၆-၁၀-၂၀၁၅)ရက်နေ့ နံနက် ၀၇:၀၀အချိန်ခန့်တွင် မန္တလေးခရိုင် ပုသိမ်ကြီးမြို့ ရန်ကင်းတောင် အတက်လမ်းတွင် လမ်းလျှောက်သူများက မသင်္ကာဖွယ် ခရီးဆောင် အိတ်တစ်လုံးတွေ့ရှိကြောင်း ရာအိမ်မှူးထံသတင်းရရှိသဖြင့် ရဲစခန်းသို့ အကြောင်းကြားခဲ့ပါသည်။

တာဝန်ရှိသူများ ရောက်ရှိ စစ်ဆေးရာ အလျား ၂ပေ/ အနံ တစ်ပေခွဲ/အမြင့် ၁၀လက်မရှိ ဘီးတပ် လက်တွန်းခရီးဆောင်အိတ်(တရုပ်နိုင်ငံလုပ် Nanxiangတံဆိပ်)အတွင်း ဖေါ်ပြပါဓာတ်ပုံအတိုင်း ခွေခေါက်၍
ထည့်ထားပြီး အလောင်းအား စစ်ဆေးရာ တွင် ဦးခေါင်းဝဲဘက်ချိုစောင်းတွင် နှစ်လက်မခန့် ပေါက်ပြဲဒဏ်ရာတစ်ချက် ထိပ်တည့်တည့် ဖူးယောင်ဒဏ်ရာ တစ်ချက် နှုတ်ခမ်းတွင် ဖူးယောင်ဒဏ်ရာ တစ်ချက် တွေ့ရှိရပါသည်။

အလောင်းမှာ တောင့်တင်းစ ပြုနေပြီး အသက်(၄၀)ခန့်ဟု ယူဆရ ရင်ဘတ်တွင် ငါးရုပ် ဘုရင်ရုပ်
ယာဘက်လက်မောင်းတွင် ကနုတ်ပန်း လက်ဖျံတွင် အိမ်မြှောင်ရုပ် ဝဲဘက်လက်မောင်းတွင်ပန်းပွင့်များပါသော ကနုတ်ပန်းများ၊ ကျောက်ကုန်းတွင် ငှက်ရုပ်နှင့် နဂါးရုပ်ခြေသလုံးတွင် အင်းကွက်ပုံသဏ္ဏာန် ဆေးမင်ကြောင်များထိုးထားပါသည်။

စုံစမ်းစစ်ဆေးမှုများ စတင်နေပြီး မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ရန် ဆောင်ရွက်နေပြီဖြစ်ပါသည်။

မိမိပတ်ဝန်းကျင်တွင် အသတ်ခံရသူအား သိရှိနိုင်ခြင်းရှိမရှိ ဝိုင်းဝန်းစုံစမ်းပေးကြပါရန်နှင့် သိရှိသူရှိပါ 02 57749 ပုသိမ်ကြီးရဲစခန်းဖုန်း(တာဝန်မှူး)သတင်းပို့ပေးကြပါရန်

ဦး ထွန်း's post in မန္တလေး သတင်း ပုံရိပ်များ
https://www.facebook.com/groups/mandalaynewsimage/

No comments:

Post a Comment