Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, October 31, 2015

အုပ်ထိန်းသူများက ပေးစားသူနှင့် လက်မထပ်လို၍ မော်ဒယ်တဦး ကြိုးဆွဲချ သတ်သေ


 လွန်ခဲ့သော မေလက ကြိုးဆွဲချသတ်သေခဲ့သူ နာဒီယာမီနက်ဇ်အမည်ရ အသက် ၂၄ နှစ်အရွယ် မော်ဒယ်သည် ၎င်းကို မိဘများက အတင်းအကျပ် ထိမ်းမြားပေးမည်ကို စိုးရိမ်နေခဲ့ကြောင်း သေမှုသေခင်းစစ်ဆေးမှုက တွေ့ရှိရသည်။

မီနက်ဇ်နှင့် မိသားစုသည် အင်္ဂလန်နိုင်ငံ ဂရိတ်တာမန်ချက်စတာအရပ် Oldham တွင် နေထိုင်သူများဖြစ်သည်။ မီနက်ဇ်၏မိဘဆိုသူ ဇနီးမောင်နှံသည် အမှန်အားဖြင့် သူမနှင့် ဦးလေးနှင့်အဒေါ် တော်စပ်သူများသာဖြစ်သည်ကို မီနက်ဇ်က သိရှိခဲ့ရပြီး သူမသည် စိတ်ကျရောဂါ ခံစားနေရသူဖြစ်သည်ဟု ဆိုသည်။

စုံစမ်းစစ်ဆေးမှုအရ မီနက်ဇ်သည် ငယ်စဉ်က လိင်ပိုင်းဆိုင်ရာချိုးဖောက်ခံခဲ့ရပြီး စိတ်ဒဏ်ရာကို ဖြေဖျောက်ရန် မိမိကိုယ်ကိုယ် နာကျင်အောင်ပြုလုပ်လေ့ရှိကြောင်း၊ အသက် ၁၆ နှစ်အရွယ်တွင် နေအိမ်မှထွက်ပြေးခဲ့ပြီး ၂၀၁၀ တွင် ရာဆိုးလ်ဆိုသူနှင့် အစ္စလာမ်ဘာသာထုံးတမ်းအတိုင်း လက်ထပ်ခဲ့ကြကြောင်း၊ ၎င်းတို့ ၂ ဦးတွင် ၃ နှစ်အရွယ် သမီးတဦး ထွန်းကားခဲ့ကြောင်း၊ အဆိုပါ ထိမ်းမြားမှုကို သူမ၏အုပ်ထိန်းသူများက သဘောမတူကြကြောင်း၊ ယင်းထိမ်းမြားမှုသည် ဗြိတိန်ဥပဒေအရ အကျုံးမ၀င်ဘဲ မင်္ဂလာအထမမြောက်သဖြင့် အုပ်ထိန်းသူများမှ အခြားတဦးနှင့် အတင်းအကျပ် ထိမ်းမြားလက်ထပ်ပေးမည်ကို ကြောက်ရွံ့နေခဲ့ပြီး ၂၀၁၄ ဒီဇင်ဘာလက မန်ချက်စတာတရားရုံးမှ အကာအကွယ်ပင် ရယူခဲ့ကြောင်း သိရသည်။

ယင်းသို့ တရားရုံးမှ အကာအကွယ် ရယူခဲ့သော်လည်း သူမ၏အစ်ကိုဖြစ်သူက ကိုယ်ထိလက်ရောက် တိုက်ခိုက်သဖြင့် နေအိမ်အပြင် မထွက်ဝံ့ဘဲ ကြောက်ရွံ့နေခဲ့သည်ဟုဆိုသည်။

သူမသည် ကြိုးဆွဲချ အဆုံးမစီရင်မီ ရာဆိုးလ်နှင့် အချင်းများ၍ သတ်သေမည့်အကြောင်း ရာဆိုးလ်ထံ ဖုန်းမက်ဆေ့ခ်ျ ပေးပို့ခဲ့သည်ဟု ဆိုသည်။

Ref ; Daily Mail
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/

.............................................

အုပ္ထိန်းသူမ်ားက ပေးစားသူနွင့် လက္မထပ္လို၍ မ္ဒောယ္တဦး ကြိုးဆြဲခ် သတ်သေ



 လြန္ခဲ့သော မေလက ကြိုးဆြဲခ်သတ်သေခဲ့သူ နာဒီယာမီနက္ဇ်အမည်ရ အသက် ၂၄ နွစ်အရြယ် မ္ဒောယ်သည် ၎င်းကို မိဘမ်ားက အတင်းအက်ပ် ထိမ်ျးမားပေးမည္ကို စိုးရိမ်နေခဲ့ကြောင်း သေမှုသေခင်းစစ်ဆေးမှုက တြေ့ရွိရသည်။

မီနက္ဇ်နွင့် မိသားစုသည် အဂင်္လန္နိုင်ငံ ဂရိတ္တာမန္ခ်က္စတာအရပ် Oldham တြင် နေထိုင်သူမ်ာျးဖစ်သည်။ မီနက္ဇ်၏မိဘဆိုသူ ဇနီးမောင်နွံသည် အမွန်အာျးဖင့် သူမနွင့် ဦးလေးနွင့်အေဒါ် တ္စောပ်သူမ်ားသျာဖစ်သည္ကို မီနက္ဇ္က သိရွိခဲ့ရျပီး သူမသည် စိတ္က်ရောဂါ ခံစားနေရသျူဖစ်သည်ဟု ဆိုသည်။

စုံစမ်းစစ်ဆေးမှုအရ မီနက္ဇ်သည် ငယ္စဥ္က လိင္ပိုင်းဆိုင်ရာခိုးဖောက္ခံခဲ့ရျပီး စိတ္ဒဏ်ရာကိုျေဖေဖ်ာက်ရန် မိမိကိုယ္ကိုယ် နာက်င်အောင်ျပုလုပ်လေ့ရွိကြောင်း၊ အသက် ၁၆ နွစ်အရြယ္တြင် နေအိမ္မွထြက်ျေပးချဲ့ပီး ၂၀၁၀ တြင် ရာဆိုးလ္ဆိုသူနွင့် အစ္စလာမ္ဘာသာထုံးတမ်းအတိုင်း လက္ထပ္ခဲ့ကြေကြာင်း၊ ၎င်းတို့ ၂ ဦးတြင် ၃ နွစ်အရြယ် သမီးတဦး ထြန်းကားခဲ့ကြောင်း၊ အဆိုပါ ထိမ်ျးမားမှုကို သူမ၏အုပ္ထိန်းသူမ်ားက သေဘာမတူကြေကြာင်း၊ ယင်းထိမ်ျးမားမှုသည်ျဗိတိန်ဥပေဒအရ အက်ုံးမ၀င္ဘဲ မဂင်္လာအထမျေမာက်သျဖင့် အုပ္ထိန်းသူမ်ားမွ အျခားတဦးနွင့် အတင်းအက်ပ် ထိမ်ျးမားလက္ထပ်ပေးမည္ကို ကြောက်ြရံ့နေချဲ့ပီး ၂၀၁၄ ဒီဇင္ဘာလက မန္ခ်က္စတာတရားရုံးမွ အကာအကြယ္ပင် ရယူခဲ့ကြောင်း သိရသည်။

ယင်းသို့ တရားရုံးမွ အကာအကြယ် ရယူခဲ့သ္လောည်း သူမ၏အစ္ကျိုဖစ်သူက ကိုယ္ထိလက်ရောက် တိုက္ခိုက်သျဖင့် နေအိမ်အျပင် မထြက်ဝံ့ဘဲ ကြောက်ြရံ့နေခဲ့သည်ဟုဆိုသည်။

သူမသည် ကြိုးဆြဲခ် အဆုံးမစီရင္မီ ရာဆိုးလ်နွင့် အခ်င်းမ်ား၍ သတ်သေမည့်အေကြာင်း ရာဆိုးလ္ထံ ဖုန်းမက်ဆေ့ခ် ပေးပို့ခဲ့သည်ဟု ဆိုသည်။

Ref ; Daily Mail
News Watch(စောင့်ကြည့်သတင်းဂ်ာနယ်)
https://www.facebook.com/NewsWatchJournal/

No comments:

Post a Comment