Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 9, 2015

၁၂နှစ်အရွယ်သမီးအရင်းကို တစ်နှစ်လုံးနီးပါးမုဒိန်းကျင့်ခဲ့တဲ့ဖခင်


ဒီသတင်းနဲ့အတူ အားလုံးကို သတိပေးလိုပါတယ်။
---------------------------------------------------
ထိုင်းနိုင်ငံ နခေါ ဖနွမ် မှာ လူမဆန် အဖေ ဆိုတဲ့သူက ၁၂ နှစ်သမီးငယ်လေးကို တနှစ်လုံး နီးပါ မုဒိန်းကျင့် ခဲ့တာအဖွားဖြစ်သူ က ရဲကို တနေ့က တိုင်တန်း လို့ မှာ ဖမ်းဆီးခဲ့ပါတယ်တဲ့။
မြေးဖြစ်သူမျက်နာနဲ့ အမူအရာဟာ စိတ် ကျ နေတဲ့ သူလို ဖြစ်ပြီး ၀မ်းနည်းနေတဲ့မျက်နာ မျိုး
သတိထားမိလို့ မေးမြန်းခဲ့ရာမှ ယခုလို သိရှိခဲ့တာပါ။ မိန်းကလေးငယ်ဟာ မိခင်ရဲ့ စွန့်ပစ်မှုကို ခံထားရတဲ့ သနား စရာ မိန်းကလေး တယောက် ဖြစ်ပါတယ်။
အရက်စွဲသူ ဖခင်ဖြစ်သူကတော့ သမီးကို ဖက်ထားပြီး ကိုယ့်ဘာသာ အာသာဖြေထားပါ လို့ ဘယ်လောက်ငြင်းငြင်း နောက်ဆုံးမှာတော့ သမီးဖြစ်သူကို တနှစ်လုံးနီးပါး သားမယားပြု ကျင့်ခဲ့တယ် ဆိုတာ ၀န်ခံခဲ့ပါတယ်။
ပုံပါ နေအိမ်လေးကတော့ သမီးငယ်လေး နေထိုင်ရာ အိမ်စုတ်လေးဖြစ်ဘို့ ဆိုင်ရာက ၀ိုင်းပြင်ပေးဘို့ ဆော်သြကူညီနေကြပါပြီ။ သနားစရာသမီးငယ်ရဲ့ အဖျက်ဆီးခံရတဲ့ နှလုံးသား နုနုလေးကိုတော့ ပြင်လို့မရနိုင်တော့ပါဘူး။
+++++++
ဖခင်အပေါင်းနဲ့ လိင်တံ ပါတဲ့ ယောကျာ်း အပေါင်းတို့ ဖာလုပ်ငန်းဟာ စေျးအနည်းဆုံးက နေ အများဆုံး ထိ ရှိလို့ သိပ်ပြီး ထလာရင်ဖာတန်းကို ပြေး ကြပါလို ဦးစွာ သတိပေးလိုပါတယ်။
မိန်းကလေး တယောက် ၊ အထူးသဖြင့် ကိုယ့် သားသမီးကို မုဒိန်းကျင့်တာဟာ ခင်ဗျားတို့အတွက် က ၅ မိနစ်သာ သာယာမှု ပါ။ သူတို့အတွက် က တဘ၀လုံးစာ နာကျင်မှု ဖြစ်ပါတယ်။
ခင်ဗျားတို့က သူတို့ကို ကိုယ်ခန္ဒာ ကိုပဲ မုဒိန်းကျင့်လိုက်တာ မဟုတ်ပါ။ သူတို့ရဲ့ ပျော်ရွင်မှု ၊ သူတို့ရဲ့ သိက္ခာ၊ သူတို့အနာဂတ်ဘ၀ကိုပါ ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်တယ်။ မုဒိန်း အကျင့်ခံရတဲ့ မိန်းကလေး တဦးရဲ့ နာကျင်နေတဲ့စိတ်ဒါဏ်ရာကို အင်မတန်ကျွှမ်းကျင်တဲ့လူမှု ကယ်ဆယ်ရေး အမျိုးသမီးပညာရှင်တွေ နဲ့ကုစားရင်တောင် တော်တန်ရုံ ပုံမှန် အနေထားပြန်ရောက်ဘို့ မလွယ်ပါ။
+++++
ဒါကြောင့် မိမိတို့ရဲ့ ကိုယ်ပိုင်သားသမီးတင် မကပဲ မိမိပတ်ဝန်းကျင်မှာရှိနေတဲ့ မိန်းကလေးငယ်၊ ယောကျာ်းလေးငယ်များကို အထူးဝိုင်းစောင့်ရှောက်ပေးပါ။ ထိုင်းနိုင်ငံမှာ ဒီလို သတင်းကို အပြင်ရောက် တိုင်တန်းကြပေမယ့် မြန်မာလူမျိုးများကတော့ အရှက်ကိုအဓိက ရှေ့တန်းတင်ကြလို့ ကျိတ်ခံနေရတဲ့ သားကောင်တွေ အများကြီးရှိပါတယ်။
မိမိတို့ သမီးငယ်၊သားငယ်များကို အရက်သမား ဖခင် ( ဖြစ်နိုင်ရင် အရက်သမားမဟုတ်လည်း စိတ်မချရသူတွေ အများကြီးပါ) ၊ အရက်သမားဟုတ်ဟုတ်မဟုတ်ဟုတ် ဦးလေး၊ အကိုမောင် အရင်း တ၀မ်းကွဲများနှင့် ၂ ယောက်တည်း ချန်မထားသင့်ပါ။
ဖခင်ဖြစ်သူ၊ အဖိုးဖြစ်သူတို့နှင့် မိမိတို့ ကလေးငယ် (အထူးသဖြင့် မိန်းကလေး) များကို အတူတူ ပေးမအိပ်သင့်ပါ။ ( ကျနော် ရိုင်းသွားလျှင် ခွင့်လွတ်ပါ။ ဖခင်ကောင်း အဖိုးကောင်းများ လည်း ရှိသည်ကို သိပါသည်။ သို့သော် မုဒိန်းသမားသည် ထူးခြားစွာ ဂျိုမထွက်နေပါ။)
ပတ်ဝန်းကျင်မှကလေးသူငယ်များ လွန်စွာ မှ စိတ်ဓာတ်ကျမျက်နာရှိနေလျှင် နှစ်သိမ့်မေးမြန်း ကူညီဖေးမကြပါလို့ ပြောကြားလိုပါတယ်။
Save our Children!
We are the world, we are the children.
http://www.bangkokpost.com/news/crime/723172/man-charged-with-raping-daughter-12
Pyi Moe Aung

No comments:

Post a Comment