Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, October 22, 2015

မဲဆႏၵရွင္ သက္ေသခံလက္မွတ္ ႏုိဝင္ဘာ ၁ ရက္ေန႔ စတင္ထုတ္ေပးမည္

 မဲဆႏၵရွင္ သက္ေသခံလက္မွတ္(နမူနာ)ကို ေတြ႕ရစဥ္။ Photo: Union Election Commission Facebook
 လာမယ့္ ေရြးေကာက္ပဲြမွာ မဲေပးခြင့္ရွိသူေတြအတြက္ မဲဆႏၵရွင္ သက္ေသခံလက္မွတ္ေတြကို ႏုိ၀င္ဘာလ ၁ရက္ေန႔ကေန ၇ရက္ေန႔အထိ ထုတ္ေပးသြားမယ္လို႔ ျပည္ေထာင္စု ေရြးေကာက္ပဲြေကာ္မရွင္ က ဒီေန႔ ေၾကညာလိုက္ပါတယ္။

အဲဒီသက္ေသခံလက္မွတ္မွာ ၿမိဳ႕နယ္၊ ရပ္ကြက္/ေက်းရြာအုပ္စု၊ မဲရံုအမွတ္၊ မဲစာရင္းအမွတ္စဥ္၊ နာမည္၊ မွတ္ပံုတင္နံပါတ္၊ ေနရပ္လိပ္စာ စတာေတြကို ေဖာ္ျပထားမွာျဖစ္တယ္လို႔ သိရပါတယ္။

အဲဒီလက္မွတ္ေတြကို သက္ဆုိင္ရာ ရပ္ေက်းေကာ္မရွင္ အဖဲြ႔ခဲြရံုးေတြမွာ မနက္ ၈နာရီကေန ညေန ၆နာရီအတြင္း လာေရာက္ထုတ္ယူႏုိင္တယ္လို႔ ေၾကညာခ်က္မွာ ပါရွိပါတယ္။

အဲဒီလက္မွတ္ကို ထုတ္ယူမယ္ဆုိရင္ မဲေပးခြင့္ရွိသူစာရင္းမွာ ပါ၀င္ေၾကာင္း ခိုင္လံုေစမွာျဖစ္ၿပီး ဘယ္မဲရံုမွာ မဲေပးရမယ္ဆုိတာကို သိရွိႏိုင္မယ္လို႔ ေၾကညာခ်က္မွာ ပါရွိပါတယ္။ တကယ္လို႔ မဲလက္မွတ္ကို မထုတ္ယူတာ သို႔မဟုတ္ ထုတ္ယူၿပီးေနာက္ ေပ်ာက္ဆံုးသြားခဲ့ရင္လည္း ေရြးေကာက္ပဲြေန႔မွာ မဲေပးခြင့္ဆံုးရႈံးသြားမွာ မဟုတ္ေၾကာင္း ပါရွိပါတယ္။

RFA Burmese
http://www.rfa.org/burmese
..........................................

မဲဆန္ဒရှင် သက်သေခံလက်မှတ် နိုဝင်ဘာ ၁ ရက်နေ့ စတင်ထုတ်ပေးမည်

 
 လာမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူတွေအတွက် မဲဆန္ဒရှင် သက်သေခံလက်မှတ်တွေကို နို၀င်ဘာလ ၁ရက်နေ့ကနေ ရရက်နေ့အထိ ထုတ်ပေးသွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် က ဒီနေ့ ကြေညာလိုက်ပါတယ်။

အဲဒီသက်သေခံလက်မှတ်မှာ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု၊ မဲရုံအမှတ်၊ မဲစာရင်းအမှတ်စဉ်၊ နာမည်၊ မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာ စတာတွေကို ဖော်ပြထားမှာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလက်မှတ်တွေကို သက်ဆိုင်ရာ ရပ်ကျေးကော်မရှင် အဖွဲ့ခွဲရုံးတွေမှာ မနက် ၈နာရီကနေ ညနေ ၆နာရီအတွင်း လာရောက်ထုတ်ယူနိုင်တယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

အဲဒီလက်မှတ်ကို ထုတ်ယူမယ်ဆိုရင် မဲပေးခွင့်ရှိသူစာရင်းမှာ ပါ၀င်ကြောင်း ခိုင်လုံစေမှာဖြစ်ပြီး ဘယ်မဲရုံမှာ မဲပေးရမယ်ဆိုတာကို သိရှိနိုင်မယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။ တကယ်လို့ မဲလက်မှတ်ကို မထုတ်ယူတာ သို့မဟုတ် ထုတ်ယူပြီးနောက် ပျောက်ဆုံးသွားခဲ့ရင်လည်း ရွေးကောက်ပွဲနေ့မှာ မဲပေးခွင့်ဆုံးရှုံးသွားမှာ မဟုတ်ကြောင်း ပါရှိပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment