CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Friday, October 23, 2015
ေဗလု၀ နတ္ေမာက္တြင္ စာေပေဟာေျပာခြင့္ အပိတ္ခံရ
နတ္ေမာက္ျမိဳ့နယ္ ျမင္းတဲၾကီး ရြာမွာ စာေပေဟာေျပာပြဲလုပ္ရာ သက္ဆိုင္ရာက ေဗလုဝပါလွ်င္ ပြဲပါမစ္မေပးဟုဆိုေသာေၾကာင့္ ရုပ္ရွင္သရုပ္ေဆာင္ ေဗလု၀ ေဟာေျပာခြင့္မရေၾကာင္း သိရသည္။
'ဟုတ္တယ္ဗ်။ ေဗလုဝပါရင္ ပါမစ္မေပးဘူးဆိုလို ့သူ ဒီညမေဟာရဘူး။ ပြဲကို စီစဥ္ထားတာက ေဗလု၀၊ သရဝဏ္(ျပည္)၊ စမ္းစမ္းႏြဲ႔ (သာယာ၀တီ) ဆိုျပီး ၃ေယာက္ ေၾကျငာထားတာ။ ေဗလုဝကို ခြင့္မျပဳလို႔ မေဟာရဘူး။ ေဗလုဝကို မေကြးတိုင္းထဲေျခခ်ခြင့္ေတာင္မရွိဘူးလို႔ နတ္ေမာက္အုပ္ခ်ဳပ္ေရးမွဴးက ေျပာထားတယ္တဲ့ဗ်။ ေဒသခံေတြက အေၾကာက္တရားေတာ္ေတာ္မ်ားေနတယ္'ဟု ေဟာေျပာပြဲေရာက္ စာေရးဆရာ သရဝဏ္ (ျပည္) က အတည္ျပဳ ေျပာၾကားသည္။
ယင္းအျပင္ေဟာေျပာပြဲစင္အေနာက္တြင္ ခ်ိတ္ဆြဲထားေသာ ဗီနိုင္းမွအပ ပြဲက်င္းပရာ ေနရာ၀န္းက်င္တြင္ ဗုိလ္ခ်ဳပ္ေအာင္ဆန္း ရုပ္ပံုပါဗီႏိုင္း၊ ေဒၚေအာင္ဆန္းစုၾကည္ရုပ္ပံုပါ ဗီနိုင္းၾကီးမ်ားကို နတ္ေမာက္ျမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေဌးေအာင္က စာေပေဟာေျပာပြဲတြင္ နိုင္ငံေရးမဲဆြယ္မည္စိုးေသာေၾကာင့္ဟုဆိုကာ ခ်ိတ္ဆြဲခြင့္မျပဳသျဖင့္ ျပန္လည္ျဖဳတ္သိမ္းေပးခဲ့ရေၾကာင္းလည္း သိရသည္။
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
.............................
နတ်မောက်မြို့နယ် မြင်းတဲကြီး ရွာမှာ စာပေဟောပြောပွဲလုပ်ရာ သက်ဆိုင်ရာက ဗေလုဝပါလျှင် ပွဲပါမစ်မပေးဟုဆိုသောကြောင့် ရုပ်ရှင်သရုပ်ဆောင် ဗေလုဝ ဟောပြောခွင့်မရကြောင်း သိရသည်။
'ဟုတ်တယ်ဗျ။ ဗေလုဝပါရင် ပါမစ်မပေးဘူးဆိုလို ့သူ ဒီညမဟောရဘူး။ ပွဲကို စီစဉ်ထားတာက ဗေလုဝ၊ သရဝဏ်(ပြည်)၊ စမ်းစမ်းနွဲ့ (သာယာဝတီ) ဆိုပြီး ၃ယောက် ကြေငြာထားတာ။ ဗေလုဝကို ခွင့်မပြုလို့ မဟောရဘူး။ ဗေလုဝကို မကွေးတိုင်းထဲခြေချခွင့်တောင်မရှိဘူးလို့ နတ်မောက်အုပ်ချုပ်ရေးမှူးက ပြောထားတယ်တဲ့ဗျ။ ဒေသခံတွေက အကြောက်တရားတော်တော်များနေတယ်'ဟု ဟောပြောပွဲရောက် စာရေးဆရာ သရဝဏ် (ပြည်) က အတည်ပြု ပြောကြားသည်။
ယင်းအပြင်ဟောပြောပွဲစင်အနောက်တွင် ချိတ်ဆွဲထားသော ဗီနိုင်းမှအပ ပွဲကျင်းပရာ နေရာဝန်းကျင်တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါဗီနိုင်း၊ ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံပါ ဗီနိုင်းကြီးများကို နတ်မောက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်က စာပေဟောပြောပွဲတွင် နိုင်ငံရေးမဲဆွယ်မည်စိုးသောကြောင့်ဟုဆိုကာ ချိတ်ဆွဲခွင့်မပြုသဖြင့် ပြန်လည်ဖြုတ်သိမ်းပေးခဲ့ရကြောင်းလည်း သိရသည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ေဗလု၀ နတ္ေမာက္တြင္ စာေပေဟာေျပာခြင့္ အပိတ္ခံရ
Reviewed by MP4 YoU
on
October 23, 2015
Rating: 5
Reviewed by MP4 YoU
on
October 23, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment